← Chapters

မင်း လုပ်ရဲရင် လုပ်ကြည့်စမ်း

Vol. 73 Ch. 1014

မင်း လုပ်ရဲရင် လုပ်ကြည့်စမ်း

Vol. 73 Ch. 1014

သူ့စိတ်နှင့် နှလုံးသားတို့၌ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေလေ၏။ ကိုင်ကျိ စတင်ကျင့်ကြံစဉ်ကတည်းက ယနေ့ကဲ့သို့ ကူကယ်ရာမဲ့ ဖြစ်သည့် အဖြစ်မျိုး မခံစားဖူးပေ။ သူ့စိတ်စွမ်းအားက ဟန့်တားခံထားရပြီး သူ့လျို့ဝှက်တိုက်ကွက်မှာ ကြားဖြတ်ခံလိုက်ရစဉ် သူ့အနေနှင့် အမျိုးအမည်မသိ တုန်လှုပ်မှုနှင့် အကြောက်တရားတို့ကို ခံစားမိလိုက်သည်။

ကိုင်ကျိက သူ့သွေးအဆီအနှစ်ကို နှိုးဆွ၍ မိုဝူကျိ၏ လေဟုန်ဆန်မြစ်နှင့် ဝဲကတော့ စွမ်းအားစက်ကွင်းကို ချိုးဖောက်ဖို့ ကြိုးစားလိုက်သည်။

“ ရွှပ် ” သွေးများက ဖြာထွက်လာပြီးနောက် ကိုင်ကျိက ထိုအလင်းတန်းကြားမှ ထွက်လာနိုင်လိုက်သည်။ သို့သော်လည်း သူက ဆက်လက် မလွတ်မြောက်နိုင်သေးဘဲ ဟင်းလင်းပြင်မှ ပြုတ်ကျလာသည်။

အပေါ်ယံ၌ ကိုင်ကျိသည် အောင်အောင်မြင်မြင် လွတ်မြောက်သွားဟန် ပေါ်သော်လည်း သေချာကြည့်နေသူများသာ ကိုင်ကျိ ရင်ဘတ်ပေါ်က ဒဏ်ရာကို သတိပြုမိကြလိမ့်မည်။

ထိုသွေးဒဏ်ရာမှာ  ကိုင်ကျိ၏ စွမ်းအင်ဗဟိုချက်နှင့် ဝိညာဉ်လမ်းကြောင်းများကို ဖျက်စီးပစ်သည့်အရာ ဖြစ်နေသည်။

“ မင်း …. ” ကိုင်ကျိက မိုဝူကျိအား အားကောင်းနေသည့် အကြောင်းအရင်းကို မေးချင်သော်လည်း သူ့ပါးစပ်ထဲမှ သွေးများဖြင့် သူ့စကားဆုံးအောင် မပြောနိုင်လိုက်ပေ။

ထိုစဉ် သူ့စိတ်ထဲ၌ နောင်တတရားမှလွဲ၍ ကျန်သည့်အရာ မရှိတော့ပေ။

ကိုင်ကျိက သူ့ကိုယ်ပိုင် စွမ်းအားနှင့် ပတ်သတ်၍ အတွေးပေါင်းစုံ ဝင်နေမိသည်။  သူက ဤနယ်လှည့်ကျင့်ကြံသူကို အတော်လေး အထင်သေးမိသွားသည်။ ယခု သူက ထိုအကြောင်း တွေးမိလိုက်သည့်အခါ တစ်ဖက်လူမှာ အားမကောင်းလျှင်  မိုင်ပေါင်းထောင်ချီ ကွာဝေးနေသည့် သူ့တည်ရှိမှုကို မည်သို့ ခံစားမိမည်နည်း။ မိုဝူကျိက သူ့ထက်အရင် ရှေးဦးမူလ ပျားလဘို့ဆီ မည်သို့ ရောက်လာနိုင်မည်နည်း။ မိုဝူကျိက သူ ချန်ထားခဲ့သည့် စိတ်ဝိညာဉ်အမှတ်အသားအကြောင်းကို ရှာတွေ့ပြီးလောက်ပြီး သူ လှုပ်ရှားဖို့ရာ  စောင့်ဆိုင်းနေခြင်းသာ ဖြစ်ရမည်။

