← Chapters

ငွေရောင်မြစ် ဆင်းသက်လာခြင်း

Vol. 73 Ch. 1013

ငွေရောင်မြစ် ဆင်းသက်လာခြင်း

Vol. 73 Ch. 1013

သူမဘာသာ ကုသနေဆဲ ဖြစ်သည့် ဝမ်ရုက တစ်ခုခုကို အာရုံခံလိုက်မိသည့်အလား သူမ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသော်လည်း ပွင့်မလာချေ။ အပေါ်ယံ၌ သူမ ဒဏ်ရာများက ပြင်းထန်ဟန် မပေါ်သော်လည်း သူမဘာသာ အခြေအနေကို ကောင်းကောင်း သိပေသည်။ ဖေးယီတောက်၏ အလင်းတန်းသည် အရမ်းအားကောင်းလွန်းပေသည်။ အကယ်၍ သူမက ဖေးယီတောက်၏ တိုက်ခိုက်မှုမှ နာကျင်မှုကို တောင့်ခံနိုင်သည်ဆိုလျှင် ဤနေရာ၌ ဒဏ်ရာကုနေရလောက်အထိ စွန့်စားမည် မဟုတ်ပေ။

မိုဝူကျိက သူ့အမြန်ဆုံးနှုန်းဖြင့် ပင်းထန်းဝါးကို ဆုပ်ကိုင်ကာ အတားအဆီးများ ဖယ်ရှားပြီးနောက် လူသားကမ္ဘာထဲ တန်းပစ်ထည့်လိုက်သည်။ ထို့နောက် သူက လေလွတ်မြောက်ရေး နည်းစနစ်ကို သုံးကာ ပျောက်ကွယ်သွားတော့သည်။

ပင်းထန်းဝါးတွင် ပင်ပွှားအမြစ် မရှိပေ။ ရေခဲကန်မှ ထွက်လာသည်နှင့် သာမာန် ရေခဲကျောက်စိမ်းကဲ့သို့ ဖြစ်သွားကာ လွန်ကဲသည့် အအေးဓာတ် ထုတ်လွှင့်နေခြင်းလည်း မရှိတော့ပေ။

ဘေးပတ်လည်ရှိ အအေးဓာတ်များ ပျောက်ကွယ်သွားသောကြောင့် ဝမ်ရုက အာရုံခံမိလိုက်သည်။ သူမက မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် သူမ မျက်ဝန်း၌ ရေခဲတမျှ အေးစက်နေသည့် သတ်ဖြတ်ငွေ့တို့ ဖြတ်ပြေးသွားသည်။

တစ်ယောက်ယောက်က သူမ ကုသနေစဉ်အတွင်း သူမ အိမ်မက်ကို ယူဆောင်သွားခဲ့လေပြီ။ မည်သူပင် ဖြစ်နေစေကာမူ သူမအပေါ် အခွင့်ကောင်းယူသွား၍ မရပေ။

နှစ်နာရီကြာမြင့်ပြီးနောက် မိုဝူကျိက သူ့လူသားကမ္ဘာထဲ ဝင်ဖို့ တိတ်ဆိတ်ငြိမ်သက်သည့်နေရာ တစ်ခုကို ရွေးချယ်လိုက်သည်။

လူသားကမ္ဘာမှာ အတော်လေး ကြီးမားနေပြီ ဖြစ်ရာ အနည်းငယ် မှုန်ဝါးဝါး ခပ်မှိုင်းမှိုင်း ဖြစ်နေသော်လည်း အတွင်းရှိ စည်းမျည်းများက အရမ်းကို သိသာထင်ရှားပေ၏။ စည်းမျည်းများအားလုံးက မိုဝူကျိဘာသာ ဉာဏ်အလင်းပွင့်ထားခြင်း ဖြစ်ပြီး သူ့တာအိုစည်းမျည်းအတွင်း ရှိပေသည်။

