← Chapters

လက်ဆောင်ကိုလက်ခံခြင်း

Vol. 61 Ch. 857

လက်ဆောင်ကိုလက်ခံခြင်း

Vol. 61 Ch. 857

အခန်း (၈၅၇) လက်ဆောင်ကိုလက်ခံခြင်း

ရန်ကျောက်ကဲက ကျောက်စိမ်းပြားလာပို့သူ၏ အသွင်အပြင်ကိုမေးမြန်းတော့ ဟန်လုန်အာက ပြောပြသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဟုတ်ပြီ... ဟန်လုန်အာ ၊ ကောင်းကောင်းကြိုးစားပြီးကျင့်ကြံပါ ၊ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရသလို ငါ့အဖေကိုလည်း မေးလို့ရတယ်”

ယခုတစ်ခေါက် ရရှိလာသောဆေးလုံးများထဲတွင် ဟန်လုန်အာအတွက် သင့်တော်သော ဆေးလုံးများပါဝင်သည်။ ထိုဆေးလုံးများကို ရန်ကျောက်ကဲက သူ့အဖေဆီ ပေးထားပြီးဖြစ်၏။

ဆရာဖြစ်သူ ရှီတိကွယ်လွန်သွားပြီးနောက် ဟန်လုန်အာကိုသင်ပြပေးရသည့်တာဝန်ကို ရန်တိက ယူခဲ့သည်။

ဟန်လုန်အာက ခေါင်းညိတ်ရင်း တည်ကြည်လေးနက်စွာဖြင့်...

“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ထွက်ခွာသွားသည့် ယင်လုန်ထူကိုကြည့်ရင်း ရှောင်အိုက်က ခါးထောက်လိုက်သည်။

“လောကမှာ ဒီလိုလူမျိုးရှိမယ်လို့ ထင်မထားမိဘူး ၊ သူ့ကြည့်ရတာ ခပ်တုံးတုံးပုံစံပေမယ့် ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကျင့်ကြံခြင်းအဆင့်ကတော့ မြင့်မားလွန်းတယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူးလေ”

ရှောင်အိုက်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ရန်ကျောက်ကဲက သူ့ကိုတစ်ချက်ကြည့်ရင်း...

“မင်းလည်း အရည်အချင်းရှိတဲ့သူတစ်ယောက်ပါပဲ ၊ ကျင့်ကြံခြင်းကို ကောင်းကောင်းအာရုံစိုက်သင့်တယ် ၊ ကောင်လေးချောချောလေးတွေကိုပဲ လိုက်ငမ်းမနေနဲ့”

ဤ နှာဘူးမလေးက ချောမောသောယောကျ်ားလေးများကိုမြင်လျှင် သွားရည်တမြားမြားဖြင့် ငမ်းရသည်ကို သဘောကျသည်။

ဝါဒတောင်မှ ချောမောသည့်ယောကျ်ားလေးများကို အဆင့်သတ်မှတ်ထားသည့် စာအုပ်ငယ်တစ်အုပ်ပင် သူမထံတွင်ရှိနေကြောင်း ရန်ကျောက်ကဲ သတိပြုခဲ့မိသည်။

ပြီးတော့ အပြင်ထွက်သည့်အချိန် လမ်းမှာတွေ့ရှိသော ယောကျ်ားလေးများကိုလည်း အမှတ်များပေးလေ့ရှိသည်။

ဥပမာအားဖြင့် ရှောင်အိုက်က ကျဲရှင်ကမ္ဘာတွင် ရန်ကျောက်ကဲနှင့်တိုက်ခိုက်ခဲ့သော ဆင်ဖြူကြီးထက်မှ ဘုန်းတော်ကြီးကိုပင် ‘ဒုတိယအဆင့်’ ချောမောသည်ဟု မှတ်ချက်ပေးခဲ့ဖူးသည်။

သူက စိတ်ကျေနပ်မှုအတွက် ယောကျ်ားလေးများကိုလိုက်ငမ်းတတ်သလို သူမ၏အာရုံစူးစိုက်မှုကလည်း တစ်ယောက်တည်းထံတွင်မရှိဘဲ အခြားနေရာများအားလုံးသို့ ဖြန့်ကျက်ထားလေ့ရှိသည်။

