← Chapters

အရင်းအမြစ် ကျောက်ပြားအတွက် တိုက်ပွဲ

Vol. 73 Ch. 1011

အရင်းအမြစ် ကျောက်ပြားအတွက် တိုက်ပွဲ

Vol. 73 Ch. 1011

“ မင်းလည်း ကိုယ့်ဘာသာ ဂရုစိုက်ဦး … ငါ့အတွက်တော့ စိတ်မပူနေနဲ့ ” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။

သူ့စိတ်စွမ်းအားက ကိုင်ကျိဆီ ရောက်ရှိသွားသည်။ အကယ်၍ ဖြစ်နိုင်ပါက မိုဝူကျိက ကိုင်ကျိအပေါ်တွင် စိတ်ဝိညာဉ်အမှတ်အသား ချန်ထားမိချင်သည်။ သို့သော်လည်း ထိုအရာက အတွေးတစ်ခုအဖြစ်သာ အဆုံးသတ်သွားလေ၏။ မိုဝူကျိက သူ့အင်အားသည် ကန့်သတ်ချက် ရှိကြောင်း သိပေသည်။ ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်က မိုဝူကျိ၏ အပြုအမူကို တန်းသတိထားမိပေလိမ့်မည်။

“ အဲဆို ငါ အရင်သွားနှင့်ပြီ။ မင်းလည်း မြန်မြန် သွားတော့ … မင်း စောစော ဝင်လေ‌လေ ရတနာ ပိုရလေလေပဲ ” ထို့သို့ပြောပြီးနောက် ပိုင်ယွဲ့က လူအုပ်ကြားထဲ တိုးဝှေ့ရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက ပိုင်ယွဲ့နောက် လိုက်တော့မည့်ဆဲဆဲတွင် ကိုင်ကျိက အရှိန်ပြင်းပြင်းဖြင့် သူ့နောက် ရောက်လာကြောင်း အာရုံခံလိုက်မိ၏။

သိပ်မကြာခင် မိုဝူကျိက ကိုင်ကျိ ဘာလုပ်ဖို့ ကြိုးစားနေသည်ကို သဘောပေါက်သွားသည်။ ဤလူ၏ လက်က အနည်းငယ် လှုပ်ခါသွားကာ မိုဝူကျိအပေါ် လျိူ့ဝှက် စိတ်ဝိညာဉ် အမှတ်အသားကို ချန်ထားဖို့ ကြိုးစားနေခြင်း ဖြစ်ပေသည်။

မိုဝူကျိပင် ဆွံ့အမိသွား၏။ မိုဝူကျိ၏ အားကြီးလှသော စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားတို့ဖြင့်  ကိုင်ကျိက လောကနတ်ဘုရား ဖြစ်နေလျှင်ပင် သူ့အနေနှင့် မိုဝူကျိအား သတိမပြုမိစေဘဲ စိတ်ဝိညာဉ် အမှတ်အသား ချန်ထားခဲ့နိုင်မည် မဟုတ်ပေ။ ယခုမှာမူ သူကား ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိနေသေး၏။

မိုဝူကျိက ကိုင်ကျိ၏ အပြုအမူကို နတ်ဘုရားဘုရင် သတိမထားမိလောက်ဟု မထင်မိပေ။ သို့သော်လည်း ကိုင်ကျိ လှုပ်ရှားပြီးနောက် နတ်ဘုရားဘုရင်က ဘာမှမမြင်သည့်အလား မတုန်မလှုပ် ကျန်ရှိနေသေးသည်။

ထိုစဉ် မိုဝူကျိက ထိုနတ်ဘုရားဘုရင်သည် အပြန်သီးသန့် နတ်ဘုရားဂိုဏ်းမှ မဖြစ်လျှင်ပင် သူတို့နှင့် အလွန်နီးကပ်သည့်သူ ဖြစ်မည်မှန်း သိလိုက်သည်။

မိုဝူကျိ၏ အကျင့်စရိုက်အရ ကိုင်ကျိအပေါ်တွင်လည်း စိတ်ဝိညာဉ် အမှတ်အသား ပြန်၍ ချန်ထားမိပေလိမ့််မည်။

