အခန်း (၁၀၁၆)
Vol. 73 Ch. 1016
ကောင်းကင်နတ်ဘုရား နယ်ပယ်အတွက် လိုအပ်နေသည့် မိုးမြေ သဘာဝစွမ်းအား ပမာဏကား အတော်လေး များပြားပေသည်။ မိုဝူကျိ၏ ကြောက်ခမန်းလိလိ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းဖြင့် ဤနေရာရှိ ထိပ်တန်းအဆင့် ရှေးဦးမူလ စွမ်းအင်များကိုပါ ထည့်တွက်လိုက်လျှင်ပင် သူ့ကျင့်ကြံဆင့်မှာ သိသိသာသာ မြင့်တက်မလာပေ။ ထို့အစား တည်တည်ငြိမ်ငြိမ် မြင့်တက်နေဆဲ ဖြစ်ကာ သူ့အင်အားသည်လည်း အတူတူသာ ဖြစ်၏။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက မစိုးရိမ်မိပေ။ အကြောင်းမှာ သူက ကျင့်ကြံရေးသည် ရှည်လျားကြာရှည်သော ဖြစ်စဉ်မှန်း သိထား၍ ဖြစ်သည်။ သူ့ကျင့်ကြံနှုန်းသည် တခြားသူများထက် သာလွန်းကြောင်း အသေအချာ သိထားသည်။ ထို့အပြင် သူက အစီအရင်ကြီးတစ်ခု မခင်းကျင်းသရွေ့ သူ့အမြန်နှုန်းကို ထပ်မြင့်နိုင်မည် မဟုတ်ကြောင်းလည်း သိထားသည်။
လူသားတာအိုတွင် အခြေခံအုတ်မြစ်အတွက် မိုးမြေ သဘာဝစွမ်းအား အများအပြား လိုအပ်ပေသည်။ အကယ်၍ သူ့ချီသွေးကြော ၁၀၈ ခုနှင့် လောကလမ်းကြောင်းမှ ဖြစ်တည်လာသော လူသားကမ္ဘာတို့ကြောင့်သာ မဟုတ်လျှင် သူ့အမြန်နှုန်းက အဆသန်းပေါင်းမက နှေးကွေးနေလိမ့်မည်။
မျက်စိတစ်မှိတ်အတွင်း ခုနှစ်လ ကုန်လွန်သွားလေသည်။ မိုဝူကျိကလည်း ကောင်းကင်နတ်ဘုရား အဆင့် ၁ ပြီးပြည့်စုံခြင်း အခြေအနေအထိ ရောက်ရှိနေလေပြီ။
မိုဝူကျိက ဘေးပတ်ဝန်းကျင်ရှိ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်း အားနည်းလာကြောင်း အာရုံခံမိလာသည်။ ဤနေရာမှာ နောက်ထပ် ရက်အနည်းငယ်မျှသာ ခံတော့မည် ဖြစ်ကြောင်း သိလိုက်သည်။ ထိုစဉ် မိုဝူကျိက ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းအား တိုးမြင့်လိုက်သည်။ သူက ဤနေရာမှ ထွက်မသွားခင် ကောင်းကင်နတ်ဘုရားအဆင့် ၂ သို့ ရောက်စေလိုသည်။
ဤသို့သော အခွင့်အရေးများက မကြာခဏ ရောက်မလာာတတ်ပေ။ အခြားနေရာဆိုလျှင် သူ့အနေနှင့် ကောင်းကင်နတ်ဘုရားအဆင့် ၁ မှ အဆင့် ၂ သို့ ရောက်ရှိဖို့ အနည်းဆုံး နှစ်တစ်ရာလောက် လိုအပ်ပေလောက်သည်။ နှစ်တစ်ရာကား သာမာန်ကျင့်ကြံသူများအတွက် မြန်ဆန်နေသည်ဟုပင် ယူဆ၍ ရပေသည်။
“ ဝုန်း ” မိုဝူကျိက အတားအဆီးများကို ချိုုးဖောက်ပြီး ကောင်းကင်နတ်ဘုရား အဆင့် ၂ ရောက်သွားသည့်အချိန် နောက်ထပ် မိုးခြိမ်းသံများကို ကြားလိုက်ရသည်။
ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ရှိ နောက်ထပ် ကျင့်ကြံသူတစ်ဦးက မိုးကြိုးစမ်းသပ်ချက် ခံယူတော့မည် ဖြစ်သည်။ ဤတစ်ကြိမ်၌ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူက လီဝူကျန့်ထက် ပိုအားကောင်းနေဟန် ပေါ်သည်။
တချို့သော အားနည်းလှသည့် ကျင့်ကြံသူတချို့က နောက်ဆုတ်လိုက်ကြသည်။ အကြောင်းမှာ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက ကုန်ခမ်းလာပြီ ဖြစ်၏။ သူတို့က ဤကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိသွားသည်နှင့် သူတို့၏ အရင်းအမြစ်ကျောက်ပြား အားလုံးကို လုယူလိမ့်မည်ကို စိုးရိမ်နေကြသည်။
မိုဝူကျိက အာရုံရှုပ်မခံပေ။ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအား မကုန်ခင်လေးတွင် သူက ကောင်းကင်နတ်ဘုရား အဆင့် ၂ သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ကျင့်ကြံဆင့် အခြေကျအောင် လုပ်ဖို့ လိုအပ်နေသည်။
တစ်ရက်ကြာပြီးနောက် ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားစဉ် မိုဝူကျိက သူ့ကျင့်ကြံဆင့်ကို အခြေတည်အောင် လုပ်နိုင်ခဲ့သည်။ ပျားလဘို့ အသေးလေးများက ပျောက်ကွယ်သွားလေပြီ။
မိုဝူကျိက ဖုန်ခါလိုက်ရင်း ကျေနပ်စွာ ထရပ်လိုက်သည်။ ပင်းထန်းဝါးကို အရယူနိုင်ခြင်းက ကံကောင်းနေပြီ ဖြစ်ရာ ဤနေရာ၌လည်း ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနိုင်ခဲ့သည်။ သူက ကောင်းကင်နတ်ဘုရားအဆင့် ရောက်ရှိသွားရုံသာမက ကောင်းကင်နတ်ဘုရားအဆင့် ၂ ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။
လက်ရှိ နေရာတစ်ခုလုံး၌ မိုဝူကျိနှင့် ဆံပင်ရှည်ရှည် အမျိုးသားကလွဲ၍ ကျန်သူများ မရှိကြတော့ပေ။ သူက မိုဝူကျိသည် ကိုင်ကျိနှင့် နတ်ဘုရား အုပ်စိုးသူ အသစ်လေး လီဝူကျန့်တို့အား သတ်လိုက်ပုံကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သူက မိုဝူကျိသည် သူ့အား ရုတ်တရက် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်အမိဆုံး ဖြစ်သည်။
မိုဝူကျိက ထိုလူအား တိုက်ဖို့ အာရုံမရှိပေ။ မိုဝူကျိက သူ့အား ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ထွက်သွားတော့သည်။
ဤလူက မိုဝူကျိ ထွက်သွားသည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။ မတိုင်ခင်အချိန်လေးအထိ သူက မိုဝူကျိသည် သူ့စိတ်ထဲ၌ အကြောက်တရားကို ချန်ထားနိုင်ခဲ့ကြောင်း သတိထားမိလိုက်သည်။
ထိုသို့သိနေသော်လည်း သူက ကူကယ်ရာမဲ့စွာ ခေါင်းကိုသာ ခေါင်းလိုက်သည်။
ထိုနေရာမှ ထွက်လာပြီးနောက် မိုဝူကျိ လုပ်သည့် ပထမဆုံးအရာမှာ ကိုင်ကျိနှင့် လီဝူကျန့်တို့၏ လက်စွပ်များကို ထုတ်ကြည့်ဖို့ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ရှာလိုက်ခြင်း ဖြစ်သည်။
မိုဝူကျိက ပျားလဘို့အကြီးဆုံးအထက်တွင် ခုနှစ်လ၊ ရှစ်လနီးပါး ကျင့်ကြံခဲ့သော်လည်း အရင်းအမြစ်ကျောက်ပြားများစွာမှာ တခြားသူများထံ ပါကုန်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ ယခုမှစ၍ အရင်းအမြစ်ကျောက်ပြားကား တခြားသူများနှင့် တိုက်ခြင်းမှသာ ရရှိပေလိမ့်မည်။ ထို့ကြောင့် သူက ကိုင်ကျိနှင့် လီဝူကျန့်တို့အပေါ် မျှော်လင့်ထားမိသည်။
မိုဝူကျိက ကိုင်ကျိ လက်စွပ်ကို ဖွင့်လိုက်သည့်အချိန် အရင်းအမြစ်ကျောက်ပြား အရေအတွက်က မိုဝူကျိအား စိတ်ပျက်မသွားစေပေ။ အထဲ၌ အရင်းအမြစ်ကျောက်ပြားပေါင်း ၇၃၁ ခု ရှိနေ၏။ လီဝူကျန့်တွင် ၁၇၂ ခုသာ ရှိပေသည်။ ထိုလူနှစ်ယောက်က ဤမျှအရင်းအမြစ်ကျောက်ပြားများ ရအောင် တခြားသောသူများစွာကို သတ်ခဲ့ကြောင်း သိသာလှသည်။
သူ့အရင်းအမြစ်ကျောက်ပြားများပါ ထည့်တွက်လိုက်လျှင် မိုဝူကျိတွင် အရင်းအမြစ်ကျောက်ပြားပေါင်း ၂၀၀၄ ခု ရှိနေလေပြီ။
နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ်တိုက်ပွဲ ပထမစစ်ဆေးမှုကား ပြီးဆုံးဖို့ နီးကပ်လာပြီ ဖြစ်၏။ မိုဝူကျိက စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်ထားသော်လည်း အရင်းအမြစ်ကျောက်ပြားများကို ရှာမတွေ့ပေ။
မိုဝူကျိက အရင်းအမြစ်ကျောက်ပြားများ ရှာရန် အာရုံမထားတော့ပေ။ အကြောင်းမှာ တခြားသူများက အကုန်ယူသွားလောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။ လက်ရှိ သူက ပန်းပဲပစ္စည်းအတွက် အသုံးပြုဖို့ သတ္တုအမျိုးမျိုးသာ ရှာဖို့ အာရုံစိုက်ထားသည်။
ပြီးဆုံးဖို့ ရက်အနည်းငယ်မျှသာ လိုအပ်တော့သည့် အချိန် မိုဝူကျိက ကြယ်တံခွန်သံမဏိကို သန့်စင်နေလေသည်။ သူ့စိတ်စွမ်းအား၌ လူပုံရိပ်တချို့ကို အာရုံခံလိုက်မိပြီး ဦးတည်ရာတစ်ခုတည်းသို့ သွားနေကြောင်း သိလိုက်ရသည်။
နောက်ထပ် ရှေးဦးမူလ စွမ်းအားများလား ….
မိုဝူကျိက ဘာမှန်းသေချာမသိသေးခင် သူ့စိတ်စွမ်းအားထဲ၌ ပိုင်ယွဲ့သည် နောက်ထပ် ကျင့်ကြံသူနှင့် တူညီသည့် ဦးတည်ရာသို့ သွားနေကြောင်း အာရုံခံမိသွားသည်။
ဤတစ်ကြိမ် မိုဝူကျိက တုံ့ဆိုင်းမနေတော့ဘဲ ကြယ်တံခွန်သံမဏိအား ဘေးဖယ်ကာ နောက်မှ လိုက်ပါသွားတော့သည်။
လေးနာရီကြာမြင့်ပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်သည်။ သူက လူအုပ်ကြီးကို မြင်လိုက်သော်လည်း နတ်ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသည့် နေရာတော့ မဟုတ်ချေ။ ဤနေရာကား အရင်းအမြစ်တိုက်ပွဲအတွက် နေရာတစ်ခု ဖြစ်နေသည်။
လက်ရှိ ဤနေရာ၌ လူအုပ်ကြီး စုစည်းနေသည်မှာ ရည်ရွယ်ချက် တစ်ခုသာ ရှိ၏။ ဤသည်မှာ အရင်းအမြစ်ကျောက်ပြားများကို ပြင်ဆင် ခွဲဝေဖို့ ဖြစ်ပေသည်။
လူအုပ်အလယ်တွင် ရင်ပြင်နှင့်တူသည့် နေရာလွတ်တစ်ခု ရှိနေသည်။ မိုဝူကျိအား သိချင်စိတ်ဝင်သွားစေသည်က ဤနေရာလွတ်အတွင်းရှိ ထောင်ထားသော ကျောက်တုံးကြီး ဖြစ်၏။ ကျောက်တုံးအပေါ်တွင် အရင်းအမြစ်ကျောက်ပြား အနည်းဆုံး သုံး၊ လေးထောင် ရှိနေသည်။
လူငါးယောက်က ထိုကျောက်တုံးအစွန်းတွင် မတ်မတ်ရပ်နေကြသည်။
ကျောက်တုံးအနီးတွင် ကာကွယ်ရေး အစီအရင်ဖြင့် ကာကွယ်ထားသည့် တိုက်ပွဲစင်မြင့် ရှိနေသည်။ တိုက်ပွဲစင်မြင့်အထက်တွင် သွေးများ ပေစွန်းနေကာ လူမည်မျှ သေဆုံးပြီးပြီလဲဆိုတာ မသိနိုင်ချေ။
ကျောက်တုံးအနီးအနား ရပ်နေသော လူငါးယောက်အနက် ဝတ်စုံညိုနှင့် ခပ်ပုပုတစ်ယောက်က စင်မြင့်အရှေ့ ထွက်လာကာ “ ဒီနေရာမှာ အရင်းအမြစ်ကျောက်ပြားပေါင်း ၃၉၀၀ ရှိပါတယ်။ ဒီတိုက်ပွဲက ကျုပ် ဟာလျန့်ရဲ့ အလှည့် …. ကျုပ်ကို စိမ်ခေါ်ပြီးတော့ အနိုင်ရမယ်ဆိုရင် မင်းတို့ လောင်းတဲ့ အရင်းအမြစ်ကျောက်ပြားတွေ ရလိမ့်မယ် ”
“ ကျုပ် ကျင်းထောင်က အရင်းအမြစ်ကျောက်ပြား နှစ်ထောင် လောင်းမယ် ” ကောင်းကင်နတ်ဘုရားအဆင့် ၉ ရှိ ခပ်တောင့်တောင့် အမျိုးသားတစ်ဦးက စင်မြင့်ပေါ် တက်လာသည်။
ကျင်းထောင် စင်မြင့်ပေါ် ရောက်လာသည်နှင့် သူက ကျောက်တုံးအပေါ် အရင်းအမြစ် ကျောက်ပြား ၂၀ ကို ပစ်တင်လိုက်သည်။ လက်ရှိ ကျောက်တုံးပေါ်ရှိ အရင်းအမြစ်ကျောက်ပြား စုစုပေါင်း အရေအတွက်မှာ ၃၉၂၀ ဖြစ်သွားလေပြီ။
မိုဝူကျိက ဤနေရာရှိ စည်းမျည်းကို နားလည်သွားသည်။ ဤနေရာရှိ အားလုံးက ကျောက်တုံးဘေးပတ်လည်ရှိ လူငါးယောက်ကို စိမ်ခေါ်နိုင်သည်။ ထို့အပြင် အရင်းအမြစ် ကျောက်ပြား တစ်ပြားဖြင့် အရင်းအမြစ်ကျောက်ပြား တစ်ရာကို လောင်းနိုင်ပေသည်။ ကျင်းထောင်အမည်ရှိ ကျင့်ကြံသူက သူ့အိတ်ထဲမှ အရင်းအမြစ်ကျောက်ပြား ၂၀ ကို ပေးလိုက်သည့်အတွက် သူသာ ဟာလျန့်ကို အနိုင်ရလာလျှင် သူက အရင်းအမြစ်ကျောက်ပြား နှစ်ထောင် ဆုရမည် ဖြစ်၏။
ဤအကြံအစည်ကား ကျောက်တုံးဘေးပတ်လည်ရှိ လူငါးယောက်ဆီမှ ဖြစ်တည်လာခြင်းသာ ဖြစ်ရမည်။ ထိုငါးယောက်လုံးက စိမ်ခေါ်မှုကို ပွင့်လင်းမြင်သာ လုပ်ရဲကြသည့်အတွက် ရိုးရှင်းကြမည် မဟုတ်ပေ။
မိုဝူကျိက ပိုင်ယွဲ့ကို မြင်လိုက်သော်လည်း သွားမနှုတ်ဆက်လိုက်ပေ။ အားလုံးက ဤနေရာမှ ထွက်သွားပြီးနောက် သူက မိုဝူကျိ ဖြစ်ကြောင်း မှန်းဆနိုင်သည်ဆိုလျှင်ပင် မိုဝူကျိက စောစောစီးစီး ထုတ်ဖော်ပြဖို့ မရည်ရွယ်ပေ။ ခန့်မှန်းခြင်းနှင့် မှတ်မိခြင်းကား မတူညီသော ကိစ္စရပ်များ ဖြစ်ပေသည်။
“ ဟာလျန့်က မဟာကောင်းကင်နတ်ဘုရားထဲ အဆင့် ၇ ဆိုတော့ ကျုပ်တော့ ကျင်းထောင် ယှဉ်နိုင်မယ် မထင်ဘူး ” လူအုပ်ကြားထဲမှ တစ်ယောက်ယောက်က စတင် ဆွေးနွေးလိုက်သည်။
“သူက ဟာလျန့်ရဲ့ ပြိုင်ဖက် မဟုတ်ရင်တောင် ကိစ္စမရှိဘူးလေ။ ကျင်းထောင်ရဲ့ လက်ရှိအင်အားနဲ့ သူ့အသက်လေး ထိန်းထားဖို့က ပြဿနာ မဟုတ်လောက်ပါဘူး။ အရင်းအမြစ် ကျောက်ပြား နှစ်ဆယ်က ဘာမှ မပြောပလောက်ဘူးလေ။ တကယ်လို့ ကျင်းထောင် အနိုင်ရရင်တော့ …. ဒီလျို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံရေးတော်ဝင်နယ်မြေတွေ အများကြီး ရှိနေတာဆိုတော့ ကျင်းထောင် တစ်ခုခု ထူးခြားတာ ရလာမလားဆိုတာ မပြောတတ်ဘူးလေ ”
ဆွေးနွေးသံများကား ဆက်လက် ထွက်ပေါ်နေစဉ် ကျင်းထောင်နှင့် ဟာလျန့်တို့က တိုက်ပွဲ စတိုက်နေကြပြီ ဖြစ်၏။
မိုဝူကျိက ကောင်းကင်နတ်ဘုရား အဆင့် ၂ ဖြစ်သောကြောင့် ကျင်းထောင်သည် ဟာလျန့်အတွက် ပြိုင်ဖက် မဟုတ်ကြောင်း အသေအချာ ပြောနိုင်ပေသည်။ သူတို့နှစ်ယောက် တိုက်ကွက်များ၌ ခြားနားချက် အကြီးကြီး ရှိနေသည်။ ဟာလျန့်၏ တိုက်ကွက်များက ကိုင်ကျိ၏ လျို့ဝှက်တိုက်ကွက်များကဲ့သို့ မိုးမြေစည်းမျည်း အနှစ်သာရကို ထိထိမိမိ ရှိပေသည်။ ကျင်းထောင်၏ တိုက်ကွက်များက တခြားသူ၏ မိုးမြေစည်းမျည်းများကို လိုက်လံအတုခိုးထားခြင်းမျှသာ ဖြစ်နေသည်။
အမွေးတိုင်ဝက်ခန့်အတွင်း ကျင်းထောင်၏ ဦးခေါင်းမှ ဟာလျန့် လက်ချက်ဖြင့် နှစ်ပိုင်း ပွင့်ထွက်သွားပြီး ကမ္ဘာဦး စိတ်ဝိညာဉ်ပင် မလွတ်မြောက်နိင်လိုက်ပေ။ ကျင်းထောင်၏ လက်စွပ်ကိုတော့ ဟာလျန့်က သိမ်းဆည်းထားလိုက်သည်။ သူ့အလောင်း မြေပေါ် ပြန်မကျခင် ကျင်းထောင်၏ ရုပ်အလောင်းပပေါ် မီးတောက်တစ်ခု ရောက်ရှိလာပြီး ပြာအဖြစ် ပြောင်းလဲလိုက်လေသည်။
မိုဝူကျိက သက်ပြင်းချလိုက်သည်။
အားကောင်းသူက အားနည်းသူကို နိုင်စားခြင်းသာ ဖြစ်ပေသည်။
ဟာလျန့်က စင်မြင့်အောက်သို့ မဆင်းလိုက်ရပေ။ နောက်တစ်ယောက်က သူ့အား စိမ်ခေါ်ချင်၍ ဖြစ်သည်။ ဤတစ်ကြိမ်၌ ကောင်းကင်နတ်ဘုရားအဆင့်၉ ရှိ ပိန်ပါးပါး အမျိုးသား တစ်ဦး ဖြစ်၏။
မိုဝူကျိအား အံ့ဩသွားစေသည်က ဤကောင်းကင်နတ်ဘုရား အဆင့် ၉ ကျင့်ကြံသူသည် ဟာလျန့်ထက် များစွာ အားနည်းနေခြင်း မရှိပေ။ နှစ်နာရီကြာ တိုက်ခိုက်ပြီးနောက် ဟာလျန့်က တစ်ဖက်လူကို အနိုင်ရရုံမျှသာ ဖြစ်၏။ သို့သော်လည်း တစ်ဖက်လူကို သတ်ဖို့ မဖြစ်နိုင်ချေ။
ဤတိုက်ပွဲအပြီးတွင် ဟာလျန့်က တိုက်ပွဲစင်မြင့်မှ ဆင်းသွားသည်။ စင်ပေါ် တက်လာသူမှာ ပညာရှင်ရုပ်ရည်နှင့် အမျိုးသားတစ်ဦး ဖြစ်ကာ လက်နှစ်ဖက် ယှက်လိုက်ရင်း “ ကျူရှန်းက ဒီကို အတွေ့အကြုံအတွက် ရောက်လာတာပါ။ ကျုပ်ကို ရင်ဆိုင်ရင် အရင်းအမြစ်ကျောက်ပြား တစ်ခုကို အရင်းအမြစ်ကျောက်ပြား ၂၀၀ နှုန်းနဲ့ နိုင်နိင်တယ်။ အနည်းဆုံး လောင်းကြေးက အရင်းအမြစ် ကျောက်ပြား ဆယ်ခု ဖြစ်ရမယ် ”
“ အဲဒီ ကျူရှန်းက ဘယ်သူလဲ ” မိုဝူကျိက သူ့ဘေးရှိ ကျင့်ကြံသူကို မေးလိုက်သည်။
ဤကျင့်ကြံသူအား မိုဝူကျိအား ခြုံငုံကြည့်လိုက်ပြီးနောက် “ ကျူရှန်းက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ မဟာကောင်းကင်နတ်ဘုရားထဲက အဆင့် ၁ လေ။ ခင်ဗျား ဘယ်လိုလုပ် မသိရတာလဲ ”
