← Chapters

ကျုပ် ကြိုးစားကြည့်ပါရစေဦး

Vol. 73 Ch. 1017

ကျုပ် ကြိုးစားကြည့်ပါရစေဦး

Vol. 73 Ch. 1017

“ ဟုတ်တယ် …. ကျုပ်က ပေသို့ နတ်လမ်းစဉ်ဂိုဏ်းက နတ်ဘုရားအုပ်စိုးသူ ဖူဖန်းပါ။ ခင်ဗျား အရင်စတိုက်ပါ ” အရပ်ရှည်ရှည် အမျိုးသားက သူ့အရှိန်အဝါကို ထုတ်လွှင့်လိုက်ရင်း ပြောလိုက်သည်။ ထိုစဉ် ယာယီတိုက်ပွဲစင်မြင့်ရှိ ကာကွယ်ရေး အစီအရင်က စတင် အက်ကွဲလာသည်။

“ ဒီလိုဆိုမှတော့ ကျူရှန်းက ခင်ဗျားဆီက သင်ယူရမှာပါပဲ ” တစ်ဖက်လူက နတ်ဘုရားအုပ်စိုးသူ ဖြစ်နေသော်လည်း ကျူရှန်းက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကောင်းကင်နတ်ဘုရားထဲ  အဆင့် ၁ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် သူက လူကြောက်တစ်ယောက်လိုမျိုး နောက်ဆုတ်နေမည် မဟုတ်ပေ။

ကျူရှန်းက နတ်ဘုရားအုပ်စိုးသူ အစစ်နှင့် တိုက်ခိုက်တော့မည်ကို တွေ့၍ ကြည့်ရှူသူများက ပို၍ စိတ်ဝင်စားလာကြသည်။ ကျူရှန်းက ကောင်းကင်နတ်ဘုရားများထဲတွင် အဆင့် ၁ ဖြစ်ပြီး နတ်ဘုရားအုပ်စိုးသူကိုသာ အနိုင်ရနိုင်လျှင် ကောင်းကင်နတ်ဘုရားအဆင့်များအတွက် စိတ်ဓာတ်ခွန်အားကြီးကြီး ဖြစ်လာစေလိမ့်မည်။

ကျူရှန်း၏ တံခွန်အောက်တွင် တိုက်ပွဲစင်မြင့် ဘေးပတ်လည် နေရာမှာ တစစီ ဖြစ်သွားပြီး အပူစွမ်းအားအဖြစ် ပြောင်းလဲသွားတော့သည်။

အနီးအနားရှိ ကျင့်ကြံသူများက အလျှင်အမြန် နောက်ဆုတ်လိုက်ကြရသည်။

ဖူဖန်း၏ အားပြင်းပြင်း စွမ်းအားစက်ကွင်း ထွက်ပေါ်လာသည့်အခါ အားလုံး ခန့်မှန်းထားသည့်အတိုင်း ကျူရှန်းသည် အံ့ဩဖို့ ကောင်းသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်မျှသာ ရှိနေသေးသည်။

သူ့စွမ်းအားစက်ကွင်းမှာ ဖူဖန်း၏ စက်ကွင်းကြောင့် ပျက်စီးသွားကာ ကျူရှန်းသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားလေ၏။

“ ဘန်း ” စင်မြင့်ကား အသံများ ထွက်လာကာ စက္ကန့်ပိုင်းလေးအတွင်း ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားတော့သည်။ ကျူရှန်းနှင့် ဖူဖန်းတို့ နှစ်ယောက်လုံး မြေကြီးပေါ် ရောက်လာကြသည်။

