← Chapters

အာကာပြင် မှော်အက္ခရာ သင်္ကေတများ

Vol. 73 Ch. 1006

အာကာပြင် မှော်အက္ခရာ သင်္ကေတများ

Vol. 73 Ch. 1006

“ မင်းက ဒီနေရာက အာကာပြင် မှော်အက္ခရာတွေကို မြင်ရတယ်လား ” စန်းကျန့်ရှင်းက ထရပ်ရင်း မေးလိုက်သည်။

အာကာပြင် မှော်အက္ခရာဆိုတာ ဘာလဲ …

အာကာပြင် မှော်အက္ခရာလို့ ခေါ်ဝေါ်ခြင်းမှာ တခြားလူများ မမြင်တွေ့နိင်၍ ဖြစ်သည်။ အရိုးသားဆုံး ပြောရလျှင် စန်းကျန့်ရှန်းသည် သူ့အာကာပြင် မှော်အက္ခရာများတွင် ပြဿနာတစ်ချို့ ရှိနေကြောင်း အမြဲတမ်း သိနေခဲ့၏။ သူ ခင်းကျင်းလိုက်သော မှော်အက္ခရာများမှာ လူအများစု မသိနိုင်သော်လည်း သူနှင့် အဆင့်အတန်းတူသည့် လူများက တချို့တစ်လေကို မြင်တွေ့နိုင်ပေသည်။

မိုဝူကျိက အဆင့် ၄ နတ်ဘုရား အစီအရင်ဆရာတစ်ယောက်မျှ ဖြစ်ပြီး သူ့တပည့် ခင်းကျင်းထားသည့် အာကာြပင် အက္ခရာကို မြင်တွေ့နိုင်နေသည်။ ဤအရာက အရမ်းအံ့ဩဖို့ မကောင်းပေဘူးလား။

သူ့အားအနည်းဆုံး တပည့်ပင် အဆင့် ၅ နတ်ဘုရား အစီအရင်ဆရာ ဖြစ်ကြောင်း သိသင့်ပေ၏။

မိုဝူကျိက အဝင်ဝရှိ မှော်အက္ခရာတစ်ခုကိုမှ နားမလည်ကြောင်း တွေးမိလိုက်သောအခါ ရှက်ရွံ့စွာဖြင့်  “ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျုပ် အာကာြပင် မှော်အက္ခရာ ကူးသန်းရေးဂိတ်ပေါက်ကို မတော်တဆ မြင်ဖူးလိုက်တယ်။ အဲဒီမှာ အချိန်တချို့ ကြာပြီးတော့ အဲဒီအပေါ်ကနေ အသိအမြင်တချို့ ရလာတာ။ ဒါပေမဲ့ ကျုပ်ရဲ့ ဉာဏ်အလင်းပွင့်မှုက အသုံးဝင်လိမ့်မယ်လို့ မထင်ဘူး။ ကျုပ်တော့ ဒီနေရာက မှော်အက္ခရာတွေကို ကြည့်ပြီး တစ်ခုမှ နားမလည်ဘူး ”

“ မင်း ဒီနေရာက အာကာပြင် မှော်အက္ခရာတွေကို မြင်နိုင်တာ သေချာလား။ မင်းအလိုလိုသိနေတာ မဟုတ်တာရော သေချာလား ” စန်းကျန့်ရှန်းက အတင်းအကျပ် မေးလိုက်သည်။

စန်းကျန့်ရှန်းက သူ့တပည့်များ ခင်းကျင်းထားသည့် အာကာပြင် မှော်အက္ခရာများတွင် အရိပ်အယောင်တချို့ ကျန်ရှိနေပြီး ဤနေရာရှိ မှော်အက္ခရာများမှာ အလွန်သာမာန် ဖြစ်နေကြောင်း ခံစားမိပေသည်။ သို့သော်လည်း အာကာပြင် မှော်အက္ခရာကို မြင်နိုင်ပြီး အထဲရှိ အသေးစိတ်အထိ သတိပြုမိဖို့ရာကား  သာမာန် မဟုတ်တော့ချေ။

“ ဟုတ်ပါတယ်။ ကျုပ် ဒီနေရာက မှော်အက္ခရာတွေကို မြင်နိုင်ပါတယ် ” မိုဝူကျိက ဖြေကြားလိုက်သည်။

သူ့စိတ်ထဲ၌လည်း အံ့ဩနေမိသည်။ အစီအရင်တာအို သင်ယူသည့်သူတိုင်း မြင်နိုင်သည် မဟုတ်ပါလော။ တံခါးရှေ့ရှိ အာကာပြင် မငြိမ်မသက်မှုများက အစီအရင်တာအို၏ စည်းမျည်းအရသာ ဖြစ်၏။

မဟုတ်သေးပါဘူး ….