အမှန်တော့ ရှောင်အိုက်က ထူးချွန်သည့်အရည်အချင်းကိုပိုင်ဆိုင်ပြီး အစီအရင်ပညာလည်းကျွမ်းကျင်သူဖြစ်သလို သိုင်းတာအိုတွင်လည်း ပါရမီရှိသူတစ်ယောက် ဖြစ်၏။

သို့တိုင် ဤမိန်းကလေး၏စိတ်က သိုင်းတာအိုတွင် အချိန်အကြာကြီး နှစ်မြှုပ်ထားခြင်း မရှိပေ။

ရှောက်အိုက်က ခြောက်ကပ်ကပ်ရယ်မောလိုက်ရင်း...

“သခင်လေး ၊ သခင်လေးမှာ သခင်မလေးရှိနေပြီဆိုပေမယ့် သခင်လေးကတော့ ကျွန်မရင်ထဲမှာ အချောဆုံးပါပဲ ၊ သခင်ကြီးကြီးပြီးရင် သခင်လေးလိုချောတဲ့သူ ဒီဝါဒတောင်မှာ မရှိပါဘူး”

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

“ဆရာ’ဖန်’ လည်း သခင်လေးနဲ့ သခင်ကြီးကို နည်းနည်းတော့ ယှဉ်နိုင်တယ် ၊ သူက အိမ်ထောင်မရှိ တစ်ကိုယ်တည်းသမားဆိုတော့ ပိုကောင်းတာပေါ့”

ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ နဖူးကိုလက်နှင့်ရိုက်လိုက်မိသည်။

“နင်ပြောချင်တဲ့အဓိကအချက်အက အဲဒါမဟုတ်လား”

ရှောင်အိုက်က အားဟူနှင့်ပန်ပန်ထက်ပင် ပိုမိုနှိမ့်ချသည့်အမူအရာဖြင့်...

“ဒီအစေခံရဲ့မျက်လုံးထဲမှာ အဓိကအချက်ကိုပဲမြင်ပါတယ်”

ရန်ကျောက်ကဲက သူမနဖူးကိုတောက်လိုက်ရင်း...

“ဂဏာငြိမ်ငြိမ်နဲ့ ကျင့်ကြံစမ်းပါ ၊ တစ်နှစ်အတွင်း အမတလက်ဖွဲ့အဆင့်ကိုရောက်အောင် မကျင့်ကြံနိုင်ဘူးဆိုရင် ငါ မင်းကို အလုံပိတ်အခန်းထဲပို့ပြီး မိန်းကလေးတပည့်တွေကိုပဲ ထမင်းပို့ခိုင်းမယ်”

ရှောင်အိုက်က လက်မခံလိုဟန် နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း...

“ဒါပေမဲ့ သခင်လေး...”

ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ပျော်စရာကောင်းတဲ့ဆုံးဖြတ်ချက်လေးပဲပေါ့...”

ရန်ကျောက်ကဲက ဝမ်းနည်းပက်လက်ဖြစ်သွားသော ရှောင်အိုက်၏အကြည့်ကိုလျစ်လျူရှုကာ စစ်ခုန်ချင်းနေထိုင်ရာသို့ ရောက်လာခဲ့သည်။

လက်ရှိတွင် စစ်ခုန်ချင်းက သိုင်းဆရာသခင်အဆင့် အောင်မြင်သွားပြီမှာကြာပြီဖြစ်သည်။ သူမကိုယ်တိုင်ပင်တပည့်များလက်ခံနိုင်သောအဆင့်သို့ရောက်ရှိနေပြီး ဆရာဖြစ်သူ၏သင်ပြပေးခြင်းမှ ကင်းလွတ်သွားပြီဟု သတ်မှတ်ခံနေရပေပြီ။

စစ်ခုန်ချင်းက အေးစက်ပြီးတစ်ကိုယ်တည်းနေတတ်သူဖြစ်ကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသည်။ သိုင်းပညာဆက်ခံသူခန်းမမှ အကြီးအကဲတစ်ယောက်က သူမအား တပည့်များလက်ခံရန် တစ်ချိန်က အကြံပြုဖူးသော်လည်း စစ်ခုန်ချင်းက ချက်ချင်းငြင်းပယ်ခဲ့သည်။

