← Chapters

အပိုင်း(၄၉၇)

Vol. 34 Ch. 497

အပိုင်း(၄၉၇)

Vol. 34 Ch. 497

ကျားဖြူက ညကောင်းကင်ယံထဲ၌ ဒုန်းဆိုင်းပြေးနေသည်။  အဖြူရောင်နှင့်လူငယ်လေး ကျိမို့ကတော့ ဘာကိုမှပြောကြားခြင်းမရှိပေ။ သူ၏လှပသောမျက်နှာလေးက အနောက်ဘက်သို့လှည့်ကြည့်လိုက်ပြီးနောက် ပြန်လှည့်ကာ သူ့ရှေ့၌တင်ပျဉ်ခွေကာထိုင်နေသော  အနက်ရောင်ပုံရိပ်ထံသို့ကြည့်လိုက်သည်။ သူဘာစဉ်းစားနေသည်ဆိုသည်အား မည်သူကမျှမသိကြချေ။  မည်သို့ပင်ဖြစ်စေ  သူကတိတ်တိတ်နေလိုက်ပြီး ရှစ်ဖုန့်နှင့်ကျားဖြူတို့အောက်ဘက်တောအုပ်ထဲသို့ဆင်းသက်မှုနောက်လိုက်ပါလိုက်သည်။

တောအုပ်အတွင်းဝင်ရောက်ပြီးနောက်  ရှစ်ဖုန့်ကျားဖြူပေါ်မှဆင်းလိုက်ပြီးကြီးမားသောသစ်ပင်ကြီးတစ်ပင်အားရှာတွေ့လိုက်သည်။

သစ်ပင်အားကျောမှီ၍ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆိတ်ငြိမ်စွာဖြင့် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားသည်။  ကျားဖြူကလည်း ရှစ်ဖုန့်၏ဘေး၌ လဲလျောင်းနေပြီး နက်ရှိုင်းစွာအိပ်မောကျနေသကဲ့သို့  ခံစားချက်မဲ့သည့်အသွင်ဖြစ်နေသည်။

ကောင်းကင်ယံက မှောင်သည်ထက်မှောင်လာသည်။  ရုတ်တရက် တောအုပ်အတွင်းလေကြမ်းတစ်ခုက တိုက်ခတ်သွားသည်။ အမှောင်ညအလယ်တွင် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်က သွေးရူးသွေးတန်းကခုန်နေသကဲ့သို့ နှယ်ဖြစ်သည်။

“ရှစ်လေး..ရှစ်လေး..”

အမှောင်ထုတောအုပ်အတွင်း ကျိမို့၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

“ရှစ်လေး”

မိန်းမဆန်သော အသံအားကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်ကျင့်ကြံခြင်းမှနိုးထလိုက်သည်။  သူ၏မျက်လုံးတို့အားဖွင့်၍ အသံလာရာဆီသို့ကြည့်လိုက်သည်။

ထိုနေရာတွင်ကျိမို့မှာ ထင်းမီးပုံရှေ့၌ထိုင်နေ၏။  သို့‌သော် သူ့ရှေ့တွင်ရှိနေသောမီးတော်တို့က တောအုပ်အတွင်းတိုက်ခတ်နေသောလေနှင့် ပတ်ဝန်းကျင်မှ သစ်ပင်၊သစ်ရွက်တို့နှင့်အတူ ကခုန်နေ၏။ မီးအလင်းရောင်အောက်တွင် ကျိမို့၏မျက်နှာလေးမှာနီရဲနေသည်။ သူ၏ပုံစံမှာတော်တော်လေးပျာယာခတ်နေပြီး ရှစ်ဖုန့်အားထိတ်ထိတ်ပျာပျာဖြင့်ကြည့်

လိုက်သည်။

“ဘာဖြစ်လို့လဲ”

ရှစ်ဖန့်က ထရပ်လိုက်ပြီးပျာယာခတ်နေသောအဖြူရောင်နှင့်လူငယ်ထံသို့ လျှောက်သွားလိုက်သည်။

“ရှစ်လေး..ငါနားမှာကပ်နေပေးပါ.. ငါတစ်ယောက်တည်းဆိုနည်းနည်း

ကြောက်တယ်”

ရှစ်ဖုန့်အားကြည့်၍ ကျိမို့က အားနွဲ့သောမိန်းကလေးတစ်ယောက်ကဲ့သို့ပြောလိုက်သည်။

“မင်းကယောက်ျားပဲဟာ ပြီးတောမင်းက ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်

ကျင့်ကြံသူတစ်ယောက်ပဲဟာ.. ဘာကများမင်းကိုကြောက်စေမှာမို့လဲ.”