နောက်ဆုံးတွင် မိုဝူကျိက အသိပြန်ကပ်လာသည်။ အာကာပြင် မှော်အက္ခရာဟု ခေါ်ဆိုခြင်းမှာ တခြားသူများ မမြင်တွေ့နိုင်၍ ဖြစ်ပေသည်။ အကယ်၍ လူအားလုံးက မြင်တွေ့နိုင်လျှင် အဘယ်ကြောင့်များ အာကာပြင် မှော်အက္ခရာဟု ခေါ်ဆိုနေဦးမည်နည်း။ အစီအရင်အလံကို အသုံးပြုတာက ပို၍ ရိုးရှင်းနေမည် မဟုတ်ပါလော။

စန်းကျန့်ရှန်းက မိုဝူကျိ မျက်နှာပေါ်မှ အမူအယာ အပြောင်းအလဲကို မြင်လိုက်ပြီး မိုဝူကျိ အသိပြန်ကပ်လာကြောင်း သိလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်

“ မင်း အခု နားလည်သွားပြီမလား။ အာကာြပင် မှော်အက္ခရာရဲ့ အမွေအနှစ် ချန်ခဲ့တာ ဘယ်သူမှန်း မသိပေမဲ့ မင်းကို ပြောနိုင်တာက ဒီနတ်ဘုရားကုန်းမြေ တစ်ခုလုံးမှာ အာကာြပင် မှော်အက္ခရာ အစစ်အမှန် ကျွမ်းကျင်တဲ့သူ မရှိဘူးဆိုတာပဲ … အရင်တုန်းက ငါ စကြဝဠာကြီးထဲမှာ မပြီးပြည့်စုံတဲ့ အာကာပြင် မှော်အက္ခရာတချို့ကို တွေ့လိုက်ရတာ။ နှစ်များစွာ အသိဉာဏ် ပွင့်လာတဲ့ နောက်မှာတောင်  ငါ ရေးထွင်းလိုက်တဲ့ မှော်အက္ခရာတွေမှာ ဟာကွက်တွေ အခုထိ ရှိနေတုန်းပဲ ”

နောက်ဆုံးတွင် မိုဝူကျိက သူ ထိုအာကာြပင် မှော်အက္ခရာများကို နားမလည်သည့် အကြောင်းအရင်းအား သိသွားသည်။ ထိုအာကာပြင် မှော်အက္ခရာများက အာကာပြင် (ဗလာ) အကြောင်းအရင်းများအပေါ် မူတည်နေခြင်း မဟုတ်ပေ။

“  မိုဝူကျိ … ငါ့အတွက် မင်း ရိုးရှင်းတဲ့ အာကာပြင် မှော်အက္ခရာတချို့ကို ရေးထွင်းပေးနိုင်မလား ” စန်းကျန့်ရှန်းက သင်ယူဖို့ရာ အဆင်သင့်ဖြစ်နေသည့်အလား ပြောလိုက်သည်။

မိုဝူကျိက မျှော်လင့်တကြီး ဖြစ်နေသည့် အစီအရင်ဘုရင်များကို ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ တွေးလိုက်သည်။ ဤသည်က သူ့ဆုလာဘ် ရရှိထားသည့် ပိုင်ဆိုင်မှုအား တခြားသူထံ လက်ဆောင်ပေးလိုက်ခြင်းနှင့် ညီမျှပေသည်။ သို့သော်လည်း သူက စိတ်ထဲ မထားပေ။ အကြောင်းမှာ သူသည်လည်း တခြားနေရာမှ အာကာပြင် မှော်အက္ခရာများကို လေ့လာခဲ့ခြင်း မဟုတ်ပါလော။ ထို့အပြင် အစောပိုင်းလေးက စန်းကျန့်ရှန်းသည် သူ့အသက်ကို ကယ်တင်ပေးခဲ့ပေရာ အားလုံးအတွက် ရိုးရှင်းသည့် မှော်အက္ခရာတချို့ ရေးထွင်းပြခြင်းက ဘာမှမဟုတ်ပေ။

