← Chapters

အခန်း(၁၅၄)

Vol. 11 Ch. 154

အခန်း(၁၅၄)

Vol. 11 Ch. 154

"ဘာ..ဘာပြောလိုက်တယ်...မင်း..မင်းက ကား၀ယ်ခဲ့တယ်ပေါ့..."

လူတိုင်း အမြင်များ ဝေဝါးသွားပြီး သွေးလေခြောက်ခြားသွားသကဲ့သို့ ခံစားသွားရ၏။

အီရန်ဘွိုင်း တစ်ယောက်က ဘယ်လိုလုပ် ၇ မီလီယမ်ကျော်တဲ့ Ferrari ကို ၀ယ်နိုင်တာလဲဟ...

မင်းနောက်နေတာလားကွ...အဲ့လောက် ပိုက်ဆံရှိနေရင်လည်း ဘာလို့ အီရန်ဘွိုင်း လုပ်နေသေးလဲ...

"ဒါပေါ့...ငါသာ ကား၀ယ်မလာရင် ဘာလို့ ပြန်လာခဲ့မှာလဲ..."

လင်းရီ နောက်လှည့်ပြီး ကားဒရိုင်ဘာကို လက်ဝှေ့ယမ်း ပြလိုက်သည်။

"ကားဆရာရေ...ကွန်တိန်နာကို ဖွင့်လိုက်တော့..."

"ဟုတ်ကဲ့ပါဗျ"

ဒရိုင်ဘာ သူ၏ လက်အိတ်များကို ၀တ်၍ စတင်လှုပ်ရှားတော့သည်။

ထိုအခါ လူတိုင်း လမ်းဘေးတွင် ထရပ်ကားတစ်စီး ရပ်ထားသည်ကို သတိထားမိသွားကြ၏။

ထို့ပြင် ထိုကားကြီး၏ နောက်တွဲတွင်လည်း ကားတင်သည့် ကွန်တိန်နာကြီးတစ်ခု ရှိနေလေသည်။

ထိုအချိန်တွင်တော့ လူတိုင်း ဘာကိုမျှ ဂရုမစိုက်နိုင်တော့။ အထူးသဖြင့်တော့ လုဖေးပင်။ မျက်နှာမှာလည်း သေမတတ်ဖြူလျော်နေပြီး ခြေထောက်များကလည်း အေးခဲနေသကဲ့သို့ နေရာမှပင် မရွေ့လျားနိုင်တော့ချေ။

အကယ်၍ ထိုကွန်တိန်နာကြီးထဲတွင်သာ Ferrari 812ကြီး ရှိနေပါက သူတကယ်ကြီး အဆုံးသတ်သွားလိမ့်မည်။

မနှစ်က သူ ၁.၈ မီလီယမ်လောက် မြတ်စွန်းခဲ့သော်လည်း ၈ သိန်းလောက်ကိုတော့ သုံးဖြုန်းပြီး ဖြစ်သည်။

ယခုတော့ သူ့အိတ်ကပ်ထဲတွင် ယွမ်၁သန်းမျှသာ ကျန်တော့ပြီး ၇ မီလီယမ်ကျော်သော ပြိုင်ကားတစ်စီးကို ပေးချေရန် မတတ်နိုင်ချေ။

ကွန်တိန်နာ တံခါး ဖွင့်သံကြီးကို ကြားနေရသည်။

ဖွင့်ပြီးသောအခါ လူတိုင်း လေအေးတစ်ရှိုက် ရှူသွင်းမိသွား၏။

မြင်ကွင်းမှာ အနည်းငယ် ဝေးနေသော်လည်း ပုံစံကို ကြည့်ကြည့်ပါက Ferrari 812 ဆိုတာ မှားစရာ အကြောင်း မရှိပေ။

အံ့ဩ..

မှင်တက် ..

ကြောင်အ...