ရှစ်ဖုန့်က မီးပုံရှေ့သို့လျှောက်သွားလိုက်ပြီး  သူ၏ခေါင်းအားငုံ့၍နီမြန်းသောမျက်နှာနှင့် အဖြူရောင်ဝတ်လူငယ်ကိုကြည့်လိုက်သည်။ဤအချိန်တွင် အဖြူရောင်နှင့်သခင်လေးမှာ အရမ်းကိုအားနွဲ့ပုံပေါ်၏။ နိုင်ငံတစ်ကိုပင် ပျက်ကိန်းစိုက်သွားစေနိုင်လောက်သော လှပသည့်မျက်နှာလေးအား ကြည့်ရင်းရှစ်ဖုန့် အနည်းငယ် မှင်သက်သွားမိသည်။ ထူးဆန်းသောခံစားချက်တစ်ခုက သူ၏နှလုံးသားအတွင်းမြင့်တက်လာ၏။

ထို့နောက်ရှစ်ဖုန့်အသိပြန်ဝင်လာပြီး သူကိုယ်သူ တည်ငြိမ်အောင်ခပ်မြန်မြန်ထိန်းလိုက်သည်။  လူငယ်၏မျက်နှာက အရမ်းကိုမကောင်းစိတ်ဝင်အောင်

ဆွဲဆောင်လွန်းသည်ဖြစ်၏။အထူးသဖြင့်  သူ၏အားနွဲ့ပြီး သနားစဖွယ်ကောင်းသော အမူအယာလေးပင်ဖြစ်သည်။

“ဒါက တောကြီးမျက်မည်းလေ..လူတွေပြောကြတာက…”

ဤအရာအားပြောရင်း ကျိမို့က ဖြည်းညှင်းစွာထရပ်လိုက်ပြီး  ရှစ်ဖုန့်ဆီသို့လျှောက်လှမ်းလာ၏။ သူကရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်ပြီး နောက် သူ၏ခေါင်းလေးအား လှည့်၍ နိုးနိုးကြားကြားကြားဖြင့်သူ့နောက်ရှိ  မှောင်မည်းနေသော တောအုပ်ထံသို့ ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူ့ရှေ့ရှိရှစ်ဖုန့်အားကြည့်လိုက်ပြီးတီးတိုးပြောလိုက်၏။

“လူတွေပြောကြတာက တောကြီးမျက်မည်းထဲမှာညဘက်ကြရင် တစ္ဆေသရဲတွေရှိတယ်တဲ့”

“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်”

မှုန်မှိုင်းတိတ်ဆိတ်နေသော တောအုပ်တစ်ခုလုံးက  ရုတ်တရက်လေပြင်းတစ်ချက်သိမ်း၏ကျုံးတိုက်ခတ်သွားပြီး ပတ်ဝန်းကျင်ရှိသစ်ပင်များနှင့်သစ်ရွက်များကလည်း  နောက်တစ်ကြိမ်ထပ်မံ၍ ခပ်ကြမ်းကြမ်းလေး စတင်ကခုန်လာသည်.

“အား”

ရုတ်ခြည်းဆန်သောလေတိုက်ခတ်မှုအား   ကျိမို့အားအရမ်းကြောက်လန့်သွား၏စေပြီးသူ၏မျက်နှာလေးပြောင်းလဲသွားကာ အလန့်တကြားအော်ဟစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် တမင်တကာမဟုတ်ပါဘဲ သူ၏လက်တို့အား ဆန့်ထုတ်ပြီးသူ့ရှေ့ရှိရှစ်ဖုန့်အားမရည်ရွယ်ဘဲဖက်ထားလိုက်သည်။ကြောက်လန့်နေသောသမင်လေးတစ်ကောင်ကဲ့သို့ သူမျက်နှာလေးအား ရှစ်ဖုန့်၏ရင်ဘက်အတွင်းခပ်တင်းတင်းဖိပ်ထား၏။ သူ၏ကိုယ်က အနည်းငယ်တုန်ရင်နေပြီးမိ်နးကလေး

တစ်ယောက်ကဲ့သို့ အနည်းငယ်တဟင့်ဟင့်ရှိုက်နေသည်။

“ဒါက…”

ဤသို့ရုတ်တရက်ပြောင်းလဲမှုကြောင့်

ရှစ်ဖုန့်အနည်းငယ်ထိတ်လန့်သွားသည်။သူ့အား မိန်းကလေးများက အကြိမ်များစွာဖက်ဖူးသည်ကိုသူသိသော်လည်း ဤသည်ကားယောက်ျားတစ်ယောက်မှ

သူ့အားဖက်သည့်ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့နောက်ချက်ချင်း တက်မက်ဖွယ် အမျိုးသမီးတစ်ယောက်၏ ကိုယ်သင်းနံ့ကဲ့သို့ရနံ့မွှေးတစ်ခုက သူ၏ရင်ခွင်အတွင်းရှိသူထံမှရှစ်ဖုန့်၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။ အနံ့ကအရမ်းကိုသက်တောင့်သက်သာ

