← Chapters

နိဗာနတိတ်ဆိတ်မှုပင်လယ်၏ ကူးပြောင်းအစီအရင်

Vol. 72 Ch. 1004

နိဗာနတိတ်ဆိတ်မှုပင်လယ်၏ ကူးပြောင်းအစီအရင်

Vol. 72 Ch. 1004

နတ်ဘုရားကုန်းမြေတွင် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကဲ့သို့ အင်အားစုကြီးတစ်ခု ရှိသဖြင့် ကိစ္စရပ် ကြီးကြီးမားမား ဖြစ်ပွားခဲသည်။ အကြီးမားဆုံးကိစ္စမှာ လွန်ခဲ့သော ၁၀ နှစ်လောက်က ကျောင်းတော်ထဲသို့ တပည့်များခေါ်ယူရန် စစ်ဆေးဆုံးဖြတ်မှု ဖြစ်သည်။

ထို့ကြောင့် နတ်ဘုရားကုန်းမြေတွင် မည်သည့်ကိစ္စကြီးမျှ မရှိသော်လည်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်တွင်မူ လက်တလော၌ ကိစ္စသေးသေးလေး တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအရာမှာ ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာဖြစ်ပွားသော ကျောင်းတော်ထဲမှ အရင်းအမြစ် တိုက်ပွဲပင် ဖြစ်သည်။

နတ်ဘုရားကုန်းမြေထဲတွင် ကျင့်ကြံရေး အရင်းအမြစ်များအရ ကျောင်းတော်ကို ကျော်လွန်နိုင်သည့်နေရာဟူ၍ မရှိပေ။ ကျောင်းတော်သည် မိုးမြေစည်းမျဉ်းတို့ အပြီးပြည့်စုံဆုံးသော တစ်ခုတည်းသော နေရာလည်း ဖြစ်နေသည်။

ဤအရင်းအမြစ်တိုက်ပွဲမှာ ရာစုနှစ်တိုင်းမှ တစ်ကြိမ် ဖြစ်ပွားသည်ဖြစ်ရာ နတ်ဘုရားကုန်းမြေမှ နတ်ဘုရားဘုရင်များ အားလုံးနီးပါးက ဤကိစ္စအပေါ် အာရုံစိုက်ကြမည် ဖြစ်သည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်သည် နတ်ဘုရားကုန်းမြေတစ်ခုလုံး၏ အသေးစား ပုံစံဖြစ်သည်။ ဂိုဏ်းကြီးများ အားလုံးနီးပါးက ကျောင်းတော်ထဲတွင် သူတို့ကိုယ်ပိုင် အင်အားစုများ ရှိကြသည်။ ယခုကဲ့သို့တိုက်ပွဲမျိုးတွင် ရလဒ်များက မည်သည့် အင်အားစုများ ပို၍ တိုးချဲ့ကြီးမားလာမည်နည်းအား ညွှန်ပြပေလိမ့်မည်။

အမှန်တကယ်၌ ကျောင်းတော်ထဲတွင် ကျောင်းတော်၏ ဂိုဏ်းသားများ မဟုတ်သော်လည်း ကျောင်းတော်ထဲ လာရောက်ကျင့်ကြံနေကြသော ကျင့်ကြံသူများမှာလည်း အရေအတွက် တော်တော်များများ ရှိနေသည်။ ထိုကျင့်ကြံသူများမှာ အင်အားစုအမျိုးမျိုး၏ အဓိက ပျိုးထောင်ပေးကြမည့်သူများ ဖြစ်၏။ ထိုကျင့်ကြံသူများသည် ကျောင်းတော်၏အဖွဲ့ဝင် မဟုတ်သဖြင့် သူတို့ ကျင့်ကြံကြစဉ် သူတို့အား ပြင်းပြင်းထန်ထန် ထိန်းချုပ်ကန့်သတ်ခြင်း ခံကြရသည်။ ကျောင်းတော်က ထောက်ပံ့ပေးသော အများသုံး အရင်းအမြစ်များကိုလည်း အသုံးပြုခွင့် မရှိကြပေ။ သို့ပေသည့်တိုင် ကျောင်းတော်အပြင်ဘက်တွင် ကျင့်ကြံသည်ထက် အထဲ၌ လာရောက်ကျင့်ကြံသည်က များစွာ ပိုကောင်းနေဆဲ ဖြစ်သည်။