နှမြောစရာကောင်းသည်က သူသည် ဤငတိကို အထင်သေးမိသွားသည်။ သူက ဤနယ်လှည့်ကျင့်ကြံသူသည် သူ့လမ်း၌ ချနင်းရမည့် ကျောက်တုံးဖြစ်ဖို့ရာပင် အရည်အချင်း မပြည့်မှီကြောင်း အမြဲ ယုံကြည်ထားသည်။

ယနေ့တွင် သူက  ဤငတိ၏ တိုက်ကွက်တစ်ခုတည်းဖြင့် ရှုံးနိမ့်သွားလေ၏။ ပို၍ ဆိုးဆိုးရွားရွား ပြောရလျှင် ဤငတိ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့တိုက်ကွက်ကိုပင် ရပ်တန့်နိုင်ခဲ့သေး၏။

ကိုင်ကျိက သက်ညှာဖို့ မတောင်းဆိုချင်တော့သည့်အတွက် ဖြည်းဖြည်းချင်း မျက်လုံး ပိတ်လိုက်တော့သည်။ တစ်ဖက်လူက သူ့အသက်ကို ချမ်းသာပေးမည် မဟုတ်ကြောင်း အသေအချာ သိနေသည်။ သူက ဤအဆုံးမဲ့ အမုန်းတရားများနှင့် ဒေါသတရားများက သေခြင်းတရားရှေ့တွင် ဘာဆိုဘာမှ မဟုတ်တော့ကြောင်း သတိပြုမိသွားသည်။ အမျိုးသမီးတစ်ယောက်က မည်မျှ လှပစေကာမူ သေဆုံးပြီးနောက်တွင် သူနှင့် ပတ်သတ်မှု ရှိတော့မည် မဟုတ်ပေ။ နယ်လှည့်ကျင့်ကြံသူ ၂၇၀၅ ကို အပြန်သီးသန့် နတ်ဘုရားဂိုဏ်း၏ သတ်ဖြတ်ခြင်း ခံရခြင်း၊ မခံရခြင်းကား သူနှင့် မဆက်စပ်တော့ပေ။

နောက်ဆုံး သေခြင်းတရား ရှေ့မှောက်၌ ထိုသဘောတရားကို နားလည်သဘောပေါက်သွားခဲ့သည်။

ပုဆိန်လှံရှည် အလင်းတန်း ထွက်ပေါ်လာသည်နှင့် သူ့စိတ်နန်းတော်မှာ ပျက်စီးသွားတော့သည်။ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ချက်ချင်း ဖျက်စီးခံလိုက်ရ၏။

မိုဝူကျိထံ သိုလှောင်လက်စွပ်တစ်ကွင်း ရောက်ရှိလာသည့်အခါ မီးတောက်တစ်ခုက ကိုင်ကျိ ခန္ဓာကိုယ်အပေါ် ကျရောက်လာသည်။

ကောင်းစွာ လေ့ကျင့်ထားသော လှုပ်ရှားမှုက မြင်ကွင်းကို မြင်လိုက်ရသူအပေါင်းကို ဆွံ့အတိတ်ဆိတ်သွားစေသည်။ မူလ ပျားလဘို့ဆီ ဦးတည်နေကြသူများကလည်း သူတို့အပြုအမူများကို သတိချပ်လိုက်ကြသည်။

နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်  ကောင်းကင်နတ်ဘုရား ကျင့်ကြံသူများကြား အဆင့် ၆ ချိတ်ဆွဲထားသော ကိုင်ကျိကား အမည်မသိ လူတစ်ယောက်၏ တိုက်ကွက်တစ်ကွက်တည်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။ မည်သူကများ လှုပ်ရှားရဲမည်နည်း။ လူများစွာက မိုဝူကျိသည် ထိပ်ဆုံး ငါးယောက်အတွင်း ပါဝင်နေသူများလားဟု စဉ်းစားမိကြသော်လည်း မည်သူကမှ ထွက်မမေးရဲပေ။

မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို သိမ်းထာလိုက်ပြီးနောက် စိတ်ထဲ၌ ပျော်ရွှင်မိနေသည်။ သူက ကိုင်ကျိကို သတ်နိုင်ခဲ့၍ မဟုတ်ဘဲ ဖျင်ရွှေ၏ အရေးပါပုံကို သတိပြုမိသွား၍ ဖြစ်ပေသည်။

အကယ်၍ သူသာ ဖျင်ရွှေကို လခြမ်းကွေး ပုဆိန်လှံရှည်ထဲ ထပ်မထည့်ခဲ့လျှင် သူ့အနေနှင့် ကိုင်ကျိအား တစ်ခါတည်းဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ပေ။ သူက ကိုင်ကျိကို မကြောက်သော်လည်း သူ့အနေနှင့် ကိုင်ကျိအား ဖယ်ရှားပစ်ဖို့ရာ  အာကာပြင် လျို့ဝှက်ပညာရပ် သို့မဟုတ် သတ္တကမ္ဘာလက်ချောင်း တိုက်ကွက်တို့ လိုအပ်လောက်၏။

သူက ဖျင်ရွှေကို ထပ်ထည့်လိုက်သည့်အတွက် သူ့အနေနှင့် တိုက်ခိုက်မှုတစ်ခု၌ တိုက်ကွက်နှစ်မျိုး ပေါင်းထားသလို ဖြစ်နေသည်။ ကိုင်ကျိက ကောင်းကင်နတ်ဘုရား အဆင့် ၈ မျှသာ ဖြစ်သည့်အတွက် သူ့ကိုယ်သူ တိုက်ကွက်နှစ်ခု ပါနေသည့် တိုက်ခိုက်မှုကို မည်သို့ ကာကွယ်နိုင်မည်နည်း။

မိုဝူကျိက မူလ ပျားလဘို့ဆီ ပြန်ရောက်လာကာ အသံခပ်ဩဩဖြင့် ကြေညာလိုက်သည်  “ ဒီမူလ ပျားလဘို့နဲ့ ဆယ်ပေအတွင်းမှာ ခြေချမိတဲ့ ဘယ်သူမဆို ဒီလူလိုမျိုး အဆုံးသတ်သွားရမယ် ”

မိုဝူကျိ၏ ပိုင်နက်ကြေညာချက်ကို ကြားပြီး အနီးရှိ တချို့သော  ကျင့်ကြံသူများက မသိမသာ နောက်ပြန်ဆုတ်လိုက်ကြ၏။ အကယ်၍ သူတို့သာ ဆယ်ပေအတွင်း ရှိမနေလျှင်ပင် သူတို့က သူတို့ရှေ့တွင် ရှိနေသော ဤအားကောင်းလှသည့် ကျင့်ကြံသူအား ကြောက်ရွံ့မိကြပေသည်။ ထို့အပြင် သူက ကိုင်ကျိကိုပင် သတ်ရဲသည့် တည်ရှိမှုမျိုး ဖြစ်လေရာ မည်သူကများ သူ့အား ရန်စရဲမည်နည်း။

ကျင့်ကြံသူများက အပြင်ပိုင်း ပျားလဘို့များအတွက် စတင်တိုက်ခိုက်ကြတော့သည်။ မည်သူကမှ မိုဝူကျိအနီးရှိ ပျားလဘို့ အသေးလေးများဆီပင် မသွားရဲကြပေ။

မိုဝူကျိက ဗိုလ်ကျသလို ဖြစ်မည်ကိုလည်း ဂရုမစိုက်တော့ပေ။ ကျင့်ကြံရေး အရင်းအမြစ်များနှင့် ပတ်သတ်လာလျှင် သူက သဘောကောင်းပြမနေနိုင်ပေ။

အကြီးဆုံး ပျားလဘို့ပေါ် မတ်မတ်ရပ်ပြီးနောက် မိုဝူကျိက သူ့ဘေးပတ်လည် နေရာဆီ အစီအရင်အလံများကို ပစ်လွှတ်လိုက်သည်။ လက်ရှိ သူက အဆင့် ၃ သတ်ဖြတ်ရေး အစီအရင်ကို ခင်းကျင်းနေခြင်း ဖြစ်၏။