လက်ရှိ လူသားကမ္ဘာက မိုဝူကျိအား  ယခင် ထာဝရကမ္ဘာနှင့် မတူကွဲပြားသည့် ခံစားချက်ကို ပေးစွမ်း၏။ ယခင်က သူ့ထာဝရကမ္ဘာငယ်လေးသည် မည်မျှ ကြီးကျယ်သည်ကိုလည်း အသေအချာ မသိသလို၊ တိုက်ခိုက်မှုများ ခံယူနိုင်သည်၊ မခံယူနိုင်သည်ကိုလည်း မသိပေ။ သို့သော်လည်း မိုဝူကျိက သူ့လူသားကမ္ဘာရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိနေပြီ ဖြစ်၏။

သူ့လူသားကမ္ဘာအတွင်း အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောများ ရှိနေသောကြောင့် နတ်ဝိညာဉ်စွမ်းအားမှာ သိပ်သည်းလှ၏။

အဆင့်နိမ့် ဆေးပင်တချို့ကို ထောင့်တစ်နေရာ၌ စိုက်ပျိုးထားသည်။ နေရောင် အစီအရင်တစ်ခုမျှသာ ရှိသော်လည်း ကောင်းကောင်းမွန်မွန် ကြီးထွားနေကြသည်။

မိုဝူကျိက သူ့ထက် အဆင့်နိမ့်သည့် ကျင့်ကြံသူတိုင်း မိုးမြေစည်းမျည်း အတားအဆီးမရှိ ကောင်းစွာ ကျင့်ကြံနိုင်လိမ့်မည်မှန်း အသေအချာ သိနေသည်။

လူသားကမ္ဘာထဲ ဝင်ရောက်ပြီးနောက် မိုဝူကျိက ပင်းထန်းဝါးကို မြန်မြန် ထုတ်ယူလိုက်သည်။

ပင်းထန်းဝါးသည် စင်တီမီတာ သုံးဆယ်လောက်သာ အရွယ်ရှိပြီး ကိုးမြောင့်သဏ္ဍာန် ဝါးရွက်လေးများ ပါရှိပေသည်။ သူက လက်ထဲ ကိုင်ထားရင်း နွေးနွေးထွေးထွေး သက်တောင့်သက်သာ ခံစားချက်လေး ရလာသည်။ သူ့စိတ်တစ်ခုလုံးမှာ ကြည်လင်သွားပြီး ယခင် ရေခဲကန်မှ အေးစက်သည့် အရိပ်အယောင်များလည်း ရှိမနေတော့ပေ။

ဤသည်မှာ အမှန်တကယ်ကို ပစ္စည်းကောင်းလေး ဖြစ်နေ၍ မိုဝူကျိက အတော်လေး ကျေနပ်မိသွားသည်။ သူက နေရာဝင်ခွင့် မရလျှင်ပင် ဤပင်းထန်းဝါး ရရှိခဲ့သည့်အတွက် ကျေနပ်နေမိပြီ ဖြစ်၏။

သို့သော် သူက ဤနေရာ ရောက်နေပြီ ဖြစ်၍ ပထမနေရာကို လက်လျော့ရန် အစီအစဉ်တော့ မရှိပေ။  သူက ကျောက်စိမ်းသေတ္တာလေး ထုတ်ပြီးနောက် ပင်းထန်းဝါးကို သိမ်းထားလိုက်သည်။ အတားအဆီးများ ပြန်ချထားပြီးနောက် မိုဝူကျိက လူသားကမ္ဘာမှ ထွက်လာလိုက်သည်။

ရက်များစွာ ကြာမြင့်ပြီးနောက် မိုဝူကျိက အရင်းအမြစ် ကျောက်ပြားနှင့် တခြားပစ္စည်းများကိုလည်း ဆက်တိုက် ရှာဖွေခဲ့သည်။

ကိုင်ကျိတစ်ယောက်  သူ့ကို လိုက်ရှာခြင်း၊ မရှာခြင်းအား မိုဝူကျိက အာရုံမရှိတော့ပေ။

မိုဝူကျိက ကိုင်ကျိကို စိတ်မဝင်စားတော့သည့်အချိန်လေးတွင် ကိုင်ကျိကို အာရုံခံလိုက်မိ၏။ မိုဝူကျိက ကိုင်ကျိသည်လည်း သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် အမှတ်အသားကို အာရုံခံမိမည်မှန်း အသေအချာ ပြောနိုင်ပေသည်။ သို့သော်လည်း ထိုလူက သူ့အား ခဏသာ ကြည့်ပြီးနောက် သူ့ဆီ မလာခဲ့ပေ။ ထို့အစား သူက တခြားဦးတည်ရာသို့ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။

