အခန်း (၁၅၁)
Vol. 11 Ch. 151
အခန်း (၁၅၁)
"ဘာဈေးခြားတာတုန်းကွ ...မင်းပြောချင်တာ ငါကပဲ အပေါစားတွေကို ဈေးတင်ပြီး ပြောတယ် ထင်နေတာလား..."
လင်းရီ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
ဘယ်ပဝေဏသီတုန်းက လိမ်နည်းကြီးလဲ
အဲ့တာကြီးက..ကလေး တွေတောင် မသုံးတော့ဘူးလေ...
"အမှန်ပဲ....ဒီရေကူးဘောကွင်းနှစ်ခုရဲ့ အရည်သွေးကို ကြည့်လိုက်စမ်း...ပင်သောသောခေတ်က ၉ကျပ်တန် အမှိုက်လောက်ပဲ ရှိတယ်..."
"ငါထင်တာမှန်မယ်ဆိုရင် မင်း ဈေးအပေါဆုံးဟာကို ၀ယ်လာပြီးတော့ ဒီမှာ ဈေးလာတင်နေတာမလား...."
"အစ်ကိုဖေး ပြောတာမှန်တယ်...ဒီရေကူးကွင်း နှစ်ခုက ယွမ်၂၀ တောင် မရှိလောက်ဘူး.ဒါများ ကျွန်မတို့ကို ယွမ် ၄၀၀ကျော် လာတောင်းနေတယ်...သူ့ရဲ့ ၀န်ဆောင်ခကိုပါ ထည့်ပေါင်းလိုက်မယ်ဆိုရင် ၄၀၀နီးနီးလောက် ကျန်မှာ...ဟမ့်..သူအစ်မရွှယ် ကမ်းလှမ်းတာကို လက်မခံတာ အံ့ဩစရာတော့ မရှိတော့ပါဘူး...ကြားပေါက်က ဒီလောက်ကောင်းနေမှတော့ ဘာလို့ အလုပ်ပြောင်းတော့မှာ..."ရွှီလုမှ ပြောလိုက်၏။
လင်းရီ ပြောစရာစကားကင်းမဲ့သွားခဲ့သည်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ တယ်မှန်ပါလားဟ...
ကနေ့ကျမှပဲ ဒီလို ထူးဆန်းတဲ့ကောင်တွေနဲ့ လာတိုးနေတယ်....
"မင်းတို့ထင်နေတာ ငါက ယွမ်ရာဂဏန်းလေးကို မက်မောတယ် ထင်နေတာလား...."
"အောင်မာ..လေသံက တယ်မာလှချည်လား...မင်းကကော ငါ့ထက် ချမ်းသာတယ်များ ထင်နေလားဟျောင့်...."
လုဖေးလှောင်ပြောင်ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းသာ ချမ်းသာတယ်ဆိုရင်လည်း ဘာလို့ အီရန်ဘွိုင်း လုပ်နေသေးလဲ...မင်းကတော့ နေရာမှားပြီး ရှိုးပြမိပြီ..ငါတို့ထဲက ဘယ်သူမဆို မင်း လေးငါးနှစ်လောက် ကုတ်ခြစ် စုဆောင်းရမယ့် ငွေပမာဏကို တစ်လတည်းနဲ့ ရှာပြလို့ရတယ်...နောက်ဆို မပြောခင် နှစ်ခါ စဉ်းစား ..ဒါမှ မင်းကို လူတွေက မလှောင်ရယ်ကြမှာ..."လုဖေး အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီတို့ ငြင်းခုန်နေသည်ကိုကြားတော့ လူအုပ်ကြီးမှာ သူတို့ထံ ဝိုင်းရံလာကြပြီး ခေါင်းရမ်းလိုက်ကြသည်။
"ဒီအီရန်ဘွိုင်းကတော့ တော်တော်လေး ၀င့်ကြွားလွန်းပါတယ်ကွာ..."