လူတိုင်း အမူအရာကိုယ်စီနှင့် အံ့အားသင့်သွားကြသည်။

ယခုလို ကိစ္စမျိုးကိုတော့ လိမ်ညာ၍ မရ။ အကယ်၍ အီရန်ဘွိုင်းကသာ ကားတန်ဖိုး မချေခဲ့ပါက ယခုလို သယ်လာရန်မှာ လုံး၀ မဖြစ်နိုင်ချေ။

အဓိပ္ပာယ်မှာတော့ ထိုကောင်လေးမှာ ၇ မီလီယမ် တန်ကြေးရှိသော Ferrari 812ကို အတည်ကြီး ၀ယ်ယူလာခဲ့ခြင်းပင်။

ရွှယ်ပင်း၏ မျက်လုံးလှလှလေးများကတော့ ပြူးကျယ်နေပြီး အိပ်မက်မက်နေသလောဟုတောင် ခံစားမိသွားသည်။

သူ တကယ်ကြီး Ferrari 812ကို ၀ယ်ခဲ့တယ်ပေါ့...

ဒါက...အရမ်းကြီး မှော်ဆန်တာပဲ...

သူမမျက်လုံးနှင့်သာ မမြင်ရပါက ယုံနိုင်မည်တောင် မဟုတ်ပေ။

ထိုအချိန်တွင်တော့ ဘူတိုင်း၏ အကြည့်များက လုဖေးထံ ကျရောက်သွား၏။

သူတို့အားလုံး လုဖေး ဘယ်လို တုန့်ပြန်မလဲဆိုတာ သိချင်နေကြသည်။

"မင်း မျက်စိက မဆိုးတာတော့ ၀န်ခံရမယ်..812 က တကယ်ကြီး မဆိုးဘူး..တော်တော်လေး စထရောင်းဖြစ်တယ်...အထူးသဖြင့်တော့ တခြားထပ်ဆောင်းပစ္စည်းတွေ တပ်ပြီးတဲ့ အခါမှာပေါ့..သူ့ရဲ့ စွမ်းဆောင်ရည်က ၁၀ မီလီယမ်တန်ကြေးရှိတဲ့ ပြိုင်ကားတွေလောက် သွားလန်းတယ်...မဆိုးဘူး..မဆိုးဘူး..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟား...ဟား...ငါ..ငါ ရေး ..ရေးလိုက်တာက......"

Ferrari 812ကိုမြင်တော့ လုဖေး စကားပင် ချောအောင် မပြောနိုင်တော့ချေ။

"အဟမ်း...အိုး...တကယ်ကြီးလား...ညီကိုက ၇ မီလီယမ်တန် ကားကြီးတောင်မှ ၀ယ်နိုင်တာပဲကွ...အဲ့လို ၀ယ်နိုင်လောင်တဲ့အထိ ချမ်းသာတဲ့သူဆိုတာ ကျိုးဟိုင်မှာ ရှားမှရှားပဲ..."

လင်းရီ လုဖေးကို အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကဲ..သောက်ရမ်း ဘောစိတဲ့ ကိုယ့်ဆရာ...ကားခလေး ရှင်းပေးပါဦး..."

"ငါ...ငါ....."

လုဖေး အချိန်အတော်ကြာသည်အထိ စကားပြောမထွက်ခဲ့ပေ။

"ညီကို..ဒါက အထင်လွဲနေတာပါဟ...အားလုံး အဆင်ပြေပြေ စကားပြောကြတာပေါ့ကွာ...ဒီလို အသေးမွှား ကိစ္စလေးကြောင့်တော့ ငါတို့ရဲ့ ရင်းနှီးမှုလေးကို မထိခိုက်စေချင်ဘူး..."

"အဲ့လို မလုပ်နဲ့လေ...၇ မီလီယမ်က ခင်များအတွက် အသေးမွှားလေး ဆိုပေမယ့်..ကျုပ်အတွက်တော့ အများကြီးပဲ...ခင်မျာ အရင်ဆုံး ကားဖိုးပေးလိုက်..."

‌လုဖေး ဒူးများ တဆတ်ဆတ် တုန်နေပြီး လင်းရီ ပြောလိုက်သည်ကိုပင် ရှင်းလင်းစွာ မကြားနိုင်တော့။ သူ့အတွေးနှင့်သူ လည်ထွက်နေ၏။

"အစ်..အစ်ကိုဖေး...ကျုပ်တို့ ခု ဘယ်လို လုပ်ကြမလဲ..."လုဖေး၏ သူငယ်ချင်းတစ်ယောက်မှ မေးမြန်းလိုက်၏။

သူတို့အားလုံး လုဖေးတွင် ထိုမျှ ပိုက်ဆံအများအပြား မရှိဘူးဆိုတာ နားလည်ပေ၏။

"ဘယ်လိုလုပ်ရမလဲဆိုတာ မင်းဖေသွားမေးပါ့လား..ငါက ဘယ်လိုလုပ်သိမှာ..."

