← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

နှစ်နာရီ ကြာပြီးနောက် တင်းကျယ် လင်းရီထံသို့ လျှောက်လာခဲ့သည်။

"ဆာ...ကားကတော့ ရယ်ဒီဖြစ်ပါပြီရှင့် အခြေခံ လိုအပ်မယ့် အစိတ်အပိုင်းတွေကိုတော့ တပ်ဆင်ပြီးပါပြီ..တချို့ အချိန်ကြာမယ့် အစိတ်အပိုင်းတွေတော့ ထရပ်ထဲ ထည့်ထားပေးပါတယ်ရှင့်..."

"ကောင်းပြီ...ခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ...."

လင်းရီ ထပြီး ဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ထို့နောက် Koenigsegg ထဲ ၀င်၍ မွန်ဘေကမ်းခြေသို့ ကြုံးဝါးရင်း မောင်းလာခဲ့လိုက်၏။

"မင်းတို့ကောင်တွေ မထွက်သွာသေးရင် ပိုကောင်းမယ်...မဟုတ်လို့ကတော့ ပျော်ဖို့ ကောင်းတော့မှာ မဟုတ်ဘူး..."

.......

မွန်ဘေကမ်းခြေ။

လင်းရီ ထွက်သွားပြီးနောက် လူစု ခွဲသွားကြပြီး လူတိုင်း ကမ်းခြေ၌ ဆက်ကစားနေကြ၏။

လုဖေးနှင့် ကျန်သူများကတော့ ခွက်များ မြှောက်၍ သောက်နေကြသည်။ သူတို့ဘေးတွင် ပုလင်းအလွတ်တစ်ချို့လည်း ရှိနေပြီး ပူအိုက်သော နွေရာသီ၏ အရသာကို ဘီယာအေးအေးလေးဖြင့် ခံစားနေကြ၏။

"ပင်းလေး...1664 က သိပ်မပြင်းဘူး...ရော့ ဒါလေးစမ်းကြည့်ပါလား..."

လုဖေး အပြုံးလေးဖြင့် ပြောလိုက်သည်။

"တော်ပြီ...‌မသောက်ချင်ဘူး..."

ရွှယ်ပင်း သာမန် ငြင်းဆိုလိုက်၏။

"ပင်းလေး..ငါတို့အားးလုံးက ပျော်ချင်လို့ ဒီကို လာတာလေဟယ်..ဘာလို့ မျက်နှာကြီးက မပျော်မရွှင်ကြီး ဖြစ်နေတာတုန်း..."ရွှီလု မေးမြန်းလိုက်၏။

"နင် အဲ့ဒီ အီရန်ဘွိုင်းအကြောင်း စဉ်းစားနေတုန်းလို့တော့ ငါ့ကို မပြောနဲ့‌နော်...."

"ငါသူ့အကြောင်း စဉ်းစားနေတာ မဟုတ်ဘူး..ငါ့အထင် လုဖေးရဲ့ အပြုအမူက တအားကြီး မယဉ်ကျေးလွန်းဘူးလားလို့ပါ..."

"ဘာဆိုင်လို့လဲ ငါက သူ့ကို ရိုသေနေရဦးမှာလားဟ..."လုဖေး အပြစ်ကင်းစင်သည့် လေသံဖြင့် ပြန်မေးလိုက်သည်။

"သူက ငါ့ရှေ့မှာ လာပြီး မိမိုက်သလို လုပ်နေတယ် ဆိုတာ ရှင်းနေတာ‌ပဲလေ..ဘာတဲ့..ဒီလောက်လေးကတော့ မှုကို မမှုတာ.....ဟုတ်လား...အဲ့တာ အီရန်ဘွိုင်း တစ်ယောက်ရဲ့ နှုတ်က ထွက်လာသင့်တဲ့ စကားလား..."

"ဟွန့်..နင်သာ ၄၁၈ ယွမ် ပေးလိုက်မယ်ဆို ဒီလောက်ထိ ရှုပ်စရာတောင် အကြောင်း မရှိဘူး..."

ရွှယ်ပင်း နှာနှာခေါင်းရှုံ့လိုက်သည်။

"ဟင်း ပင်းလေး...မင်းက လူတွေ ဘယ်လောက် ဆိုးဝါးလဲဆိုတာ ခုထိ နားမလည်သေးဘူးပဲ..."