သို့သော် ယခုတွင် နတ်ဘုရားဘုရင်၏ အပြုအမူကို မြင်တွေ့ပြီးနောက် မိုဝူကျိက ပြန်လည် မတုံ့ပြန်ဖို့ရာသာ ရွေးချယ်လိုက်သည်။ အကယ်၍ သူ လုပ်လိုက်ပါက  သူ လျို့ဝှက်နယ်မြေထဲ မဝင်နိုင်ခင် နတ်ဘုရားဘုရင်က သူ့အား သေသည့်အထိ ရိုက်သတ်ပေလိမ့်မည်။ ထိုနတ်ဘုရားဘုရင်က ကိုင်ကျိ၏ အပြုအမူကို မသိချင်ယောင်ဆောင်နေသော်လည်း မိုဝူကျိသာ အတူတူ လုပ်မည်ဆိုပါက သူက ချက်ချင်း မိသွားပေလိမ့်မည်။

မိုဝူကျိက စိတ်ဝိညာဉ် အမှတ်အသားကို သတိမပြုမိသည့်အလား ဟန်ဆောင်နေရင်း အာကာပြင် ဂိတ်ပေါက်ဆီသာ တည်တည်ငြိမ်ငြိမ် သွားလိုက်သည်။

ပြင်းထန်သော အာကာပြင် မတည်ငြိမ်မှုများကို ခံစားမိသော်လည်း သူ့အားကောင်းလှသော စိတ်စွမ်းအားတို့ကြောင့် မိုဝူကျိက သတိနိုးကြားလျက် နေနိုင်ခဲ့သည်။

မိုဝူကျိက စန်းကျန့်ရှန်း တစ်ယောက်သာ ဤသို့မျိုး အာကာပြင် ကူးသန်းရေး အစီအရင်ကို ခင်းကျင်းနိုင်လိမ့်မည်ဟု မရေမရာ ဖြစ်မိသွားသည်။

ထိုအစီအရင်အတွင်း မိုဝူကျိက အချိန် အပြောင်းအလဲကို မခံစားမိပေ။ သူက အာကာပြင် မငြိမ်မသက်မှုများသည် ကျောက်တုံးကြီးအား မြေဆွဲအား၏ ဆွဲငင်ခြင်း ခံလိုက်ရသလို ဟင်းလင်းပြင်ထဲ ရောက်ရှိသွားသည့်အလား ဖြစ်၏။

မိုဝူကျိတွင် စိတ်ဝိညာဉ် သိုလှောင်ရေး အစီအရင် ရှိနေသော်လည်း မိုဝူကျိက မြေပြင်ပေါ် ရောက်လာသည့်အခါ  ချိုင့်ကြီးတစ်ခု ဖြစ်သွားသည်။

“ ဝုန်း ” ဘေးပတ်လည်ရှိ မြေကြီးများက လွှင့်စင်သွားပြီး မိုဝူကျိက ဤသည်မှာ ကူးသန်းရေး အစီအရင်၏ တမင်သပ်သပ် လုပ်ဆောင်ချက်လားဟုပင် စဉ်းစားမိသွားသည်။

မိုဝူကျိက မတ်မတ် ရပ်လိုက်နိုင်သည်နှင့် စိတ်စွမ်းအားကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။ သူ့အား အံ့အားသင့်သွားစေသည်က ဤသည်မှာ နတ်ဝိညာဉ်စွမ်းအား ပါးလွှာလွှာသာ ရှိပြီး စည်းမျည်းအပျက်များနှင့် ဂြိုလ်တစ်လုံး ဖြစ်နေသည်။

ထို့အပြင် ဤနေရာရှိ မြေဆွဲအားမှာ အတော်လေး အားကောင်းလှသည်။ အနည်းဆုံးတော့ ကမ္ဘာမြေရှိ မြေဆွဲအားထက် ဆယ်ဆမက အားကောင်းပေသည်။

