← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

လုဖေး ယခုလို အော်ဒါတင်လိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့။

ထိုငနဲ၏ ရည်ရွယ်ချက်ကိုလည်း လင်းရီ နားလည်ပေသည်။

သူ Ferrari ၀ယ်ရန် မတတ်နိုင်ဘူးထင်၍ ယခုလို အော်ဒါတင်လိုက်ခြင်းပင်။

"ဟုတ်တယ်... Ferrari 812 ပဲ...."

လုဖေး အတည်ပြုပေးလိုက်၏။

"မင်းက အီရန်ဘွိုင်း မဟုတ်ဘူးလား...ငါခု Ferrari 812 လိုချင်တယ်...ဒါပေါ့ ရေကူးဘောကွင်း ၀ယ်တုန်းကလိုပဲ မင်းက ပိုက်ဆံအရင်ချေပြီး ၀ယ်ပေးရမှာ..ငါကတော့ ဒီရောက်မှ မင်းကို ပိုက်ဆံ ပြန်ပေးမယ်..."

"ဟား....."

ရပ်ကြည့်နေသူများအားလုံး ပွဲကျသွားကြ၏။

"ညီကို မင်းကတော့ အတော်နောက်တာပဲ...သူက အီရန်ဘွိုင်းလေကွာ ... Ferrari အရုပ်မော်ဒယ်လေး ၀ယ်ခိုင်းရင်တောင်မှ ပိုပြီး လက်တွေ့ကျဦးမယ်...တကယ့် ကားအစစ်ကြီးကျတော့ ဘယ်လို ၀ယ်ပေးနိုင်မှာလဲဟ..သူ့အိမ်ပေါင်ရင်တောင်မှ လောက်ပါ့မလား မသိဘူး..."

"ငါမှတ်မိသဘောကဆိုရင် Ferrari 81က ယွမ် ငါးမီယမ် တန်းကြေးရှိတယ်မလား..ပြီးကျတော့ နောက်တွဲဗိုလ်ပါတွေလည်း အများကြီး ကျန်သေးတယ်...သူ့ဘတ်ဂျက်နဲ့ဆို ဘယ်လိုလုပ် ၀ယ်နိုင်မှာ..."

"အရေးကြီးဆုံးကတော့ အဲ့ကောင်က သူ့အနေအထားသူ သိသင့်တယ်...ကိုယ်က lvl 0 ဆို သူများရဲ့ lvl 100 နဲ့ သွားမယှဉ်သင့်ဘူးလေကွာ...ခုလို လုပ်တာက သေချာပေါက် ကိုယ့် ဒုက္ခကို ရှာတာပဲ..."

"ခစ် ခစ် အစ်ကိုလုကတော့ လုပ်လိုက်ရင် အဆန်းကြီးတွေပဲ..."ရွှီလု ရွှင်မြူးစွာ ပြောလိုက်၏။

"ခုလို အိုင်ဒီယာမျိုး စဉ်းစားမိတဲ့ ဘဒိုရဲ့ ဦးနှောက်ကို ရွှေချထားပါရစေ..."

"ဟား...တကယ်တော့ ငါက သူနဲ့ ရှုပ်ချင်တာမဟုတ်ဘူး ...ငါကလည်း အဆင့်ချင်းမတူရင် မတုချင်ဘူးလေ....အဲ့ကောင်ကိုက အရင်လာရှုပ်ချင်မှတော့ ငါလည်း ကစားပေးရတာပေါ့...တကယ်တော့ မနှစ်တုန်းက အမြတ်ငွေလေးကလည်းမဆိုးတော့ ကားလဲချင်နေတာကြာပြီ...ငါက သူ‌ဌေးဆိုတော့ သိတယ်မလား...ငွေပေးပြီး အဲ့ကောင်ကို ပါးရိုက် ၀ယ်ခိုင်းလိုက်မယ်လေကွာ ...ဟားဟား...."

