အပိုင်း(၄၉၆)
Vol. 34 Ch. 496
ခရမ်းပြာရောင် နဂါးဆင်၏ဗိုလ်ချုပ်မှာ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်
ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော်ရှစ်ဖုန့်နှင့်အခြားသူများအား တိုက်ခိုက်သောအခါတွင် ၎င်းက ၎င်း၏စွမ်းအားအပြည့်အဝထုတ်သုံး
ခြင်းမရှိသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ဤလှုပ်ရှားမှုက ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ရှစ်ဖုန့်၊ ကြယ်ကိုးပွင်းဘိုးဘေးနယ်ပယ်ဝတ်စုံဖြူလူနှင့် အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူတို့အားဖိနှိပ်ရန်အတွက်လုံလောက်သည်ဟု တွေးနေခြင်းပဲဖြစ်ရမည်ဖြစ်သည်။
ဤသည်မှာ ဗြောင်ကျကျအထင်သေးခြင်းပင်ဖြစ်သည်။ သို့သော်ယင်းကအမှန်တကယ်ကို ပုံမှန်အခြေအနေတစ်ခုအောက်တွင်သာဖြစ်၏။ သို့သော် သူတွေ့နေရသည်ကားကြယ်ငါး
ပွင့်သူတော်စဉ်နယ်ပယ်လူထူး
ဆန်းဖြစ်လေသည်။
ရှစ်ဖုန့်ကနှာခေါင်းရှုံ့လိုက်သည်။ သူ၏ဘယ်လက်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာပြီး သူ၏လက်ထဲ၌ လပြည့်ဓားပေါ်လာသည်။ ထို့နောက် ငရဲဘုံကိုးခုအသက်သွင်းခြင်း
ဖြင့်သေခြင်းစွမ်းအင်အား လပြည့်ဓားအတွင်းသို့ထည့်လိုက်သည်။ရှစ်ဖုန့်လပြည့်ဓားအားနောက်သို့ပစ်လွှတ်လိုက်သည်။ လပြည့်ဓားက ဗလာနတ္ထိဟင်းလင်းပြင်အတွင်း
အရှိန်အဟုန်ဖြင့်လည်ပတ်ပြီး ခရမ်းပြာရောင်နဂါးဆင်ပုံရိပ်ကြီးထံသို့ဦးတည်သွားသည်။
“ဘန်း”
ရုတ်တရက်ဟင်းလင်းပြင်ထဲ၌ ကြွပ်ဆပ်သောအသံတစ်ခုထွက်ပေါ်လာသည်။ ယင်းမှာ လပြည့်ဓားနှင့် ခရမ်းပြာလှံရှည်တို့ ပစ်ဆောင့်မိသောကြောင့်ထွက်ပေါ်လာသောအသံဖြစ်သည်။
ဤသို့ ပစ်ဆောင့်ပြီးနောက် ခရမ်းပြာလှံရှည်ပေါ်မှ ခရမ်းပြာနဂါးဆင်ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။ လပြည့်ဓားမှာလည်း၎င်း၏စွမ်းအားတို့ဆုံးရှုံးသွားပုံပေါ်သည်။ ၎င်းက ဟင်းလင်းပြင်ထဲ၌ ခံစားချက်မဲ့စွာ လွင့်မျောရပ်တည်နေ၏။
ရှစ်ဖုန့်က သူ၏ဘယ်လက်အားဆန့်
ထုတ်လိုက်သည်။ ထို့နောက် စွမ်းအားပျောက်ကွယ်နေသော လပြည့်ဓားက လျှင်မြန်စွာဖြင့် ရှစ်ဖုန့်ထံသို့ပြန်လာသည်။ ခဏကြာပြီးနောက် ရှစ်ဖုန့်ကလပြည့်ဓားအား သူ၏လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