ထို့အပြင် မိုဝူကျိက သူ့ကိုယ်ပိုင် အာကာပြင် မှော်အက္ခရာများကို အတော်လေး ယုံကြည်ချက် ရှိ၏။ ဤနေရာရှိ လူများသည် သူ့ အာကာပြင် မှော်အက္ခရာများကို တစ်ချက်ကြည့်ရုံဖြင့် တန်း၍ သင်ယူတတ်မြောက်လိမ့်မည်ဟု မထင်မိပေ။

ဤလူများက အတွေ့အကြုံများကြသူများ မဟုတ်ပါလော။ စန်းကျန့်ရှန်းတို့က မိုဝူကျိ၏ အတွေးများအား သူ့အပြုအမူကို ကြည့်ရုံဖြင့် သိလိုက်သည်။

စန်းကျန့်ရှန်းက ဘာမှဝင်မပြောခင် အအဆင့် ၆ အစီအရင်ဘုရင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်လေ၏  “ ဝူကျိ … ငါတို့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်မှာ တတ်စွမ်းတဲ့သူတွေကို ဆရာအဖြစ် အလေးပေးကြပါတယ်။ မင်းရဲ့ အာကာပြင် မှော်အက္ခရာက ငါတို့ကို ကျော်လွန်နေတာ။ ပြီးတော့ အဲဒါက မင်းရဲ့ အသိပညာပဲလေ။ မင်းဘာသာ စိတ်ကြိုက် ရေးထွင်းပါ။ ငါတို့တွေ မကြည့်ခင် မင်း ပြီးအောင် စောင့်နေပါ့မယ် ”

မိုဝူကျိက မြန်မြန် ပြောလိုက်သည်  “ ကျုပ်ရဲ့ မသိတတ်မှုအတွက် အားနာပါတယ်ဗျာ။ ကျုပ်က စီနီယာတွေဆီကနေ သင်ယူရမှာပါ။ ကျုပ် အာကာပြင် မှော်အက္ခရာ ရေးထွင်းနေတုန်း စီနီယာတို့က လေ့လာပြီး ကျုပ် အမှားကို ထောက်ပြပေးလို့ ရမလားဗျ ”

ထန်ဟယ်က ခေါင်းညိတ်ကာ

“ ရတာပေါ့ … မင်းက အပြုအမူကောင်းရှိတာပဲ။ ငါတို့နဲ့ အတူတူ ရှိတဲ့ တစ်လကျော်မှာ မင်းဆီမှာ မေးမြန်းစရာရှိရင် စိတ်ကြိုက် မေးလို့ ရတာပေါ့ ”

မိုဝူကျိက ထိုအရာကို ကြားမိပြီး စိတ်ထဲ ကျေနပ်မိသွားသည်။ သူက အာကာပြင် မှော်အက္ခရာကို တစ်ကြိမ်မျှ ရေးထွင်းပေးဖို့သာ လိုအပ်ပြီး အစီအရင်ပညာရှင်များစွာ၏ ကတိကဝတ်ကိုလည်း ရရှိလိုက်သည်။ ဤသည်က အဆင့် ၅ အစီအရင်ဘုရင်အဆင့် တက်လှမ်းဖို့ရာ အကူအညီ အထောက်အပံ့ကောင်း ဖြစ်လာလိမ့်မည်။

စန်းကျန့်ရှန်းကလည်း ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။ မိုဝူကျိက အားလုံးကို သူ့ အာကာပြင် မှော်အက္ခရာများ မပြသလိုလျှင်ပင် မည်သူကမှ ဝင်ပြောကြမည် မဟုတ်ပေ။ ယခု မိုဝူကျိက သူ့ပညာများကို လျိူ့ဝှက်မထားဘဲ အားလုံးကို  ကြည့်ရှုရင်း ထောက်ပြပေးဖို့ပင် တောင်းဆိုနေလေသည်။