ကိုင်ကျိက သူ့အား မတွေ့ကောင်း မတွေ့ချင်သေးလောက်သော်လည်း မိုဝူကျိက လက်လွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိပေ။ မိုဝူကျိက များများစားးစား မတွေးတော့ဘဲ လိုက်သွားလိုက်သည်။

ကိုင်ကျိက နောက်မှ မိုဝူကျိ  လိုက်လာမှုကို သတိထားမိသည့်အလား အရှိန်နှုန်း မြင့်လိုက်သည်။ မိုဝူကျိ၏ လေလွတ်မြောက်ရေး နည်းစနစ်သည် ကိုင်ကျိအား ဟန့်တားနိုင်သော်လည်း မိုဝူကျိက ထိုလူ လုပ်မည့်ကိစ္စအား သိချင်သည့်အတွက် နောက်မှသာ ကျန်ရစ်ခဲ့သည်။

နေ့တစ်ဝက်တာ ကြာမြင့်ပြီးနောက် ကိုင်ကျိက ရပ်တန့်လိုက်၍ မိုဝူကျိလည်း ရပ်လိုက်တော့သည်။ နောက်ဆုံးတွင် မိုဝူကျိက ကိုင်ကျိ တစ်ယောက် ဤနေရာသို့ ဦးတည်လာသည့် အကြောင်းအား နားလည်သွားသည်။

ဤနေရာတွင် သဘာဝ ကာကွယ်ရေး အစီအရင်တစ်ခု ရှိနေပြီး အနည်းဆုံ လူရာကျော်လောက်က ထိုအစီအရင်အား တိုက်နေကြသည်။ ကာကွယ်ရေး အစီအရင် အတိုက်ခံရသည့်အချိန်တိုင်း သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်လေ့ ရှိ၏။ ဤနတ်ဝိညာဉ်စွမ်းအားတို့တွင် သန့်စင်လှသော ရှေးဦးစွမ်းအားပါ ပါရှိနေသည်။ ဤကာကွယ်ရေး အစီအရင်အတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို စိတ်ကူးကြည့်၍ ရပေသည်။ ကောင်းကင်ကို ထက်ခြမ်း ခြမ်းပစ်နိုင်မည့် ရတနာမျိုးသာ ဖြစ်ရမည်။

အစပိုင်းတွင် မိုဝူကျိက လေ့လာနေရင်း နောက်တွင်သာ ပုန်းအောင်းနေသည်။ သူက တခြားသူများကဲ့သို့ ကာကွယ်ရေး အစီအရင်ဆီ အဘယ်ကြောင့် ဝင်တိုက်နေရမည်နည်း သူက ဂိုဏ်းကြီးများ၏ စွမ်းရည်ကို အတော်လေး အံ့အားသင့်မိသွားသည်။ သူ အထဲရောက်စဉ်ကတည်းက ပိုင်ယွဲ့နှင့်ပင် အဆက်အသွယ် မရခဲ့ချေ။ ကိုင်ကျိတစ်ယောက် ဤနေရာကို  သိနေခြင်းမှာ သူ့၌ အကြောင်းကြားစာ ရလာ၍သာ ဖြစ်ရမည်။

အကွာအဝေးကြီးကြီးမားမား မဟုတ်သော်လည်း ဤဂြိုလ်ပျက်ကြီး၌ လှမ်း၍ အကြောင်းကြားရသည်မှာ ရိုးရှင်းသည့် ကိစ္စရပ်လေး မဟုတ်ချေ။