မိုဝူကျိက ထိုသို့ လုပ်ဆောင်ပြီးနောက် ပျားလဘို့ပေါ် ထိုင်ကာ  ချီသွေးကြော ၁၀၈ ခုလုံးအား စတင် လှည့်ပတ်လိုက်သည်။

ဤနေရာ၌ သူက စွမ်းအားစုစည်းရေး အစီအရင် ခင်းကျင်းဖို့ရာပင် စိတ်ထဲ မရှိပေ။ အကြောင်းမှာ သိပ်သည်းလွန်းသော ရှေးဦး နတ်ဝိညာဉ်စွမ်းအားများက သူ့ဆီ အရူးအမူး ပြေးဝင်နေ၍ ဖြစ်သည်။ ဤသို့သော သန့်စင်သိပ်သည်းလှသော စွမ်းအားများဖြင့် မိုဝူကျိ ခေါင်းအထက်တွင် ဧရာမ ဝဲကယက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

တခြားသူများက သူ့ကျင့်ကြံဆင့်မှတဆင့် မိုဝူကျိ ဖြစ်ကြောင်း သတိထားမိကောင်း သတိထားမိနိုင်သော်လည်း မိုဝူကျိက ဂရုမစိုက်ပေ။

ဘေးပတ်လည်ရှိ ကျင့်ကြံသူများက မိုဝူကျိ၏ ကြောက်ခမန်းလိလိ စုပ်ယူနိုင်စွမ်းကို တွေ့ကာ အားလုံးလည်း စတင် ကျင့်ကြံကြတော့သည်။ ဤနေရာကို ယခင်က ပိတ်လှောင်ထားသောကြောင့် နတ်ဝိညာဉ်စွမ်းအားများကား ကန့်သတ်ချက် ရှိရပေမည်။ မိုဝူကျိ၏ ကျင့်ကြံနှုန်းကို ကြည့်ကာ သူတို့  ခြေတစ်လှမ်း နှေးကွေးနေပါက အခွင့်အရေးကို လက်လွှတ်လိုက်ရမည်သာ ဖြစ်၏။

ဤသည်မှာ မိုဝူကျိအနေနှင့် သန့်စင်လွန်းသည့် နတ်ဝိညာဉ်စွမ်းအားအောက် ကျင့်ကြံခြင်းက မည်မျှ ကြီးကျယ်ကာ သက်တောင့်သက်သာ ဖြစ်သည်ကို ပထမဆုံးအကြိမ် သတိပြုမိခြင်း ဖြစ်၏။ မိုးမြေရှိ အဆုံးမဲ့စွမ်းအားများက သူ့ချီသွေးကြောထံ စီးဝင်လာသည့်အခါ လှည့်ပတ်ခြင်း တစ်ပတ်ဖြင့် အညစ်အကြေးအားလုံးကို ဖယ်ရှားပစ်နိုင်ပေသည်။ သူ့လူသားတာအို၏ စည်းမျည်းက  ကြည်လင်လာကာ စာရွက်ဖြူပေါ် မှင်စက်ကျသည့်အလား ပိုမို ထင်ရှားလာသည်။

“ ဝုန်း ” အတားအဆီး အဟန့်အတားမရှိ မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၁၁ မှ အဆင့် ၁၂ သို့ တက်လှမ်းသွားတော့သည်။

လက်ရှိ သူ့နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းမှာ ပိုမို ပြင်းလာသည့်အတွက် သူ့ခေါင်းအထက်ရှိ ဝဲကယက်မှာလည်း ပိုမို ကြီးမားလာသည်။

အချိန်ကုန်လွန်သွားသည်နှင့် နောက်ကျမှ ရောက်လာသူများလည်း တဖွဲဖွဲ ရောက်ရှိလာကြသည်။ သူတို့က ပျားလဘို့ပေါ် မရောက်သေးလျှင်ပင် အစွန်းအဖျား၌ ကျင့်ကြံခြင်းကပင် တခြားနေရာထက် အဆထောင်ပေါင်းများစွာ ပို၍ ကောင်းပေသည်။