“အမ်..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
သူတို့၏နောက်တွင် ခရမ်းပြာ ချပ်ဝတ်နှင့်ဗိုလ်ချုပ်က ခရမ်းပြာနဂါးဆင်၏ကျောထက်၌ရပ်နေ၏။ သူ၏ဆံပင်ရှည်တို့က လေနှင့်အတူ တဖျပ်ဖျပ်လူးလွန့်နေသည်။ သူ၏တိုက်ခိုက်မှုကျိုးပျက်သွားသည်အားတွေ့လိုက်ရသောအခါတွင် သူအေးစက်သောမျက်နှာက နောက်ဆုံး၌ပြောင်းလဲသွားသည်။ သူက အံ့အားသင့်နေသည့်ပုံပေါ်၏။
သို့သော် ဤအချိန်၌ ခရမ်းပြာ နဂါးဆင်၏ဗိုလ်ချုပ်မှာ သူ့ရှေ့တွင်ရှိနေသောပုံရိပ်နှစ်ခုကအဆင့်ခုနှစ်သူတော်စင်နယ်ပယ်ကျားဖြူ၏ဦးဆောင်မှုအောက်တွင် အကွာအဝေးတစ်ခုအတွင်း၌ လျှင်မြန်စွာပျောက်ကွယ်သွား
သည်ကိုတွေ့လိုက်ရသည်။
ထို့နောက် ရှစ်ဖုန့်၏နောက်၌ရပ်နေသော အဖြူရောင်ဝတ်ဆုံနှင့်လူက ခရမ်းပြာနဂါးဆင်ဗိုလ်ချုပ်ထံသို့ မျက်နှာတစ်ခုလုပ်ပြလိုက်သည်။ သို့သော်ထိုမျက်နှာ၌လုံးဝကြောက်လန့်နေခြင်းမရှိပေ။ ထိုအစားချစ်ဖို့ကောင်းပြီး စနောက်သလိုဖြစ်နေသည်။
မကြာခင်တွင် ကျီစယ်သောပုံစံနှင့်ချစ်ဖို့ကောင်းပြီးလှပသောမျက်နှာလေးက ကျားဖြူ၏အမြန်နှုန်းနှင့်အတူ ခရမ်းပြာချပ်ဝတ်ဗိုလ်ချုပ်၏မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားသည်။
ခရမ်းပြာချပ်ဝတ်နှင့်ဗိုလ်ချုပ်မှာနဂါးဆင်အားစီးနင်းပြီး ခရမ်းပြာရောင်လှံလွင့်မျောနေသော နေရာသို့ရောက်ရှိလာသည်။
သူ၏ညာလက်အားဆန့်ထုတ်၍ သူ၏လှံကိုဆုပ်ကိုင်လိုက်သည်။
သူ၏လက်ထဲမှ ခရမ်းပြာရောင်လှံအားကြည့်လိုက်ပြီးနောက် ပုံရိပ်နှစ်ခုပျောက်ကွယ်သွားသော ဦးတည်ချက်အတွင်းသို့ ကြည့်လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်သည်။
“စိတ်ဝင်စားစရာပဲ.ကြယ်ငါးပွင့်
သူတော်စင်နယ်ပယ်တစ်ယောက်
ကတကယ်ပဲငါ့တိုက်ခိုက်မှုကိုချိုး
ဖျက်သွားနိုင်တယ်”
“နောက်တစ်ခေါက်တွေ့ရင် မင်းတားနိုင်အုံးမလားဆိုတာကိုကြည့်ကြသေးတာပေါ့..သူတို့နောက်ကိုလိုက်ဖမ်း”
ဤအချိန်တွင် ခရမ်းပြာချပ်ဝတ်ဗိုလ်ချုပ်က သူ့အောက်ရှိ နဂါးဆင်အား အော်ပြောလိုက်သည်။
“ဂီး”
နဂါးဆင်က ၎င်း၏ပါးစပ်အားခပ်ကျယ်ကျယ်ဖွင့်ဟ၍ နဂါးအော်သံကိုအော်ဟစ်လိုက်သည်။ ထို့နောက်တွင် ၎င်း၏ ဧရာမကိုယ်ကြီးနှင့် တိုင်လုံးများကဲ့သို့ခွာလေးဖက်အား ကဆု်နပေါက်၍ ကောင်းကင်ထဲသို့တစ်ဟုန်ထိုးဦး
တည်သွားသည်။
“ရေး..ရေး..ရေး..ရေး..”