ပိုင်နက်အကျယ်ကြီး ပိုင်သော သေမျိုးနယ်မြေအပြင် ကျောင်းတော်ထဲရှိ တခြားအင်အားစုအားလုံးမှာ နေရာအနည်းအကျဉ်းနှင့် နတ်ဝိညာဉ်စွမ်းအား အရင်းအမြစ် အနည်းအကျဉ်းသာ ရှိကြသည်။ မည်သည့် အင်အားစုပင် ဖြစ်ပါစေ ကျောင်းတော်ထဲသို့ ကျင့်ကြံရန် လူအများကြီး ခေါ်ယူခွင့် မရှိပေ။ လူအများကြီးကိုသာ ဝင်ခွင့်ပြုလိုက်ပါက ကျင့်ကြံရေး အရင်းအမြစ်များကို ပိုများသောလူတို့နှင့် ခွဲဝေယူကြရလိမ့်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကျောင်းတော်ထဲထက် တခြားနေရာများတွင် ကျင့်ကြံသည်က ပိုကောင်းမည့်အဖြစ်သို့ ရောက်ရှိလာလိမ့်မည်။

ပြောရမည်ဆိုလျှင် နတ်ဘုရားဘုရင် ဖြစ်မလာသေးခင်အထိ ကျောင်းတော်ထဲမှ ပြီးပြည့်စုံသော မိုးမြေစည်းမျဉ်း၏ အားသာချက်တို့ကို အပြည့်အဝ နားလည်အသုံးချနိုင်ကြဦးမည် မဟုတ်ပေ။ ကျောင်းတော်ထဲတွင် တာအိုအကြောင်း ဆွေးနွေးပေးမည့် ပညာရှင်အနည်းငယ် ရှိသည်မှာ မှန်၏။ သို့သော် ကျောင်းတော်၏ တပည့်မဟုတ်ပါက မိမိ၏ ကိုယ်ပိုင်နေရာတွင်သာ ကျင့်ကြံနိုင်ကာ တာအိုဆွေးနွေးပွဲများကို နာကြားခွင့် မရှိပေ။

ကျောင်းတော်၏ ကန့်သတ်မထားသော ဖွဲ့စည်းပုံကြောင့် အင်အားစုတိုင်းက ဤတိုက်ပွဲအတွင်း တတ်နိုင်သမျှ များများ ကျင့်ကြံရေး အရင်းအမြစ်များ လုယူနိုင်ရန် အစွမ်းကုန် လုပ်ကြမည် ဖြစ်သည်။

ကျောင်းတော်က ဤရာစုနှစ် တစ်စုတွင်မှ တစ်ကြိမ်လုပ်သော အရင်းအမြစ်တိုက်ပွဲအပေါ် အကြီးအကျယ်ကို အလေးထားထားသည်။ ကျောင်းတော်၏ အင်အားစု အမျိုးမျိုးက အရင်းအမြစ် တိုက်ပွဲအတွင်း အားလုံးကျေနပ်နိုင်ရန် မည်သို့မည်ပုံ လုပ်ကြမည့်အကြောင်းအတွက် မရေတွက်နိုင်သော ဆွေးနွေးပွဲများနှင့် တွေ့ဆုံပွဲများ လုပ်နေကြသည်။

ထိုပွဲများတွင် မပါဝင်သည့် တစ်ခုတည်းသော အင်အားစုမှာ သေမျိုးနယ်မြေ ဖြစ်သည်။ သေမျိုးနယ်မြေတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ပင် မရှိလေရာ ဤအရင်းအမြစ်တိုက်ပွဲတွင် ဝင်ပြိုင်ရဲလိမ့်မည် မဟုတ်ပေ။ သေမျိုးနယ်မြေမှ မည်သူကမျှ တိုက်ပွဲတွင် ပါဝင်ချင်သည့် ပုံစံမျိုး မပြပေ။ ထို့ကြောင့် ကျောင်းတော်၏ အရင်းအမြစ်တိုက်ပွဲအတွက် သေမျိုးနယ်မြေအား အလိုလို ထည့်မတွက်ဘဲ ထားထားလိုက်သည်။

…………………..