မိုဝူကျိ၏ ဆယ်ပေ ဘေးပတ်လည်ကိုကား မည်သူကမှ ခြေမချရဲကြပေ။

ဉာဏ်နည်းနေသူ မဟုတ်ပါက မိုဝူကျိသည် သွားနှောင့်ယှက်ရမည့်သူ မဟုတ်မှန်း တန်းသိပေလိမ့်မည်။ ဤနေရာတစ်ခုလုံးမှာ ဤမျှအကျယ်သာ ကျယ်ဝန်းသော်လည်း မိုဝူကျိက သူ တစ်ယောက်တည်း အကြီးဆုံး ပျားလဘို့ကို နေရာယူထားသည်။ ထိုမျှတင် မကသေးဘဲ သူက ကာကွယ်ရေး အစီအရင်ကိုလည်း ခင်းကျင်းထားသည့်အတွက် မည်သူကမှ သူ့အား မဆန့်ကျင်ရဲကြပေ။ သူတို့ ရောက်လာသည်နှင့် မည်သူကများ မိုဝူကျိဆီ သွား၍ နှောင့်ယှက်ကြမည်နည်း။

မိုဝူကျိက သူ့ကျင့်ကြံဆင့် ဆက်တိုက် တက်လာသည်ကို ခံစားမိသည်။ သူက တစ်လတာအတွင်း ကနဦး နတ်ဘုရားအဆင့်ကိုပင် ကျော်လွန်ကာ ကောင်းကင်နတ်ဘုရားအဆင့် ရောက်သွားလိမ့်မည်ဟု သံသယဝင်လာမိသည်။

လဝက်တာ ကြာမြင့်သွားပြီးနောက် သက်ပြင်းအရှည်ကြီးကို ကြားလိုက်ရသည်။ ခရမ်းဝတ်ရုံဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက သူ့မှော်ရတနာကို ဆွဲထုတ်ရင်း မတ်တတ်ထရပ်လိုက်သည်။

အားကောင်းသော နတ်စွမ်းအားများက သူ့ခန္ဓာကိုယ်ပတ်လည် ဖြစ်တည်နေသည်။ သူ့အရှိန်အဝါမှာလည်း အချိန်ကြာလာသည်နှင့် ပို၍ အားကောင်းလာသည်။

ထိုကောင်းကင်နတ်ဘုရားအဆင့်နှင့် နီးကပ်နေသည့် ကျင့်ကြံသူတချို့က မြန်မြန် နောက်ဆုတ်လိုက်ကြသည်။

လူအုပ်ကြီးက ထိုခရမ်းဝတ်ရုံနှင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအား အားကျစွာ ကြည့်လိုက်ကြသည်။ ထိုသူက နတ်ဘုရား အုပ်စိုးသူအဆင့် တက်လှမ်းတော့မည် ဖြစ်၏။ ရှေးဦးမူလ စွမ်းအင်များ ရှိရာ  ဤနေရာတစ်ခုတည်း၌ အပြင်အကူအညီ မပါရှိဘဲ နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းနိုင်လိမ့်မည်။ ဤနည်းဖြင့် အဆင့်တက်လှမ်းခြင်းက အုပ်စိုးသူဖြစ်တည် ဆေးလုံးကို အသုံးပြုခြင်းထက် ပို၍ ကောင်းမွန်ပေသည်။

နတ်ဘုရားအုပ်စိုးသူများကို ဝင်ခွင့် မပြုထားသောကြောင့် ဤလူသာ နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်သွားလျှင် မည်သူကများ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်မည်နည်း။ ပထမနေရာမှာ ထိုလူအပိုင်သာ ဖြစ်သွားလိမ့်မည်။

ထိုခရမ်းဝတ်ရုံနှင့် အမျိုးသား ထရပ်လိုက်ပြီးနောက် မိုးကြိုးချက်များက ဆက်တိုက် ကျရောက်လာသည်။