မိုဝူကျိက လက်များကို မြှောက်လိုက်ရင် လက်ဟန်တချို့ ထုတ်ဖော်လိုက်သည့်အခါ အာကာပြင် မှော်အက္ခရာများက တစ်ခုပြီး တစ်ခု လေထဲ ဖြစ်ပေါ်လာသည်။ ထို့နောက် သူတို့က အစအနမရှိ ပျောက်ကွယ်သွားကြ၏။

ဤနေရာတွင် အဆင့် ၅ နှင့် အဆင့် ၆ အစီအရင်ဘုရင်များ ရှိနေသော်လည်း မည်သူကမှ မိုဝူကျိ၏ ပညာရပ်ကို မခွဲခြမ်းနိုင်လိုက်ပေ။ စန်းကျန့်ရှန်း တစ်ယောက်တည်းသာ မိုဝူကျိ ရေးထွင်းလိုက်သည့် အာကာပြင် မှော်အက္ခရာ၏ ကျန်ရှိခဲ့သော အရိပ်အယောင်ကို မြင်လိုက်ရသည်။ ထိုသို့ဆိုလျှင်ပင် သူက အာကာပြင် မှော်အက္ခရာ လမ်းကြောင်းအများစုကို နားလည်နိုင်စွမ်း မရှိပေ။

သို့သော်လည်း စန်းကျန့်ရှန်းက စွဲလမ်းသွားသည့်အလား အလွန် စိတ်လှုပ်ရှားမိလာသည်။ ဤသည်မှာ အစစ်အမှန် အာကာပြင် မှော်အက္ခရာ ဖြစ်၏။ သူ မသိလိုက်သည်က မိုဝူကျိတွင် အာကာပြင် မှော်အက္ခရာများ ရေးထွင်းရာ၌ သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို အသုံးပြုမှု ပါဝင်နေသည့် နည်းလမ်း ရှိနေသေးကြောင်း ဖြစ်၏။ ဤသည်က ယခုအထက် ပို၍ အသက်ရှုမှားဖွယ် ဖြစ်သွားစေလိမ့်မည်။

အဆင့် ၄ အစီအရင်ဆရာနှင့် အဆင့် ၅ သို့မဟုတ် အဆင့် ၆ အစီအရင်ဘုရင်များကြားရှိ ကွာခြားချက်သည် အရမ်းမကျယ်ပြောလွန်းပေ။ သို့သော် အဆင့် ၇ အစီအရင် ခင်းကျင်းနိုင်သော အစီအရင်ပညာရှင်တစ်ယောက်အား အဆင့် ၄ အစီအရင်ဆရာနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကွာခြားချက်မှာ ဧရာမကြီး ဖြစ်နေပေမည်။

မိုဝူကျိက စန်းကျန့်ရှန်းမှလွဲ၍ တခြားသော အစီအရင်ဘုရင်များက သူ့ပညာရပ်ကို မခွဲခြမ်းနိုင်ကြောင်း အာရုံခံမိသောအခါ သက်ပြင်းချလိုက်မိ၏။ သူက ဤနေရာရှိ အာကာပြင် မှော်အက္ခရာများကို နားမလည်နိုင်သောကြောင့် တခြားသူများအနေနှင့် သူ့ အာကာပြင် မှော်အက္ခရာများကို မခွဲခြားနိုင်မှသာ မှန်ပေလိမ့်မည်။ သူ အာကာပြင် မှော်အက္ခရာများအပေါ် အသိဉာဏ်ပွင့်လာစဉ်အခါက သူ့အား ကူညီပေးမည့် ဓားစွမ်းအင်မြစ်ရှိ ဓားစွမ်းအင်များနှင့် သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းလည်း ရှိခဲ့သည်။