မိုဝူကျိက စိတ်ထဲ မထားပေ။ အကြောင်းမှာ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေတို့က အရမ်းကို ကျယ်ဝန်းပေသည်။ သို့သော်လည်း ထိုနေရာရှိ မြေဆွဲအားမှာ အားမကောင်းဘဲ ကမ္ဘာမြေထက်ပင် အားလျော့နေနိုင်သေး၏။ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေတွင် မိုးမြေစည်းမျည်းများ ရှိသည့်အပြင် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများလည်း ရှိပေသည်။ အကယ်၍ နတ်ဘုရားကုန်းမြေနှင့် နတ်ဘုရားနယ်မြေတို့၏ စည်းမျည်းများက တစ်ရက်ကျ ပျက်စီးသွားခဲ့လျှင် မြေဆွဲအားရှိနေဖို့ မလိုတော့ပေ။ ထိုမျက်နှာပြင်ကြီး နှစ်ခုနှင့်ပင် ထိုနေရာ နှစ်ခုလုံးအား ပြိုလဲပျက်စီးသွားဖို့ရာ လုံလောက်၏။

အာကာပြင်ထဲ၌ ဥက္ကာခဲများစွာ ရှိနေသည်မှာ ဂြိုလ်ပျက်များမှ ဖြစ်တည်လာခြင်းသာ ဖြစ်၏။

မိုဝူကျိက ဝတ်စုံတစ်ခုလုံး မလဲခင် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို ရှာတွေ့သွားသည်။ ထို့နောက် သူက မျက်နှာဖုံး တပ်ဆင်လိုက်ရင်း မြန်မြန် ထွက်သွားလိုက်သည်။

ဤနေရာကို ဝင်လိုက်ခြင်းက သတ်ဖြတ်ရေးအိမ်ထဲ ဝင်လိုက်ခြင်းနှင့် အတူတူ ဖြစ်ပေသည်။

ဤနေရာတွင် အရင်းအမြစ်ကျောက်ပြားများစွာ ရှိနေကောင်း ရှိနေနိုင်သော်လည်း လူတစ်ယောက်တည်းဖြင့် ကောင်းကောင်း လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ လုယက်ခြင်းနှင့် ပူးပေါင်းခြင်းတို့ကသာ  အရင်းအမြစ်ကျောက်ပြား များစွာ ရလာနိုင်သည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က သူတို့ တပည့်များကို ကာကွယ်ပေးဖို့ မလုပ်ဆောင်ထားပေ။ အရင်းအမြစ်တိုက်ပွဲ ကျင်းပခြင်းအားဖြင့် သူတို့သည် တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ရန် အားပေးအားမြှောက် လုပ်ပေးသလို ဖြစ်နေ၏။

ဤသည်က အားကောင်းလှသော အဖွဲ့အစည်းတိုင်းနောက်ကွယ်တွင် အကောင်းဆုံး၊ အတော်ဆုံးကို ရွေးထုတ်ဖို့ရာအတွက် သွေးသံရဲရဲ တိုက်ပွဲများ ရှိနေတတ်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်၏။

မိုဝူကျိက စိတ်ရှုပ်မခံတော့ပေ။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ညင်သာနွေးထွေးပြီး အချစ်များနှင့် လွှမ်းခြုံနေသည့် နေရာတစ်ခု ဖြစ်နေလျှင် သူတို့တွင် ပညာရှင်များ မည်မျှ ရှိစေကာမူ ဤမျှကြာရှည်သည့်အထိ မည်သို့ ဆက်လက် တည်ရှိနေနိုင်မည်နည်း။

မိုဝူကျိက မျက်နှာဖုံး တပ်ထားသော်လည်း သူ မဖယ်ရှားပစ်သည့် တစ်ခုတည်းသောအရာမှာ ကိုင်ကျိ၏ စိတ်ဝိညာဉ် အမှတ်အသား ဖြစ်၏။ ကိုင်ကျိက သူ့အား ရှာဖွေနေလောက်မည် ဖြစ်သလို သူကလည်း ကိုင်ကျိအား တွေ့ချင်မိသည်။