မိုဝူကျိက ကျင့်ကြံသည်ကို ရပ်လိုက်ပြီးနောက် သေမျိုးနယ်မြေ၏ နတ်ဝိညာဉ်စွမ်းအားတို့မှာ ပို၍အားနည်းလာသည်။ ကံကောင်းစွာပင် တာ့ဟွမ်က သူ၏ချီသွေးကြော ၁၀၈ ခုဖြင့် ကျင့်ကြံနေဆဲ ဖြစ်သည်။ မိုဝူကျိနှင့် တာ့ဟွမ်တို့၏ ခြားနားချက်မှာ တာ့ဟွမ်တွင် အထူးချီသွေးကြောများ မရှိဘဲ မိုဝူကျိတွင် ရှိနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တာ့ဟွမ်၏ စွမ်းအားစုပ်ယူနှုန်းမှာ မိုဝူကျိလောက် အားမပြင်းပေ။

သို့သော် ထိုအရာမှာ မိုဝူကျိနှင့် ယှဉ်လျှင်သာ ဖြစ်သည်။ တခြားသူများနှင့် ယှဉ်ပါက တာ့ဟွမ်၏ နှုန်းမှာ ကြောက်စရာကောင်းသည်ဟု သတ်မှတ်နိုင်နေပြီ ဖြစ်သည်။ တာ့ဟွမ်ကလည်း သူ့ပတ်ဝန်းကျင်မှ နတ်ဝိညာဉ်စွမ်းအားတို့ကို သူနှင့်ရွိုက်ကော နှစ်ယောက်စလုံး ကျင့်ကြံရန်အတွက် စုပ်ယူနိုင်လေသည်။

ပိုင်ယွဲ့က အရင်းအမြစ်တိုက်ပွဲအတွက် စာရင်းသွင်းရန် ကျောင်းတော်သို့ သွားသည့်အချိန်တွင် မိုဝူကျိက ချီချွမ်အား အင်မော်တယ် မော်တယ်ကျင့်စဉ် လက်ဆင့်ကမ်းပေးခြင်း အပေါ်ကိုသာ အာရုံအပြည့် စိုက်ထားလိုက်သည်။ သူက ချီချွမ်ကို ချီသွေးကြောများ ဖွင့်ပုံဖွင့်နည်းနှင့် ဝိညာဉ်ကြောများနှင့် ကျင့်ကြံခြင်းအပေါ် စွန့်လွတ်ပုံ၊ စွန့်လွတ်နည်းတို့ကို သင်ကြားပေးသည်။

ချီချွန်က ဂူပိတ်ကျင့်ကြံခြင်းကို စတင်သည့်အချိန်၊ အားနေသောမိုဝူကျိက ကျောင်းတော်၏ တာဝန်ခန်းမသို့ သွားရန် ပြင်ဆင်နေချိန်၊ ထိုအချိန်တွင် ပိုင်ယွဲ့ ပြန်ရောက်လာ၏။

“မင်း ဒဏ်ရာရလာတာလား”

ပိုင်ယွဲ့၏ ဒဏ်ရာများကို သတိထားမိကာ မိုဝူကျိက မျက်မှောင်ကျုံ့လိုက်သည်။

နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်သည် အလုံခြုံဆုံးနေရာများမှ တစ်နေရာဖြစ်၏။ တိုက်ခိုက်စင်ပေါ်တွင် တိုက်ခိုက်ရန် နှစ်ဖက်စလုံး၏ သဘောတူညီမှု မရှိပါဘဲနှင့် ထိုနေရာတွင် လူများ ပုံမှန်အားဖြင့် ဒဏ်ရာရလေ့မရှိကြပေ။

ပိုင်ယွဲ့က ခေါင်းငြိမ့်ကာ

“ငါ့ကို တိုက်ခိုက်စင်မှာ တိုက်ဖို့ လာစိန်ခေါ်တဲ့ ရွံစရာ ငတိတစ်ကောင်နဲ့ တွေ့ခဲ့လို့။ တကယ်လို့ ဝင်တားပေးခဲ့တဲ့ တိုက်ခိုက်စင်က အကြီးအကဲကြောင့်သာ မဟုတ်ရင် အဲ့ဒီခွေးကောင်သတ်လို့ ငါ သေသွားလောက်ပြီ”

“သူက အောင်းမျိုးနွယ်ကလား”