ကျူရှန်း၏ မီးတောက်ပူ တံခွန်က  သူ့ကိုယ်သူ ကာကွယ်ဖို့ ရစ်ပတ်ထားလိုက်သည်။ ကျူရှန်းက ဆက်လက် မတိုက်တော့ဘဲ လက်နှစ်ဖက် ယှက်ကာ  “ တာအိုရောင်းရင်း ဖူ … ကျုပ်က ခင်ဗျားအတွက် ပြိုင်ဖက် မဟုတ်ပါဘူး။ ဒီလိုဆိုရင်တောင် အရင်းအမြစ်ကျောက်ပြား လေးထောင်ထဲမှာ ကျုပ်က တစ်ထောင် ပိုင်တာဆိုတော့ ကျုပ်ရဲ့ အရင်းအမြစ် ကျောက်ပြား တစ်ထောင် ပြန်ယူပါရစေ ”

ဖူဖန်းက စိတ်ခံစားချက် ကင်းမဲ့စွာဖြင့် လက်နှစ်ဖက် ယှက်ကာ  “ ကောင်းပြီ”

မိုဝူကျိ တစ်ယောက်သာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဖူဖန်းက ကျူရှန်းကို ဖိနှိပ်ထားနိုင်သော်လည်း ကျူရှန်းက ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေသေး၏။ ဖူဖန်းလည်း ထိုအချက်ကို ကောင်းကောင်း သိပေသည်။ ထို့ကြောင့် ဖူဖန်းအား အရင်းအမြစ် ကျောက်ပြား တစ်ထောင် ပြန်ပေးလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူသာ သဘောမတူလျှင် နှစ်ဖက်လုံးက ဒဏ်ရာအပြင်းအထန်ဖြင့် အဆုံးသတ်သွားလိမ့်မည်။

ကျူရှန်းက နောက်ဆုတ်ပြီးနောက် ဖူဖန်း၏ စွမ်းအားစက်ကွင်းမှာ အပြင်းအထန် ထွက်ပေါ်နေဆဲ ဖြစ်သည်။ နတ်ဘုရားအုပ်စိုးသူအဖြစ် သူ့အရှိန်အဝါမှာလည်း အဆုံးအစွန်အထိ ရောက်ရှိသွားသည်။

“ ဘယ်သူမှ စိမ်မခေါ်တော့ရင် ကျုပ် အရင်းအမြစ်ကျောက်ပြား အားလုံးကို သိမ်းလိုက်ပြီ ” ဖူဖန်းက ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်သည်။

ကျူရှန်းက ရှုံးသွားပြီ ဖြစ်ရာ မည်သူကများ ဆက်လက် စိမ်ခေါ်ရဲဦးမည်နည်း။ အားလုံးကလည်း မဟာကောင်းကင်နတ်ဘုရားထဲရှိ အဆင့် ၂ ကား ကျူရှန်းထက် အားနည်းကြောင်း သိကြပေသည်။

ကျူရှန်းက  သူ့အသက်လေး ထိန်းထားနိုင်လိုက်သော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ထဲရှိ အဆင့် ၂ ကား အတူတူ လုပ်နိုင်မည် မဟုတ်လောက်ပေ။

“ ကျုပ် ကြိုးစားကြည့်တာပေါ့ ” ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည့်အခါ မိုဝူကျိက လူအုပ်ကြားမှ ထွက်လာသည်။

ဖူဖန်း၏ အမူအယာသည်လည်း ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ သူက မိုဝူကျိကို မြင်တွေ့ပြီးသား ဖြစ်၏။ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားရှိ နေရာထဲမှ ထွက်လာပြီးနောက် မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူ မဟုတ်ကြောင်း သံသယ ဝင်လာမိသည်။ မိုဝူကျိက လီဝူကျန့်အား သတ်နိုင်လိုက်သည်မှာ သူ့မိုးကြိုးစမ်းသပ်ချက်ကြောင့်သာ ဖြစ်ပေသည်။ သူက ထိုအကြောင်း တွေးမိလိုက်သည့်အခါ မိုဝူကျိက နတ်ဘုရားအုပ်စိုးသူအဆင့် မိုးကြိုးစမ်းသပ်ချက် မခံယူနေလျှင် သူ့မိုးကြိုးစမ်းသပ်ချက် တစ်ခုတည်းဖြင့် လီဝူကျန့်အား မည်သို့ သတ်ပစ်နိုင်မည်နည်း။

တစ်ခုတည်းသော ဖြစ်နိုင်ခြေကား  မိုဝူကျိ၏ မိုးကြိုးစမ်းသပ်ချက် အားကောင်းလာခြင်းမှာ လီဝူကျန့် အထဲဝင်လိုက်ခြင်းကြောင့်သာ ဖြစ်ရမည်။ သို့သော်လည်း ဤရှင်းပြချက်က အနည်းငယ် ယုတ္တိမတန်ချေ။ မိုဝူကျိက မိုးကြိုုးစမ်းသပ်ချက်အတွင်း အထိအခိုက်မရှိ ကျန်ရှိနေသည် မဟုတ်ပါလော။

ဖူဖန်းက ကျူရှန်းကို အနိုင်ရပြီးနောက် အရင်းအမြစ်ကျောက်ပြားများကို တန်းမယူသည့် အကြောင်းအရင်းမှာ မိုဝူကျိ ရှေ့ထွက်လာမလား သိချင်၍ ဖြစ်သည်။ အကယ်၍ မိုဝူကျိသာ ရှေ့ထွက်မလာရဲလျှင် မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူ မဟုတ်ဘဲ သူ့မိုးကြိုးစမ်းသပ်ချက် အောင်မြင်သွားသည်မှာ ရတနာတချို့ကြောင့်သာ ဖြစ်လိမ့်မည်။ အကယ်၍ မိုဝူကျိ   ရှေ့ထွက်လာရဲလျှင် မိုဝူကျိသည် နတ်ဘုရားအုပ်စိုးသူ ဖြစ်စေ၊ မဖြစ်စေကာမူ မိုဝူကျိက သူ့အား မကြောက်ကြောင်း သက်သေပြနေခြင်းသာ ဖြစ်၏။

လူအုပ်တစ်အုပ်လုံးက ကြောင်အမ်းကုန်ကြသည်။ ဖူဖန်းသည် နတ်ဘုရားအုပ်စိုးသူအဆင့် ဖြစ်မှန်း သိလျက်နှင့် မည်သူကများ စိမ်ခေါ်ရဲဦးမည်နည်း။

ကျူရှန်းက မည်မျှ အားကောင်းလိုက်သနည်း။ ကျူရှန်းပင် ဖူဖန်းထံ ရှုံးနိမ့်သွားရသည်။

ဒီမောက်မာတဲ့သူက ဘယ်သူလဲ … သူက သေခြင်းတရားကို မကြောက်ဘူးလား …

ကျူရှန်းနှင့် အဆင့် ၁၀ အတွင်းရှိ တခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများလည်း အံ့ဩကုန်ကြသည်။

ဒီလူက ဘယ်သူလဲ …

မိုဝူကျိက အလောင်းအစားအတွက် အရင်းအမြစ်ကျောက်ပြားများကို မထုတ်ဘဲ ပြောလိုက်သည်  “ တာအိုရောင်းရင်း ဖူဖန်း … ကျုပ်ဆီမှာ အရင်းအမြစ်ကျောက်ပြားအများကြီး ရှိတာ ခင်ဗျားလည်း သိမှာဆိုတော့ ထုတ်မနေတော့ဘူး။ တကယ်လို့ ခင်ဗျား ကျုပ်ကို အနိုင်တိုက်နိုင်ရင် ကျုပ်ရဲ့ လက်စွပ်က ခင်ဗျားအပိုင်ပဲ ”

ရိုးရိုးရှင်းရှင်း စကားတစ်ခွန်းက ဖူဖန်းအား ပို၍ အံ့ဩသွားစေသည်။

မိုဝူကျိတစ်ယောက် ကိုင်ကျိနှင့် လီဝူကျန့်တို့အား သတ်ခဲ့ပုံမှာ ဖူဖန်း စိတ်ထဲ လတ်လတ်ဆတ်ဆတ် စွဲကျန်နေသေးသောကြောင့် မိုဝူကျိအပေါ် အကြောက်တရား တချို့ ရှိနေမိသည်။ ယခု မိုဝူကျိက ထုတ်ပြောလိုက်သည့်အခါ ဆိုလိုသည်က သူတို့နှစ်ယောက်လုံး သေသည့်အထိ တိုက်ခိုက်ရမည်သာ ဖြစ်၏။ သေဆုံးသူ ပစ္စည်းများမှာ ရှင်ကျန်သူ၏ အပိုင် ဖြစ်လာလိမ့်မည်။

သူက နတ်ဘုရားအုပ်စိုးသူအဆင့် ဝင်ရောက်ခါစ ဖြစ်၍ လီဝူကျန့်လိုမျိုး အဆုံးသတ်မသွားလိုပေ။

ထိုစဉ် ကြည်လင်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်  “ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ရဲ့ အရင်းအမြစ်တိုက်ပွဲ ပထမစစ်ဆေးမှုက အဆုံးသတ်သွားပါပြီ။ တပည့်အားလုံး  အမွေးတိုင်တစ်တိုင်စာအတွင်း အပြင်ပြန်ထွက်ဖို့ ပြင်ဆင်ထားကြပါ ”

ထို့နောက် အားလုံးနှင့် ခပ်လှမ်းလှမ်းတွင် ခပ်ဖျော့ဖျော့ အလင်းတန်းလေး ကျရောက်လာသည်။ မပီမပြင် ကူးသန်းရေး အစီအရင် တစ်ခု ပေါ်လာသည်။

ဖူဖန်းက မိုဝူကျိနှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသောကြောင့် ထိုကြေညာချက်အား အသုံးချကာ  “ တာအိုရောင်းရင်း အချိန်ကလည်း ပြည့်တော့မှာဆိုတော့ ဒီအရင်းအမြစ်ကျောက်ပြားတွေကို ကျုပ်တို့ နှစ်ယောက် ခွဲယူကြတာပေါ့ ”

ဖူဖန်းက ကျူရှန်းတို့ ချမှတ်ထားသည့် စည်းမျည်းများကို လိုက်နာနေခြင်း မရှိသော်လည်း မည်သူမှ ဝင်မပြောရဲကြပေ။ နတ်ဘုရားအုပ်စိုးသူတစ်ယောက်က ဤနေရာရှိ  သူတို့အားလုံးကို သတ်ပစ်နိုင်စွမ်း ရှိပေသည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ အဲလိုလဲ အဆင်ပြေတာပဲ။ ဒါပေမဲ့ အရေအတွက်က ခွဲဖို့ ခက်လိမ့်မယ်။ ကျုပ်ရဲ့ ဝေစုကို အရင်ယူလိုက်မယ် ”

မိုဝူကျိက ပြောပြီးပြီးချင်း  ကျန်ရှိနေသော အရင်းအမြစ်ကျောက်ပြား ၂၉၀၀ ၌ တစ်ဝက်ကျော်လောက်ကို သိမ်းယူပစ်လိုက်သည်။

မိုဝူကျိက  တစ်ခါတည်းဖြင့် အရင်းအမြစ်ကျောက်ပြား ၂၀၀၀ ကို ယူသွားသောကြောင့် ဖူဖန်း၏ အမူအယာမှာ  ပျက်ယွင်းသွားသည်။

သူက ဝင်ပြောတော့မည့်ဆဲဆဲတွင် မိုဝူကျိက ရယ်မောလိုက်ရင်း  “ တာအိုရောင်းရင်းဖူက ရက်ရက်ရောရော အရင်းအမြစ်ကျောက်ပြား တစ်ထောင်ကို ပေးပစစ်နိုင်ပေမဲ့ ကျုပ်ကတော့ အဲလောက် မရက်ရောဘူး ”

ဖူဖန်းက မိုဝူကျိ ဆိုလိုရင်းကို နားလည်လိုက်သည်။ ဤလူက သူ့အား ကျူရှန်းကို အရင်းအမြစ်ကျောက်ပြား တစ်ထောင် ပေးလိုက်သည့်အတွက် ထည့်ပြောနေခြင်း ဖြစ်၏။