ခရမ်းပြာရောင်ချပ်ဝတ်နှင့်ဗိုလ်ချုပ်ထံမှ ထွက်ပြေးလွတ်မြောက်လာပြီးသည့်နောက်တွင် အဖြူရောင်အဝတ်အစားနှင်လူက ကျားဖြူ၍ ကျောထက်မှနေ၍ ပျော်ရွှင်စွာ အောင်ပွဲခံလိုက်သည်။ သူ့ကိုယ်သူအရမ်းဂုဏ်ယူနေပြီး
သူ၏ပုံစံကပို၍ မိန်းကလေးတစ်ယောက်နှင့်တူနေ၏။
“မိန်းကလေးတစ်ယောက်လိုနှလုံးသားနဲ့ နတ်မိမယ်လေးလို့အသွင်အပြင်ရှိနေတာက နှမြောစရာပဲ..ကံဆိုးချင်တော့ သူ့အမေက သူ့ကိုယောက်ျားတစ်ယောက်အဖြစ်နဲ့မွေးပေးလိုက်တယ်”
သူ့နောက်မှ အဖြူရောင်ဝတ်စုံနှင့်
သခင်လေး၏ ပျော်ရွှင်စွာအောင်ပွဲခံသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ခေါင်းခါယမ်း၍ စိတ်မကောင်းစွာဖြင့်ပြောလိုက်သည်။
ဤအချိန်တွင် သူ့ကိုယ်သူဂုဏ်ယူဝင့်ကြွားနေသော အဖြူရောင်နှင့်သခင်လေးက ရှစ်ဖုန်ု့၏ပခုံးအားပုတ်၍ပြောလိုက်သည်။
“ဟားဟား ..ကောင်းတယ်.. မင်းက ကျိရှောင်းရဲ့တိုက်ခိုက်မှုကိုတားနိုင်လောက်တဲ့အထိအရမ်းအစွမ်းထက်တာပဲ. ငါ့ဓားကိုအလွယ်တကူမင်းတားနိုင်လိုက်တာ မအံ့ဩတော့ပါဘူး. မင်းသာငါ့ကိုထွက်ပြေးလွတ်မြောက်အောင်ကူညီနိုင်တာနဲ့ ငါ့မင်းကိုကြီးမားတဲ့ဆုလာဘ်
တွေပေးမယ်လို့ပြောခဲ့တယ်.. ငါ့ကိုပြောပါ.. ငါ့ဆီကနေဆုအဖြစ်နဲ့မင်းဘာလိုချင်လဲ”
ရှစ်ဖုန့်က သူ့ရှေ့ရှိ ဗလာနတ္ထိဟင်းလင်းပြင်အား ကြည့်ရင်း သူ့နောက်မှ အဖြူရောင်နှင့်သခင်လေးအားမေးလိုက်သည်။
“မင်းကိုမေးပါရစေ.. မင်းမှာဒီသခင်လေးကိုဆုချဖို့အ
တွက်ဘာရှိလို့လဲ”
“ငါ.. ငါ့အခုတော့မပေးနိုင်သေးဘူး. ငါ့မှာဘာမှမရှိဘူ..နောက်ကျမှငါမင်းကိုဆုချမှာ”
အဖြူရောင်နှင့်သခင်လေးကပြောလိုက်သည်။
“နောက်ကျမှလား”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။
“ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က မင်းနောက်ကိုလိုက်ဖမ်းနေတယ်.. မင်းကဘာကိုနောက်ကျမှတွေ
အနာဂတ်တွေပြောနေတာလဲ..အရင်ဆုံးဘယ်လိုပုန်းမလဲနဲ့ အဲ့လူမင်းကိုရှာမတွေ့အောင်ဘယ်
လိုလုပ်မလဲဆိုတာကိုပဲ အရင်တွေးစမ်းပါ”
“အဲ့လူက ငါ့ကို သတ်ဖို့ဒီမှာရှိနေတာမှမဟုတ်တာ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် အဖြူရောင်နှင့်သခင်လေးက အလျှင်အမြန်ရှင်းပြသည်။
