← Chapters

လူလည်ကျတဲ့ရန်ကျောက်ကဲ

Vol. 61 Ch. 859

လူလည်ကျတဲ့ရန်ကျောက်ကဲ

Vol. 61 Ch. 859

အခန်း (၈၅၉) လူလည်ကျတဲ့ရန်ကျောက်ကဲ

ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံက ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ဖြစ်လေရာ သူက ‘စန်းချင်း(၃)ပါး’ ၏ပညာရပ်များပေါင်းစည်းကျင့်ကြံခြင်းလမ်းစဉ်ကိုလိုက်ထားသော်လည်း ယွိချင်အဆက်အနွယ်ဘက်သို့ အနည်းနှင့်အများ အားသာချက်ရှိသည်။

ယခုအချိန်ထိ သူ၏ကျင့်ကြံခြင်းက ဤအတိုင်းပင် ဖြစ်သည်။

ကံကောင်းသည်မှာ စန်းချင်း (၃)ပါး၏ကျင့်စဉ်များအားလုံးက မူလအားဖြင့် ချိတ်ဆက်ထားပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုရှိနေသည်။

သို့သော် ထိုက်ချင်အဆက်အနွယ်မှ တောက်တယ်ထျန်းကျွင်းနှင့် စန့်ချင်အဆက်အနွယ်မှလင်ပေါင်ထျန်းကျွင်းတို့၏ ထိပ်တန်းသိုင်းပညာများကိုတော့ လိုအပ်နေဆဲ ဖြစ်သည်။

အထူးသဖြင့် ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် ထိပ်ဆုံးသို့ရောက်ရှိနေပြီဖြစ်သော ရန်ကျောက်ကဲအတွက် ပိုမိုလိုအပ်လေသည်။

သို့မှသာ သူ့အနေဖြင့် ကျင့်ကြံခြင်းတစ်ဆို့သည်ကိုကျော်ဖြတ်ကာ စကြာဝဠာနှင့်ချိတ်ဆက်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

ထိုသို့သော ကြီးမားသည့် ကျင့်ကြံခြင်းတစ်ဆို့မှုများကို ကျော်ဖြတ်ပြီး ပြီးပြည့်စုံစွာ အထွတ်ထိပ်အဆင့်သို့ တက်ရောက်ချင်သည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် စန်းချင်း (၃)ပါး အဆက်အနွယ် (၃)ခုမှ တိုက်ရိုက်သိုင်းပညာများကို သင်ယူသည်က အကောင်းဆုံး ဖြစ်သည်။

ရန်ကျောက်ကဲက ယွိချင်အဆက်အနွယ်၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအပြင် ‘စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ’ နှင့် ‘ယင်ယန်ကောင်းကင်ကျမ်းစာ’ တို့ကိုလည်း ကျင့်ကြံထားပြီး ဖြစ်သည်။

မကြာသေးမီကလည်း ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို ရရှိခဲ့ပြီး ပြီးပြည့်စုံသော အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာ အပိုင်းအစများကိုလည်း ရရှိခဲ့သည်။

ဘာကြောင့်မှန်းမသိ စန့်ချင်အဆက်အနွယ်များက သူ့ထံသို့ ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ပေးပို့ပြီး သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။

ထို့ကြောင့် ယခု ရန်ကျောက်ကဲအတွက် အခက်အခဲကျော်ဖြတ်ရန် လိုအပ်ချက်တစ်ခု ရှိနေသည်မှာ ထိုက်ချင်အဆက်အနွယ်မှ ကျင့်ကြံခြင်းစွမ်းအားပင် ဖြစ်သည်။

ထိုက်ချင်အဆက်အနွယ်က ယွိချင် ၊ စန့်ချင်တို့နှင့်အ လွန်ကွာခြားသည်။

ရှန်းထျန်းဝူထိုက်ကဲ့သို့ ထိုက်ချင်အဆက်အနွယ်၏ ထူးခြားသောပညာရပ်များရှိသလို တောက်တယ်ကျင်း(တာအိုတေချင်ကျမ်း)၏ ရင်းမြစ်ကိုပြန်လည်ရှာဖွေမည်ဆိုလျှင် ယနေ့ကမ္ဘာအနှံ့ ပျံ့နှံ့နေသော တာအိုကျင့်စဉ်များတွင် (၁၀)ခုအနက် (၉)ခုမှာ အမှန်တကယ်ပင် တောက်တယ်ကျင်း(တာအိုတေချင်)နှင့် ဆက်စပ်နေသည်။