သို့သော်လည်း ထိုသို့ဆိုလျှင်ပင် သူက အရင်းအမြစ်ကျောက်ပြား ၉၂၀ ကျော် ရလိုက်သေးသည် မဟုတ်ပါလော။ မိုဝူကျိကား လှည့်ထွက်သွားလေပြီ။  ဖူဖန်းက သူသည် မိုဝူကျိအား ဆွဲထားလျှင် မိုဝူကျိနှင့် တိုက်ခိုက်ရမည် ဖြစ်ကြောင်း သိထားသည်။

မိုဝူကျိက  ကိုင်ကျိနှင့် လီဝူကျန့်တို့အား သတ်ပစ်လိုက်ခြင်းနှင့် ဤနေရာတွင် အချိန်သိပ်မကျန်တော့သည့်အချက်အား ထည့်တွက်လျှင် မိုဝူကျိသည် သူ့အား သက်ညှာနေမည် မဟုတ်ကြောင်း သိသာလှသည်။

မိုဝူကျိက အရင်းအမြစ်ကျောက်ပြား များစွာ ယူသွားသော်လည်း ဖူဖန်းက ဘာမှမပြောဘဲ သူ့လက်ကျန် အရင်းအမြစ်ကျောက်ပြားများကိုသာ သိမ်းဆည်းလိုက်တော့သည်။ ဘေးမှ ကြည့်ရှုနေသူများက အချင်းချင်း နားမလည်ဟန် ကြည့်လိုက်ကြပြီး ဘာဖြစ်သွားမှန်း နားမလည်လိုက်ကြပေ။

နတ်ဘုရားအုပ်စိုးသူ တစ်ယောက်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကို အဘယ်ကြောင့် ကြောက်ရွံ့နေသနည်း။ ဤလူက ကျူရှန်းထက် ပိုအားကောင်းနေသည်လား။

မိုဝူကျိက ကျေကျေနပ်နပ်ဖြင့် လှည့်ထွက်သွားတော့သည်။ ထိုစဉ် သူက နောက်ထပ် အရင်းအမြစ်ကျောက်ပြားပေါင်း နှစ်ထောင်ကို ရရှိလိုက်သည်။ ယခု သူ့တွင် အရင်းအမြစ်ကျောက်ပြား‌ပေါင်း လေးထောင်ကျော်နေပြီ ဖြစ်ရာ ပထမနေရာ ရရှိဖို့က မခက်ခဲတော့ပေ။

ကူးသန်းရေး အစီအရင် ဖြစ်တည်လာပြီးနောက် မိုဝူကျိက သူ့နဂိုသွင်ပြင်ကို ပြန်ပြောင်းလိုက်ပြီး အားလုံးနှင့်အတူတူ ကူးသန်းရေး အစီအရင်သို့ လိုက်သွားလိုက်သည်။

“ ဝူကျိ …” ပိုင်ယွဲ့က မိုဝူကျိကို မြင်မိသည်နှင့် တန်းရောက်လာသည်  “ မင်း အဆင်ပြေရတာ မြင်ရလို့ ငါတော့ ဝမ်းသာတယ် ”

ပိုင်ယွဲ့က အမှန်တကယ် ပျော်ရွှင်မိနေသည်။ ဤနေရာသို့ အနည်းဆုံး လူပေါင်း နှစ်သောင်း ဝင်ရောက်ခဲ့သော်လည်း တစ်သောင်းခွဲမျှသာ ပြန်ထွက်လာနိုင်ခဲ့သည်။ ကျင့်ကြံသူ ငါးသောင်း ဝန်းကျင်လောက်က ထိုဂြိုလ်ပျက်ပေါ်တွင် ကျဆုံးသွားကြသည်မှာ သိသာလှသည်။