“အိုး. ဒါဆိုသူကမင်းကိုဘာလို့လိုက်ဖမ်းတာလဲ”
ရှစ်ဖုန့်က မေးလိုက်သည်။
“ဒါက….ငါ..ငါမင်းကိုမပြောပြနိုင်ဘူး”
အဖြူရောင်နှင့်သခင်လေးကပြောသည်။
ရှစ်ဖုန့်ကခေါင်းခါယမ်းလိုက်ပြီး ပြုံး၍ပြောလိုက်သည်။
“မင်းမပြောချင်ဘူးဆိုလဲ မပြောပါနဲ့..ဒီသခင်လေးက
သိဖို့စိတ်မဝင်စားဘူး”
“ဒါ..ဒါပေမဲ့ ဒီတစ်ကြိမ် မင်းကငါ့အပေါ်မှာကျေးဇူးရှိနေတယ်…
ကျိရောင်ရဲ့ဖမ်းဆီးမှုကိုသာငါခံလိုက်ရရင် သူငါ့ကိုမသတ်ရင်တောင် ငါက အရမ်းအရမ်းကိုစိတ်မချမ်းမြေ့ဖို့
ကောင်းတဲ့အခြေအနေတစ်ခုမှာ ကျရောက်ရလိမ့်မယ်”
အဖြူရောင်နှင့်သခင်လေးက အကြောက်တရားတို့စွဲကျန်ရစ်နေသော
ပုံစံဖြင့် ရှစ်ဖုန့်အားပြောလိုက်သည်။
ထို့နောက် အဖြူရောင်ဝတ်သခင်လေး
ကရှစ်ဖုန့်အားပြောသည်။
“ငါ့နမည်ကကျိမို့..မင်းနမည်ကရော”
“ရှစ်ဖုန့်”
ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။ ထို့နောက်ရှစ်ဖုန့်က ပြုံး၍ပြောလိုက်၏။
“မင်းကမိန်းမတစ်ယောက်ပုံစံရှိရုံတင်မကဘူး မင်းရဲ့နမည်ကလည်း မိန်းမတစ်ယောက်လိုဖြစ်နေတယ်..မင်းမိန်းမတစ်ယောက်လိုပုံစံဖြစ်နေရတဲ့
အကြောင်းပြချက်က မင်းရဲ့နမည်ကြောင့်လို့ဒီသခင်လေးထင်တယ်”
အဖြူရောင်နှင့်သခင်လေး
ကျိမို့ကရှစ်ဖုန့်၏စကားအားကြားပြီးနောက် လိပ်ပြာမလုံသောပုံစံဖြင့်ပြောလိုက်သည်။
“ငါ..ငါကအစကတည်းက…………..”
ထို့နောက် ကျိမို့အမူအယာကပြောင်းလဲသွားပြီး နှာမှုတ်လိုက်သည်။
“ဟမ့်.ငါကတကယ်ယောက်ျား
အစစ်တစ်ယောက်ပဲ. “
ကျိမို့က သူ၏ပြားချပ်နေသော ရင်ဘက်အားကော့၍ ပြောလိုက်သည်။
“မင်းက မိန်းမတစ်ယောက်မဟုတ်တာနှမြောစရာပဲ.. ကမ္ဘာပေါ်မှာရှိတဲ့ယောက်ျားအားလုံးကိုတောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့မင်းရဲ့
မျက်နှာအတွက်ငါစိတ်မကောင်းဖြစ်မိတယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဟွန့်.ဟွန့်..ဟွန့်..ဟွန့်..ဟမ့်”
ရှစ်ဖုန့်၏ စကားအားကြားရပြီးနောက် ကျိမို့မှာ ခေါင်းကိုမော့လိုက်ပြီး မာနကြီးသည့်ပုံစံပေါက်နေ၏။
သူ၏လှပသောမျက်နှာက အဆက်မပြတ်နှာမှုတ်ရင်းပြောင်းလဲနေသည်။
သူ့အားပို၍ကြည့်လေ မိန်းကလေးတစ်ယောက်နှင့်တူလေဖြစ်သည်။