သူက စိတ်ဝိညာဉ်အမှတ်အသားကို ကိုင်ကျိအား မျှားခေါ်ဖို့ရာအတွက် မဖယ်ရှားပစ်ခြင်း ဖြစ်၏။ ကိုင်ကျိက မိုဝူကျိ မျက်နှာဖုံး တပ်ထားမှန်း သိလျှင် မည်သို့ ဖြစ်သွားမည်နည်း။ သူ့အမြင်၌ ကိုင်ကျိက သေလူ ဖြစ်နေပြီးသား ဖြစ်၏။

သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ မဟာကောင်းကင်နတ်ဘုရား ဆယ်ဦးအနက် အဆင့် ၆ ချိတ်သည်မှာ ဘာလုပ်ရမည်နည်း။ အကယ်၍ သူက မိုဝူကျိကို သတ်လိုလျှင် သူ့အနေနှင့် မိုဝူကျိဆီမှ သနားညှာတာမှုအား မမျှော်လင့်ထားသင့်ပေ။ အကယ်၍ ကျောင်းအုပ်၏ သားဖြစ်သူက မိုဝူကျိကို သတ်ချင်လျှင်ပင် မိုဝူကျိက ထပ်တူ ပြန်လည် ပေးဆပ်ခိုင်းမည် ဖြစ်ပေရာ အပြန်သီးသန့် နတ်ဘုရားဂိုဏ်းလောက်ကို စာဖွဲ့ ပြောနေစရာ မလိုချေ။

ဤဂြိုလ်ပေါ်ရှိ ချိနှဲ့နေသည့် စည်းမျည်းများကြောင့် မိုဝူကျိ၏ အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားမှာ မီတာ နှစ်ရာအထိသာ ဖြန့်ကျက်နိုင်ပေသည်။ သူ့အတွက် ကံကောင်းသွားသည်က သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ မီတာထောင်ချီ ဖြန့်ကျက်၍ ရ၏။

ဤသည်က မိုဝူကျိအတွက် အရင်းအမြစ်ကျောက်ပြားများ ရှာဖို့ရာ ပိုမိုလွယ်ကူသွားစေသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် တခြားသူများထက် ဆယ်ဆမက ပိုမို လွယ်ကူပေလိမ့်မည်။

သိပ်မကြာခင် မိုဝူကျိက သူ့ပထမဆုံး အရင်းအမြစ်ကျောက်ပြားကို ကျောက်တုံးတစ်တုံးအောက်တွင် တွေ့လိုက်ရသည်။ သူက တွေ့လိုက်ရခြင်း ဆိုတာထက် သူ့စိတ်စွမ်းအားဖြင့် အာရုံခံစားမိလိုက်ခြင်း ဖြစ်ပြီး အလွယ်တကူ ကောက်ယူနိုင်လိုက်သည်။

ပထမ ကျောက်ပြားအပြီးတွင် ဒုတိယတစ်ခု … တတိယတစ်ခု …..

နောက်ငါးရက်တာ ကြာပြီးနောက် မိုဝူကျိက သူ့စိတ်စွမ်းအား အကျိူးကျေးဇူးဖြင့် အရင်းအမြစ်ကျောက်ပြား ၁၉၂ ပြားကို ရှာတွေ့ခဲ့သည်။

ထိုစဉ် မိုဝူကျိ၏ အရင်းအမြစ် ကျောက်ပြား ရှာဖွေနှုန်းမှာ ထပ်မံ မြင့်တက်လာပြန်သည်။ သူက အတွေ့အကြုံ ကြွယ်ဝသွားပြီ မဟုတ်ပါလော။ ထိုအရင်းအမြစ် ကျောက်ပြားများ နေရာချထားပုံမှာ အတော်လေး ထူးဆန်းလှပေသည်။ တချိုု့က ခမ်းခြောက်နေပြီးသား မြစ်အောက်ခြေတွင် ရှိပြီး တချို့ကား ကျောက်တုံးထဲတွင် ရှိနေ၏။ မိုဝူကျိအား ဆွံ့အသွားစေဆုံးသော အရာမှာ  ဟင်းလင်းပြင်ထဲ မျှောလွှင့်နေသည့် အရင်းအမြစ် ကျောက်ပြားကို ရှာတွေ့စဉ်က ဖြစ်သည်။