"သူ့အနေထားကိုလည်း ကြည့်စမ်းပါဦးကွာ... Ferrariသာ ၀ယ်နိုင်လို့ကတော့ ဘာလို့ အီရန်ဘွိုင်း လုက်နေမှာလဲတဲ့...,"

"အဲ့တာတော့ သူ့သောက်ကြောင်းလေ.."လုဖေး ပခုံးတွန့်လိုက်ပြီး "ငါက သူ့ကို ၀ယ်ခိုင်းတာ...သူသာ ၀ယ်လာပေးရင် ငါက ပိုက်ဆံချေမယ်..ရှင်းရှင်းလေးပဲ..."

"တကယ်လို့ သူ၀ယ်လာပေးရင်တောင်မှ ပိုက်ဆံ သူ့စရိတ်နဲ့သူ အရင်ရှင်းရမှာပဲလေ...သူ့ဘတ်ဂျက်နဲ့သာဆို အောက်က နှစ်လုံး ဖြုတ်ရောင်းရင်တောင်မှ ၀ယ်နိုင်မှာ မဟုတ်ဘူး..."

"အဲ့တာကတော့ သူ့အပိုင်းလေ...သူ့ကိုယ်သူ သောက်ရမ်းတွေ အံ့ဩဖို့ကောင်းနေတယ်လို့ ထင်နေတာ မဟုတ်ဘူးလား...အီရန်ဘွိုင်းကများ ငါ့ထက်ပိုပြီး ချမ်းသာချင်ယောင် လာဆောင်ပြနေတယ်...အဲ့လိုဆိုမှတော့ ငါလည်း သူ့ကို ရှိုးပြဖို့ အခွင့်ရေး ပေးလိုက်မယ်လေ..."

လက်ရှိ ဝိုင်းအုံနေကြသည့် လူတိုင်း လုဖေး မနှစ်တုန်းကမှ စီးပွားရေး လုပ်ငန်းများ စတင်ပြေလည်လာသည်ကို သိထားကြသည်။

လိုက်လွင့်ခြင်း နယ်ပယ်၏ စဉ်ဆက်မပြတ် ကြီးထွားလာမှုကြောင့် သူ၏ ကုမ္ပဏီမှာ တစ်နှစ်လျင် ၂မီလီယမ်လောက်တော့ ၀င်ငွေရှိ၏။

သို့တိုင်အောင် Ferrari 812ကို ၀ယ်နိုင်လောက်သည်အထိတော့ မကြွယ်၀သေးချေ။

ယခုလို အော်ဒါတင်လိုက်တာကလည်း လင်းရီကို လှည့်စားချင်သောကြောင့်ပင်။

အဘယ်ကြောင့်ဆိုသော် လင်းရီမှာ Ferrari ၀ယ်ရန် မတတ်နိုင်ဟု မုချ ယုံကြည်ထားသောကြောင့်သာ။

ထို့ကြောင့် မလိမ်တပတ်ဖြင့် မြေပေါ်ဒူးထောက်ခိုင်းပြီး အဘိုးဟု ခေါ်ခံရသည့် နားအရသာကို တစ်ခနလောက် တော့ ကောင်းကောင်းကြီး ခံစားရမည်ဆိုပါကလည်း မဆိုး။

အင်း.. ဒီကလေးက တစ်ခုခုတော့ တစ်ခုခုပဲ..လုဖေးရှေ့မှာတောင်မှ မိမိုက်သလို ဟန်ဆောင်ရဲတယ်ပေါ့...သူကတော့ မရှုမလှကြီး ရှုံးတော့မှာပဲ...

ရွှယ်ပင်းမှာတော့ ပို၍ပင် စိုးထိတ်လာပြီး ကူညီချင်သော်လည်း သူမ တတ်နိုင်သည်က ဘာမျှ မရှိခဲ့။ ထို့ကြောင့် သက်ပြင်းအသာချပြီး လင်းရီ၏ မာနကြီးသည့် စိတ်ဓာတ်ကိုသာ တိတ်တဆိတ် အပြစ်တင်နေလိုက်တော့၏။