"ဒီကောင်က ဘာလားပဲ...အီရန်ဘွိုင်းလေးကတောင် ကားယူလာပေးပြီးပြီ..ဒီကောင်က ဘာလို့ ငွေမချေတာတုန်းဟ..."

"သူ မတတ်နိုင်လို့တော့ မဟုတ်လောက်ဘူးမလား..."

"ဖြစ်နိုင်လောက်တယ်..သူ့သောက်ခွက်ကိုကြည့်စမ်း..အကြောက်လွန်ပြီး စိမ်းတောင်စိမ်းနေပြီ...တကယ်ကြီး ပိုက်ဆံအဲ့လောက် မရှိတာ နေမှာ..."

"ဟားဟား...စိတ်၀င်စားဖို့တော့ ကောင်းနေပြီဟေ့..သူများ မတတ်နိုင်ဘူးထင်ပြီးတော့ စော်လေးရှေ့မှာ ရှိုးပြချင်တာနဲ့ Ferrari 812ကို ၀ယ်ခိုင်းလိုက်တယ်...ဟိုက တကယ်ကြီး ၀ယ်လာတော့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတဲ့ကောင်က သူပဲ ဖြစ်သွားတယ်လေ..."

"ဖြစ်တာတောင် နည်းသေး...၀မရှိပဲ ဝိလုပ်ချင်နေတဲ့ကောင်...ဒီတစ်ကြိမ်တော့ သင်ခန်းစာ ကောင်းကောင်းကြီး ရသွားလောက်ပြီ..."

"ပိုက်ဆံ ပေးမှာလား မပေးဘူးလား...မဟုတ်မှလွဲရော မင်း ပြောပြီးသား စကား ပြန်ရုတ်သိမ်းမလို့တော့ မဟုတ်ဘူးမလား..."လင်းရီ ရုတ်တရက် မေးလိုက်သည်။

လုဖေး နောင်တတို့ဖြင့် ပြည့်နှက်သွား၏။

အကယ်၍ လင်းရီသာ ချမ်းသာမှန်း သိခဲ့ပါက သူနှင့် ပြိုင်ငြင်းမနေတော့ပဲ ရေကူးဘောကွင်းဖိုးကို အသာတကြည် ပေးလိုက်ပေမည်။

သို့သော်လည်း ၀မ်းနည်းဖို့ကောင်းသည်က ဤလောကတွင် နောင်တအတွက် ဆေးမရှိပေ။

"ငါ့...ငါ့မှာ အဲ့လောက် ပိုက်ဆံ မရှိလို့ပါကွာ..."လုဖေး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"ဟားဟား...."ဝိုင်းကြည့်သူအားလုံး လှောင်ပြောင်ရယ်မောလိုက်ကြသည်။ "ပိုက်ဆံ မရှိဘဲနဲ့ မိမိုက်ချင်သလို လုပ်ချင်နေတယ်ပေါ့...ဒီကောင် ဘယ်လိုဂြိုဟ်သားပါလိမ့်..."

"ငါရယ်သေပြီ...သူကပဲ အရင် လက်မှတ်ထိုးဖို့ စတဲ့သူလေကွာ.အလကား အချိန် ဖြုန်းတာပဲ ရှိတယ်..."

"ရေကူးဘောကွင်းလေးနှစ်ခုမှာပြီးတော့ လူကို အနိုင်ကျင့်ချင်နေတယ်ပေါ့...ဘယ်လိုတောင် အောက်တန်းကျလိုက်တဲ့ ကောင်လဲ..."

လင်းရီကတော့ ပခုံးတွန့်လိုက်ပြီး "မင်း၀ယ်တာ မ၀ယ်တာ အရေးမပါဘူး..အရေးကြီးဆုံးကတော့ စည်းမျဉ်းအတိုင်း မင်းရှုံးကြောင်း ၀န်ခံပြီးတော့ ဒူးထောက်၊ အဘိုးလို့ သုံးခါခေါ်..."

"ညီကို အဲ့လောက်ထိ လုပ်ဖို့ မလိုလူးလေကွာ..နောက်မှ မင်းကိာ တစ်ဝိုင်းလုပ်ပေးပြီး သေချာ တောင်ူပန်ပါ့မယ်သ...ဒီတိုင်း မေ့ပစ်ပေးလို့ မရဘူးလား..."