လုဖေး သက်ပြင်းချလိုက်ပြီး

"စဉ်းစားကြည့်ကြည့် ..မင်းအဲ့ကောင်ကို ဒီလောက် ရက်ရက်ရောရောကြီး ကမ်းလှမ်းတာတောင်မှ လက်မခံဘူးဆိုမှတော့ သူရတဲ့ ကြားပေါက်က မင်းပေးတဲ့ ငွေထက် သာနေလို့ပဲလေ...အဲ့တာကြောင့် သူမင်းကို ငြင်းလိုက်တာ...."

"ငါလည်း လုဖေးပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်...."

ရွှီလု သဘောတူဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်၏။

"နင်သူ့ကို အလုပ်ကောင်းကောင်းလည်း ပေးတယ်..လစာလည်း ကောင်းကောင်းပေးတယ်..ဒါတောင်မှ မောက်မောက်မာမ နဲ့ ငြင်းလိုက်သေးတယ် ဆိုမှတော့ သူ အီရန်ဘွိုင်း လုပ်တာက နင်ပေးတဲ့ လစာထက် ပိုရနေလို့ပဲလေ..မဟုတ်ရင် ဘယ်သူက အဲ့ဒီလောက် ကောင်းတဲ့ ‌ကမ်းလှမ်းချက်ကြီးကို ငြင်းဆန်မှာလဲတဲ့...."

"နင်ပြောချင်တာကို ငါနားလည်တယ်...ဒါပေမယ့် အဲ့လို တစ်သမှတ်တည်းကြီးတော့ ကောက်ချက်ချလို့ မရဘူးလေ..."

ရွှယ်ပင်း ပြောလိုက်ပြီး "သူက ဒီတိုင်း ဘ၀အတွေ့ကြုံ ခံစားနေတဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်ကော မဖြစ်နိုင်ဘူးလား..."

ဖူး....

ရွှီလုပါးစပ်ထဲရှိ ဘီယာများ ပန်းထုတ်လု နီးပါး ဖြစ်သွားသည်။

"ပင်းလေး..နင်..ဂေါက်များ ဂေါက်သွားပြီလား...သူက ဘ၀တွေ့ကြုံခံစားဖို့ အီရန်ဘွိုင်း လုပ်နေတဲ့ ဒုတိယမျိုးဆက် ဖြစ်နိုင်ပါ့မလားဟယ်..."

"ဘာကိစ္စ မဖြစ်နိုင်ရမှာလဲ..."ရွှယ်ပင်း မေးခွန်းထုတ်လိုက်သည်။

"ငါ တလောတုန်းကတောင် ချမ်းသာတဲ့ ဒုတိယမျိုးတက် တစ်ယောက်က ဘ၀တွေ့ကြုံခံစားဖို့ဆိုပြီး ပြိုင်ကားနဲ့ Didi ဆွဲတယ်ဆိုတဲ့ သတင်းတောင် ကြားလိုက်သေးတယ်..."

"ဒီတိုင်း WeChat အကောင့်တုကနေ လျှောက်ရေးထားတဲ့ ကောလဟာလတွေပါဟယ်..နင်က အဲ့တာတွေ ယုံတယ်ပေါ့...နည်းနည်းလေး တွေးတောချိန်ဆပြီးမှလည်း ယုံစမ်းပါဟ..."

"ကောင်းပြီ...ပင်းလေးကို သွားလှောင်မနေနဲ့တော့ ..ငါတို့က ပျော်ဖို့ အပြင်ထွက်လာတာ...ဟိုငနဲကြောင့် ငါတို့ရဲ့ အပျော်လေးတွေ မပျက်ဆီးသွားစေနဲ့...."

လုဖေး မျက်မှန်ပင့်၍ ပြောလိုက်သည်။

"အစ်ကိုဖေး..အဲ့ကောင် သွားတာဖြင့် ကြာကြာလှပြီ...သူပြန်လာမယ်လို့ ထင်လား..."

"လာရမှာပေါ့ကွ...သူ့ID ကတ်က ငါ့လက်ထဲမှာလေ..."လုဖေး ပြောလိုက်သည်။

"ဒါပေမယ့် သူသွားတာ နှစ်နာရီတောင် ကြာနေပြီကိုပဲ..မဟုတ်နှလွဲရော သူ ရှုံးမှာကြောက်လို့ ID ကတ် ကိုပါ အဆုံးခံလိုက်ပြီလား မသိဘူး..."