စစ်ခုန်ချင်းက အသက်ငယ်သေးသဖြင့် ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ခြင်းကို နားလည်နိုင်ပေသည်။ ထို့ကြောင့် သိုင်းပညာဆက်ခံသူခန်းမမှအကြီးအကဲကလည်း ထိုကိစ္စကို စိတ်ထဲမထားတော့ပေ။

ရန်ကျောက်ကဲက အချိန်မဖြုန်းဘဲ လမ်းလျှောက်လာသည်။

အင်းသင်္ကေတကျောက်စိမ်းပြားလာရောက်ပေးအပ်သူကို ယင်လုန်ထူက အလင်းပုံရိပ်အဖြစ် ရေးဆွဲပြခဲ့သည်။ ထိုပုံတူကို မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားလည်း တွေ့မြင်ခဲ့သည်။

ယခုတော့ အသင်္ချေနဂါးနန်းတော်ထဲတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စွန်းကျုန်းတာ့ကို ထပ်မံစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေ၏။

ဟန်လုန်အာက သိုင်းပညာတွင် လျှင်မြန်သော်လည်း အခြားကိစ္စရပ်များတွင် နှေးကွေးသလို ရိုးရှင်းသောစိတ်နေစိတ်ထားကိုလည်း ပိုင်ဆိုင်သည်။

သို့တိုင် ဤလူငယ်လေးက အလွန်စိတ်အားထက်သန်ပြီး လုံ့လဝီရိယရှိကာ သူ၏နေ့စဉ်ဘဝလုပ်ရပ်များတွင် အတော်လေး စေ့စပ်သေချာသူ ဖြစ်သည်။

ယင်လုန်ထူ၏မှတ်ဉာဏ်ထဲတွင် သူ့ကို ကျောက်စိမ်းပြားပေးသူ၏အသွင်အပြင်ကို ခိုင်မာစွာသိမ်းဆည်းထားသဖြင့် သူထုတ်ဖော်ပြသော အလင်းပုံရိပ်က အလွန်ပင်အသေးစိတ်ကျလှသည်။

ယင်လုန်ထူအကြောင်း ကောင်းစွာသိရှိသော ရန်ကျောက်ကဲက ထိုပုံရိပ်သည် တစ်ဖက်လူနှင့် ခွဲမရအောင်တူညီကြောင်းကို သိရှိနားလည်သည်။

တစ်ခုတည်းသေသာပြဿနာမှာ ထိုသူသည် စန့်ချင်အဆက်အနွယ်မှလူ ဖြစ်မည်ဆိုလျှင် အထက်ဘုံကမ္ဘာသို့လာရောက်ပါက စွန်းကျုန်းတာ့ ရန်ကျောက်ကဲအဖြစ်ဟန်ဆောင်သကဲ့သို့ အခြားတစ်ယောက်အဖြစ်လည်း ဟန်ဆောင်ကောင်း ဟန်ဆောင်နိုင်သည်။

အလင်းပုံရိပ်ကိုတွေ့မြင်ပြီးနောက် စွန်းကျုန်းတာ့ မျက်နှာအမူအရာပြောင်းလဲမသွားသော်လည်း မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ကြည့်ရတာ မင်း သူ့ကိုသိနေသလိုပဲ ၊ မင်းတို့တပည့်တွေထဲကတစ်ယောက်လား”

စွန်းကျုန်းတာ့က ခဏမျှစဉ်းစားနေပြီး ချက်ချင်းအဖြေမပေးခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပြုံးလိုက်ရင်း...