ရှိသောရနံ့ဖြစ်ကာ မူလကသူ၏လက်မောင်းတို့အတွင်းမ

ှလူအားတွန်းထုတ်ပစ်ချင်နေသောရှစ်ဖုန့်အား  မရည်ရွယ်ပါဘဲသူ၏လက်တို့ကို

ရပ်တန့်သွားစေသည်။

“ဒါက တကယ်ပဲယောက်ျားတစ်ယောက်လား”

၎င်းနှင့်ပက်သက်ပြီးဝန်လေးနေမှုအား

ရှစ်ဖုန့်သိလိုက်ရသည်။

“မသိလိုက်ပါဘဲနဲ့ငါ့မှာ ဒီလိုမျိုး ဝတ္ထုစွဲကာမစိတ်ကြီးက တိုးပွားလာခဲ့တာလား. သေစမ်းကွာ.. အဲ့လိုမဖြစ်ရဘူး..ဟုတ်တယ် လုံးဝအဲ့လိုမဟုတ်ဘူး”

သူ့ကိုသူ တည်ငြိမ်စေလိုက်ပြီးနောက်  သူ၏ပုံမှန်ဂရုမထားသောအသွင်အားထိန်းထားလိုက်ကာ ပြောလိုက်သည်။

“ကျိမို့.သခင်လေး ကျိရေ..မင်းဘယ်အချိန်မှဒီသခင်လေး

ကိုဖက်ထားတာကို ရပ်မှာလဲ..မင်းကယောကျ်ားကြီးလေ…

ဘယ်လိုဖြစ်ပြီးတော့ အရမ်း ကြောက်တတ်ရတာတုံး”

ရှစ်ဖု်န့၏စကားတို့က သူ့လက်မောင်းအတွင်းမှသူအား

ရုတ်ခြည်းအသိဝင်လာစေသည်။ ကျိမို့ကထပ်မံအလန့်တကြားအော်လိုက်ပြီး နော်က သူ ၏ခွန်အားကိုအသုံးပြု၍ ရှစ်ဖုန့်၏ကိုယ်အား အဝေးသို့တွန်းထုတ်လိုက်သည်။

“မင်း..မင်း..”

ကျိမို့မှာရှက်ရွံ့မှုကြောင့်မျက်နှာတို့နီမြန်းနေပြီး သူတွန်းထုတ်လိုက်သောရှစ်ဖုန့်အားကြည့်ကာ သူ၏မျက်နှာထက်၌တော်တော်လေးစိတ်ရှုပ်ထွေးနေသောအမူအယာတို့ဖြစ်ပေါ်နေသည်။

“ဒီ..ဒီသခင်လေးပြန်ပြီးကျင့်ကြံ

တာပဲပိုကောင်းမယ်”

တော်တော်လေးခွတီးခွကျဖြစ်သော အမူအယာတစ်ခုကရှစ်ဖုန့်၏မျက်နှာ

ထက်၌ပေါ်လာ၏။ချက်ချင်းလှည့်လိုက်ပြီးအစောပိုင်းကသူကျောမှီခဲ့သော သစ်ပင်ထံသို့လျှောက်လှမ်းသွားလိုက်သည်။

လမ်းလျှောက်နေရင်းအစောပိုင်းက အဖြစ်အပျက်အားပြန်အမှတ်ရလိုက်သည်။ ခါးသက်သောအပြုံးတစ်ခုကသူ၏မျက်နှာထက်တွင်ပေါ်လာ၏။ သူအား ယောက်ျားတစ်ယောက်၏ဖက်မှုကိုခံရပြီး ယောက်ျားတစ်ယောက်၏တွန်းထုတ်မှုကိုခံခဲ့ရသည်။ ယင်းမှာသူက အခြားယောက်ျားတစ်ယောက်အားတစ်ခုခုလုပ်ဖို့အလိုရှိနေသကဲ့သို့ဖြစ်နေသည်။

သူက ကမ္ဘာကြီးကိုပင်နှိမ့်ချကြည့်ရှုခဲ့သော ဧကရာဇ်ကျိုးယိုဖြစ်သည်။ဤကဲ့သို့သော

အရာမျိုးကိုသာ အခြားသူများသိသွားခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်က စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ပေ။

ကျိမို့မှာ သူ့မျက်နှာထက်မှစိတ်ရှုပ်ထွေးသော

အမူအယာဖြင့် မူလနေရာ၌ရပ်နေဆဲဖြစ်သည်။သူက အဝေးသို့ဖြည်းဖြည်းချင်းလျှောက်လှမ်း

သွားသော  လူ၏ကျောပြင်အားကြည့်ရင်း အစောပိုင်းကခံစားချက်များဖြစ်သည့် ကျယ်ပြန့်သောရင်အုပ်နှင့် ထိုလူ၏အသက်ရှူသံတို့အားပြန်အမှတ်ရလိုက်သည်။