မိုးကြိုးချက်များ ကျရောက်လာသည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်မှ သွေးမြူများ ထွက်လာသော်ငြား ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်အား အချိန်တိုအတွင်း ပြန်လည် ကုသပေးနေသည်။

တချို့သော  ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ရှိ ကျင့်ကြံသူများက သူတို့လည်း အဆင့်တက်လိုတက်ငြား မျှော်လင့်ချက်ဖြင့် အတားအဆီးမရှိ နတ်ဝိညာဉ်စွမ်းအားများအား အသည်းအသန် စုပ်ယူနေကြသည်။ ဤနေရာနှင့် ယှဉ်လျှင် တခြားနေရာများက နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းရန်အတွက် မည်သို့ ပို၍ သင့်တော်မည်နည်း။

“ ဝုန်း ဝုန်း  ” မိုးကြိုးချက်များက ပိုမို ကျရောက်လာကာ သွေးမြူများလည်း ဆက်တိုက် ဖြစ်ပေါ်လာသည်။ သို့သော်လည်း မိုးကြိုးစမ်းသပ်ချက် ခံယူနေသော ထိုကောင်းကင်နတ်ဘုရား ကျင့်ကြံသူ၏ စွမ်းအားများက ပို၍ အားကောင်းလာသည်။

နောက်ဆုံး မိုးကြိုးချက် ကျဆင်းလာပြီး  ဝိညာဉ်တိမ်တိုက် တစ်ခု ဖြစ်ပေါ်လာသည့်အခါ ထိုလူက လေအေးများ မှုတ်ထုတ်လိုက်တော့သည်။

ယခင် သူက မိုဝူကျိကို ကြောက်ရွံ့ခဲ့သော်လည်း ယခုအခါ နတ်ဘုရား အုပ်စိုးသူအဆင့် တက်လှမ်းသွားပြီ ဖြစ်ရာ မိုဝူကျိအား အာရုံစိုက်စရာ မလိုတော့ပေ။

တစ်ရက်အတွင်း ထိုနတ်ဘုရားအုပ်စိုးသူက သူ့ကျင့်ကြံဆင့် အခြေတည်ဖို့ရာပင် မစောင့်နိုင်တော့ဘဲ မိုဝူကျိ၏ ကာကွယ်ရေး အစီအရင် အပြင်ဘက်သို့ သွားလိုက်သည်။

လက်တစ်ချက် အဝှေ့ဖြင့် သူက မှော်ရတနာကို ဆွဲထုတ်လိုက်သည်။ မိုဝူကျိ၏ အဆင့် ၃ သတ်ဖြတ်ရေး အစီအရင်မှာ သူ့တိုက်ခိုက်မှုအား ကာကွယ်မပေးနိုင်သောကြောင့် ချက်ချင်း ပျက်စီးသွားသည်။

အားလုံးက မိုဝူကျိကို ကြည့်လိုက်ကြသည်။ အားလုံးက မျှော်လင့်ထားမိပြီးသား ဖြစ်၏။ ထိုကောင်းကင်နတ်ဘုရား မိုးကြိုးစမ်းသပ်ချက် ခံယူပြီး နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းနိုင်သည်နှင့် မိုဝူကျိ၏ နေရာကို လုမည်မှာ ကျိန်းသေလှသည်။

လူအများအပြားက မိုဝူကျိ၏ ဉာဏ်ရည်ကို သံသယ ဝင်လာမိကြသည်။ အကယ်၍ သူတို့သာ မိုဝူကျိ ဖြစ်နေလျှင် ဤနေရာ၌ နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းမည်ကို ခွင့်ပြုထားမည် မဟုတ်ပေ။ တစ်စုံတစ်ယောက်က တက်လှမ်းနိုင်သည်နှင့် အလယ်တည့်တည့် နေရာမှာ မိုဝူကျိနှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။

မိုဝူကျိက မျက်လုံးကို ဖွင့်လိုက်ရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့ရှေ့ လခြမ်းကွေး ပုဆိန်လှံရှည် အလိုလို ပေါ်လာသည်။