ထို့ကြောင့် ရန်ကျောက်ကဲ သိုင်းသူတော်စင်အဖြစ် အဆင့်တက်ရောက်စဉ်က ‌တောက်တယ်ထျန်းကျွင်း ဟောပြောခဲ့သော သိုင်းပညာရပ်အမျိုးမျိုးမှ ကြီးမြင်သည့်ကိုယ်ကျင့်တရားနှင့် ကျင့်ကြံခြင်းကို ကိုးကားခဲ့သည်။

နိယာမအရဆိုသော် ယခုတစ်ခေါက် ကျင့်ကြံခြင်းအဆင့်တက်ရာတွင်လည်း ထိုနည်းလမ်းကိုပင် အသုံးပြုနိုင်သည်။

ထိုသို့ပင် သိုင်းပညာရပ်များကိုစုစည်းပြီး ပြောင်းပြန်စီးဆင်းစေကာ အနှစ်သာရကိုပုံဖော်ပြီး သိုင်းပညာများပေါင်းစပ်လျှင် ဖြစ်နိုင်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင်ကာလ ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်ထဲတွင်သာ ရှိနေမည်ဆိုလျှင် ရန်ကျောက်ကဲအတွက် အခက်အခဲရှိမည် မဟုတ်ပေ။

သို့သော် လက်ရှိမှာတော့ နည်းလမ်းတစ်ခုတည်းဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန် လုံလောက်ပြည့်စုံမှု မရှိပေ။ အခြေခံအုတ်မြစ်မတည်ငြိမ်ပါက ရန်ကျောက်ကဲ၏ကျင့်စဉ်လမ်းက ပိုပြီးခက်ခဲလာမည် ဖြစ်သည်။

ရှေးခေတ်အချိန်အခါကတည်းက အဆုံးမရှိသော ထိပ်တန်းအဆင့်ကျင့်ကြံခြင်းကိုရရှိရန်အတွက် စန်းချင်း(၃)ပါး၏ ကျင့်စဉ်လမ်းကို တစ်ပြိုင်တည်းကျင့်ကြံရန် ဆန္ဒရှိသူများ ရှိခဲ့ကြသည်။

သို့ပေသိ အရည်အချင်းရှိသည့် ကျင့်ကြံသူများစွာရှိသည့်တိုင် အဆုံးသတ်မှာတော့ ထိုလမ်းကိုလျှောက်လှမ်းနိုင်သူ မရှိသလောက်နည်းပါးသည်။

သို့ဖြစ်ရာ ကျင့်ကြံခြင်းခြေခံအုတ်မြစ်မတည်ငြိမ်ပါက ရှေ့ဆက်ရမည့်လမ်းတွင် အခက်အခဲများမြင့်မားလာပြီး လမ်းကတဖြည်းဖြည်းကျဉ်းမြောင်းလာကာ ရန်ကျောက်ကဲအတွက် ကြေကွဲဖွယ်ရာအဆုံးသတ်နှင့် ရင်ဆိုင်ရနိုင်သည်။

သိုင်းသူတော်စင် ပထမအဆင့်သို့တက်လှမ်းစဉ်က ထိုက်ချင်အဆက်အနွယ်သိုင်းကျင့်စဉ်နှင့်ပတ်သက်ပြီး ယေဘူယျသိုင်းကျင့်စဉ်များကို ပေါင်းစည်းရယူလိုက်သည်မှာ ပြဿနာမရှိပေ။

သို့သော် သိုင်းသူတော်စင် ဒုတိယအဆင့်ဖြစ်သည့် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်သည့်အခါ ပထမအကြိမ်အသုံးပြုခဲ့သောနည်းလမ်းကို ရှောင်ရှားသည်က အကောင်းဆုံးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုက်ချင်တိုက်ရိုက်အဆက်အနွယ်က ရှားပါးလေရာ ရန်ကျောက်ကဲမှာ မည်သို့မှမတတ်နိုင် ဖြစ်နေရသည်။

သူ့တွင် စမ်းသပ်ကြည့်နိုင်သည့် ရွေးချယ်စရာ (၂)ခု ရှိသည်။

ပထမတစ်ခုမှာ အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ် ဖြစ်သည်။

ကျင်းထင်တောင်မှအဆက်အနွယ်များက ကျီဝေးဧကရာဇ်ထံမှဆင်းသက်လာခြင်းဖြစ်ပြီး သူတို့၏ ‘ကျိုးထျန်းရှေးဟောင်းကျမ်း’ က တောက်တယ်ကျင်းမှဆင်းသက်လာသော တိုက်ရိုက် ထိုက်ချင်အဆက်အနွယ် ဖြစ်၏။

လက်ရှိတွင် သူနှင့် ကျင်းထင်တောင်၏ဆက်ဆံရေးက မဆိုးရွားလှပေ။

အကယ်၍ သူကသာ သင်ပြပေးရန် တောင်းဆိုပါက အရှေ့တောင်ထိပ်တန်းအရှင်သခင်က တိုက်ရိုက်ကြီး ငြင်းပယ်မည် မဟုတ်ပေ။

ဟုတ်ပေ၏။

သူက ရန်ကျောက်ကဲကို ရိုးရှင်းသည့် ထောက်ပြပေးမှုများပင် ပြုလုပ်ပေးနိုင်သော်လည်း ရန်ကျောက်ကဲက ကျင်းထင်တောင်မှတပည့်တစ်ယောက်မဟုတ်သဖြင့် ပညာအမွေကို ဆက်ခံခိုင်းရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ရန်ကျောက်ကဲတွင် ကိုယ်ပိုင်နည်းလမ်းရှိသည်ပင်။

အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်က အထက်ဘုံကမ္ဘာတွင် ဓားသိုင်းပညာနှင့် နာမည်ကျော်ကြားရုံသာမက အဂ္ဂိရတ်ပညာတွင်လည်း ထိပ်တန်းအဆင့် ရှိသည်။

ချန်စန်းသိုင်းပညာကျင့်ကြံခဲ့သော အရှေ့ပိုင်းထိပ်တ်နးအရှင်သခင်သည်ပင် လောကတစ်ခွင်တွင် အဂ္ဂိရတ်ပညာကျွမ်းကျင်သူဖြစ်သည့်တိုင် ဓားသိုင်းအရာမှာရော အဂ္ဂိရတ်ပညာမှာပါ အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

ချောင်ကျယ်သည် အဂ္ဂိရတ်ပညာဖြင့် ဆေးလုံးဖော်စပ်သည်ကို အရူးအမူးစွဲလန်းဝါသနာပါသူဖြစ်ကြောင်း တစ်ကမ္ဘာလုံးက သိရှိထားကြသည်။

ရန်ကျောက်ကဲထံတွင် မဟာကပ်ဘေးကြီးမတိုင်ခင်က ဆေးလုံးဖော်စ်ပ်နည်းများရှိနေပြီး ထိုအရာများကို ချောင်ကျယ်စိတ်ဝင်စားမည်ဟု ရဲရဲတင်းတင်း အာမခံနိုင်သည်။

ထိုအံ့သြဖွယ်ရာ ဆေးလုးဖော်စပ်နည်းများမှာ လက်ရှိခေတ်တွင် ပျောက်ကွယ်သွားပြီဖြစ်ရာ ထိုဖော်စပ်နည်းများမှ တစ်ခုကိုအသုံးပြုရုံဖြင့် ချောင်ကျယ်နှင့် ညှိနှိုင်းရန် လုံလောက်ပေမည်။

ဒုတိယနည်းလမ်းကတော့ ရန်ကျောက်ကဲအနေဖြင့် ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးမှ ပိုးသားဧကရာဇ်အဆက်အနွယ်ကို ပစ်မှတ်ထားရန်ဖြစ်သည်။

အတိအကျဆိုရသော် ကျီဝေးဧကရာဇ်ထံမှဆက်ခံသော ချောင်ကျယ်၏ သိုင်းပညာနှင့် နှိုင်းယှဉ်ပါက ပိုးသားဧကရာဇ်၏သိုင်းပညာက ပိုပြီး ထိုက်ချင်အဆက်အနွယ် ပီသသည်။

အရင်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရှာဖွေစဉ် ဖုထင်နဲ့သိုင်းပညာပြိုင်ခဲ့ပြီးနောက် သူတို့၏ဆက်ဆံရေးက အတော်လေး အဆင်ပြေပြေ ရှိခဲ့သည်။

ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို သူ့လက်ထဲရောက်ရှိနေသည်ကို ဖုထင်တို့အုပ်စုမသိသရွေ့ အကြောင်းအရာများစွာကို စေ့စပ်ညှိနှိုင်းနိုင်မည် ဖြစ်သည်။

သို့ပေသိ ဖုထင်ထံမှ ထိပ်တန်းသိုင်းပညာတစ်ခု အခမဲ့ရယူရန်မှာ ရိုးရှင်းသည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သူမနှင့် အပေးအယူလုပ်ရန်အတွက် ရန်ကျောက်ကဲအနေဖြင့် လျှို့ဝှက်ချကတစ်ခု အသုံးပြုရန် လိုအပ်သည်။

သူမနှင့်အလဲအလှယ်လုပ်ရန် ထိရောက်သောဆေးလုံးဖော်စပ်နည်းပညာ သို့မဟုတ် ရန်ကျောက်ကဲသိရှိသည့် သိုင်းပညာရပ်တစ်ခု လိုအပ်သည်။

ပိုးသားဧကရာဇ်၏အဆက်အနွယ်က တာအိုဝါဒ၏ အထွတ်ထိပ်အမွေအနှစ်ဖြစ်သော ထိုက်ချင်တိုက်ရိုက်အဆက်အနွယ် သိုင်းပညာကို ကျင့်ကြံကြသော်လည်း အလားတူအဆင့်ရှိသော အခြားထိပ်တန်းသိုင်းပညာတစ်မျိုးကို လိုချင်တပ်မက်မည်မှာ အမှန်ပင်။

ထို နည်းလမ်း (၂)ခုလုံးကို စမ်းသပ်ကြည့်နိုင်သော်လည်း ရန်ကျောက်ကဲအတွက် သေချာခြင်းမရှိပေ။ အထူးသဖြင့် ဒုတိယနည်းလမ်းကို ရွေးချယ်ပါက စိုးရိမ်စရာအချို့ပင် ရှိနေသည်။

ထို့ပြင် ထိုနည်းလမ်း (၂)ခုမှ မည်သည့်နည်းလမ်းကိုရွေးချယ်ပါစေ ရန်ကျောက်ကဲအနေဖြင့် တန်ဖိုးတစ်ခုပေးဆပ်ရမည်မှာ သေချာသည်။

လောကတွင် ဘယ်အရာမှအလကားမရပေ။ ဤသည်က ပုံမှန်ပဲ ဖြစ်၏။

ဖီရှိုးရာသီခွင်ဖြစ်သော ရန်ကျောက်ကဲက လောဘကြီးသူဖြစ်ပြီး ရယူလိုစိတ်သာရှိပြီး မည်သည့်အရာမဆို အလကားရရှိရန်သာ ကြံဆနေတတ်သူ ဖြစ်သည်။

သူ့အနေဖြင့် စားဝတ်နေရေးပူပန်စရာမရှိလေရာ လက်ရှိမှာတော့ ကျင့်ကြံခြင်းနှင့်ပတ်သက်၍သာ ခက်ခက်ခဲခဲ အကြံထုတ်နေရသည်။

ရန်ကျောက်ကဲ၏လက်ထဲတွင် ယင်နှင့်ယန်ကို ဆုပ်ကိုင်ထားပြီး သူ၏ရောင်ဝါကို ဖြန့်ကျက်လိုက်သည့်အခါ ထိုက်ကျိယင်ယန်၏ ကြီးမြတ်သောမူလအခြေခံဖြစ်စဉ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

ဖုထင်နှင့် ထိပ်တိုက်တွေ့စဉ်က သူမထုတ်ဖော်အသုံးပြုခဲ့သော ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက ရန်ကျောက်ကဲ၏စိတ်အာရုံထဲတွင် အဆက်မပြတ် ပြန်ပေါ်လာသည်။

ထိုအချိန်က ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကိုအသုံးပြုကာ စန်းချင်း (၃)ပါး ပေါင်းစပ်ထားသည့် အံ့သြဖွယ်ရာ နည်းလမ်းကိုအခြေခံပြီး ဖုထင်၏ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို အောင်မြင်စွာ တုပခဲ့ခြင်း ဖြစ်သည်။

ဖုထင်နှင့် အခြားသော မြောက်ဖေးတောင်ထွတ်သိုင်းသမားများကို လှည့်စားနိုင်ခဲ့သော်လည်း ရန်ကျောက်ကဲကိုယ်တိုင်ကတော့ သူအသုံးပြုလိုက်သည်မှာ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းအစစ်မဟုတ်ကြောင်း ကောင်းစွာသိရှိခဲ့သည်။

သို့သော် ထိုဖြစ်ရပ်က ရန်ကျောက်ကဲအတွက် အခွင့်အရေးတစ်ခုကို ထောက်ပံ့ပေးခဲ့ပြီး ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို သူ့ဘာသာ ပုံဖော်နိုင်ခဲ့သည်။

ယုတ္တိကျကျပြောရလျှင် စန်းချင်း (၃)ပါး၏ ကျင့်ကြံခြင်းကိုပေါင်းစပ်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ထားသော ရန်ကျောက်ကဲအတွက် ဤသည်က စိတ်ကူးမရနိုင်သည့်အရာတစ်ခု ဖြစ်ခဲ့သည်။

ထိုက်ကျိယင်ယန်လက်ဝါးသိုင်းဆိုသည်က တောက်တယ်ကျင်းတွင်မှတ်တမ်းတင်ထားသည့် ထိုက်ချင်အဆက်အနွယ် အမြင့်မြတ်ဆုံး သိုင်းပညာတစ်ခု ဖြစ်၏။

ထိုသို့သောသိုင်းပညာမျိုးကို တိုက်ရိုက်အဆက်အနွယ်မဟုတ်ဘဲ အပြင်လူများသိရှိရန် မည်သို့မှ မဖြစ်နိုင်ပေ။

ရန်ကျောက်ကဲတွင် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာအစိတ်အပိုင်းကို ရရှိထားသော်လည်း ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ရာနှုန်းပြည့်နားလည်သဘောပေါက်ရန်မှာ အမှန်တကယ် ခက်ခဲပေလိမ့်မည်။

သို့သော် ယခု ကျင့်ကြံနေရင်းဖြင့် ရန်ကျောက်ကဲကိုယ်တိုင်က သူ့ကိုယ်သူ ထူးခြားမှုရှိနေကြေင်း သတိပြုမိလာခဲ့သည်။

သူက ထိုက်ချင်အဆက်အနွယ်၏ အမြင့်ဆုံးသောသိုင်းပညာကို ထူးခြားစွာပင် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိနေသည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ အထက်ဘုံကမ္ဘာများနှင့် အခြားမည်သည့်နေရာတွင်မဆို ထိုက်ချင်အဆက်အနွယ်များ၏ တိုက်ရိုက်သိုင်းပညာများနှင့် တစ်ခါမှမကြုံဘူးသဖြင့် သူ့အတွက် ဤအခွင့်အရေးမျိုးကို ရရှိခဲ့ခြင်း မရှိပေ။

သို့သော် ဖုထင်နှင့်တိုက်ခိုက်ပြီးသည့်နောက် တစ်ခုခုပုံမှန်မဟုတ်သည်ကို ရန်ကျောက်ကဲ တဖြည်းဖြည်း နားလည်လာသည်။

အတိအကျဘာဖြစ်သည်ကိုတော့ ရန်ကျောက်ကဲကိုယ်တိုင်လည်း ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ထိုအကြောင်းနှင့်ပတ်သက်ပြီး သံသယများစွာရှိနေဆဲမှာပင် သူ၏ပင်ကိုယ်စွမ်းရည်ဟုထင်မှတ်ရသော ထိုးထွင်းသိမြင်ခြင်းက နတ်ဘုရားတစ်ပါးပို့ဆောင်လိုက်သည့် ကံကောင်းခြင်းပမာ မလွဲမသွေ အသုံးဝင်လာခဲ့သည်။

သို့တိုင် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို ခွဲခြမ်းစိတ်ဖြာရန်က အလွန်ခက်ခဲသည့်အလုပ်တစ်ခု ဖြစ်နေဆဲပင်။

သူ အောင်မြင်ခဲ့လျှင်တောင်မှ ဖုထင်၏ အစစ်အမှန် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် တစ်ထပ်တည်းတူညီမည် မဟုတ်ပေ။

သို့သော် ထိုသိုင်းပညာက တကယ့်အစစ်အမှန် ရှန်းထျန်းဝူထိုက် အခြေခံအုတ်မြစ်နှင့် အနည်းငယ်ကွဲလွဲနေသည့် ရန်ကျောက်ကဲကိုဘ်ပိုင် ထိုက်ကျိယင်ယန်လက်ဝါးသိုင်း ဖြစ်လာခဲ့၏။

မည်သို့ပင်ဖြစ်စေ ထိုအရာက ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်တစ်ဆို့ခြင်းကို ကျော်ဖြတ်ရန် လုံလောက်ခဲ့သည်။

ရန်ကျောက်ကဲမျက်နှာအမူအရာက တည်ငြိမ်နေပြီး သူ၏လက်နှစ်ဖက်ကို အလျားလိုက်အတိုင်း ရှေ့သို့ တွန်းထုတ်လိုက်သည်။

သူ၏လက်ဖဝါးများထက်တွင်လှည့်ပတ်နေသည့် ထိုက်ကျိကားချပ်က ပိုမိုစွမ်းအားကောင်းလာသလို အရှိန်အဟုန်က တဖြည်းဖြည်းနှေးကွေးလာသည်။

All Chapters