ဆယ်ရက်တာ ကြာမြင့်ပြီးနောက် မိုဝူကျိက အရင်းအမြစ်ကျောက်ပြားများကို သည်းကြီးမည်းကြီး လိုက်ရှာနေသေး၏။ သူက အစပိုင်းတွင်သာ အရင်းအမြစ်ကျောက်ပြားများကို အကြောက်အလန့်ကင်းစွာဖြင့် အများကြီး ရှာနိုင်လိမ့်မည်မှန်း သေချာသိနေသည်။ ဤအချိန်ကာလလေး ပြီးဆုံးသွားပြီး ကျင့်ကြံသူများ ပြန့်နှံ့လာပါက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအား အသုံးပြုမှုမှာ သိသိသာသာ ကျဆင်းသွားလိမ့်မည်။ သူက တခြားကျင့်ကြံသူများကဲ့သို့ ဖြစ်သွားပြီး ဘာမှထူးခြားချက် ရှိတော့မည် မဟုတ်ပေ။

၂၅ ရက်မြောက်၌ မိုဝူကျိက အရင်းအမြစ်ကျောက်ပြားပေါင်း ၁၀၃၁ ကို စုဆောင်းပြီးပြီ ဖြစ်၏။ ထိုအချိန်၌ သူ အရင်းအမြစ်ကျောက်ပြား ရှာဖွေနှုန်းမှာ သိသိသာသာ နှေးကျသွားတော့သည်။

အစပိုင်းတွင် မိုဝူကျိက တစ်ရက်တည်းဖြင့် အရင်းအမြစ်ကျောက်ပြား တစ်ရာကျော် ရှာနိုင်ခဲ့သည်။ လက်ရှိ၌ တစ်ရက်လျှင် ခြောက်ခု၊ ခုနှစ်ခု တွေ့သည်က အတော်လေး အံ့ဖွယ် ဖြစ်နေပြီ ဖြစ်၏။

မိုဝူကျိက နောက်ထပ် အရင်းအမြစ် ကျောက်ပြားတစ်ခုကို တွေ့လိုက်သည်။ ထိုအရာက ခြောက်သွေ့နေသည် သစ်ပင်အမြစ်အောက်တွင် ရှိနေသည်။ မိုဝူကျိနှင့် မိုင်ထောင်ချီ ကွာဝေးနေသေးသော်လည်း မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် အသက်ရှိုက်စာ အနည်းငယ်အတွင်း အနီးအနားသို့ ရောက်ရှိသွားသည်။ သူက လက်ကို ဆန့်တန်း၍ ကျောက်ပြားကို ကောက်ယူလိုက်သည်။

“ အရင်းအမြစ် ကျောက်ပြားနဲ့ သိုလှောင်လက်စွပ်ကို ချထားလိုက်စမ်း … ပြီးရင် ထွက်သွား ” မိုဝူကျိက ကျောက်ပြားကို သိုလှောင်လက်စွပ်ထဲ ထည့်မသိမ်းခင် မှုန်မှိုင်းမှိုင်း အသံတစ်သံကို ကြားလိုက်ရသည်။

နောက်အခိုက်အတန့်လေး၌ အညိုရောင် ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာသည်။

မိုဝူကျိ၏ ခန့်မှန်းချက်အရ ထိုသူသည် ကောင်းကင်နတ်ဘုရား အဆင့် ၇ မှန်း ပြောနိုင်ပေသည်။ ကြည့်ရသည်မှာ ထိုသူက မိုဝူကျိအား မသတ်ခင် ကျင့်ကြံဆင့်နိမ့်နေသည့်အတွက် အနိုင်ကျင့်လိုခြင်းသာ ဖြစ်ပေမည်။

ဤရက်များ၌ မိုဝူကျိက ကျင့်ကြံသူတချို့ သွားလာနေသည်ကို သတိပြုမိလိုက်သည်။ မိုဝူကျိက ကျောက်ပြား ကောက်ယူသည်မှာ မြန်ဆန်လွန်းသောကြောင့် တခြားသော ကျင့်ကြံသူများနှင့် အငြင်းအခုံ မလုပ်လိုပေ။ အကယ်၍ သူက တခြားသူများကို သတိပြုမိပါက တခြားတည်နေရာသို့သာ ရွေးချယ်လိုက်၏။