ထို့နောက် ကျိမို့ရုတ်တရက်သူ့ခေါင်းအားခါယမ်းလိုက်ပြီး ဆိတ်ငြိမ်စွာဖြင့်မီးပုံဆီသို့ပြန်လျှောက်သွားကာ ထိုင်လိုက်သည်။  သူ့ရှေ့ရှိကခုန်နေသော မီးတောက်များအားကြည့်နေ၏။   ထို့နောက် ကျိမို့ တိတ်တဆိတ်သူ၏ခေါင်းအား  မော့၍ မြေပြင်ပေါ်၌တင်ပျဉ်ခွေထိုင်ကာမျက်လုံးတို့ကိုပိတ်၍ ကျင့်ကြံနေသော  ပုံရိပ်ထံသို့လျှို့ဝှက်စွာကြည့်လိုက်သည်။

“တကယ်တော့ သူကတော်တော်လေးချောတာပဲ”

မျက်လုံးများကိုပိတ်ထားသည့် ငယ်ရွယ်သောမျက်နှာအားကြည့် ကျိမို့ တီးတိုးရေရွတ်လိုက်သည်။

“ဟုတ်တယ်..အဲ့လိုပဲဖြစ်ရမယ်”

ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်ကာမျက်လုံးတို့အား

မှိတ်ထားသော်လည်း   ကျင့်ကြံခြင်းပြုလုပ်ရန်စိတ်

တည်ငြိမ်ခြင်းမရှိပေ။  အစောပိုင်းကမြင်ကွင်းများက

သူ၏စိတ်ထဲ၌ထပ်တလဲလဲဖြစ်ပေါ်နေပြီး   တပ်မက်ဖွယ်ရနံ့လေးအားပြန်အမှတ်

ရလိုက်သည်။ ထို့နောက် သူ၏စိတ်ထဲမှနေ၍ တိတ်တဆိတ်ပြောလိုက်၏။

အစောပိုင်းထူးဆန်းသောခံစားချက်အား သူခံစားခဲ့ရသည့်အကြောင်းပြချက်မှာ  သူ့ကြောင့်မဟုတ်ဘဲ ထိုလူကြောင့်ဖြစ်သည်ဟုသူခံစားရသည်။ ၎င်းကသူအမျိုးသမီးတစ်ယောက်ဖြစ်သည်ဟု အကြိမ်များစွာတွေးမိသည်အထိ မိန်းမအရမ်းဆန်လွန်းနေခြင်းဖြစ်သည်။သူ၏လိင်စိတ်ခံယူချက်က ပုံမှန်သာဖြစ်ပြီး ယင်းနှင့်ပက်သက်၍ ဘာပြဿနာမှရှိနေခြင်းမရှိပေ။  အရာအားလုံးကထိုလှပသောယောက်ျားကြောင့်သာဖြစ်သည်။

ဤသို့တွေးပြီးနောက်ရှစ်ဖုန့်ဖြည်းဖြည်း

ချင်းတည်ငြိမ်သွားပြီး စတင်ကျင့်ကြံလိုက်သည်။သူ၏ညာလက်ရှိသိုလှောင်လက်စွပ်အတွင်းမှကမ္ဘာဦး

ကျောက်တုံးများ ပျံသန်းထွက်လာပြီးပေါက်ကွဲကာ မူလချီတို့အဖြစ်ပြောင်းလဲသွား၍ ၎င်းတို့ ရှစ်ဖုန့်၏လျှင်မြန်စွာစုပ်ယူခြင်း

ကိုခံလိုက်ရသည်။

ကျမို့မှာထိုပုံရိပ်အားထပ်မံတိတ်

တဆိတ်ကြည့်နေခြင်းမရှိတော့ပေ။သူ၏ညာလက်ပေါ်မေးတင်၍  ကျင့်ကြံနေသောပုံရိပ်အား ဗလာကျည်ထိုင်ကြည့်နေသည်။  သူ့ပုံစံမှာ အနည်းငယ်စိတ်လွတ်နေပုံရ၏။

“ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်”

တောအုပ်အတွင်းလေပြင်းကထပ်မံတိုက်ခတ်လာပြီး သစ်ပင်များကယိမ်းထိုးကာ သစ်ရွက်များကခပ်ကြမ်းကြမ်း

ကခုန်နေသော်လည်း ဤတစ်ကြိမ်တွင်  ကျိမို့မှာ ဘာမှမခံစားရသကဲ့သို့ သူ့ပတ်ဝန်းကျင်ရှိအရာအားလုံးကသူ့အပေါ်ဘာမှမသက်ရောက်သကဲ့သို့  ထိုလူအား ဗလာကျည်ထိုင်ကြည့်နေဆဲဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters