← Chapters

ကောင်းကင်နတ်ဘုရားအဆင့်

Vol. 73 Ch. 1015

ကောင်းကင်နတ်ဘုရားအဆင့်

Vol. 73 Ch. 1015

လီဝူကျန့်က ဒေါတသကြီးဖြင့် မှော်ရတနာပင် အသုံးမပြုဘဲ မိုဝူကျိဆီ ပြေးဝင်သွားသည်။ သူက မိုဝူကျိအား ကောင်းကင်နတ်ဘုရားနှင့် နတ်ဘုရားအုပ်စိုးသူအဆင့်ကြားရှိ ခြားနားချက်ကြီးကို ကြုံတွေ့ခံစားစေလိုနေမိသည်။

“ ဝုန်း ” လီဝူကျန့်က လှုပ်ရှားလိုက်သည်နှင့် ဝေဟင်ထက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

လီဝူကျန့်က တစ်ဖက်လူသည် မိုးကြိုးချက်များအား အသုံးချ၍ သူ့အား ရင်ဆိုင်ရန် ကြံစည်နေကြောင်း သတိပြုမိသွားသည်။

လီဝူကျန့်က နတ်ဘုရားအုပ်စိုးသူ မိုးကြိုးစမ်းသပ်ချက် ခံယူပြီးခါစ ဖြစ်ကာ မိုးကြိုးချက်များကို အနည်းငယ် ထိတ်လန့်နေမိသေး၏။ သူက မှော်ရတနာ စိတ်ကူးယဉ် ဓားသွားကို ကိုင်ဆွဲလိုက်သည်။ ဆက်တိုက်ဆိုသလို သူက နောက်ဆုတ်ရန် ပြင်လိုက်သည်။

သူက နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်နေသော်လည်း မိုဝူကျိ တစ်ယောက် နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုုးစမ်းသပ်ချက် ခံယူနေစဉ် ဝင်မပါလိုပေ။

မိုဝူကျိက တစ်ဖက်လူကို အဘယ်ကြောင့် အလွှတ်ပေးမည်နည်း။ သူက တိုက်ခိုက်တော့မည့်ဆဲဆဲတွင် လီဝူကျန့်က ရုတ်ချည်း ရပ်ကာ မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း  “ မင်းက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူလား။ ကနဦး နတ်ဘုရားအဆင့်လေးက ကိုင်ကျိကို  ဖယ်ရှားပစ်နိုင်တယ်ပေါ့ ”

လက်ရှိ ကောင်းကင်နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်၏ စည်းမျည်းများကို လီဝူကျန့်က ဖမ်းဆုပ်မိလိုက်၏။ သူ့ရှေ့တွင် ရှိနေသော ဤကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ပေါက်စလေးက ကောင်းကင်နတ်ဘုရားအဆင့် မိုးကြိုးစမ်းသပ်ချက်ကို ခံယူမည် ဖြစ်၏။

ပြောရမည်ဆိုလျှင် မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို မဖုံးကွယ်ထားပေ။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အမှန် ဖြစ်ပေသည်။ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်က  နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ မဟာကောင်းကင်နတ်ဘုရားအဆင့် ၆ ဖြစ်သည့် ကိုင်ကျိအား အဆုံးသတ်ပစ်လိုက်သည့် ကိစ္စကား  တခြားသူများအား ပြန်ပြောပြလျှင်ပင် ယုတ္တိမတန်ချေ။

လီဝူကျန့်က နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်နေပြီ ဖြစ်၏။ အကယ်၍ သူက ကောင်းကင်နတ်ဘုရားအဆင့် မိုးကြိုးစမ်းသပ်ချက်လောက်ကို ကြောက်ရွံ့နေလျှင် သူ့နှစ်များစွာ ကျင့်ကြံလာရသော ကျင့်ကြံခြင်းများက အလကား ဖြစ်သွားပေလိမ့်မည်။