မိုဝူကျိက ထိုအတွေးဖြင့် ဆက်လက် ရေးထွင်းရင်း ဆက်တိုက်ဆိုသလို ရှင်းပြလိုက်သည်။

မိုဝူကျိက ထိုသို့လုပ်ပေးနေစဉ် အစီအရင်ဘုရင်အားလုံးက အပြည့်အဝ အာရုံစိုက်ထားကြသည်။ မိုဝူကျိက စာရွက်ဖြူပေါ်တွင် ရေးဆွဲလိုက်သည့်အလား မည်သည့်အရာက ပင်လယ်၊ မည်သည့်အရာက တောင်တန်း ဖြစ်ကြောင်း အသေးစိတ် ရှင်းပြနေသည်။ သူ့ရှင်းပြချက်များက ရိုးရှင်းကာ တည့်တိုးဆန်ပေ၏။

စန်းကျန့်ရှန်းက မိုဝူကျိ ရှင်းပြချက်ကို နားထောင်ရင်း ပို၍ စိတ်လှုပ်ရှားမိလာသည်။ ယခင် သူ့သံယယများ အားလုံးကို မိုဝူကျိက ဖယ်ရှားလိုက်သလို ဖြစ်သွား၏။

မိုဝူကျိက နောက်ဆုံးသော မှော်အက္ခရာကို ရေးထွင်းပြီးနောက် ရှင်းပြချက် အဆုံးသတ်လိုက်သည့်အခါ စန်းကျန့်ရှန်းက အားရပါးရ ဝင်ပြောလိုက်တော့သည်

“ ပြီးပြည့်စုံလှတဲ့ အာကာပြင် စွမ်းအားစုစည်းရေး အစီအရင်ပါ့လား ”

တချို့သော အစီအရင်ဘုရင်များလည်း စိတ်လှုပ်ရှားနေကြသည်။ မိုဝူကျိက ရှင်းမပြလျှင် သူတို့အနေနှင့် ဤ အာကာပြင် မှော်အက္ခရာများအား နားလည်မည် မဟုတ်ပေ။ မိုဝူကျိ၏ ရှင်းပြချက်က သူ့အားအကောင်းဆုံး တိုက်ကွက်အား အားလုံးကို လက်ဆင့်ကမ်းပေးသည်နှင့် ညီမျှပေသည်။

“ မိုဝူကျိ … အာကာပြင် မှော်အက္ခရာ ဂိတ်တံခါးတစ်ခုနေ ဒီလောက် အသိဉာဏ်ပွင့်လာတာဆိုတော့ မင်းက တကယ်ကို ပါရမီရှိတာပဲ။ အရင် ငါ အဲဒီ မပြီးပြည့်စုံတဲ့ အာကာပြင် မှော်အက္ခရာတွေကို မြင်တုန်းက ဒီလောက်နှစ်တွေအများကြီး ကြာတာ‌တောင် ငါ့ကန်သတ်ချက်ကို မချိုးဖောက်နိုင်ခဲ့ဘူး။ ငါ အာကာပြင် မှော်အက္ခရာ ခင်းကျင်းလိုက်သည့်အချိန်တိုင်း နောက်မှာ အရိပ်အယောင် ကျန်နေခဲ့တယ်။ ဒီနေ့ မင်းရဲ့ သင်ခန်းစာကနေ ငါ ဘယ်နေရာ မှားနေတာကို သိလိုက်ရပြီ ” စန်းကျန်ရှန်းက လေးလေးနက်နက် ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် မိုဝူကျိ ပြန်ဖြေမှုကိုပင် စောင့်မနေဘဲ စန်းကျန့်ရှန်းက ဆက်ပြောလိုက်သည်

“ ဝူကျိ … ငါတို့က နိဗာနတိတ်ဆိတ်မှုပင်လယ်ကို ဖြတ်ပြီး နတ်ဘုရားကုန်းမြေနဲ့ နတ်ဘုရားနယ်မြေကို ဆက်သွယ်ပေးဖို့ ဆောက်လုပ်နေတဲ့ ကူးသန်းရေး အစီအရင်မှာ ဖြတ်ကျောမရတဲ့ ပြဿနာကြီး ရှိနေတယ်။ အမှန်အတိုင်း ပြောရရင် ငါက သေမျိုးနယ်မြေရဲ အစီအရင်အမွေအနှစ် ဆရာတွေဆီကနေ အကူအညီ သီးသန့်တောင်းထားတာ … အရင်တုန်းက စိုက်ပျိုးရေး ဧကရာဇ်က သေမျိုးနယ်မြေကို တည်ထောင်ခဲ့တုန်းက မူလအကြံအစည်တွေ ရှိခဲ့တယ် …