“ မင်းက တော်တော် သတ္တိရှိနေတာပဲ … ငါ့တွေးထားတာထက်တောင် ပိုသေးတယ် ” ကိုင်ကျိက မိုဝူကျိသည် အမှန်တကယ် ရှေ့ထွက်လာရဲကြောင်း သတိပြုမိသောအခါ ဝင်ပြောလိုက်သည်။ လက်ရှိ သူ့လက်တစ်ချက် အဝှေ့ဖြင့် သူ့ဦးခေါင်းအထက်၌ ရှေးဟောင်း ကြေးမုံတစ်ချပ် ပေါ်လာသည်။

မိုဝူကျိ ထင်ထားသည့်အတိုင်း ကိုင်ကျိသည်လည်း မိုဝူကျိ လိုက်လာမှုအား ကောင်းစွာ သိပေသည်။ သူ မိုဝူကျိနှင့် မရင်ဆိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူက ရှေးဦးမူလ ရတနာအကြောင်းကြားပြီးနောက် ဤနေရာသို့ လာဖို့ရာ စိတ်အားထက်သန်နေ၍သာ ဖြစ်၏။ ရှေးဦးမူလ ရတနာနှင့် ယှဉ်လျှင် မိုဝူကျိအပေါ် သူ့အမုန်းတရားများက ဘေးဖယ်ထား၍ ရသေး၏။

ယခု ကာကွယ်ရေး အစီအရင်က မပွင့်သေးသည့်အတွက် အရင်ဦးစွာ မိုဝူကျိကို သတ်ပစ်ရမည်။

“ ဝုန်း ” ပေါက်ကွဲသံများကို ကြားလိုက်ရပြီးနောက် သဘာဝ ကာကွယ်ရေး အစီအရင်မှာ ကျင့်ကြံသူ ရာကျော် ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ပျက်စီးသွားတော့သည်။

ဆန်းကြယ်သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများက အရူးအမူး ထွက်ပေါ်လာသည်။ အားလုံးက မကျင့်ကြံနေကြသော်လည်း အားလုံးက သူ့တို့ ကျင့်ကြံဆင့်သည် ဆက်လက် မြင့်တက်နေကြောင်း ခံစားမိကြ၏။

မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်မိသည်။ သူက ဟုန်မုန့်စွမ်းအင် ပိုင်ဆိုင်ထားသောကြောင့် ဤရတနာနယ်မြေအသစ်မှာ မည်သူမှ ခြေမချဖူးသေးသည့် နေရာဖြစ်ကြောင်း သိလိုက်တော့သည်။ ဤစွမ်းအားများတွင် ရှေးဦးမူလ စွမ်းအင်များ ပါဝင်နေရုံသာမက မိုးမြေစည်းမျည်းများကလည်း ပို၍ ထင်ရှားလာသည်။ အသစ်မွေးဖွားလာသော တာအိုစည်းမျည်းတို့က အရှင်းလင်းဆုံးနှင့် ဖမ်းဆုပ်ဖို့ရာ အလွယ်ကူဆုံး ဖြစ်ပေသည်။

တခြားစကားဖြင့် ပြောရလျှင် ဤနေရာတွင် ကျင့်ကြံသူများက ကျင့်ကြံဖို့  လွယ်ကူရုံသာမက နတ်ဘုရားကုန်းမြေအတွင်း အဆင့်မြင့်လည်း ရောက်ရှိနိုင်ပေမည်။

အတားအဆီးမရှိသည့်အတွက် အားလုံးက ပြေးဝင်သွားကြသည်။ မိုဝူကျိအား တိုက်ဖို့ ပြင်ဆင်နေသည့် ကိုင်ကျိပင်  တိုက်ခိုက်မည့် စိတ်ကူးအား လက်လျော့လိုက်ပြီး အထဲ ပြေးဝင်သွားတော့သည်။

မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားက အတွင်းရှိ အခြေအနေများကို အာရုံခံနိုင်ပေသည်။ ကြည့်ရသည်မှာ ဧရာမ ချိုင့်ဝှမ်းကြီးနှင့် တူနေသည်။ ထိုချိုုင့်ဝှမ်းအတွင်း ပျားလဘို့ တစ်ရာကျော် ရှိနေသည်။ ရှေးဦးမူလ စွမ်းအင်နှင့် နတ်ဝိညာဉ်စွမ်းအားတို့က ထိုမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