မိုဝူကျိသည် ချက်ချင်းပင် အောင်းမျိုးနွယ်မှ ရွံ့မုန်းစရာ နတ်ဘုရားဘုရင်ကို ပြန်အမှတ်ရမိလိုက်သည်။

အောင်းမျိုးနွယ်သည် သူကိုရော ပိုင်ယွဲ့ကိုပါ လွယ်လွယ်နှင့် အလွတ်ပေးမည်မဟုတ်မှန်း သူက ကောင်းကောင်းသိသည်။

ပိုင်ယွဲ့က ခေါင်းခါလိုက်သည်။

“အောင်းမျိုးနွယ် မဟုတ်ဘူး။ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းက ပါရမီရှင် ကိုင်ကျိ။ သူက ကောင်းကင်နတ်ဘုရား အဆင့် ၈ မှာ ရှိနေတာ။ ငါ့ထက်လည်း တော်တော်ကြီးကို အားပိုကောင်းတယ်”

“မင်း ကနဦးနတ်ဘုရားအဆင့် ၉ မှာ ရှိနေတုန်းက ကောင်းကင်နတ်ဘုရားအဆင့် ၄ အရုပ်ကို အနိုင်တိုက်နိုင်တယ်လေ။ အခု မင်း ကောင်းကင်နတ်ဘုရား အဆင့် ၂ မှာရှိနေတဲ့ဟာ ကိုင်ကျိကို မနိုင်ဘူးလား။ မင်းက ပြဿနာရှာတတ်ပုံလည်း မပေါ်ပါဘူး။ အဲ့ဒါကို ဘာဖြစ်လို့ ကိုင်ကျိက မင်းကို စိန်ခေါ်ချင်ရတာလဲ”

မိုဝူကျိက မေးလိုက်သည်။

ပိုင်ယွဲ့နှင့် မိုဝူကျိတို့သည် တချို့နေရာများတွင် အနည်းငယ် တူညီကြသည်။ နယ်လှည့်ကျင့်ကြံသူ တစ်ယောက် အနေနှင့် တခြားသူက ရန်လာမစပါက သူတို့ကစ၍ ပြဿနာလေ့ မရှိကြပေ။ သို့သော် တချို့ကိစ္စများမှာ ချွင်းချက်ဖြစ်ကာ ထိုသို့ကိစ္စမျိုး ကြုံလာပါက တိုက်ခိုက်မှုတချို့ကို ရှောင်လွဲ၍မရပေ။

“အဲ့ဒါက အဆင့်နေရာနဲ့ ပတ်သက်ပြီး ဖြစ်တဲ့ ပြဿနာ”

ပိုင်ယွဲ့က ဆက်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ရန်ဟွေက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ စစ်ဆေးဆုံးဖြတ်မှုမှာ ပါဝင်ဖို့ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းကို ကိုယ်စားပြုပြီး သူက အဆင့် ၆ ရခဲ့တယ်။ ထိပ်ဆုံး ၅ ယောက်ထဲ သူမပါတဲ့အတွက်ကြောင့်မို့လို့ တာအိုသစ်သီးတစ်လုံးကို မရလိုက်ဘူး။ ထိပ်ဆုံး ၅ ယောက်ထဲမှာ ငါ တစ်ယောက်ပဲ နောက်ခံအင်အားမရှိတဲ့ နယ်လှည့်ကျင့်ကြံသူလေ။ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းက ကိုင်ကျိက သူ့ဒေါသတွေကို ငါ့အပေါ် လာပုံချပြီး ငါစာရင်းသွင်းနေတုန်း ငါ့ကို ရန်လာစတာ။

ကိုင်ကျိက ကောင်းကင်နတ်ဘုရား အဆင့် ၈ မှာပဲ ရှိတယ်ဆိုပေမဲ့ သူ့စွမ်းအားက အထွတ်တကာ့ ထိပ်ခေါင်မှာ ရှိတယ်ကွ။ ကျောင်းတော်ထဲက “ မဟာ ကောင်းကင်နတ်ဘုရား ၁၀ ယောက်” ထဲမှာ ကိုင်ကျိက နံပတ် ၆ ချိတ်တယ်။ ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိတဲ့ သာမန်ကျင့်ကြံသူတွေ မပြောနဲ့ နတ်ဘုရားအုပ်စိုးသူတစ်ပိုင်း ဖြစ်နေတဲ့သူတွေတောင် သူ့ပြိုင်ဖက်မဖြစ်နိုင်ဘူး။