"မပူနဲ့..သူပြန်မလာဘူးဆိုရင်တောင်မှ သူ့ရဲ့ ID ကတ်နဲ့ ရှာလို့ရသေးတယ်...ငါ့သူ့ကို လုံး၀ အလွတ်မပေးဘူး..."လုဖေး အပြုံးလေးဖြင့် ပြောလိုက်ရင်း "ကဲ ဆက်မော့ကြစို့..."

"ဟျောင့်တွေ ကြည့်ကြစမ်း...ဟိုအီရန်ဘွိုင်း ပြန်လာနေပြီကွ..."

အလန့်တကြား အော်ဟစ်သံများကိုကြားတော့ လုဖေးနှင့် ကျန်သူများ၏ အာရုံမှာ လင်းရီထံ ရောက်သွားခဲ့သည်။

သူတို့အားလုံး လင်းရီ သူတို့ထံ လျောက်လာနေသည်ကို မြင်လိုက်ရ၏။ ထို့ပြင် သူ့လက်ထဲတွင်လည်း အိတ်တစ်လုံးကို သယ်ဆောင်ထားသေးသည်။

လင်းရီကို မြင်တော့ လုဖေးနှင့် ကျန်သူများ ပြုံးလိုက်ကြပြီး "မဆိုးပါဘူး...ယောက်ျားကောင်းပဲ ..ပြန်လာရဲတဲ့ သတ္တိတော့ ရှိသား...."

"ဟားဟား...ငါတော့ Vd ရိုက်ဖို့ ရယ်ဒီပဲဟေ့...ပြီးတာနဲ့ ငါ့ ဂရုထဲကို ပို့လိုက်မယ်...တော်တော်လေးတော့ ဟစ်ထသွားတော့မှာပဲ..."

လင်းရီ၏ ရောက်ရှိလာမှုက ကမ်းခြေရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

လင်းရီနှင့် လုဖေးတို့ အငြင်းပွားမှုမှာ လူသတင်း လူချင်းဆောင်၍ ကမ်းခြေရှိ လူတိုင်းနီးပါး သိနေနှင့်ပြီး ဖြစ်သည်။

သူတို့ တွေးထားခဲ့သည်မှာ လင်းရီ ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးသွားသည်ဟုပင်။ သို့သော်လည်း အတည်ကြီး ပြန်လာလိမ့်မည်လို့တော့မျှော်လင့်မထားခဲ့ကြ။

ဒီကောင် သူ့အမှားသူ ၀န်ခံပြီး ဒူးထောက်ဖို့ အသင့်ပြင်ထားလောက်ပြီ ထင်တယ်...

ဟီးဟီး ပွဲကြီး ပွဲကောင်းတော့ ကြည့်ရတော့မယ်...

"ညီကို မင်းရဲ့ ယောက်ျား သတ္တိကိုတော့ လေးစားသွားပြီ...ဒါပေမယ့် တစ်ခုရှိတာက မင်းရှုံးမယ်မှန်း သိလျက်သားနဲ့ ဘာလို့ နှစ်နာရီကြီးများတောင် အချိန်ဖြုန်းနေလဲ ဆိုတာကိုပဲ..."

ထို့နောက် လုဖေး သူ့လက်ဖြင့် လူအုပ်ကြီးကို ညွှန်ပြလိုက်ပြီး "ခု မင်းရဲ့ ကတိကို တည်ရတော့မယ့် အချိန်ပဲမလား...ဒီမှာ မင်းရဲ့ ယောက်ျားကတိကို မှတ်တမ်းတင်ဖို့ လူတွေ အများကြီး စောင့်နေတာနော်...သူတို့ကို စိတ်ပျက်အောင် မလုပ်နဲ့..."

ရွှယ်ပင်း မျက်မှောင် ကြုတ်သွားပြီး အနည်းငယ် ဒေါသထွက်သွားခဲ့သည်။

အကယ်၍ ဖြစ်နိုင်မယ် ဆိုပါက သူမ လင်းရီကို ဤနေရာမှ ထွက်သွားစေချင်၏။

ဘာလို့ ပြန်လာတာလဲရှင်ရယ် ...ရှင့်အတွက် အဲ့ဒီ ဂုဏ်မာနတွေက သိပ်ပဲ တန်ဖိုးကြီး နေလို့လား...