လင်းရီကတော့ အလေးပင်မထား။ ပြုံးရုံသာ ပြုံးလိုက်သည်။

သူ သောက်ရူးများစွာကို မြင်ဖူးသော်လည်း ယခုလို သူများကို ဒူးထောက်ပြီး အဘိုးခေါ်ချင်နေသည့် လူကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ပြောကြသည်ကတော့ အရူးတွင်လည်း အရူးကံရှိသည်။ ထိုငနဲကဲ့‌သို့‌ သောက်ရူးကြီးတောင် ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး အောင်မြင်နေမှတော့ ကောင်းကင်ဘုံမှာ အကြင်နာ ကြီးလွန်းလှ၏။

"မင်း Ferrari 812 ၀ယ်ချင်နေတာ သေချာရဲ့လား..."

လင်းရီ နောက်တစ်ကြိမ် မေးမြန်းလိုက်သည်။

"ဒါပေါ့ကွ...အော်ဒါမှာ သေချာရေးထားတယ်လေ..."

"အဲ့တာဆို တစ်ခု ထပ်မေးဦးမှာ Ferrari ရဲ့ စက်ရုံထုတ် ပစ္စည်းတွေက အမှိုက်တွေလိုပဲ...ဆိုတော့ ပြန်ရွှုင်းပြီးမှ ယူမလား..."

"ဒါပေါ့ကွ...အကောင်းဆုံး ဖြစ်ပြီဆိုမှ ယူလာခဲ့...မင်းရောက်လာတာနဲ့ ငွေတန်းချေမယ်..."

လုဖေး စနောက်ချင်နေသည့် လေသံဖြင့် ပြောလိုက်သည်။

"ပြဿနာ မရှိဘူး..ဒါပေမယ့် တစ်ခုတော့ သတိပေးထားလိုက်မယ်..."

"တကယ်လို့ ပစ္စည်းတွေအားလုံးကို ရှယ်ရွှိုင်းမယ်ဆိုရင် ၇ မီလီယမ်လောက်ထိ ရောက်သွားမှနော်..မင်း၀ယ်ချင်တာ သေချာပြီလား..."

"၀ယ်မယ်လို့ ပြောပြီးပြီလေကွာ...ငါက အဲ့လောက်လေးတောင် မတတ်နိုင်တဲ့ကောင်များ မှတ်နေလား..."

"ကောင်းပြီလေ...ငါခုပဲ သွား၀ယ်လိုက်တော့မယ်..."

လင်းရီ၏ အတည်ကြီး သွား၀ယ်တော့မည့် အမူအရာကို မြင်တော့ လူတိုင်း ရယ်မော လိုက်ကြသည်။

"သရုပ်ဆောင်ကတော့ တယ်ကောင်းတဲ့ကောင်ပါလားကွ...တကယ်လို့ သူသာ အီရန်ဘွိုင်းလို့ ကြိုမသိဘူးဆိုရင် တကယ်ကြီး ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးလို့ ထင်မိမှာပဲ..."

"သာမန်ပါပဲ မိုင်ဖရန့်...သူလည်း အရွယ်ရောက်ပြီးသားလေကွာ...သူ့ဂုဏ်သိက္ခာကို ထိန်းဖို့ အဲ့လောက်လေးမှ သရုပ်မဆောင်တတ်ရင်လည်း....."

"ဟားဟား...ငါတို့တော့ ရှိုးပွဲကောင်း တစ်ခုတော့ ကြည့်ရတော့မယ်ဟေ့..."

လင်းရီကတော့ သူပြောချင်တာ ပြောပြီးနောက် ကျန်တာကို ဂရုစိုက်မနေတော့ ။ ထိုနေရာမှ လှည့်ထွက်ခဲ့လိုက်သည်။

သို့သော်လည်း လုဖေးမှ နောက်တစ်ကြိမ် ဟန့်တားလိုက်ပြန်သည်။

"နေဦး...ဘာလို့ ထွက်သွားဖို့ အလျင်လိုနေတာလဲကွ..."

"ဘာလ‌ဲ...ထပ်မှာ‌ချင်သေးလို့လား..."

"မင်းစဉ်းစားနေတာကို ငါမသိဘူးများ မှတ်နေလား...မင်းခု သွားပြီးရင် ဘယ်တော့မှ ပြန်မလာတော့ဘူးမလာ....ဟင်းဟင်း..."