သူက အရမ်းရက်စက်ယုတ်မာတဲ့အပြင် အင်အားစုလေးတွေဆီက ပါရမီရှင် တပည့်တော်တော်များများကို သတ်ခဲ့ဖူးတယ်။ အခု ငါ့ကို စည်းကမ်းထိန်းက ကယ်လိုက်တယ်ဆိုတော့ သူ ငါ့ကို လွယ်လွယ်နဲ့ အလွတ်ပေးလိမ့်မယ် မထင်ဘူး။ ကျောင်းတော်က ကျင်းပတဲ့ အရင်းအမြစ်တိုက်ပွဲကျရင် သေချာပေါက် သူ နောက်တစ်ခေါက် လာတိုက်ဦးမှာပဲ”

“ဒီလိုဆိုမှတော့ အဲ့ဒီအချိန်ကျရင် သူ့ကို ငါရင်ဆိုင်လိုက်မယ်”

မိုဝူကျိသည် ရုတ်တရက် သူ့လို ကနဦးနတ်ဘုရား အဆင့် ၁၀ ကျင့်ကြံသူက ထိပ်သီး ကောင်းကင်နတ်ဘုရားအဆင့်နှင့် တွေ့ပါက မည်မျှထိ ရင်ဆိုင်နိုင်မည်နည်းအား စမ်းသပ်ကြည့်ချင်သွားသည်။

ပိုင်ယွဲ့က လေးနက်စွာ ပြောလိုက်သည်။

“မင်းက သူ့ပြိုင်ဖက် မဖြစ်လောက်ဘူး။ သူက ငါတွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံး ကောင်းကင်နတ်ဘုရားပဲ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကို တည်ထောင်ထားတာ နှစ်တွေ အများကြီးရှိနေပြီ။ ပြီးတော့ အဲ့ဒီနှစ်တွေတစ်လျှောက် စုဆောင်းထားတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကလည်း အများကြီးပဲ။ ကိုင်ကျိက ထိပ်ဆုံး ၁၀ ယောက်ထဲ ဝင်နိုင်တာ ကံကောင်းလို့ချည်းတော့ မဖြစ်နိုင်တာ သေချာတယ်”

မိုဝူကျိက ခပ်ရေးရေး ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့… ငါ သူ့ကို ကိုင်တွယ်နိုင်မှာပါ။ ငါ့ကိုလည်း နည်းနည်း ထူးခြားကွဲထွက်နေတဲ့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်ဘုရားတစ်ယောက်လို့ သတ်မှတ်လို့ရတယ်ကွ”

မိုဝူကျိက တစ်ဖက်ပိတ် ပြောနေခြင်း မဟုတ်ပေ။ အကယ်၍ အဆင့်များအတိုင်း လိုက်စဉ်ကြည့်မည်ဆိုပါက မိုဝူကျိ၏ ကနဦးနတ်ဘုရားအဆင့် ၁၀ သည် သာမန် ကောင်းကင်နတ်ဘုရားအဆင့် ၁ နှင့် တူညီနေသည်။

သို့သော် သူ၏ မဟာတာအိုမှာ လူသားတာအို ဖြစ်နေသောကြောင့် ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိနေစဉ်၌ လောကနတ်ဘုရား တစ်ယောက်မှသာ တည်ဆောက်နိုင်သည့် ကမ္ဘာတစ်ခုကို သူက တည်ဆောက်နိုင်သည်။ သာမန်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပါက သူက အတွေ့အကြုံပိုများသည်ဟုပင် ယူဆနိုင်သည်။ အကယ်၍ သူသာ လမ်းရှည်ကို မလိုက်ချင်ပါက သူ၏ လူသားကမ္ဘာမှာ ခမ်းနားအံ့သြဖွယ်ကောင်းသော ကမ္ဘာတစ်ခု ဖြစ်နေလောက်လေပြီ။