"ဟုတ်ပါ့...သူကိုယ်သူ ဘာကောင်များ ထင်နေလဲမသိဘူး...မကောင်းတဲ့ ရီဗျူးတွေ ပေးပစ်ကွာ..အဲ့တာမှ အဲ့ကောင် အလုပ်ပြုတ်ပြီး ငတ်သွားမှာ..."
"အဲ့ကောင်က သူ့ကိုယ်သူ သောက်ချောကြီးဆိုတာနဲ့ မောက်မာလို့ရပြီ ထင်နေတာလားမသိဘူး...ချောတာက လက်တွေ့မှာ ဘာသုံးစားလို့ရလဲ..ပိုက်ဆံ ရှေ့မှာဆို ရုပ်ရည်လည်း အလကားပဲ..."
လူတိုင်း လင်းရီကို ပုတ်ခတ် ပြောဆိုနေကြသည်ကို မြင်တော့ ရွှယ်ပင်း မနေတတ်တော့ပဲ ရှေ့ထွက်၍ "ဟုတ်ပါပြီ..တော်ကြပါတော့ရှင်တို့ရယ်..ရှောင်ကောကောက လူကောင်းလေး ဖြစ်ရင်လည်း ဖြစ်မှာပေါ့...အဲ့လိုလုပ်မယ့် လူစားမျိုးတော့ မဟုတ်လောက်ဘူး....ကျသင့်ငွေကို ကျွန်မပဲ ရှင်းလိုက်ပါ့မယ်..."
"ပင်းပင်း....နေဦး..ငါက မင်းကို ဒီခေါ်လိုက်တဲ့သူလေ..ဘယ်လိုလုပ် မင်းကို ရှင်းခိုင်းရမှာလဲတဲ့..."လုဖေး အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲမှ ယွမ်၄၀၀ ထုတ်ကာ လင်းရီထံ ကမ်းပေးလိုက်သည်။
"ရော့...ရေကူးကွင်းဖိုး..မတန်တဆဈေးနဲ့ လာပေးတယ်ဆိုတော့ မင်းအတွက် မြိုးမြိုးမြက်မြက်ကလေးတော့ ကျန်မှာပေါ့...ညကျရင် ကြက်ဆင်သားလေး ဘာလေး ဖြစ်ဖြစ် ၀ယ်စားလိုက်ဦး..."
လုဖေးလက်ထဲရှိ ယွမ်တစ်ရာတန် လေးရွက်ကို ကြည့်ရင်း လင်းရီက "ဒီရေကူးကွင်းတွေက ၄၁၈ယွမ်ကျတယ်လို့ ပြောပြီးလေ...ငါ့ကို ၄၀၀တည်းပေးတော့ငါက ဘာသွားလုပ်ရမှာ..."
လုဖေး အထင်သေးစွာဖြင့် နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး "မင်းသောက်လုံးနဲ့ အော်ဒါမှာ ရေးထားတာကို ပြန်ကြည့်လိုက်ဦး ..ငါမှာတာက ယွမ်နှစ်ရာ ၀န်းကျင်လို့ပြောထားတာ...ဒါပေမယ့် မင်းက ၂၀၉ ယွမ်ပေးရတဲ့ ဘောကွင်းနှစ်ခုကို ၀ယ်လာတယ်လေ..ငါတောင်းဆိုထားတဲ့အတိုင်းလည်း မရဘူး..ဒီတော့ အော်ဒါ ပြန်မဖျက်ဘဲ ပိုက်ဆံရှင်းပေးတာကို ကျေးဇူးတင်..ကိုယ့်အဆင့်ကိုသိလိုက်..."