"ဟမ့်...ငါ့ကို အဲ့လိုကောင်မျိုးများ မှတ်နေလားကွ..."

"အဲ့လို မဟုတ်ဘူးဆိုရင်လည်း မင်း ID ကတ်ထားခဲ့...ဒါမှ မင်းထွက်မပြေးကြောင်း သက်သေပြလို့ရမှာ..."

လင်းရီ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း

"ကောင်းပြီလေ...မင်းက ကစားချင်နေမှတော့ အဆုံးထိ လိုက်တာပေါ့ကွာ..."

ထိုသို့ဖြင့် လင်းရီ သူ၏ ID ကတ်ကို ထားခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့၏။

လမ်းတွင် လင်းရီ ကားရောင်းသည့်ဆိုင်တစ်ဆိုင်တွေ့တော့ ၀င်သွားလိုက်သည်။

"ဘုရားရေ...အပြင်ကို ကြည့်လိုက်ကြဦး ... Koenigsegg Rs ကြီးဟ..."

လင်းရီ ပြိုင်ကားကြီးနှင့် ၀င်လာသည်ကိုမြင်တော့ ကားအရောင်း ၀န်ထမ်းများ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ကြ၏။

ဒီလောက်လန်းတဲ့ ကားကြီးက ကမ္ဘာမှာတောင် ရှားမှ ရှားပဲ...

Koenigsegg RSမှာ Ferrari ထက် တစ်ဆင့်မြင့်သည့် ကားအမျိုးအစားဖြစ်၏။

လင်းရီ ကားထဲမှ ထွက်လာသည့်အခါတွင်တော့ အရောင်းစာရေးမလေးများ တစ်ဖန် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြန်သည်။ ။

"အမေရေ...ကာထဲက ထွက်လာတဲ့ ရှောင်ကောကောလေးက ချောလိုက်တာနော်...သမီးတော့ ဘယ်လိုမှ မရတော့ဘူး အဟင့်...."

"ငါတော့ ချစ်မိသွားပြီ...."

"ငါ့ပန်းလေးတောင် စိုရွှဲနေပြီ...အား..တောင့်မခံနိုင်တော့ဘူး..."

လင်းရီကတော့ လျစ်လျူရှု၍ ဆိုင်ထဲ တည့်မတ်စွာ ၀င်သွားပြီး "ဘယ်မှာလဲ မင်းတို့ မန်နေဂျာ...."

"ဟယ်လို ဆာ..ကျွန်မက အရောင်းမန်နေဂျာ တင်းကျယ်ပါရှင့်...ဘာများ ကူညီပေးရမလဲ..."အသက်သုံးဆယ် အရွယ်ရှိ အမျိုးသမီး တစ်ဦးမှ သူ့ကိုယ်သူ မိတ်ဆက်ရင်း ပြောဘိုက်သည်။

"ကျုပ် အရည်အသွေးက လုံး၀ ထိပ်တန်းဆိုမှ ထိပ်တန်းဖြစ်တဲ့ Ferrari 812 တစ်စီး လိုချင်တယ်...ဘယ်လောက် ကျမလဲ..."

လင်းရီ သူလိုချင်တာကို တန်းပြောလိုက်သည်။

တင်းကျယ် စိတ်ရှုပ်ထွေးသွား၏။

သူမ ကားရောင်းလာသည့် သက်တမ်းတစ်လျှောက် ယခုလိုမျိုး ကား၀ယ်သည့် သူမျိုးနဲ့ မဆုံခဲ့ဖူးပေ။

သူက ငါ့ဆီကနေ ဘာကားကောင်းလဲ ဆိုတာ အရင် အကြံဉာဏ် တောင်းသင့်တာ မဟုတ်လား...

ဒါကြီးက တအား တည့်တိုး ဆန်လွန်းတယ်...လက်မခံနိုင်ဘူး...

အနည်းဆုံးတော့ နည်းနည်းပါးပါး အစပျိုးပေးသင့်တာပေါ့လို့...