ချိုင့်ဝှမ်းအလယ်တွင် ဧရာမ ရှေးဦးမူလ ပျားလဘို့ကြီး ရှိနေပြီး ဘေးပတ်လည် ပျားလဘို့များထက် ဆယ်ဆမက ပိုကြီးမားပေသည်။ ထိုနေရာမှ ထွက်ပေါ်နေသော နတ်ဝိညာဉ်စွမ်းအားများက သိပ်သည်းလွန်းသောကြောင့် ရှေးဦးမူလ စည်းမျည်းများက ဘေးပတ်ဝန်းကျင်ထက် ပို၍ ရှင်းလင်းသည်။

အလယ်ရှိ ပျားလဘို့ကြီးထံ ဦးတည်နေကြသော အနည်းဆုံး လူခုနှစ်ဦး၊ ရှစ်ဦးမျှသာ ရှိ၏။ ယှဉ်ပြိုင်လောက်အောင် အားမကောင်းသည့် တခြားသော ကျင့်ကြံသူများက ပျားလဘို့ အသေးလေးများထံသာ သွားလိုက်ကြသည်။

မိုဝူကျိက လေရွေ့ပြောင်းစွမ်းရည် တစ်ချက်ဖြင့် ရှေးဦးမူလ ပျားလဘို့ကြီးထံ ရောက်ရှိသွားသည်။ သူက အေးစက်စွာဖြင့်  “ ငါ ဒီနေရာကို သုံးမယ်။ အားလုံး ကျန်တဲ့ဆီ သွားလိုက်ကြပါ။ ငါနဲ့ ဆယ်ပေအတွင်းမှာ ရှိနေတဲ့ ဘယ်သူမဆို ချွင်းချက်မရှိ သတ်ပစ်မယ် ”

“ ဟားဟား ” အေးစက်စက် ရယ်မောသံကို ကြားလိုက်ရပြီး  “ ငါ ကိုင်ကျိက မင်းပြောတဲ့  ချွင်းချက်မရှိ သတ်ပစ်မယ်ဆိုတာကို မြင်ချင်မိသား … ငါက မင်းကို သတ်ချင်နေခဲ့တာ။ မင်းကံက ဒီလောက် ကောင်းမယ်လို့ မထင်ထားမိဘူး။ အခု ထွက်သွားချင်ရင် နောက်ထပ် ရက်နည်းနည်း အသက်ရှင်ခွင့် ရမယ်။ တကယ်လို့ သေချင်နေတယ်ဆိုရင်တော့ မင်းဘိုးအေ ငါ့ကို အပြစ်လာမတင်နဲ့ …. သေလိုက်တော့  ”

ထိုအသံပြီးဆုံးသွားသည်နှင့် ကိုင်ကျိ၏‌ ရှေးဟောင်းကြေးမုံက မိုဝူကျိဆီ ဦးတည်ဝင်လာသည်။ ကောင်းကင်နတ်ဘုရား၏ စွမ်းအားစက်ကွင်းကလည်း အတားအဆီးမရှိ မိုဝူကျိဆီ ဝင်ရောက်လာသည်။

ကျင့်ကြံသူများက ကိုင်ကျိ တိုက်ခိုက်တော့မည်ကို မြင်၍ မြန်မြန် ဘေးဖယ်ပေးလိုက်ကြသည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ မဟာကောင်းကင်နတ်ဘုရား၌ အဆင့် ၆ ချိတ်ဆွဲထားသော ကိုင်ကျိကို မည်သူက မသိဘဲ နေမည်နည်း။ နတ်ဘုရားအုပ်စိုးသူ တပိုင်းအဆင့်များပင် ရန်မစရဲကြချေ။ ရှေးဦးမူလ ပျားလဘို့က ကောင်းနေလျှင်ပင် သူတို့က ကိုင်ကျိအား အတိုက်အခံ လုပ်မည် မဟုတ်ပေ။