လင်းရီ ဒေါသထွက်လွန်း၍ အော်ရယ်လုနီးပါး ဖြစ်သွားသည်။
"၂၀၉ ယွမ်က ယွမ်၂၀၀၀န်းကျင်မဟုတ်တော့ မင်းမြေလင်ကြီးလားကွ...အဲ့တာ ဆိုင်မှာ ရောင်းတဲ့ ဈေးနှုန်းပဲ..ငါက ဈေးဆစ်ပေးရမှာလားကွ..."
လုဖေးကတော့ ပခုံးတွန့်လိုက်ပြီး "အဲ့တာ မင်းသောက်ကြောင်းလေ..ငါပြောတာ ၂၀၀၀န်းကျင်ပဲ...မင်းထင်နေတာ မင်းဈေးကြီးတဲ့ဟာကြီး၀ယ်လာရင်ငါက ရှင်းပေးမယ်များ မှတ်နေလား...တကယ်လို့ မင်းသာ ယွမ်၂၀၀၀တန် ရေကူးကွင်းကြီး ၀ယ်လာခဲ့ရင် ငါက ကြည်ဖြူပြီး ရှင်းပေးမယ်ပေါ့ ....စဉ်းစားလေ ...."
"ဟား......."
လုဖေး၏ စကားလုံးများက ဘေးတွင် ရပ်ကြည့်နေသူများကို ပွဲကျသွားစေသည်။
"ဒီကလေးထင်နေတာ သူ့နည်းလမ်းကို လူတွေ မရိပ်မိဘူးလို့များ ထင်နေတာလားမသိဘူး..."
"အဲ့ကောင်နဲ့ တန်တယ်...ငါလဲ အရင်က အီရန်ဘွိုင်းတွေ မလိမ့်တပတ်လုပ်တာ ခံရဖူးတယ်..ပန်းသီးလေး မှာလိုက်တာကွာ စူပါမားကတ်မှာ ရောင်းတာက ၁ကတ်တီကို ၁၀ယွမ်ပဲ...သူတို့ ၀ယ်ခိုင်းလိုက်တော့မှ ၁၅ယွမ်တဲ့... အလကားငါ့ကို ၅ယွမ် ငွေညစ်သွားတယ်...."
"ဒီလိုကောင်မျိုးတွေက ဆုံးမမယ့်သူနဲ့ မကြုံသေးလို့ အတင့်ရဲနေတာ...များများဆုံးမပေးမှ အဲ့ဒါမှ နောက်မလုပ်ရဲတော့မှာလေ..."
လင်းရီ ယွမ် ၄၀၀ကို ယူပြီး ရွှယ်ပင်းထံ ပြန်ပေးလိုက်၏။
"နင်ဘာတွေ လုပ်နေတာလဲ..."
"ခင်များရဲ့ သူငယ်ချင်းတွေက မွဲလွန်းတယ်..ယွမ်လေး နှစ်ပဲခြောက်ပြားလောက်ကိုတောင်မှ မပေးချင်ကြဘူး...ဒီရေကူးကွင်းနှစ်ခုကို အလကား ပေးခဲ့လိုက်မယ်...ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကြပေါ့..."
လင်းရီ၏ အပြုအမူက လူတိုင်းကို ကြက်သေသေသွားစေသည်။
ယွမ်၄၀၀မှာ အများအပြား မဟုတ်သော်လည်း သာမန်လူတို့အဖို့ နည်းပါးသည့် ပမာဏတော့ မဟုတ်ချေ။
သူပိုက်ဆံ မယူဘူးဆိုတာက သူ့ဂုဏ်သိက္ခာကို ထိန်းဖို့နေမှာပေါ့...ဘယ်လောက်တောင် သွေးပူတဲ့ လူငယ်ပါလိမ့်....