ပိုင်ယွဲ့သည် မိုဝူကျိက မည်မျှလောက်ထိ ကြောက်စရာကောင်းမှန်း သိသော်လည်း သူက မိုဝူကျိ၏စကားတို့ကို မယုံကြည်သေးပေ။ မိုဝူကျိ ပြောသလိုပင် အကယ်၍ ပိုင်ယွဲ့သာ မိုဝူကျိအား တိုက်ကွက်အရင် ထုတ်ခိုင်းလိုက်ပါက သူသည် ပြန်ခုခံခွင့်တောင် ရလိုက်မည် မဟုတ်ပေ။

သူက မိုဝူကျိ၏ တကယ့် အင်အားအစွမ်းအကြောင်း သိပ်မသိသေးပေ။ မည်သို့ပင် ဆိုစေကာမူ အရင်းအမြစ်များ လုယူမည့်အချိန်တွင် မိုဝူကျိ၏ ဘေးတွင် သူ ရှိနေပေးကာ မိုဝူကျိ၏ နောက်ကျောကို စောင့်ကြည့်ကာကွယ်ပေးရုံသာ ရှိသည်။

ထိုသို့တွေးလိုက်ကာ ပိုင်ယွဲ့သည် ကိုင်ကျိအကြောင်း မိုဝူကျိနှင့် ဆက်လက် စကားများမနေတော့ချေ။

“ဝူကျိ… ငါ တာဝန်တစ်ခု လက်ခံထားတယ်။ ဒါကြောင့် ငါ အဲ့ဒီကနေ ပြန်လာတာနဲ့ အရင်းအမြစ်တိုက်ပွဲမှာ ဝင်ပြိုင်ဖို့ အတူတူသွားကြမယ်။ တကယ်လို့ ငါ ပြန်မရောက်သေးခင် အရင်းအမြစ်တိုက်ပွဲက စနေနှင့်ပြီဆိုရင် မင်းတစ်ယောက်တည်း အရင် ဝင်မပြိုင်နဲ့ဦး။ အင်မော်တယ် မော်တယ်ကျင့်စဉ်က တခြားကျင့်စဉ်တွေနဲ့ မတူဘူး။ စွမ်းအားစုစည်းရေး အစီအရင် မခင်းကျင်းဘဲနဲ့တောင် ကျင့်ကြံဖို့အတွက် စွမ်းအားတွေကို ငါတို့တွေ စုပ်ယူလို့ ရနေသေးတာပဲဟာ”

ဂိုဏ်းတာဝန်အကြောင်း ကြားလိုက်ပါမှ မိုဝူကျိသည် ထိုအရာအား သူ လုံးလုံး မေ့နေကြောင်း သတိရသွား၏။

မိုဝူကျိက ပိုင်ယွဲ့အား မည်သည့်တာဝန်မျိုး လက်ခံထားသနည်းအား မေးရန် လုပ်နေစဉ်၌ အသံနက်တစ်သံကို ကြားလိုက်ရသည်။

“နောက် ၃ လနေရင် ကျင်းပမယ့် အရင်းအမြစ်တိုက်ပွဲမှာ ဝင်ပြိုင်မဲ့ တပည့်တွေ… နိဗ္ဗာန်အသိပညာရပ် စင်မြင့်ဆီကို မင်းတို့ရဲ့တပည့်တံဆိပ်ပြားတွေ အပါယူပြီး လာစုဝေးကြပါ”

နိဗ္ဗာန်အသိပညာရပ် စင်မြင့်ကို မိုဝူကျိသိသည်။ ထိုအရာမှာ ကျောင်းတော်အထဲရှိ  မျှောလွင့် ရင်ပြင်တွင် တည်ရှိကာ အချင်းဝက် မီတာ ၅၀၀၀ ကျော် ရှိသည်။

“မင်း ဘယ်တာဝန်ကို လက်ခံထားတာလဲ”

မိုဝူကျိသည် ကြေညာချက်အား ခေါင်းထဲမထည့်ဘဲ ပိုင်ယွဲ့ လက်ခံလိုက်သည့် တာဝန်ကိုသာ ပို၍ သိချင်နေမိသည်။

ပိုင်ယွဲ့သည် အပြန်သီးသန့်နတ်ဘုရားဂိုဏ်းအပြင် အောင်းမျိုးနွယ်နှင့်ပါ ပြဿနာတက်ထားသည်။ ယခုအခြေအနေတွင် ကျောင်းတော်မှ ထွက်သွားခြင်းသည် သေချာပေါက် ပြဿနာများကို ဖိတ်ခေါ်နေပေလိမ့်မည်။