“မင်းစိတ်မပူပါနဲ့ ၊ ဒီ’ရန်’ က မင်းတို့ရဲ့နောက်ထပ်တပည့်တစ်ယောက်ကို ဖမ်းဆီးမှာမဟုတ်ပါဘူး ၊ ဒီလူက မင်းကိုပြန်ရွေးဖို့ ငါ့ကိုအရင်လာရှာတာပါ”

ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ရယူရန်ဆုံးဖြတ်ထားသဖြင့် သူ့ကိုလာရောက်ပေးအပ်သူသည် စန့်ချင်အဆက်အနွယ်မှ တစ်စုံတစ်ယောက်ဖြစ်ခဲ့ပါက စွန်းကျုန်းတာ့ကို လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

စွန်းကျုန်းတာ့ထံမှ သူရနိုင်သမျှ သတင်းအားလုံးကိုလည်း ရယူထားပြီး ဖြစ်သည်။ အကယ်၍ ရန်ကျောက်ကဲသာ သူ့ကိုမသတ်ဖြတ်ခဲ့ပါက ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ သည် စွန်းကျုန်းတာ့ အယောက် (၁၀၀)ကိုပင် ကယ်တင်ရန် လုံလောက်ပေသည်။

စွန်းကျုန်းတာ့ထံမှရရှိသောသဲလွန်စကြောင့်သာ ရန်ကျောက်ကဲသည် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရှာတွေ့ခဲခြင်းဖြစ်သည်။ ထို့ကြောင့် စွန်းကျုန်းတာ့က သူ့အသွင်ဟန်ဆောင်ခဲ့ခြင်းကို ခွင့်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။

ဟုတ်ပေ၏။

သူ့အသွင်ဟန်ဆောင်ရန် ဒုတိယအကြိမ်ဆိုသည်မှာ ရှိလာမည် မဟုတ်တော့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏စကားကိုကြားတော့ စွန်းကျုန့်တာ့က စိတ်သက်သာရာရသွားဟန်ဖြင့် ခေါင်းညိတ်ရင်း...

“ကျုပ်ရဲ့ ဆရာဦးလေးပါ...”

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ကောင်းပြီ ၊ မင်း အခုသွားနိုင်ပါပြီ”

စွန်းကျုန်းတာ့ နှုတ်ခမ်းများလှုပ်ရှားသွားသည်။

သူတို့ဂိုဏ်းက သူ့ကိုပြန်ရွေးရန်အတွက် မည်သို့သောအပေးအယူပြုလုပ်ခဲ့ကြောင်း ရန်ကျောက်ကဲကို မေးချင်မိသည်။

သို့သော် အဆုံးသတ်မှာတော့ သက်ပြင်းသာချရင်းမမေးမြန်းတော့ဘဲ ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်၏။

“ဒီလိုဆိုမှတော့... ဒီ’စွန်း’သွားပါတော့မယ်”

ယခု အသွင်ပြောင်းဆေးလုံး၏အာနိသင်လည်း ပြယ်လွင့်သွားပြီဖြစ်လေရာ စွန်းကျုန်းတာ့၏မူလအသွင်အပြင် ပြန်လည်ရရှိလာပြီ ဖြစ်ကာ ရန်ကျောက်ကဲအသွင်အပြင်နှင့် မဟုတ်တော့ပေ။

သို့သော် စွန်းကျုန်းတာ့သည်လည်း ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စွန်းကျုန်းတာ့ကို ဝါဒတောင်မှခေါ်ဆောင်သွားပြီး အဝေးတစ်နေရာအရောက်တွင်လွတ်ပေးလိုက်ကာ သူ့ဘာသာသူ ခရီးဆက်သွားစေသည်။

ဝါဒတောင်ထက်တွင် လမ်းလျှောက်နေသည့်ရန်ကျောက်ကဲကတော့ အဆက်မပြတ် တွေးတောလျှက်ရှိ၏။

“တကယ်ပဲ စန့်ချင်အဆက်အနွယ်ပဲ...”

ထို့နောက်သူက ခေါင်းကိုဖြည်းညင်းစွာခါယမ်းလိုက်သည်။

မကြာမီ စစ်ခုန်ချင်းနေထိုင်ရာနေရာသို့ ရောက်လာလေသည်။

ရန်ကျောက်ကဲက ရောင်ဝါထုတ်လွှတ်လိုက်သည်နှင့် စစ်ခုန်ချင်းက ချက်ချင်းအာရုံခံမိပြီး အပြင်သို့လျှင်မြန်စွာ ထွက်လာသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