လင်းရီ ပိုက်ဆံကို ပေးပြီး လှည့်ထွက်လာခဲ့လိုက်သည်။
သူရုတ်တရက် သာမန်လူတို့၏ ဘ၀မှာ ထင်သလောက် မလွယ်ကူဟု ရုတ်တရက် ခံစားမိသွား၏။
Didi နှင့် အီရန်ဘွိုင်း လုပ်ရာတွင် လွတ်လပ်မှု ရှိသော်လည်း ထိုအလုပ်များအားလုံးမှာ တစ်ဖက်လူ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီးမှ ထမင်းစားရသည့် အလုပ်ဖြစ်နေခဲ့သည်။
အထူးသဖြင့် ပလက်ဖောင်းများက သုံးစွဲသူကိုသာ အထူးအခွင့်အရေးများ ပေးထားသောကြောင့် ယခုလိုအဖြစ်မျိုး ကြုံလာပါက လင်းရီတို့လို အလုပ်သမားများဘက်က တစ်ပန်းရှုံးပြီး ဖြစ်၏။
"ရပ်စမ်း...ငါမင်းကို ထွက်သွားခိုင်းပြီမို့လို့လား...."
လုဖေး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"ဘာဖြစ်ချင်တာလဲ ..ငါမင်းကို ဘောကွင်းတွေလည်း အလကားပေးပြီပြီလေ...အဲ့တာတောင်မှ မကျေနပ်သေးဘူးလားကွ..."
လုဖေး မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
"ဘာအဓိပ္ပာယ်လဲ...ငါက ယွမ်အနည်းငယ်လောက်ကို ဂရုစိုက်တယ်များထင်နေတာလား..."
"မင်း ဂရုစိုက်မစိုက်တော့ မသိပေမယ့် ငါကတော့ သေချာပေါက် ဂရုမစိုက်ဘူး..."လင်းရီ လှောင်ပြုံးလေးဖြင့် ချေပလိုက်သည်။
"ဒါပေမယ့် စေတနာနဲ့ အကြံလေးတစ်ခုတော့ ပေးလိုက်မယ်...မင်းဘာမင်း နှပ်ချေးငပိ လုပ်စားစား မင်းဘေးမှာ အမျိုးသမီးတစ်ယောက် ရှိတယ်ဆိုရင်တော့ ရက်ရက်ရောရော ရှိရတယ်ကွ...ပိုက်ဆံမရှိရင်လည်း ကမ်းခြေလာပြီး စော်လေးတွေနဲ့ လာမကဲချင်နဲ့.....မဟုတ်ရင် မျက်နှာပျက်သာပဲ အဖတ်တင်မယ်....အိုကေ..."
"မင်းက ငါ့ကို ငမွဲ လို့ ပြောချင်နေတာလားကွ...."
လုဖေး ဒေါသထွက်စွာဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ အီရန်ဘွိုင်းတစ်ယောက်မှ ယခုလို ပြောလာသည်ကိုတော့ သူလုံး၀ လက်မခံနိုင်ချေ။
"ငါ့ ကုမ္ပဏီရဲ့ တစ်နှစ် ၀င်ငွေက ၂ မီလီယမ် နီးနီးရှိတယ်...အဲ့လောက်ငွေပမာဏဆိုတာက မင်း တစ်ဘ၀လုံး ကုန်းရုန်းရှာတောင် ရမှာ မဟုတ်ဘူး...ဒါတောင်မှ မင်းလိုကောင်ကများ ငါ့ကို ငမွဲလို့ လာပြောချင်နေတယ်ပေါ့.....မင်းဘရိန်းကို ခွေးချီသွားလို့ သောက် အဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလားကွ"
"အဲ့တာတွေ ငါစိတ်မ၀င်စားဘူး..ဒါပေမယ့် မင်းလိုတော့ ယွမ်ရာဂဏန်းလေးကို ကပ်တွပ်နေတဲ့ ကောင်စားမျိုး မဟုတ်ဘူးဆိုတာတော့ သေချာတယ်..."လင်းရီ ခနဲ့သည့် အပြုံးဖြင့် ပြောလိုက်သည်။
၎င်းကိုကြားတော့ လုဖေး ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်နေ၏။ သူ့ဒေါသကို တစ်နေရာရာ၌ ပုံချမှ ဖြစ်ပေတော့မည်။
ထိုအချိန်တွင် လုဖေး၏ သူငယ်ချင်းတစ်ယောက်မှ သူ့နားကပ်၍ စကားလုံးအနည်းငယ်ခန့် တီးတိုး ပြောလိုက်သည်။ ထို့နောက် ငနဲမှာ ဂုဏ်ယူစွာဖြင့်နှုတ်ခမ်းများ တွန့်ကွေးသွားတော့၏။
အချင်းချင်း တီးတိုးပြောပြီးနောက် လုဖေး လင်းရီကို ကြည့်လိုက်ပြီး "ခုနက မင်းမှာ ပိုက်ဆံရှိတယ်လို့ ပြောတယ်နော်...အဲ့တာဆို ငါမင်းကို တစ်ခုလောက် ၀ယ်ခိုင်းချင်တယ်...မင်းဒီအော်ဒါကို လက်ခံရဲလားဟျောင့်...."