လီဝူကျန့်က နောင်တ မရမည့် ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက နောက်မဆုတ်ရုံသာမက သူ့စိတ်ကူးယဉ် ဓားသွားကို နှိုးဆွကာ မိုဝူကျိဆီ ပြေးဝင်သွားသည်။

ကောင်းကင်နတ်ဘုရားအဆင့် မိုးကြိုးချက်များ သူ့အပေါ် ကျရောက်လျှင်ပင် ဘာမှ ဖြစ်မည် မဟုတ်ပေ။

“ ဘန်း ” မိုးကြိုးချက် ကိုးချက် ဆက်တိုက် ကျရောက်ပြီးနောက် မိုဝူကျိက မိုးကြိုးချက်မှ တိုက်ခိုက်မှုများအား လျစ်လျူရှုထားလိုက်တော့သည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို လီဝူကျန့်၏ ဓားသွားဖြင့် ဟန့်တားခံရပြီးနောက် သူက လက်ဟန်တချို့ကို ထုတ်ဖော်လိုက်သည်။ အာကာပြင် နှစ်ခုမှာ နှစ်မျိုး ကွဲသွားကာ တစ်ဖက်မှာ မီးခိုး ဖြစ်ကာ တစ်ဖက်တွင် အဖြူရောင် ဖြစ်၏။

မျက်စိဖြင့် မမြင်နိုင်သည့် ယင်ယန် စက်ဝန်း ဖြစ်တည်လာသည်။

သေခြင်းတရား စွမ်းအားများ ပြန့်လာပြီး အသက်ဓာတ်များက ဆက်တိုက် စုပ်ယူခံနေရသည်။

လျို့ဝှက်တိုက်ကွက်ဆိုတာ ဘာလဲ ...

လီဝူကျန့်က အားပြင်းပြင်း သေခြင်းတရား အငွေ့အသက်များကို ခံစားမိလိုက်သည်။ ထိုစဉ် သူ့စိတ်ကူးယဉ် ဓားအလင်းတန်းက ပုဆိန်လှံရှည် အလင်းတန်းကို ဖြတ်ကာ မိုဝူကျိ ခန္ဓာဆီ ကျရောက်လာသည်။

မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည်က လီဝူကျန့်အပေါ်တွင်လည်း သက်ရောက်မှု ရှိ၏။ ကိုင်ကျိနှင့် နှိုင်းယှဉ်လျှင် သူ့ပုဆိန်လှံရှည်မှာ လီဝူကျန့်၏ စိတ်ကူးယဉ် ဓားအလင်းတန်းအား မဖျက်စီးပစ်နိုင်ပေ။

စိတ်ကူးယဉ် ဓားသွားကို လခြမ်းကွေး ပုဆိန်လှံရှည်မှ ကာဆီးနိုင်လိုက်သော်လည်း ဓားအလင်းတန်းက မိုဝူကျိ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ချန်ထားနိုင်လိုက်သည်။

အကယ်၍ မိုဝူကျိက ဦးဆုံးတိုက်ခိုက်သူ မဖြစ်ခဲ့လျှင် စိတ်ကူးယဉ် ဓားသွား၏ အလင်းအများစုကို တားဆီးလိုက်နိုင်မည် မဟုတ်ချေ။

အကယ်၍ သူ့မိုးကြိုးစမ်းသပ်ချက် ခံယူနေစဉ်အတွင်း မဟုတ်လျှင် မိုဝူကျိ၏ ဝိဇ္ဇာတပိုင်း ရုပ်ခန္ဓာအဆင့်ဖြင့်ပင် ထိုဓားအလင်းတန်းချက်အောက်တွင် နှစ်ပိုင်း ပြတ်သွားနိုင်သည်။ နတ်ဘုရားအုပ်စိုးသူနှင့် နှိုင်းယှဉ်လျှင် ကနဦးနတ်ဘုရားအဆင့် ဖြစ်သည့် သူက အမှန်ပင် အားနည်းလှသည်။ သူက အားအကောင်းဆုံး ကနဦး နတ်ဘုရားအဆင့် ဖြစ်သော်လည်း သူနှင့် နတ်ဘုရားအုပ်စိုးသူကြားတွင် ကမ္ဘာခြားလောက်အောင် ကွာဟနေသေး၏။

လီဝူကျန့်က မိုဝူကျိအား ဓားတစ်ချက်ဖြင့် ထိခိုက်ဒဏ်ရာ လုပ်နိုင်ခဲ့သည်။ အကယ်၍ သူတို့ ဆက်တိုက်လျှင် လီဝူကျန့်က သူ့အားအကောင်းဆုံး လျို့ဝှက်တိုက်ကွက်များ ထုတ်သုံးပေလိမ့်မည်။ အကယ်၍ ထိုသို့သာ လုပ်ဆောင်ခဲ့လျှင် မိုဝူကျိအနေနှင့် မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ရာ အခွင့်အရေး  ရှိတော့မည် မဟုတ်ချေ။

သို့သော်လည်း သူတို့က ဆက်လက် မလုပ်နိုင်လောက်တော့ပေ။

မိုးကြိုးကိုးချက် ခံယူပြီးနောက် လီဝူကျန့် ခန္ဓာကိုယ်မှာ မိုဝူကျိထက် အဆင့်များစွာ နိမ့်ကျကြောင်း သံသယ ဖြစ်ဖွယ် မရှိပေ။ ထို့အပြင် မိုဝူကျိက ကျင့်ကြံဖို့ရာအတွက် လျှပ်စီးအဆီအနှစ်များကို စုပ်ယူနိုင်သေး၏။ တစ်ဖက်တွင် လီဝူကျန့်က မိုးကြိုးချက်များကို ကာကွယ်ရုံသာ တတ်နိုင်ပေသည်။

ထိုအခိုက်အတန့်လေး၌ လီဝူကျန့်က မိုဝူကျိသည် သူနှင့် ရင်ဆိုင်ရန် မိုးကြိုးစမ်းသပ်ချက် ခံယူသည့် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။

ဒါက ဘယ်လိုလုပ် ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်နိုင်မှာလဲ …. နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်ထက်ပင် သုံးဆမက အားကောင်းနေသည် မဟုတ်ပါလော။

မိုးကြိုးချက် ဒုတိယအသုတ် ကျရောက်လာသည့်အခါ လီဝူကျန့်က အမှန်ပင် ကြောင်အမ်းသွားတော့သည်။ မိုးကြိုး ၁၈ ချက်လုံး၌ သေစေလောက်သည့် စွမ်းအားများ ယူဆောင်ကာ ဆင်းသက်လာသည်။ ဤသည်က ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရန် ခံယူရမည့် မိုးကြိုးစမ်းသပ်ချက်မျိုး မဟုတ်ပေ။ နတ်ဘုရားအုပ်စိုးသူတစ်ယောက် လောကနတ်ဘုရားအဆင့် တက်လှမ်းရာ၌ ခံယူရမည့် မိုးကြိုးစမ်းသပ်ချက်ပင် ဤမျှလောက် ကြောက်ဖို့ ကောင်းမည် မဟုတ်လောက်ချေ။

သူ့အပြုအမူများကို နောင်တရရန် နောက်ကျသွားလေပြီ။ ယခု သူ လုပ်ချင်သည်က ထိုမိုးကြိုးချက်များကို ကာကွယ်ရင်း ဝေးဝေးသို့  မြန်မြန် ထွက်ပြေးဖို့ရာသာ ဖြစ်၏။ သူ့ရှေ့တွင် ရှိနေသောသူက စိတ်ရောဂါ ဖြစ်နေခြင်းသာ ဖြစ်လိမ့်မည်။ သူ့မိုးကြိုးစမ်းသပ်ချက်များက ဤမျှ ကြောက်မက်ဖွယ် ကောင်းနေလေရာ သူက လျစ်လျူရှုထားရင်း လက်ဟန်များပင် ထုတ်ဖော်နေသေး၏။