“ မင်းရဲ့ ဆုလာဘ်က မဆိုးလောက်ဘူးမလား ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။ ပိုင်ယွဲ့သည်လည်း ကောင်းကင်နတ်ဘုရား အဆင့် ၂ ရောက်ရှိနေပြီ ဖြစ်၏။ သူက ဆုလာဘ်ကောင်းကောင်း သို့မဟုတ် ရတနာကောင်းကောင်း ရရှိလာခြင်းမှာ သိသာပေသည်။

မိုဝူကျိက စကားပြောနေစဉ် သူ့စိတ်စွမ်းအားမှာ ဝမ်ရုဆီ ရောက်ရှိသွားသည်။ ထိုအမျိုးသမီးက နူးနူးညံ့ညံ့ပုံစံလေး ပြန်ဖြစ်သွားပြီး သူမ ညီမဖြစ်သူ ဝမ်ရှီနောက်မှ လိုက်လာသည်။

ဝမ်ရှီနှင့် ယှဉ်လျှင် ဝမ်ရုက ပို၍ လှပပေသည်။ ထိုသို့ဆိုလျှင်ပင် မိုဝူကျိက ဝမ်ရုအား ရွှံ့ရှာစက်ဆုပ်မိ၏။

ကိုင်ကျိက သူ့လက်ချက်အောက်တွင် သေဆုံးသွားခဲ့သည်။ မဟုတ်ပါက ထိုလူသည် ဝမ်ရုအမည်ရှိ အမျိုးသမီးတစ်ယောက် လက်ချက်ဖြင့် ဇိဝန်ချုပ်သွားရပေလိမ့်မည်။ ကိုင်ကျိထက် အဆင့်မြင့်သော ဖေးယီတောက်ပင် သူမ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။

မိုဝူကျိက ဖေးယီတောက်သည် ဝမ်ရုလက်ချက်ဖြင် သေဆုံးသွားကြောင်း ထုတ်ပြောလျှင်ပင် မည်သူကမျှ သူ့အား ယုံကြည်ကြမည် မဟုတ်ပေ။

ဝမ်ရု ရောက်ရှိလာမှုကြောင့် အတော်အတန် ကြည့်ကောင်းသည့် ကျင့်ကြံသူတချို့၏ နှုတ်ဆက်မှုများ တန်းစီ၍ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဘုရားအဆင့်ထဲမှ အဆင့် ၁ ကျူရှန်းပင် သူမနှင့် စကားသွားပြောနေသေး၏။

“ ကူးသန်းရေး အစီအရင် ရပြီ ” ကူးသန်းရေး အစီအရင် အပြည့်အဝ ပုံပေါ်လာသည့်အခါ ကျင့်ကြံသူများက ပြုံတိုးလာကြသည်။

အသိစိတ်ပင်လယ်ရှိ စိတ်စွမ်းအားကို အသုံးမပြုထားသော်လည်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းရှိ စိတ်စွမ်းအားမှတဆင့် ဝမ်ရုသည် သူ့ဆီ ချည်းကပ်လာကြောင်း သတိထားမိလိုက်သည်။ ဝမ်ရု နီးကပ်လာသည့်အထိ မစောင့်နေတော့ဘဲ မိုဝူကျိက ပိုင်ယွဲ့အား ဆွဲခေါ်ကာ  “ ပိုင်ယွဲ့  .. လာ သွားကြစို့ … ”

“ ကောင်းပြီလေ ” ပိုင်ယွဲ့ကလည်း မြန်မြန် ထွက်သွားလိုနေသည်။ သူ့ဆုလာဘ်များက မဆိုးလှသောကြောင့် သေခြင်းတရား နှုတ်ခမ်းဝအထိ သွားလာပြီးမှ ရရှိလာခြင်း ဖြစ်ပေသည်။ ယခင် လူတစ်ယောက်၏ လုပ်ကြံမှုကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် ကြွယ်ဝလှသည့် သူ့အတွေ့အကြုံများကြောင့်သာ မဟုတ်လျှင် ဤနေရာအတွင်း ပျောက်ကွယ်သွားလောက်လေပြီ။ ဤအရင်းအမြစ် ကျောက်ပြား လျို့ဝှက်နယ်မြေအတွင်း ပိုင်ယွဲ့က ကြာကြာ မနေလိုပေ။