"Ferrari 812 ရဲ့ဈေးက ၅.၃ သန်းပါရှင့် ..တကယ်လို့ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေပဲ လိုချင်တာဆိုရင်တော့ ၇.၁ မီလီယမ် ကျသင့်ပါမယ်...လူကြီးမင်း လိုချင်တာ သေချာ...."

လင်းရီ သူမ စကားဆုံးသည်အထိ စောင့်မနေတော့ပဲ သူ၏ ဘဏ်ကတ်ကို ထုတ်ပေးလိုက်ပီး "လျို့ဝှက်နံပါတ်က ၀၀၀၀၀၀၀...ကတ်ဖြတ်လိုက်တော့..."

ဟစ်....

လူတိုင်း လင်းရီ ၏ လုပ်ရပ်ကြောင့် လေအေးမျာ တစ်၀ကြီး ရှိုက်သွင်းလိုက်ရ၏။

သူမတို့ ဘောစိများစွာ မြင်ဖူးသော်လည်း ယခုလို တိုင်ကွန်းမျိုးကိုတော့ မမြင်ဖူးခဲ့။

ဘာက ဆွဲဆောင်မှုအရှိဆုံးလဲ..

ဒါပဲလေ...

နှစ်ခါ မမေးဘူး..ကတ်ဖြတ်လိုက်တော့...

"ဟုတ် ဟုတ်ကဲ့ပါရှင့် ခုပဲ စာချုပ် ပြင်ပေးပါ့မယ်..."

"ကျုပ် ကား အပို အစိတ်အပိုင်းတွေအားလုံးကို နှစ်နာရီအတွင်း တပ်ပြီးတာ လိုချင်တယ်..တကယ်လို့ ခင်များတို့ဘက်က အဲ့ထက်ပိုကြာမယ်ဆိုရင်တော့ ထားလိုက်တော့..ကျုပ်ဘာကျုပ် တခြားနေရာမှာပဲ သွားဆင်လိုက်တော့မယ်..."

"နားလည်ပါပြီရှင့်...တတ်နိုင်သမျှ မြန်မြန် လုပ်ပေးပါ့မယ်..."တင်းကျယ် အသက်ပြင်းပြင်း ရှူပြီး ပြောလိုက်၏။

သူမ သက်တမ်းတစ်လျှောက် အကြီးမားဆုံးသော စိန်ခေါ်မှုကြီးတစ်ရပ်နှင့် ကြုံလိုက်ရသကဲ့သို့ ခံစားမိသွားသည်။

"အိုး..ဒါနဲ့ ကားတင်ဖို့ ထရပ်တစ်စီးလည်း ပြင်ဆင်ထားပေး..ပိုက်ဆံ ပေးရမယ်ဆိုရင်လည်း ကျုပ်ကတ်ထဲကနေပဲ နှုတ်လိုက်..."

"ဟုတ်ကဲ့ပါရှင့်..ခုပဲ ဆောင်ရွက်ပေးပါ့မယ်"တင်းကျယ် ပြောလိုက်၏။

ကတ်ဖြတ်ပြီးနောက် ကားအရောင်းဆိုင် တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး ငွေအနံ့များသာ ကျန်ရစ်နေတော့၏။

လင်းရီ၏ အပြုအမူများက သူမတို့၏ အမြင်ကို ကျယ်သွားစေသည်။

ပြောကြသည်ကတော့ အမျိုးသမီးများမှာ ထပ်ခါတလဲလဲ ဖောက်ပြန်ကြသည်ဟု ဆိုကြ၏။ သို့သော်လည်း အဘယ်မိန်းကလေးက ယခုကဲ့သို့ ဩဇာလွှမ်းမိုးနိုင်သည့် ယောက်ျားမျိုးကို မချစ်မနှစ်သက်ပဲ နေမည်နည်း။

ထိုကဲ့သို့ ယောက်ျားမျိုးနှင့် ကြုံလာပါက သူတော်စင်မပင်လျင် အပြစ်သား ဖြစ်သွားပေလိမ့်မည်။

All Chapters