ယခု တစ်ယောက်ယောက်က သူ့အား တားဆီးပြီး အရင်းအမြစ်ကျောက်ပြားများနှင့် လက်စွပ်ပင် ထုတ်ပေးခိုင်းနေလေရာ မိုဝူကျိက သူနှင့် စကားပြောဖို့ပင် စိတ်မပါပေ။ မိုဝူကျိက ဝဲကတော့ စွမ်းအားစက်ကွင်းကို ထုတ်ဖော်လိုက်ပြီးနောက် စွမ်းအားစက်ကွင်း ချေဖျက်လက်သီးချက်ကိုသာ ထုတ်လိုက်သည်။ တိုက်ခိုက်မှုထက် ပို၍ တည့်တိုးဆန်သည့် စကားလုံး မရှိချေ။

ဤကောင်းကင်နတ်ဘုရား အဆင့် ၇ ကျင့်ကြံသူက နတ်ဝိညာဉ်စွမ်းအား အငွေ့အသက် မရှိနေသည့် ကနဦး နတ်ဘုရားကျင့်ကြံသူလေးသည် သူ့အား အရင်ဦးစွာ တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားပေ။

သူက ရယ်မောလိုက်ရင်း မိုဝူကျိအား သေသည့်အထိ ရိုက်နှက်ရန် ပြင်ဆင်လိုက်သည့်အချိန် သူ့စိတ်ထဲ လေးလံမိသွားသည်။

မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်းက နတ်ဘုရားအုပ်စိုးသူ တစ်ယောက်အပိုင် အလား သူ့စွမ်းအားစက်ကွင်းကို ချက်ချင်း ဖိနှိပ်သွားသည်။ ထို့နောက် သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ လေးကန်လာသည်။

ဤသူက သူ့ထက် အားကောင်းနေမှန်း သိပြီးနောက် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူက တုန်လှုပ်မိသွားသည်။ သူက ပြန်လည် မတိုက်ခိုက်နိုင်တော့ဘဲ အော်ပြောလိုက်သည်  “ ငါက ပြန်လည်မွေးဖွားခြင်း နတ်ဘုရားလမ်းစဉ်ဂိုဏ်းက ဟယ်ချန်းပဲ … မင်း …  ”

“ ဖူး ” သွေးမြူများက ပေါ်လာပြီး ဟယ်ချန်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ဖြစ်သွားတော့သည်။

မိုဝူကျိက သူ့လက်သီးတစ်ချက်ဖြင့် ကောင်းကင်နတ်ဘုရား အဆင့် ၇ အား အဆုံးသတ်လိုက်နိုင်ပုံကို တအံ့တဩ ဖြစ်နေမိသည်။ ဟယ်ချန်းက ပြန်လည် မတိုက်ခိုက်နိုင်တော့လျှင်ပင် ဤမျှ လွယ်လွယ်ကူကူ သေမသွားသင့်ပေ။

မိုဝူကျိက အရမ်းအားကောင်းလာတာလား ….

သူက ခေါင်းကို ခါလိုက်ပြီး ဆက်တွေးမနေတော့ပေ။ သူက ဟယ်ချန်း၏ လက်စွပ်ကို ကောက်ယူကာ သူ့ကိုယ်သူ ရေရွတ်လိုက်၏  “ တကယ်လို့ ငါသာ မင်းနေရာ ဖြစ်နေရင် ငါတော့ ငါ့ဂိုဏ်းနာမည်ကို အော်နေမဲ့အစား ကိုယ့်ဘာသာ ကာကွယ်ဖို့ပဲ လုပ်လိုက်မယ် ”

အကယ်၍ ဟယ်ချန်းသာ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားခဲ့လျှင် မိုဝူကျိက သူ့အား လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ပေ။

ပြန်လည် မွေးဖွားခြင်း နတ်ဘုရားလမ်းစဉ်ဂိုဏ်းက ဖြစ်တော့လည်း ဘာအရေးလဲ ….