လီဝူကျန့်က မိုးကြိုးချက်များ၌ ရုန်းကန်လှုပ်ရှားနေစဉ် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်တက်နေသည်။

လက်ရှိ မိုဝူကျိက ကောင်းကင်နတ်ဘုရားအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် တက်လှမ်းလိုမိသည်။ မဟုတ်လျှင် ဤမိုးကြိုးစမ်းသပ်ချက်၌ သူ့အသက်လေးပင် ပျောက်ဆုံးသွားနိုင်၏။

“ ဝုန်း ဝုန်း ဝုန်း ” မိုးကြိုး တတိယအသုတ်တွင် တုတ်ခိုင်ကြမ်းတမ်းသော မိုးကြိုးချက် ၃၆ ချက် ပါဝင်သည်။ လီဝူကျန့်က နောက်ဆုတ်ဖို့ရာ မတွေးနိုင်တော့သည့်အချိန်လည်း ဖြစ်ပေသည်။ ဤမိုးကြိုးစမ်းသပ်ချက်အောက်၌ သူ ပိတ်မိသွားသည်နှင့် မည်သို့ လွတ်မြောက်အောင် သွားနိုင်တော့မည်နည်း။

ထိုစဉ် မိုဝူကျိကို သတ်ဖို့ရာ မဆိုထားနှင့်။ ဤမိုးကြိုးစမ်းသပ်ချက်၌ အသက်ရှင်ကျန်ရစ်နေလျှင်ပင် အံ့ဖွယ် ဖြစ်နေလောက်ပြီ။

“ ရွှပ် ” မိုဝူကျိ၏ ခန္ဓာကိုယ်သည်လည်း သွေးများ ထွက်နေသည်။ သူ့ခန္ဓာကိုယ်မှာ ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်ကာ လျှပ်စီးအဆီအနှစ်များကို စုပ်ယူနိုင်သော်လည်း သူက အသက်ရှင်ရုံမျှသာ ဖြစ်၏။

ကံကောင်းစွာဖြင့် မိုးကြိုးချက်တိုင်းက သူ့အင်အားကို နောက်တဆင့် တိုးလာစေသည်။ ထို့အပြင် ရှေးဦးမူလ စွမ်းအင်များက သူ့အား သူ့ချီသွေးကြော အပြည့်အဝ လှည့်ပတ်နိုင်စေရန် ထောက်ပံ့ပေးထားသည်။

အသက်ဓာတ် လမ်းကြောင်းကလည်း သူ့အသက်ရှင်နိုင်ခြေအား လီဝူကျန့်ထက် ပိုများအောင် ပံ့ပိုးပေးနေသည်။

မိုဝူကျိ၏ အင်အား တိုးလာမှုနှင့် ယှဉ်လျှင် လီဝူကျန့်အပေါ် ကျရောက်နေသည့် မိုးကြိုးချက်တိုင်းက သူ့အား မျှော်လင့်ချက် ကုန်ခမ်းသွားစေသည်။ လီဝူကျန့်အနေနှင့် နောင်တ ရနေ၍ မဖြစ်သောကြောင့် စိတ်ထဲ၌ အသက်ဆက်ရှင်ဖို့ရာသာ အာရုံစိုက်ထားပေသည်။

သူက တတိယအသုတ် မပြီးဆုံးခင် စတုတ္ထမြောက် မိုးကြိုး ၄၈ ချက်ကား ကျရောက်လာနေပြီ ဖြစ်၏။

ဒါက ဘယ်လို မိုးကြိုးစမ်းသပ်ချက်မျိုးလဲ …. ဒီလူက မိုးကြိုးနတ်ဘုရား “ သော” ကိုများ ရန်စထားလို့လား ….

မဟုတ်ရင် မိုးကြိုးစမ်းသပ်ချက်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့  မိုးကြိုးချက်တွေ ကျရောက်လာဖို့ လိုလို့လား ….