သူတို့က လုယူနိုင်လျှင်ပင် ဤနေရာမှ ထွက်သွားပြီးနောက် ကိုင်ကျိက သူတို့အသက်များကို ယူဦးမည် ဖြစ်၏။

အားပြင်းပြင်း စွမ်းအားစက်ကွင်းက မိုဝူကျိ၏ ဝဲကတော့ စွမ်းအားစက်ကွင်း အဖျားနားဆီ ရောက်ရှိလာသည်။ စွမ်းအားစက်ကွင်း အချင်းချင်း တွေ့ဆုံသွားသည့်အခါ ပေါက်ကွဲသံများက ထွက်ပေါ်လာလေ၏။

စွမ်းအားစက်ကွင်း ထိပ်တိုက်တွေ့မှုဖြင့် မိုဝူကျိက ကိုင်ကျိသည်  သူ့လက်သီးတစ်ချက်နှင့် တန်းသေဆုံးသွားသည့် ဟယ်ချန်းနှင့် ယှဉ်လျှင် ပို၍ အားကောင်းကြောင်း သိလိုက်သည်။

ရှေးဟောင်းကြေးမုံမှ အလင်းတန်းများ ထွက်ပေါ်နေကာ မိုဝူကျိအား သူ့ဘေးပတ်လည်ရှိ အာကာပြင်မှာ ပျော်ဝင်သွားတော့မည့်အလား ခံစားလာမိစေသည်။

မိုဝူကျိက သက်ပြင်းအရှည်ကြီး တစ်ချက် ချကာ လက်ကို မြှောက်လိုက်သည်။ သူ့လက်ထဲ၌ မီးခိုးရောင် ပုဆိန်လှံရှည် တစ်လက် ပေါ်လာသည်။ ထိုအရာမှာ မိုဝူကျိ ကိုယ်တိုင် ဖျင်ရွှေနှင့် အမြစ်မဲ့သံမဏိတို့ဖြင့် ပြုလုပ်ထားသော မှော်ရတနာ ဖြစ်ပေသည်။ နယ်လှည့်ကျင့်ကြံသူ တိုက်ပွဲစင်မြင့်၌ ဖြစ်စေ ဟယ်ချန်းကို သတ်ခဲ့သည့်အခါက ဖြစ်စေ မိုဝူကျိက သူ့မှော်ရတနာကို ထုတ်ဖို့ အခွင့်အရေး မရခဲ့ပေ။ ဤသည်က အမြစ်မဲ့သံမဏိနှင့် လက်နက် ထုလုပ်ပြီးနောက် ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။

လခြမ်းကွေး ပုဆိန်လှံရှည် သူ့လက်ထဲ ကျရောက်လာသည်နှင့် မိုဝူကျိ၏ ခန္ဓာကိုယ်အား ကြီးကျယ်ခမ်းနားမှုနှင့် ယုံကြည်ချက်တို့ လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

ပုဆိန်လှံရှည်မှ စက်ဝန်းပြတ်တစ်ခု ထွက်ပေါ်လာပြီးနောက် ကိုင်ကျိဆီ လေဟုန်ဆန်မြစ် ခေါ်ဆောင်လာသည်။

ကိုင်ကျိက မိုဝူကျိအား မျက်လုံးထဲပင် မထည့်ပေ။ မိုဝူကျိ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်နေသည့်အချက်ကို မဆိုထားနှင့် ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလျှင်ပင် ကိုင်ကျိက မိုဝူကျိအား ယင်ကောင် တစ်ကောင်အဖြစ် မြင်နေဦးမည် ဖြစ်သည်။

သူ့စွမ်းအားစက်ကွင်းက မိုဝူကျိနှင့် ထိတွေ့သွားပြီးနောက် သူ့နှလုံးခုန်နှုန်း တစ်ချက် ရပ်တန့်သွားသည်။ မိုဝူကျိ၏ စွမ်းအားစက်ကွင်းက ကနဦး နတ်ဘုရားအဆင့် မည်သို့ ဖြစ်နိုင်မည်နည်း။ သူ နတ်ဘုရားအုပ်စိုးသူ တပိုင်းအဆင့်အား သတ်ဖြတ်စဉ်အခါကပင် သူ့စွမ်းအားစက်ကွင်းမှာ ဤလောက် အားမကောင်းခဲ့ပေ။