"ဟမ့်...ဘာလက်မခံရဲစရာရှိလဲ..."လင်းရီ အပြုံးဖြင့် ပြောလိုက်၏။
"ဒါပေမယ့် ကြိုပြောထားမယ်...မင်းက ထူးထူးဆန်းဆန်း ချေးစားချင်တယ်ဆိုပြီး လာ၀ယ်ခိုင်းရင်တော့ ဆောတီးပါလို့ ကြိုပြောထားပါရစေ..."
လုဖေး မျက်နှာ မည်းမှောင်သွားသည်။
"ဟမ်...ငါ့ကို ဘယ်လိုကောင်မျိုးများ မှတ်နေလဲ...မင်းကို ဈေးမှာ ရောင်းတဲ့ဟာပဲ ၀ယ်ခိုင်းမှာ ၀ယ်ရဲ မ၀ယ်ရဲပဲပြော..."
"ရတယ်လေ...အော်ဒါတင်လိုက်...နောက်ကျမင်း မင်းစကားကိုသာ ပြန်မပြင်နဲ့..."
"စကားနဲ့ သဘောတူတယ်ဆိုတာက အကျုံးမ၀င်ဘူး..စာချုပ်ချုပ်ကြမယ်...မတတ်နိုင်တဲ့သူက ဒူးထောက်ပြီး အဘိုးလို့ ခေါ်ရမယ်...ဘယ်လိုလဲကွ..လောင်းကြေးချရဲလား...."
လင်းရီ ပြုံးလိုက်ပြီး "ဒီကမ္ဘာကြီးမှာ မလုပ်ရဲတာ မရှိသေးဘူး...လောင်းကြေးလေးပဲမလား..လာ တစ်ခါတည်း စာချုပ်ရေးကြမယ်..."
ရွှယ်ပင်း မျက်မှောင်ကြုတ်ပြီး လင်းရီနံဘေးသို့ လျှောက်သွားလိုက်၏။
"အချောလေး..နင်သူနဲ့ လောင်းကြေးစားကြေး မလုပ်တာ ကောင်းမယ်နော်...နင့်မှာ နိုင်ဖို့ အခွင့်အရေး မရှိလောက်ဘူး..."
ကမ္ဘာကြီးတွင် အဆင့်တန်းခွဲခြားမှုများမှာ လွန်စွာတွင်ကျယ်၏။ ဆင်းရဲသူများက ချမ်းသာသူများကို မဖိနှိပ်နိုင်ဟု စွဲမြဲယုံကြည်သူများလည်း ရှိကြသည်။
လုဖေး၏ ကြွယ်၀မှုများမှာ လင်းရီထက် အဆများစွာပိုပြီး ယခုလည်း လင်းရီကို ကောက်ကျစ်စဉ်းလဲသော အကြံစည်ဖြင့် သူ့ထောင်ချောက်ထဲသို့ ကျအောင် ပြုလုပ်နေလေသည်။ အကယ်၍ သူမ သတိပေးလျက်နှင့် လင်းရီသာ သဘောတူလိုက်မည်ဆိုပါက သိသိကြီးနှင့် မိုက်တွင်းနက်သော လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
"အဆင်ပြေပါတယ်ဗျ...ကျွန်တော်လည်း ခုဘာမှ လုပ်စရာမရှိဘူးဆိုတော့ သူနဲ့ ကစားပေးလိုက်ဦးမယ်...."