“နိဗာနတိတ်ဆိတ်မှုပင်လယ်ဆီကို…”

“နိဗာနတိတ်ဆိတ်မှုပင်လယ်လား… နိဗာနတာအိုသဲ ရှာဖို့လား…”

မိုဝူကျိဆီမှာ နိဗာနတာအိုသဲ အပုံလိုက်ကြီး ရှိလေရာ သဲရှာရန်အတွက်ဆိုပါက ထိုနေရာသို့ ပိုင်ယွဲ့ သွားနေစရာ မလိုပေ။

ပိုင်ယွဲ့က ခေါင်းခါလိုက်ကာ

“အဲ့ဒီနှစ်တွေတုန်းက နိဗာနတိတ်ဆိတ်မှု ပင်လယ်ထဲမှာ ဆေးလုံးဘုရင် ဝတ်ရုံစိမ်း ပျောက်သွားတော့ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်က နိဗာနပင်လယ်မှာ ကူးပြောင်းအစီအရင်တစ်ခု တည်ဆောက်ချင်ခဲ့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ နတ်ဘုရားနယ်မြေနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ပေါ့။

အခုလောလောဆယ် ဒီကူးပြောင်းအစီအရင်ကို ဆောက်နေကြတယ်။ ငါက အဆင့် ၄ နတ်ဘုရားအစီအရင်ဆရာ ဆိုတော့ ဒီတာဝန်ကို ငါ လုပ်ပြီးသွားတာနဲ့ နောက်ထပ် နှစ် ၅၀ လောက် ဘယ်တာဝန်မှ ထပ်ယူစရာ မလိုတော့ဘူး။”

“နတ်ဘုရားကုန်းမြေနဲ့ နတ်ဘုရားနယ်မြေက ကူးပြောင်းအစီအရင် ဆောက်ချင်နေတာလား”

မိုဝူကျိက ရင်တစ်ချက် ထိတ်သွားသည်။ သူက နတ်ဘုရားနယ်မြေတွင် နတ်ဘုရားဘုရင် တစ်ယောက်နှင့် ပြဿနာတက်ကာ နတ်ဘုရားကုန်းမြေဆီသို့ ထွက်ပြေးလာရသည်။ အကယ်၍ ဤကူးပြောင်းအစီအရင်သာ အောင်မြင်စွာ တည်ဆောက်ပြီးသွားပါက နတ်ဘုရားနယ်မြေမှ နတ်ဘုရားဘုရင်သည် ဤနေရာတွင် သူ့အား ရှာရန် ရောက်လာမည်လော…

နောက်တစ်ခဏချင်းပင် မိုဝူကျိက အသိပြန်ဝင်လာသည်။ သူသည် လောလောဆယ် နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ထဲတွင် ရောက်နေသည်။ နတ်ဘုရားနယ်မြေမှ နတ်ဘုရားဘုရင် ရောက်လာလျှင်ပင် သူက ကျောင်းတော်ထဲသို့ အတင်း ဝင်လာရဲပါ့မည်လော…

ထို့ကြောင့် သူ့အနေနှင့် မည်သည်ကိုများ စိုးရိမ်နေရမည်နည်း။ သူ၏လက်ရှိ ကျင့်ကြံနှုန်းအရ နတ်ဘုရားဘုရင်တစ်ယောက်ကို ရှင်းပစ်နိုင်ရန် သိပ်လိုတော့မည် မဟုတ်ပေ။

“ဟုတ်တယ်… ဒီကူးပြောင်းအစီအရင်ကို ဆောက်နေတာ နှစ်ရာချီပြီးတော့တောင် ကြာနေပြီ။ ပြီးခါနီးပြီလို့ ကြားတယ်။ ဒါပေါ့… ဒါက ပထမခြေတစ်လှမ်းပဲ ရှိသေးတယ်။ ကူးပြောင်းအစီအရင် ပြီးသွားရင် ဟိုဘက်ပေါ်က ကူးပြောင်းနေရာ အတိအကျကို ဆုံးဖြတ်နိုင်မှာ မဟုတ်သေးဘူး။ ငါတို့လူတွေ ဟိုပို့ပြီးရင် နတ်ဘုရားနယ်မြေထဲမှာ နောက်ထပ် နေရာတိကျတဲ့ ကူးပြောင်း အစီအရင်တစ်ခု ထပ်ဆောက်ဖို့ လိုသေးတယ်။ နတ်ဘုရားနယ်မြေထဲက ကူးပြောင်းအစီအရင်ကို ပြီးဖို့ဆို နောက်ထပ် တစ်နှစ် ထပ်လိုဦးမှာ”