“ ဝုန်း ” ဤသည်မှာ ကိုင်ကျိအတွက် သူ့စွမ်းအားစက်ကွင်းကား တခြားသူကြောင့် ပျက်စီးသွားသည့် ပထမဆုံးအကြိမ် ဖြစ်၏။ သူတို့က မတိုက်ခိုက်ရသေးသော်လည်း သူ့စိတ်ထဲ အကြောက်တရား အနည်းငယ် ဖြစ်လာမိသည်။

သူ့စိတ်စွမ်းအားကို  ရှေးဟောင်းကြေးမုံဆီ ပို့လွှတ်လိုက်သည့်အခါ ခြစ်ခြစ်တောက် ပူလာသည့် နေတစ်စင်းအလား အလင်းတန်း ဖြာထွက်လာသည်။ ဤသည်မှာ သူ့ထိပ်တန်းအဆင့် အလင်းသဘာဝ လျို့ဝှက်တိုက်ကွက် ခြစ်ခြစ်တောက်အလင်းတန်း ဖြစ်ပေသည်။

သူ့ခြစ်ခြစ်တောက် အလင်းတန်းက တစ်ဖက်လူအပေါ် ကျရောက်သွားသည့်အခါ တစ်ဖက်လူ၏ စွမ်းအားစက်ကွင်းက မည်မျှပင် အားကောင်းစေကာမူ ချက်ချင်း ပျက်စီးသွားမည် ဖြစ်၏။ တူညီလှစွာ သူ့ဘေးပတ်လည်ရှိ ကာကွယ်ရေး ချပ်ဝတ်များကလည်း ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားပေမည်။

ဤနေရာမှာ ကျင့်ကြံဖို့ အကောင်းဆုံးနေရာ ဖြစ်သည်မှာ သိသာလှသည်။ ကိုင်ကျိက ဤနယ်လှည့်ကျင့်ကြံသူကို မြန်မြန် ဖယ်ရှားပစ်ပြီး ကျင့်ကြံဖို့ စတင်ရန် လိုအပ်နေကြောင်း ခံစားမိပေသည်။ နတ်ဝိညာဉ်စွမ်းအားများက အမြဲတမ်း ကန့်သတ်ထားသည့်အတွက် နည်းနည်း နောက်ကျသွားသည်နှင့် နောက်ကောက်ကျ ကျန်နေနိုင်သည်။

ခြစ်ခြစ်တောက် အလင်းတန်းက ဖြစ်တည်လာမည့်ဆဲဆဲတွင် ကိုင်ကျိက စိတ်စွမ်းအား ပိတ်ဆို့မှုအား ရုတ်ချည်း ခံစားမိလိုက်သည်။ တစ်စုံတစ်ခုက သူ့လျို့ဝှက်တိုက်ကွက် ထုတ်ဖော်မှုအား ဖြတ်တောက်ပစ်လိုက်သကဲ့သို့  ဖြစ်၏။

သူက ဘာဖြစ်နေမှန်း သတိမထားမိခင် ငွေရောင်မြစ် တစ်စင်းက ဆင်းသက်လာသည်။

မီတာသုံးထောင်အထက်မှ ငွေရောင်မြစ်ကြီးသည် အားပြင်းပြင်းနှင့် ကျဆင်းလာသည်။

လေဟုန်ဆန်မြစ်က ခြစ်ခြစ်တောက် နေပေါ် ကျရောက်သွားသည့်အခါ အလင်းတန်းများ ဖြာထွက်လာသည်။ အာရုံဖမ်းစားနိုင်လွန်းသည့် အလင်းတန်းက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ကိုင်ကျိ ဖြစ်စေ၊ မိုဝူကျိ ဖြစ်စေ နှစ်ယောက်လုံးက ထိုအလင်းတန်းအတွင်း ရှိနေသည်။

***

All Chapters