"အမှန်ပဲ...ငါက ငါ့ကတိကို တည်ဖို့ လာခဲ့တာ..."

လင်းရီ ပြုံးလိုက်ပြီး "ငါက ရုပ်ရည်ခန့်ညားတဲ့အပြင် တစ်ခုတည်းသော အားသာချက်က ယောက်ျား စကား ပြောတတ်တာပဲ..."

"ဟားဟား....ကောင်းတာပေါ့..."လုဖေး ရယ်မောလိုက်သည်။

"လာလာ...လာခဲ့...လူတိုင်း လမ်းဖယ်ပေးကြ...နေရာ နည်းနည်းလောက် ပေးလိုက်ပါဦး ..ဒီကောင်က ဒူးထောက်ပြီး ကျုပ်ကို အရိုသေ ပေးတော့မှာ..."

"ကဲ ကဲ ဖယ်ကြမယ် ဖယ်ကြမယ်...."

ကြည့်ရှုသူ အားလုံးမှာ သူတို့ဖုန်းကင်မရာများကို လင်းရီ ထံ တစ်ပြိုင်တည်း ချိန်လိုက်ကြပြီး တိရစ္ဆာန်ရုံထဲမှ မျောက် တစ်ကောင်ကဲ့သို့ အားလုံး ဝိုင်းကြည်ဘနေကြ၏။

လုဖေး ပျော်ရွှင်သွားပြီး သူ့မျက်နှာ ထက်ရှိ လှောင်ပြုံးကတော့ ပိုမို ပီပြင်လာသည်။

"ကောင်လေး...ငါမင်းကို ခက်ခဲအောင် မလုပ်ချင်ဘူး..ဒီတော့ ပါးသုံးချက်ရိုက်ပြီး အဘိုးလို့ သုံးခါအော်လိုက်..အဲ့တာဆို ဒီကိစ္စကို ကျေအေးပေးမယ်...အဆင်ပြေတယ်မလား..."

"လုဖေး..."

ရွှယ်ပင်း အေးစက်စွာ ပြောလိုက်သည်။

"နင်ခုထိ မတော်နိုင်သေးဘူးလား...ဒီလောက်ထိ လွန်လွန်ကျွံကျွံ ကြီး လုပ်ဖို့ လိုလို့လား...သူက နင်တို့ကို စကားပြောမှားတယ် ဆိုပေမယ့် ဒီလောက်ထိတော့ လုပ်ဖို့ မလိုဘူးလေ...ဒါကြီးကတော့ လွန်လွန်းသွားပြီ...."

"လွန်တယ် ဟုတ်လား..."

လုဖေး အပြစ်ကင်းသည့် အမူအရာဖြင့် ပြောလိုက်ပြီး "အစကတော့ ပင်းလေးရဲ့ မျက်နှာကြောင့် ဒီကိစ္စကို အလျော့ပေးလိုက်တော့မလို့ပဲ...ဒါပေမယ့် ဒီငနဲက ယောက်ျားစကားတွေ ဘာတွေ လုပ်လာတော့ သူ့စကားတည်လို့ရအောင် အခွင့်ရေး ပေးနေတာလေ...ဒါ လွန်တယ် မခေါ်ဘူး ပင်းလေးရဲ့...."

"ကဲပါ အန်တီမမရယ်...မြန်မြန် ပြန်လာခဲ့စမ်းပါ..."

ရွှယ်ပင်း ပြန်ပြောသည်ကို စောင့်မနေတော့ပဲ ရွှီလု သူမကို ခေါ်သွားလိုက်သည်။

"နင်နဒ့ လုဖေးတို့က သိလာတာဖြင့် ကြာလှပြီ..နင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အဲ့ဒီ ဘာမဟုတ်တဲ့ အီရန်ဘွိုင်းကြောင့် အပျက်ဆီး ခံတော့မလို့လား..."

"ဟမ့်...ငါက သူတို့ လူကို အနိုင်ကျင့်နေတာကို ရပ်မကြည့်နိုင်လို့ပါဟာ..."