အခု မင်းက ရောက်လာပြီး ပြဿနာကို ဖြေရှင်းပေးလိုက်ပြီဆိုတော့ ငါ ပင်မအစီအရင်မှာ အာကာပြင် မှော်အက္ခရာကို သုံးနိုင်ပြီ။ ဝူကျိ …. အာကာပြင် မှော်အက္ခရာ ရေးထွင်းဖို့ တာဝန်ကိုတော့ မင်းကိုပဲ ပေးအပ်လိုက်တော့မယ်။ မင်းရော ဘယ်လိုထင်လဲ ”

မိုဝူကျိက ကူးသန်းရေး အစီအရင်သည် အနည်းဆုံး အဆင့် ၇ အစီအရင် ဖြစ်ကြောင်း သေချာသိနေသော်လည်း သူက အဆင့် ၄ အစီအရင်ဆရာမျှသာ ရှိနေသေး၏။ သူက ဘယ်လိုလုပ် ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်မည်နည်း။ သူက စိုးရိမ်စွာဖြင့် “စီနီယာစန်း … ကျုပ်ရဲ့ အစီအရင်တာအိုက အရမ်းနိမ့်ပါသေးတယ်။ ဒီတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါ့မလား စိုးရိမ်မိတယ် ”

သူ့စိတ်ထဲ၌ ဤ အာကာပြင် မှော်အက္ခရာများကို အမှန်တကယ် ရေးထွင်းချင်မိသည်။ သို့သော်လည်း ဤကူးသန်းရေး အစီအရင်မှာ အားလုံး၏ ကြိုးစားအားထုတ်မှုတို့ ပေါင်းစပ်ထားခြင်း ဖြစ်ရာ မိုဝူကျိအနေနှင့် သူတို့ အသုံးပြုရမည့် အချိန်ကိုလည်း ထည့်စဉ်းစားရန် လိုအပ်ပေသည်။ အကယ်၍ သူ့ အာကာပြင် မှော်အက္ခရာများက ဆိုးရွားနေပြီး ပြဿနာ ဖြစ်လာလျှင် တခြားသူများကို စိတ်အနှောင့်အယှက် ပေးသလို ဖြစ်သွားပေမည်။

စန်းကျန့်ရှန်းက ပြန်ဖြေပေးလိုက်၏ “ မင်းက သေချာပေါက် အောင်မြင်မှာပါကွာ။ စိတ်မပူပါနဲ့ … ငါက အရင်ဆုံး အက္ခရာတွေကို ပုံစံချပေးပြီးတော့ မင်း ဘယ်နေရာမှာ ရေးထွင်းရမယ်ဆိုတာကို ပြောပြမှာ …. မင်းအနေနဲ့ ရေးထွင်းပေးဖို့ပဲ လိုတယ်။ မင်းဆီမှာ မေးစရာရှိရင်လည်း ငါ့ကို မေးလို့ ရတယ် ”

မိုဝူကျိက စန်းကျန့်ရှန်းသည် သူ့အား ဆုချနေကြောင်း ချက်ချင်း နားလည်သွားသည်။ သူ ဤကူးသန်းရေးအစီအရင်၏  ပင်မ အက္ခရာများ ရေးထွင်းသည့်အခါ သေချာပေါက် ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး မေးမြန်းစရာများ ရှိလာလိမ့်မည်။ စန်းကျန့်ရှန်းနှင့် တခြားသော အစီအရင်ဘုရင်များက ဘေးကနေ သူ့အား ကူညီပေးလျှင် ဤအစီအရင်ကြီး ပြီးဆုံးသွားသည့်အခါ  သူ့အနေနှင့် အဆင့် ၅ အစီအရင်ဘုရင် ဖြစ်လာဖို့ ခက်ခဲမည် မဟုတ်ချေ။ ထို့အပြင် ဤသည်က သူ့အနေနှင့် အစီအရင်ဘုရင် ဖြစ်လာဖို့ အမြန်ဆုံး နည်း ဖြစ်သလို အဆင့် ၇ အစီအရင်အား ခင်းကျင်းပေးနိုင်မည့် အကူပညာရှင် ဖြစ်လာလိမ့်မည်။