လီဝူကျန့်က ထိုမိုးကြိုးချက်များကိုသာ ကူကယ်ရာမဲ့စွာ ကြည့်လိုက်တော့သည်။ သူက နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းခါစ ဖြစ်ကာ သူ့အနေနှင့် ဤမိုးကြိုးစမ်းသပ်ချက်၌ သေဆုံးရတော့မည် ဖြစ်၏။ သူက နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက်၌ အသက်ရှင်ကျန်ရစ်ပြီး ကောင်းကင်နတ်ဘုရား မိုးကြိုးစမ်းသပ်ချက်၌ သေဆုံးရမည့် ပထမဆုံးသူ ဖြစ်လာလောက်သည်။

မိုဝူကျိက ချီသွေးကြော ၁၀၈ ခုအား အသည်းအသန် လှည့်ပတ်နေသည်။ သူ့ခန္ဓာကိုယ်မှာ မိုးကြိုးချက်များကြောင့် ဒဏ်ရာပလပွ ဖြစ်နေသော်လည်း သူက အင်အား တိုးလာစေရန် နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သေး၏။

“ ဝုန်း ” စတုတ္ထမြောက် မိုးကြိုးချက် ကျဆင်းလာသည်နှင့် ကောင်းကင်နတ်ဘုရား အတားအဆီးများအားလုံးက ကြေပျက်သွားလေသည်။ အဆုံးမဲ့ နတ်ဝိညာဉ်စွမ်းအားများ စီးဝင်လာကာ နတ်သဘာဝ စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။

မိုဝူကျိ ကောင်းကင်နတ်ဘုရားအဆင့် ရောက်သည်နှင့် သူ့ရုပ်ခန္ဓာကိုယ် ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်။

“ ဝုန်း ” မိုဝူကျိက ရုပ်ခန္ဓာကျင့်စဉ် လှည့်ပတ်နေစဉ် အင်မတန် သန့်စင်လှသည့် ရှေးဦးမူလ စွမ်းအင်များက မိုဝူကျိ၏ အရိုးနှင့်အသားများကို အစိုဓာတ် ဖြည့်ပေးနေသည်။

မိုဝူကျိ၏ ကျိုးနေသော အရိုးများက ချက်ချင်း ပြန်ကောင်းလာကာ ပျက်စီးသွားသော အသားများကလည်း နဂိုအခြေအနေအတိုင်း ပြန်ဖြစ်လာသည်။

မိုဝူကျိက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူက မိုးကြိုးချက်များကြား ရုန်းကန်နေရသည့် လီဝူကျန့်ကို မေ့သွားလေပြီ။ သူက ကောင်းကင်နတ်ဘုရားအဆင့်ထဲ ရောက်သည်နှင့် ဝိဇ္ဇာရုပ်ခန္ဓာအဆင့်အား တပြိုင်နက် တက်လှမ်းနိုင်လိမ့်မည်ဟု မထင်ထားပေ။

အမှန်တော့ မိုဝူကျိတစ်ယောက် ရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံလိုက်ချိန် နတ်ဘုရားကုန်းမြေ သို့မဟုတ် နတ်ဘုရားနယ်မြေလို နေရာမျိုး၌ ဝိဇ္ဇာအဆင့် တက်လှမ်းနိုင်လိမ့်မည်ဟု မထင်ထားမိပေ။ ဤနေရာရှိ စည်းမျည်းများက မပြီးပြည့်စုံသောကြောင့် သဟဇာတ နတ်ဘုရားအဆင့် တက်လှမ်းဖို့ရာပင် အင်မတန် ခက်ခဲလှသည်။ သူက ဝိဇ္ဇာ ရုပ်ခန္ဓာအဆင့် မည်သို့ ရောက်သွားနိုင်မည်နည်း။

ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများတွင် ရှေးဦးမူလ စွမ်းအင်များ ပါဝင်နေရုံသာမက ကောင်းကင်ကို ထပ်ခြမ်း ခြမ်းပစ်နိုင်သည့် စည်းမျည်းများလည်း ရှိနေသည်။ ထိုစည်းမျည်းများက သူ မြင်ဖူးသမျှအထဲ အရှင်းလင်းဆုံး ဖြစ်၏။

ထိုစည်းမျည်းများအောက်တွင် ဝိဇ္ဇာ ရုပ်ခန္ဓာအဆင့် တက်လှမ်းသွားနိုင်ခဲ့သည်။ ဤသည်မှာ သူ့အတွက် ကံကောင်းမှုကြီး ဖြစ်၏။

စတုတ္ထမြောက် မိုးကြိုးချက်များ ကျဆင်းလာပြီးနောက် လီဝူကျန့်မှာ အသက် မျှော့မျှော့သာ ကျန်ရှိတော့သည်။ သူက စတုတ္ထမြောက် မိုးကြိုးချက်များကို ကြည့်ပြီး အသက်ရှင်ဖို့ရာ လက်လျော့လိုက်ပြီ ဖြစ်၏။ ငါးကြိမ်မြောက်နှင့် ခြောက်ကြိမ်မြောက် မိုးကြိုးချက်များက သူ့အား အကြောက်တရား ပိုတိုးလာစေမည်သာ ဖြစ်ပေသည်။

သူ့အား အံ့ဩသွားစေသည်က ငါးကြိမ်မြောက် မိုးကြိုးချက်များသည် တတိယအကြိမ်လောက်ပင် အားမပြင်းတော့ပေ။ ထို့နောက် ခြောက်ကြိမ်မြောက်နှင့် ခုနှစ်ကြိမ်မြောက်လည်း ကျဆင်းလာသည်။

ပို၍ အားနည်းနည်းလာပြီး နောက်ဆုံးတွင် အဆုံးသတ်သွားလေသည်။

မိုးကြိုးစမ်းသပ်ချက် ဆက်တိုက် ကျဆင်းပြီးနောက် အားနည်းလာသည့် မိုးကြိုုးချက်ဟူ၍ ရှိသည်လား။ မည်သို့ပင် ဆိုစေကာမူ သူက မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပေသည်။

လီဝူကျန့်က ဒူးဒရွတ်ဆွဲ ထွက်လာသည်။ သူက ဤနေရာမှ မြန်မြန် ထွက်သွားချင်မိသည်။

သူ့လက်ရှိ အနေအထားဖြင့် ထွက်ပြေးလိုလျှင် တွားသွားပြီးတော့သာ လုပ်နိုင်တော့သည်။

“ ခင်ဗျားက ထွက်သွားဖို့ ကြိုးစားနေသေးတာလား ” မိုဝူကျိက လီဝူကျန့်ရှေ့တွင် ပေါ်လာသည်။ သူ့ဘေးတွင် မီးခိုးရောင် ပုဆိန်လှံရှည် တစ်လက် ရှိနေသည်။

“ တာအိုရောင်းရင်း ကျုပ် တောင်းပန်ပါတယ်။ ကျုပ် လီဝူကျန့် စောစောလေးက အမှားလုပ်မိသွားပါတယ်။ ကျုပ် သိုလှောင်လက်စွပ်ကိုလည်း ပေးပါ့မယ်။ ကျုပ်အသက်လေးကိုပဲ ချမ်းသာပေးပါ ” လီဝူကျန့်က မြန်မြန် ဖြေလိုက်သည်။

မိုဝူကျိအား ဖိအားပေးရန် ကျင့်ကြံသူများအစုအရုံး အဖွဲ့အား သုံးဖို့ရာ သူက တွေးပင် မတွေးမိပေ။ ဤလူက အပြန်သီးသန့် နတ်ဘုရားဂိုဏ်း၏ ကိုင်ကျိကိုပင် သတ်ရဲလေရာ ကျင့်ကြံသူများ အစုအရုံးအဖွဲ့အား အဘယ်ကြောင့် ကြောက်နေမည်နည်း။