ရန်ကျောက်ကဲက စစ်ခုန်ချင်းကိုအကဲခတ်ရင်း စိတ်ထဲမှ ခေါင်းတစ်ချက်ညိတ်လိုက်သည်။

စစ်ခုန်ချင်းက အရင်အချိန်က သမုဒ္ဒရာကမ္ဘာတွင် အဆက်မပြတ် ကျင့်ကြံနေခဲ့သူတစ်ယောက် ဖြစ်သည်။

သမုဒ္ဒရာကမ္ဘာ၏အချိန်စီးဆင်းမှုက အထက်ဘုံကမ္ဘာထက်ပိုမိုလျှင်မြန်သည့်အတွက် စစ်ခုန်ချင်း ကျင့်ကြံခဲ့သောအချိန်က အလွန်များပြားသည်ဟု ဆိုနုင်သည်။

သို့သော် သမုဒ္ဒရာကမ္ဘာ၏ ဝိညာဉ်စွမ်းအားကြွယ်ဝမှုက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာနှင့် လုံးဝမယှည်နိုင်ပေ။

ထို့ကြောင့် စစ်ခုန်ချင်း၏ ကျင့်ကြံခြင်းအဆင့်တိုးတက်မှုက ဖန်းယွင်ရှန်းထက် အနည်းငယ် နှေးကွေးသည်။

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲနှင့်အတူ ခရီးသွားလာရင်း အသင်္ချေနဂါးနန်းတော်နှင့် ယိုးမင်ဧကရာဇ်ဂူဗိမာန်မှ ရတနာပစ္စည်းများကိုအသုံးပြုခဲ့ရသဖြင့် သူမက စစ်ခုန်ချင်းထက် ရင်းမြစ်ပစ္စည်းပိုမိုကြွယ်ဝစွာ ရရှိခဲ့သည်။

သို့တိုင် စစ်ခုန်ချင်းသည် ဖန်းယွင်ရှန်းထက် အနည်းငယ်သာ ကျင့်ကြံခြင်းနှေးကွေးသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏အရည်အချင်းက ဖန်းယွင်ရှန်းထက် အားနည်းခြင်းမရှိကြောင်း သိနိုင်သည်။

ရန်ကျောက်ကဲပြီးလျှင် အသက် (၃၀)အောက် အမတလက်ဖွဲ့သိုင်းဆရာသခင် (၂)ယောက်အဖြစ် ဤမိန်းမပျို (၂)ယောက်က အထက်ဘုံကမ္ဘာတွင် ကျော်ကြားသူများ ဖြစ်လာကြသည်။

လက်ရှိတွင် ဖန်းယွင်ရှန်းက နေရိပ်နတ်ဓားနှင့် ထူးကဲယင်သရဖူကို ကိုင်ဆောင်ထားသဖြင့် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာ ပေါက်ကွဲထွက်နိုင်သောတန်ခိုးစွမ်းအားဖြင့် ပြည့်နေပြီး သိုင်းသူတော်စင်တစ်ယောက်သည်ပင် သူမကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

အတိအကျဆိုရသော သူမ၏တိုက်ပွဲစွမ်းအားသည် ဝါဒတောင်တွင် နံပါတ် (၃)စာရင်းဝင်လေရာ ယွမ်ကျန်းဖုန်းထက်ပင် သာလွန်နေပေသည်။

ဖန်းယွင်ရှန်းသာ သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှီမည်ဆိုပါက သူမ၏တန်ခိုးစွမ်းအားက တဟုန်ထိုးမြင့်တက်လာပေမည်။

မည်သို့ပင်ဖြစ်စေ မွေးရာပါပင်ကိုယ်စွမ်းရည်မှာတော့ စစ်ခုန်ချင်းက ဖန်းယွင်ရှန်းထက် အနည်းငယ်သာလွန်သည် အမှန်ပင်။

ဤသို့ဖြစ်ရသည်မှာ ရွှယ်ချူးချင်နှင့် သက်ဆိုင်နေပေမည်။

ရန်ကျောက်ကဲက စဉ်းစားရင်း...

“မင်းကိုအသိပေးချင်တဲ့ ကိစ္စအသစ်တွေရှိတယ် ဂိုဏ်းတူညီမလေး’စစ်ခုန်’”

All Chapters