လင်းရီ အသာပြုံး၍ ပြောလိုက်သည်။
"ပင်းပင်း ထားလိုက် ...အဲ့တာ နင့်ကိစ္စမှ မဟုတ်တာ...နင်ဘယ်သူ့ဘက်မှာ ရပ်ရမလဲဆိုတာ သဘောမပေါက်သေးဘူးလား..."ရွှီလုမှ ပြောလိုက်၏။
လင်းရီမှာ ချောမောခန့်ညားသော်လည်း အဆင်းသာရှိပြီး အချင်းမရှိသူဖြစ်၏။ ထို့ကြောင့် သူမ လင်းရီဘက်၌ ရှိမနေပေးခဲ့။
"ဒါ......"
"ထားလိုက်ပါ ပင်းပင်းရဲ့...သူ့ဒုက္ခသူ ရှာနေတာပဲ..ငါတို့လည်း အတင်းဖိအားပေးနေတာမှ မဟုတ်သာ"
တစ်ချိန်တည်းတွင် လုဖေး၏ သူငယ်ချင်းလည်း သဘောတူ စာချုပ် ရေးသားပြီးနောက် လင်းရီ ထံ ကမ်းပေးလိုက်သည်။
"မင်းမှာ ဘောတွေ ရှိတယ်ဆိုရင် လက်မှတ်ထိုးလိုက် ....လောင်းကြေးချမယ်...."
"အသေးမွှားလေးပါကွ..."
လင်းရီ တုန့်ဆိုင်းချင်းမရှိ ဘောပင် ကောက်ယူလိုက်ပြီး သူ၏ နာမည်ကို ရေးထိုးလိုက်၏။ လုဖေးလည်းထို့အတူပင်။
"ငါခု အော်ဒါတင်လိုက်မယ်..မင်းလက်ခံလိုက်..."
"အိုကေ..."
ရွှယ်ပင်း အနည်းငယ် စိုးထိတ်နေသည်။ လုဖေး ဘာပေါက်တတ်ကရ လျှောက်၀ယ်ခိုင်းမလဲ မသိ။
ကြည့်ရှုသူများကတော့ ဘာဆက်ဖြစ်ကြမလဲဆိုတာကို ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြ၏။
သို့သော်လည်း သူတို့ထံတွင်လည်း အတွေးကိုယ်စီနှင့်ပင်။
အကယ်၍ မထင်မှတ်ထားသည့် အံ့ဖွယ်များသာ ဖြစ်မလာပါက အီရန်ဘွိုင်းလေးမှာ သေသည်အထိ ဆော့ကစားခံရလိမ့်မည်။
ဟမ့်သူ့ကို ဘယ်သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးကို စိန်ခေါ်ခိုင်းလို့လဲတဲ့...
[သင့်မှာ အော်ဒါအသစ်ရှိပါတယ်...ကျေးဇူးပြုပြီး လက်ခံပေးပါ...]
မကြာမီ လင်းရီ စနစ်ထံမှ အကြောင်းကြားစာကို ဖုန်းပေါ်တွင် တွေ့လိုက်ရ၏။
အော်ဒါကို လက်ခံလိုက်သောအခါ လင်းရီအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
"မင်းက ငါ့ကို Ferrari 812 ၀ယ်ခိုင်းချင်တယ်ပေါ့...."