ဤသည်က သတ်ဖြတ်ရေး နယ်မြေထဲ ရောက်နေလေရာ သူက ဂိုဏ်းကြီးမှ ဖြစ်နေရုံနှင့် မိုဝူကျိဆီက သက်ညှာမှုကို တောင့်တနေတာလား ….

မိုဝူကျိက အားလုံးကို သိမ်းဆည်းပြီးနောက် နေရာမှ ထွက်သွားလိုက်သည်။

နောက်ထပ် ဆယ်ရက်တာ ကြာမြင့်ပြီးနောက် မိုဝူကျိက နောက်ထပ် ကျောက်ပြားဆယ်ခု ထပ်ရှာတွေ့ခဲ့သည်။ သူ့ဆီမှ လုယက်ဖို့ ကြိုးစားသည့် သုံးယောက်လောက် ရှိသော်ငြား အားလုံးမှာ အဆုံးသတ်သို့ ရောက်သွားရသည်။ သူသည် ထိုလူများထံမှ အရင်းအမြစ်ကျောက်ပြားပေါင်း ၄၀ ကျော် ရရှိခဲ့သည်။

မိုဝူကျိက အရင်းအမြစ်ကျောက်ပြားများ ရရှိမည့် နည်းလမ်းကို သိသွားပြီ ဖြစ်၏။ အလွယ်ကူဆုံးနည်းလမ်းမှာ တခြားသူများဆီမှ လုယက်ရန် ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိက ထိုသို့ မလုပ်ချင်ပေ။

တခြားသူများ သူ့ဆီမှ လုယက်ရန် ကြိုးစားခြင်းက အဆင်ပြေပေသည်။ သူက တခြားသူများထံမှ မလုယက်လိုပေ။ ဤသည်က သူ့တာအိုနှလုံးသားကို ဆန့်ကျင်နေရုံသာမက သူ့အသိစိတ်နှင့် ကျင့်ဝတ်များနှင်လည်း မကိုက်ညီပေ။ သူက ကမ္ဘာမြေမှ လာသူ ဖြစ်၍ သူ့ကိုယ်ပိုင် မာနနှင့် တန်ဖိုး ရှိပေသည်။

ဤနေရာရှိ ကျင့်ကြံသူတိုင်းက လုယက်နေကြခြင်းတော့ မဟုတ်ပေ။ မိုဝူကျိက တချို့ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် အားကောင်းနေသော်လည်း တခြားသူဆီက လုယက်ရန် ရည်ရွယ်ချက် မရှိကြကြောင်း မြင်လိုက်ရသည်။

မိုဝူကျိအား စိတ်ပျက်သွားစေသည်က ကိုင်ကျိကို ယခုအချိန်အထိ မတွေ့ရသေးခြင်း ဖြစ်၏။ သဘောတရားအရပြောရလျှင် ကိုင်ကျိက သူ့အပေါ် စိတ်ဝိညာဉ်အမှတ်အသား ထားထားခဲ့လျှင် သူ ပထမဆုံး လုပ်မည့်အရာမှာ မိုဝူကျိကို ရှာရန်သာ ဖြစ်လိမ့်မည်။

မိုဝူကျိ စိတ်ထဲ၌ ကိုင်ကျိသည်  မိုဝူကျိထံ သူ့ကိုယ်တိုင် ရောက်ရှိလာမည့် သိုးငယ်လေး ဖြစ်၏။ ကိုင်ကျိလို ရက်စက်သည့်သူမျိုး ပုံစံဖြင့် သူ့တွင် အရင်းအမြစ်ကျောက်ပြားများစွာ ရှိပေလိမ့်မည်။

ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ကိုင်ကျိက ပေါ်မလာသေးပေ။ ထို့ကြောင့် မိုဝူကျိက အရင်းအမြစ်ကျောက်ပြားများ ရှာဖို့ရာ ဂြိုလ်အတွင်းပိုင်းအထိ သွားဖို့ရာ ဆုံးဖြတ်လိုက်သည်။

***

All Chapters