ကျားဖြူဦးဆောင်ပြီးရှစ်ဖုန့်နှင့် ကျိမို့တို့ နေ့တစ်ဝက်ခန့်ပြေးခဲ့ကြသည်။ဤအချိန်တွင် ကောင်းကင်က ဖြည်းဖြည်းချင်းမည်းမှောင်လာ၏။ အကွာအဝေးတစ်ခုအောက်ဘက်မှ ပြန့်ကားသောသိပ်သည်းသည့်တောအုပ်တစ်ခုကိုရှစ်ဖုန့်တွေ့လိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကအောက်ဘက်ရှိ တောအုပ်အား ထိုးညွှန်ပြပြီးပြောလိုက်သည်။
“ဒီညကိုတော့ တောအုပ်ထဲမှာပဲ အချိန်ဖြုန်းရအောင်”
သိုင်းပညာရှင်များမှာသူတို့၏နေ့စဉ်ဘဝနှင့်ပက်သက်၍ သိပ်ပြီးတော့ဇီဇာမကြောင်ကြချေ။
တောကြီးမျက်မည်းအတွင်းမှောင်မိုက်လာပြီးအနီးအနား၌ ဘာမြို့မှရှိနေခြင်းမရှိလျှင် ကြုံရာနေရာတစ်ခုအားရှာဖွေကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံအားထုတ်မှုအား ပြုလုပ်လိမ့်မည်ဖြစ်သည်။
ထိုကဲ့သို့ပင် ယခုသူတို့ဝင်ခဲ့သောနေရာသည်လည်း စိမ်းလန်းစိုပြည်သောသစ်ပင်များ
နှင့်တောအုပ်မှလွဲ၍ အခြားဘာကိုမှသူတို့မြင်တွေ့နိုင်ခြင်းမရှိပေ။
“ဘာ.. ငါတို့ကဘယ်လိုလုပ်ပြီးတော့ ဒီတောအုပ်ထဲနေလို့ရမှာလဲ. ငါတို့ဒီမှာဘယ်လိုအိပ်ရမှာလဲ”
အောက်ဘက်ရှိကျယ်ပြောလှ
သောတောအုပ်အားကြည့်၍ ကျိမို့ကအံ့အားသင့်စွာပြောလိုက်သည်။
ထို့နောက်သူက ပြတ်သားစွာပြောလိုက်၏။
“ဟင့်အင်းငါတို့ဒီမှာညဘက်နေလို့မရဘူး.
တောကြီးမျက်မည်းထဲမှာ ငါတို့နှစ်ယောက်တည်း.. ငါတို့ဒီမှာညဘက်မနေနိုင်ဘူး”
ကျိမို့၏စကားအားကြားပြီးနောက် ရှစ်ုဖန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့
လိုက်ပြီးပြောလိုက်သည်။
“စိတ်မပူနဲ့ ..ဒီသခင်လေးက ယောက်ျားတွေကိုစိတ်မဝင်စားဘူး. သူတို့ကမိန်းမတွေထက် ပိုလှနေရင်တောင်စိတ်မဝင်စားဘူး.မင်းဒီမှဒီညမနေချင်ရင်..မင်းအခုထွက်သွားလို့ရတယ်.. ဒီသခင်လေးနဲ့အဖြူလေးတို့ပဲ အတူတူသွားမယ်”
“ဝေါင်း”
ရှစ်ဖုန့်၏ “အဖြူလေး” ဟူသောစကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်အောက်မှကျားဖြူက တုန့်ပြန်သည့်အနေဖြင့် အလျှင်အမြန် ဟိန်းဟောက်လိုက်သည်။ ထို့နောက် ၎င်းကအောက်ဘက်ရှိ စိမ်းလန်းစိုပြည်ပြီး အကန့်သတ်မဲ့သော တောအုပ်ဆီသို့ ဆင်းသက်လိုက်၏။
ဆက်ရန်……
ဘာသာပြန်သူ-ARISE