ပိုင်ယွဲ့က ရှင်းပြလိုက်သည်။

ငါ မြန်မြန် ကျင့်ကြံမှ ရမယ်…

ဤသို့တွေးမိကာ မိုဝူကျိက ပိုင်ယွဲ့အား ပြောလိုက်သည်။

“အဲ့ဒါဆို နိဗာန တိတ်ဆိတ်မှုပင်လယ်က တာဝန်ကို ငါ သွားလုပ်လိုက်မယ်။ မင်းထက် စာရင် နိဗာနတိတ်ဆိတ်မှုပင်လယ်နဲ့ ငါက ပိုရင်းနှီးတယ်”

ထိုသို့ပြောကာ မိုဝူကျိက နိဗာနတာအိုသဲ လက်တစ်ဆုပ်စာကို ထုတ်ယူလိုက်သည်။

“ဒီနိဗာနတာအိုသဲတွေက နိဗာနတိတ်ဆိတ်မှုပင်လယ်ကနေ ငါ ရလာခဲ့တာတွေ။ နိဗာနပင်လယ်နဲ့ ငါရင်းနှီးတယ်ဆိုတာ မင်း တွေ့နိုင်တယ်”

“အဲ့လောက်များတဲ့ နိဗာနတာအိုသဲတွေ…”

ပိုင်ယွဲ့သည် မိုဝူကျိအား တအံ့တသြ ကြည့်လိုက်သည်။

“ဟုတ်တယ်… ဒါတွေအားလုံးက နိဗာနတိတ်ဆိတ်မှု ပင်လယ်က ရတာ။ ငါက အမြဲ သူများလိုက်တာ ခံနေရလို့ အဲ့ဒီက အန္တရာယ်တွေနဲ့ တော်တော်တောင် ကျင့်သားရနေပြီ”

မိုဝူကျိက တစ်ချက်ရယ်လိုက်သည်။

သူသည် ပိုင်ယွဲ့လောက် အတွေ့အကြုံ များချင်မှ များပေလိမ့်မည်။ သို့သော် သူ၏ လေလွတ်မြောက်ရေး နည်းစနစ်မှာ ပိုင်ယွဲ့ ယှဉ်နိုင်သည့်အရာ မဟုတ်ကြောင်း သူက ယုံကြည်မှုရှိသည်။

“ကောင်းပြီလေ… အဲ့ဒါဆို ငါ့အစား မင်း သွားလိုက်ပေါ့”

ပိုင်ယွဲ့က လုံးဝ တွေဝေမနေပေ။

“ငါ ငါ့အင်အား တိုးတက်ဖို့ ဆက်ပြီး ကျင့်ကြံဖို့ လိုတယ်။ ပြီးတော့ နိဗာနတိတ်ဆိတ်မှု ပင်လယ်မှာ ဘာအန္တရာယ်မှ မရှိတာမို့ မင်း နတ်ဘုရားကုန်းမြေတစ်ခုလုံးက ပညာရှင်အကုန်လုံးနဲ့ ပြဿနာ တက်ထားရင်တောင်မှ ကိစ္စမရှိဘူး။ မင်းက ကျောင်းတော်ရဲ့ တပည့်ဖြစ်နေတာမို့ ကျောင်းတော်အတွက် တာဝန်ထမ်းဆောင်နေချိန်မှာ ဘယ်သူကမှ မင်းကို မသတ်ရဲဘူး။ အဲ့လိုဖြစ်အောင် မင်း နိဗ္ဗာန်တာအိုမြို့ကို သွားဖို့တော့ လိုတယ်ကွ။ အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာ ဂုဏ်ထူးဆောင် ကျောက်စိမ်းတံဆိပ်ပြားကို မင်း သွားလုပ်ဖို့ လိုတယ်”

***

All Chapters