“ အရမ်းကောင်းတယ် … ခင်ဗျားရဲ့ တောင်းပန်မှုကို လက်ခံလိုက်မယ် ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည်။

လီဝူကျန့်က စိတ်သက်သာရာ သက်ပြင်းသာ ချလိုက်တော့သည်။ သူ့အသက်လေး ရှိနေသရွေ့ အဆင်ပြေပေသည်။ သူက သိုလှောင်လက်စွပ်ကို ချွတ်ပေးတော့မည့်ဆဲဆဲတွင် သူ့နဖူးအထက်၌ အေးစက်စက် ဖြစ်သွားပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် အမှုန့်ဖြစ်သွားတော့သည်။ သူ့ဘဝတွင် နောက်ဆုံးသော စကားကို ကြားလိုက်ရသေး၏  “ သိုလှောင်လက်စွပ်ကို ငါ့ဘာသာ ယူလိုက်မယ်။ မင်း အလုပ်ရှုပ်ခံစရာ မလိုပါဘူး ”

မိုဝူကျိက မိုးကြိုးစမ်းသပ်ချက်အား အသုံးချကာ လီဝူကျန့်အား ဖယ်ရှားလိုက်ပြီး ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းသွားသည်ကို မြင်သည့်အခါ ဘေးမှလူအားလုံးက ဆွံ့အကုန်ကြသည်။ မိုဝူကျိသည် ကောင်းကင်နတ်ဘုရားအဆင့် တက်လှမ်းလိမ့်မည်ဟု မည်သူကမှ မထင်ထားမိပေ။ အားလုံးနီးပါးက မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက် ခံယူပြီး နတ်ဘုရားအုပ်စိုးသူ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ထားကြသည်။

မဟုတ်လျှင် ဒါက ဘယ်လို မိုးကြိုးစမ်းသပ်ချက်မျိုးလဲ ….

သူတို့က နတ်ဘုရားအုပ်စိုးသူ မဟုတ်သောကြောင့် မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက် နယ်နမိတ်အတွင်း မဝင်ရောက်ကြပေ။ ထို့ကြောင့် သူတို့က မိုးကြိုးစမ်းသပ်ချက်မှ မိုးမြေစည်းမျည်းများကို အာရုံမခံမိကြခြင်း ဖြစ်၏။

ထိုစဉ် မိုဝူကျိက လီဝူကျန့်ကို သတ်လိုက်ပြီးနောက် အားလုံးကို လှည့်ကြည့်လိုက်သည့်အခါ အားလုံးက အကြည့်ကို ရှောင်လိုက်ကြပြီး ဆက်လက် ကျင့်ကြံနေကြတော့သည်။

အနည်းဆုံးတော့ သူတို့က ထိုလူသည် သူ့အား ရန်မစမချင်း စ၍ မတိုက်ခိုက်မှန်း သိလိုက်ရသည်။

လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် မိုဝူကျိက အစီအရင်အလံများကို ထုတ်လိုက်သည်။ သူက သတ်ဖြတ်ရေး အစီအရင်ကို ပြုပြင်ပြီးနောက် သူ့ကျင့်ကြံရေးကို အခြေကျအောင် ကြိုးစားလိုက်သည်။

သူက ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိခါစ ဖြစ်ကာ အခြေအတည်တကျ မဖြစ်သေးသည့် စည်းမျည်းများ ရှိနေသေး၏။ သူ့လူသားကမ္ဘာသည်လည်း ကီလိုမီတာ ငါးထောင် ဝန်းကျင် ကျယ်ပြန့်လာလေပြီ။ အကယ်၍ သူ့ကျင့်ကြံဆင့်သာ အခြေမကျသေးလျှင် သူ့လူသားတာအိုသည်လည်း မတည်မငြိမ် ဖြစ်လာနိုင်သည်။

***

All Chapters