ရွှယ်ပင်း စိတ်တိုစွာ ပြောလိုက်သည်။

"လုဖေးတို့က အဲ့ကောင်ကို ဘယ်မှာ အနိုင်ကျင့်နေလို့လဲ..."ရွှီလု ပြောလိုက်ပြီး "အစကနေ အဆုံးထိ သူက ကောင်းကင်နဲ့ မြေပြင်ရဲ့ အတိမ်အနက်ကို နားမလည်ပဲနဲ့ လုဖေးနဲ့ ငြင်းခုန်နေတာလေ...ပြီးတော့လည်း ကြည့်လိုက်ဦး..ခုလဲ သူ့ကတိကို ဖြည့်စည်းပေးဖို့ဆိုပြီးတော့ သူ့ခြေထောက်နဲ့သူ ပြန်လာတာပဲ မဟုတ်လား...နင်က သူ့အစား ဘာဆိုင်လို့ ၀င်နာပေးနေတာလဲ...."

"ငါဆိုလိုတာက လုဖေးက အနိုင်ကျင့်လွန်းနေတာကိုပဲ....."

"အဲ့တာ နင့်နဲ့ ဘာမျှမှ မဆိုင်တာ..ဘေးကနေ ရပ်ကြည့်နေစမ်းပါဟယ်....နင့်ကိစ္စလဲ မဟုတ်ပဲနဲ့"

"ဒါပေမယ့်...."

"ဒါပေမယ့် ဆိုတာ မရှိဘူး...စကားပေါနေတာတွေ ရပ်ပြီး အသာကြည့်နေ..."

ရွှယ်ပင်း ဖျောင်းဖျသည်ကို လက်ခံလိုက်တော့ လုဖေး မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍ ကြီးမားလာပြီး စီးကရက် တစ်လိပ်ကို မီးညှိ၍ အေးဆေး ထိုင်ဖွာလိုက်၏။

"မင်းအတွက်တော့ စိတ်မကောင်းပါဘူးကွာ..ခုတော့ ဘယ်သူမှ မင်းကို ပြောပေးလို့ မရတော့ဘူး...ကဲ မင်းအဆင်သင့်ဖြစ်ရင် ကတိ တည်လို့ရပြီနော်..."

လင်းရီ ပြုံးလိုက်ပြီး "မပူနဲ့...အမျိုးသမီး တစ်ယောက်က ငါ့ကိုယ်စား တောင်းပန်ပေးရတယ်ဆိုတာ ငါလည်း မလိုချင်ပါဘူး...... "

"အားပါးပါး...သောက်ရမ်း ယောက်ျား ဆန်တာပဲကွာ..."လုဖေး ပြုံးလိုက်ပြီး "ဒါပေမယ့် နှမြောစရာပဲ..ငါက ငွေတောင် ပြင်ပြီးသွားပြီ ..မင်းက ကားမ၀ယ်လာခဲ့ပေးဘူးဆိုတော့ ငါ့ဘာငါပဲ သုံးရတော့မယ်ထင်ပါတယ်...."

"ဟားဟား ဆရာသမားကလည်း စိတ်ဓာတ်တွေ ကျမနေပါနဲ့..."လင်းရီ ပြုံးလိုက်ပြီး "ကတ်စတန်မာဆိုတာက နတ်ဘုရားပဲလေ ခင်များကို ဘယ်လိုလုပ် စိတ်ပျက်စေရမှာလဲတဲ့..."

လင်းရီ သူ့အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။

၁၀ စင်တီမီတာလောက် ထူသော စာရွက်စာတမ်း အထပ်ကြီးပင်။

"ဒါက ကား၀ယ်စာချုပ်ပဲ...အရည်အသွေး ရှယ်ကောင်းတဲ့ မော်ဒယ်တင်မကဘူး..ကိုယ့်ဆရာတွက် တခြား အပိုပစ္စည်းတွေပါ တပ်ထားပေးသေးတယ်... ဈေးကတော့ အားလုံးပေါင်း ၇.၁ မီလီယမ်ကျတယ်...ကဲ ကိုယ့်ဆရာ ငွေသားနဲ့ပေးမလား ..ခရစ်ဒစ်ကတ် နဲ့ပေးမလား.."

All Chapters