ကနဦး နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်စွမ်းအားများက သူ့ချီသွေးကြောအတွင်း ထွက်ပေါ်လာသည်။ သူက နတ်ဘုရား အသွင်သဏ္ဍာန် မရှိသော်လည်း သူက ကောင်းကင်နတ်ဘုရားအဆင့်ကို အာရုံခံမိနေပြီ ဖြစ်၏။ သူသာ အလိုရှိလျှင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။

မိုဝူကျိက ခရမ်းဝတ်ရုံနှင့် ကျင့်ကြံသူမှာ မိုးကြိုးစမ်းသပ်ချက် ခံယူထားသည်မှန်း ကောင်းကောင်း သိပေသည်။ တစ်ဖက်လူက သူ့အား မနှောင့်ယှက်သောကြောင့် သူ့ အဆင့်တက်နေစဉ်အတွင်း တားဆီးရန် စိတ်ကူး မရှိပေ။

သို့သော်လည်း  သူက ခရမ်းဝတ်ရုံနှင့် ကျင့်ကြံသူ အဆင့်တက်ပြီးသည်နှင့် သူ့နေရာ လာလုမည်ကို စိုးရိမ်မိသောကြောင့် မိုဝူကျိက အဆင့်မတက်သေးဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူက တစ်ဖက်လူ ရောက်ရှိလာဖို့ စောင့်ဆိုင်းနေမိသည်။ အကယ်၍ ထိုလူသာ သူ့နေရာကို လာလုခဲ့လျှင် မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက်နှင့် ယှဉ်လျှင်  သူ့နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်သည် ဘာမှမဟုတ်သေးကြောင့် သိသွားလိမ့်မည်။

“ ငါက ကျင့်ကြံသူများ အစုအရုံး အဖွဲ့က လီဝူကျန့်ပဲ ” ခရမ်းဝတ်ရုံနှင့် အမျိုးသားက မိုဝူကျိအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

မိုဝူကျိက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်  “ မင်းက ငါ့ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပစ်ပြီးတော့ ငါ့ပိုင်နက်ထဲ ရောက်နေပြီ ”

လီဝူကျန့်က ကျယ်လောင်စွာ အော်ရယ်မောလိုက်ပြီး  “ ဟုတ်တာပေါ့ …မင်း မှန်တယ်။ ငါ အခု ဒီပျားလဘို့ကို သုံးတော့မယ်ဆိုတာ မင်း သိရအောင်လို့။ မင်း ကိုင်ကျိဆီက ရထားတဲ့ ပစ္စည်းနဲ့ မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေးပြီး ထွက်သွားစမ်း ”

အားကောင်းကောင်း စွမ်းအားကို ခံစားမိလေရာ မိုဝူကျိက သူ့သာ ပစ္စည်းများကို ပေးပြီးသည်နှင့် တစ်ဖက်လူက တန်းတိုက်ခိုက်မည်မှန်း မည်သို့ မသိဘဲ နေမည်နည်း။

လီဝူကျန့် လှုပ်ရှားဖို့ပင် စောင့်ဆိုင်းမနေဘဲ မိုဝူကျိက သူ့ဝဲကတော့ စွမ်းအားစက်ကွင်းကို အရင်ဦးစွာ ထုတ်လိုက်သည်။ လခြမ်းကွေး ပုဆိန်လှံရှည်မှ နောက်ထပ် အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။

“ မင်းက တိုက်ရဲတယ်လား ” လီဝူကျန့် တစ်ယောက်တည်း အံ့ဩသွားခြင်း မဟုတ်ပေ။ တခြားသော ကျင့်ကြံသူအားလုံးလည်း အတူတူ အံ့ဩကုန်ကြသည်။ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်နေလျှင်ပင် ကောင်းကင်နတ်ဘုရား တစ်ယောက်က နတ်ဘုရားအုပ်စိုးသူနှင့် ယှဉ်၍ ရမည်လား။ ကောင်းကင်နတ်ဘုရားအဆင့်က နတ်ဘုရားအုပ်စိုးသူကို အဘယ်ကြောင့် ဦးဆုံး တိုက်ခိုက်နေရသနည်း။

သူက သေချင်နေတာလား ….

***

All Chapters