မိုဝူကျိက ပြုံးကာ ပြန်ဖြေလိုက်၏ “ ကျုပ်က စနေတာပါ ”
ဤကျင့်ကြံသူက မိုဝူကျိအား နှာခေါင်းရှုံ့ကာ မိုဝူကျိ၏ ဟာသပြက်လုံးအား အာရုံမထားတော့ချေ။
ကျူရှန်း၏ ကမ်းလှမ်းမှုက (၁ : ၂၀ ) အချိုး ဖြစ်နေသော်လည်း မည်သူကမှ အချိန်တော်တော်ကြာသည့်အထိ မတက်လာကြချေ။ ဤသည်က ကျူရှန်းအား ကူကယ်ရာမဲ့သွားစေသည်။ သူ ထွက်လာသည့်အခါတိုင်း သူ့အပေါင်းအပါများကို အနားယူချိန် ပေးသလိုသာ ဖြစ်နေသည်။ သူ့အနေနှင့် တိုက်ခိုက်ဖို့ မလိုပေ။ အကြောင်းမှာ သူ့အား တိုက်ချင်သည့်သူ အလွန်နည်းပါးလွန်း၍ ဖြစ်၏။ ယခုအချိန်အထိ သူက တိုက်ပွဲ ၇ ပွဲသာ တိုက်ရသေးသည်။
အားလုံးက မည်သူကမှ စင်ပေါ်တက်လာမည် မဟုတ်ကြောင်း တွေးလိုက်စဉ် အေးအေးဆေးဆေး အသံတစ်သံ ထွက်ပေါ်လာသည် “ မင်းရဲ့ တိုက်ကွက်လေး အတွေ့အကြုံ ယူပါရစေ ”
ထို့နောက် အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် အမျိုးသားက စင်မြင့်ပေါ် တက်လာသည်။ သူ့က စင်ပေါ်သို့ ရောက်လာဖို့ရာ ခြေတစ်လှမ်းမျှသာ လှမ်းလိုက်ရဟန် ပေါ်သည်။
သူ့ဘေးပတ်လည်တွင် အားကောင်းကောင်း အရှိန်အဝါများ ထွက်ပေါ်နေသည့်အတွက် အားလုံးက အံ့ဩကုန်ကြသည်။ ဤနေရာ၌ နတ်ဘုရားအုပ်စိုးသူ မည်သို့ ရောက်လာသနည်း။ ဤအရှိန်အဝါက ကောင်းကင်နတ်ဘုရားအဆင့် မည်သို့ ဖြစ်နိုင်မည်နည်း။
“ ခင်ဗျားကနတ်ဘုရားအုပ်စိုးသူအဆင့် ရောက်နေပြီလား ” ကျူရှန်း၏ အမူအယာမှာ ပြောင်းလဲသွားလေ၏။ အကြောင်းမှာ သူ ကောင်းကင်နတ်ဘုရားအဆင့်နှင့် နတ်ဘုရားအုပ်စိုးသူကြားရှိ အင်အားခြားနားချက်ကို သိနေ၍ ဖြစ်သည်။ အနည်းဆုံးတော့ သူက နတ်ဘုရားအုပ်စိုးသူကို အနိုင်တိုက်နိုင်သည့် ကောင်းကင်နတ်ဘုရားအကြောင်း မကြားဖူးသေးပေ။
ကိုင်ကျိ၏ နတ်ဘုရားအုပ်စိုးသူအဆင့်အား သတ်လိုက်သည့်အကြောင်း လေလုံးထွားနေခြင်းမှာ တစ်ဖက်လူမှာ နတ်ဘုရားအုပ်စိုးသူ တစ်ပိုင်းအဆင့်ဟု ယူဆရသော ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်မျှသာ ဖြစ်ပေသည်။ ထိုသူက ကောင်းကင်နတ်ဘုရားအဆင့်ကို ချိုးဖောက်တော့ရန် မည်မျှပင် နီးကပ်နေစေကာမူ ကောင်းကင်နတ်ဘုရားသာ ဖြစ်နေသေး၏။
***