မိုဝူကျိက ထိုအတွေးဖြင့် လေးလေးစားစား ဦးညွှတ်လိုက်ရင်း  “ စီနီယာရဲ့ ချစ်ခင်မှုအတွက် ကျေးဇူးတင်ပါတယ် … ကျုပ် အကောင်းဆုံး ကြိုးစားပြီး လုပ်ပါ့မယ် ”

စန်းကျန့်ရှန်းက မိုဝူကျိအား ပုတ်ပေးလိုက်ပြီး  “ စိတ်ကြိုက်သာ ရေးထွင်းလိုက် … ဒီတာဝန် ပြီးဆုံးသွားတဲ့အခါ မင်း အံ့ဩသွားအောင် လုပ်ပေးမယ် ”

မိုဝူကျိက စန်းကျန့်ရှန်း ဆိုလိုသည့် အံ့ဩမှုကို မသိသော်လည်း မိုဝူကျိက လက်ရှိ အနေအထားကို ကျေနပ်နေမိသည်။ အဆုံးမဲ့ကာ ဆန်းကြယ်လှသော အက္ခရာများကြား စန်းကျန့်ရှန်းအား သူ့အား ပင်မအက္ခရာများ မည်သို့ ရေးထွင်းရသည်ကို လမ်းညွှန်ပေးနေသည်။ လက်ရှိ သူက စန်းကျန့်ရှန်းသည် ပင်မဗဟိုချက်၌ အာကာပြင် မှော်အက္ခရာများ ရေးထွင်းလိုသည့် အကြောင်းအား နားလည်သွားလေပြီ။ ထို အာကာပြင် မှော်အက္ခရာများ ပြီးဆုံးသွားသည်နှင့် သူတို့လို တချို့သော အဓိက ပညာရှင်များမှလွဲ၍ ကျန်သူများက ဤကူးသန်းရေး အစီအရင်အား အသုံးပြုဖို့ ကြိုးစားကြမည် မဟုတ်ပေ။

မိုဝူကျိက အက္ခရာများကို ရေးထွင်းရင်း မေးခွန်းများကိုလည်း ထုတ်မေးလိုက်သည်။

ဘေးရှိ အစီအရင်ဘုရင်များက မိုဝူကျိထက်ပင် ပို၍ အံ့အားသင့်နေကြသေး၏။ သူတို့က နတ်ဘုရားကုန်းမြေတစ်ခုလုံး၌ အားအကောင်းဆုံး အစီအရင်တာအို ပညာရှင်များ ဖြစ်ကြကြောင်း သိသင့်ပေသည်။

မိုဝူကျိ ရောက်ရှိလာစဉ်အခါက အားလုံးက မိုဝူကျိသည် ထောင့်တစ်နေရာမှ အက္ခရာတချို့ ရေးထွင်းပေးရန် ကူညီပေးဖို့ ရောက်လာသည့် သူတို့လို ဖြစ်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။

သို့သော် မိုဝူကျိက ပင်မဗဟိုချက်ရှိ အက္ခရာများကို ရေးထွင်းသည့်အခါ အားလုံးက သူတို့သည် မိုဝူကျိနှင့် မယှဉ်နိုင်ကြောင်း သိလိုက်ရသည်။ ဤလူသစ်လေးက ထိပ်တန်းအဆင့် အစီအရင်တာအိုပညာရှင် ဖြစ်ကြောင်း သိသာလှသည်။ နှမြောဖို့ကောင်းသည်က မိုဝူကျိ ရေးထွင်းသည့် အက္ခရာများကို သူတို့ နားမလည်ကြပေ။ သူတို့က သူ့အစီအရင်တာအို၏ အဆင့်ကိုပင် မခွဲခြားနိုင်ကြပေ။

ရက်ပိုင်းလေးအတွင်း မိုဝူကျိ၏ အစီအရင်တာအိုက သိသိသာသာ တိုးတက်လာသည်။ တစ်လအတွင်း မိုဝူကျိက အဆင့် ၅ အစီအရင်ဘုရင်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားတော့သည်။

***

All Chapters