မိုဝူကျိနှင့် ပိုင်ယွဲ့တို့ ကူးသန်းရေး အစီအရင်ထဲ ဝင်သွားသောကြောင့် ဆက်တိုက်ဆိုသလို ပျောက်ကွယ်သွားကြသည်။ မိုဝူကျိဆီ လျှောက်လှမ်းလာသည့် ဝမ်ရုပင် အနည်းငယ် အံ့အားသင့်မိသွားသည်။

သူမက မိုဝူကျိသည် စိတ်စွမ်းအား အသုံးမပြုထားသည်ကို သေချာသိထားသည်။ တခြားနည်းဖြင့်ဆိုရလျှင် မိုဝူကျိက သူမ သူ့ဆီ ချည်းကပ်လာသည့်အခါ မတော်တဆ  ထွက်သွားခြင်းသာ ဖြစ်၏။

အရိုးဆုံးပြောရလျှင် ဝမ်ရုက မိုဝူကျိဆီ ချည်းကပ်လာသည်မှာ မိုဝူကျိက ပင်းထန်းဝါးကို လုယူသွားသည့်သူဟု တွေးမိနေ၍ မဟုတ်ပေ။ သူမက သတိကြီးကြီးထားတတ်သူ ဖြစ်နေ၍ အားလုံးကို သံသယဝင်မိနေခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူမက ယုံယွမ်နတ်ဆေးလုံးကို စကားအစပြုကာ မိုဝူကျိအား စစ်ဆေးလိုကြည့်ခြင်း ဖြစ်သည်။ တခြားသောကျင့်ကြံသူများအတွက်မူ သူမက နောက်မှ စုံစမ်းကြည့်မည် ဖြစ်သည်။

နှစ်နာရီအတွင်း နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ အရင်းအမြစ်တိုက်ပွဲ ပထမစစ်ဆေးမှုတွင် ပါဝင်ယှဉ်ပြိုင်သော တပည့်များအားလုံးက နိဗ္ဗာန်အသိပညာရပ်စင်မြင့်ဆီ ပြန်ရောက်ရှိလာသည်။

မိုဝူကျိ ပထမဆုံး မြင်လိုက်သည့်အရာမှာ ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင် ဖြစ်၏။ မိုဝူကျိက ထိုနတ်ဘုရားဘုရင်ကို ကြည့်လိုက်မိချိန် ထိုသူကလည်း သူ့အား ပြန်ကြည့်လာသည်။

သူက မိုဝူကျိသည် အသက်ရှင်လျက် ထွက်လာလိမ့်မည်ဟု မယုံကြည်နိုင်ပေ။ သူ့သဘောတရားအရ ကိုင်ကျိ၏ အငြိုးထားခံရသူများမှာ အသက်ရှင်လျက် ထွက်လာနိင်လျှင် အတော်လေး ထူးဆန်းနေပြီ ဖြစ်၏။ တပည့်များအားလုံး နိဗ္ဗာန်အသိပညာ စင်မြင့်ဆီ ပြန်လည် ရောက်ရှိလာသည့်အခါ ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်၏ အမူအယာမှာ ပျက်ယွင်းသွားတော့သည်။

မိုဝူကျိက အသက်ရှင်လျက် ထွက်လာသော်လည်း ကိုင်ကျိကား ရှာ၍ မတွေ့လေပြီ။ ကိုင်ကျိက ထိုလျို့ဝှက်နယ်မြေအတွင်း ပျောက်ကွယ်သွားသည်မှာ သိသာလှ၏။

ကိုင်ကျိ တစ်ယောက်တည်း ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ အကြောင်းမှာ အထဲဝင်သွားကြသည့် တပည့် နှစ်သောင်းအနက် အရေအတွက် ၁၄၀၀၀  မှ ၁၅၀၀၀ ကြားသာ ပြန်ထွက်လာနိုင်သည်။

***

All Chapters