"မင်း ကျွေးတာလည်း စိတ်မ၀င်စားဘူး...ဘာမှ လည်း ဟုတ်တာ မဟုတ်ပဲနဲ့ကွာ.. ဘာလို့ သောက်ရမ်းတွေ မြင့်မြတ်သူကြီးလို ဟန်ဆောင်နေတာလဲ..."

လင်းရီ ဖျော့တော့စွာ မေးခွန်းထုတ်လိုက်သည်။

"ဒီနေ့ ကံကောင်းလို့ ငါနဲ့ လာကြုံတာ...တခြား အီရန်ဘွိုင်းသာဆို သေလောက်အောင် အနိုင်ကျင့်ခံရတော့မှာ..."

"ငါ...ငါမှားမှန်း သိပါပြီကွာ..."

"ခုမှ သိတော့ကော ဘာထူးမှာ.အဲ့လိုသာရကြေးဆို ရဲတွေ ဘာလုပ်ဖို့ လိုတော့မှာလဲကွ..."

လုဖေး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့မျက်နှာထက်ရှိ ကိုးရို့ကားယား အမူအရာက ဒေါသအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။

သူ့သူငယ်ချင်းများကတော့ လုဖေးမှာ မာန အင်မတန်ကြီးမားသည့်သူ ဖြစ်ကြောင်း နားလည်ပေသည်။ တစ်ဖက်သူကို ဒူးထောက်၍ အဘိုးဟု ခေါ်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ထိုအရာက သူ့အောက်စည်းကို ကျော်နေပြီး ဖြစ်၏။

ဗြိ....

သဘောတူစာချုပ်ကို ကိုင်ထားရင်း လုဖေး ဒေါသထွက်စွာဖြင့် အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲလိုက်ပြီး လေထဲသို့ လွင့်ပစ်လိုက်သည်။

"အမှား ၀န်မခံတော့ ယီးဖြစ်လားကွာ..မင်းဘာတတ်နိုင်လဲဆိုတာ ကြည့်ကြတာပေါ့..."

"မဖြစ်နိုင်တာ..သူကပဲစပြီး လက်မှတ်ထိုးဖို့ ပြောသေးတယ်..ခုသူကပဲ စုတ်ဖြဲနေပြန်ပြီ..ဘယ်လောက်‌တောင် သောက်ရှက်မဲ့လိုက်လဲ..."

"အေး..ငါလည်း ဒီလောက် အရှက်မရှိတဲ့ကောင်မျိုးကို ခုမှ ပထမဆုံး မြင်ဖူးတာပဲ...."

"ဟက်..ဖွီး..."

လင်းရီ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး မျက်နှာထက်တွင် အပြုံးခပ်ဖျော့ဖျော့ ပေါ်လာခဲ့၏။

"မင်းကအဲ့လို လုပ်လိုက်တယ်ပေါ့..မင်းကို ဒီကနေ လမ်းလျှောက်သွားလို့မရအောင် လုပ်လို့ရတယ်ဆိုတာ ယုံလားတော့ မသိဘူး..."

"ဟမ့်...ငါက လမ်းလျှောက်မသွားနိုင်ဘူး ..ဟုတ်လား..."လုဖေး နှာခေါင်းရှုတ်လိုက်သည်။

"မင်းက ငါ့ထက်ချမ်းသာတယ်ဆိုတာတော့ ၀န်ခံပါတယ်..ဒါပေမယ့် ငါ့လာရှုပ်လို့ကတော့ မင်းက ငါ့ရဲ့ ပြိုင်ဖက်မဟုတ်ဘူးဆိုတာ သိသွားအောင် လုပ်ပေးမယ်..."

"ဘာလဲ...မင်းက အင်အားသုံးတော့မယ်ပေါ့..."

"မင်း မွန်ဘေ ကမ်းခြေက အစ်ကိုတုန်ကို ကြားဖူးတယ်မလား..."

"အစ်ကိုတုန်...ငါတော့ မကြားဖူးဘူး..."

"မင်းက တာဇံလားကွ..ငါပြောပြမယ်..အစ်ကိုတုန်ဆိုတာ ဒီနယ်တစ်ဝိုက်ရဲ့ ဘော့စ်ပဲ..မွန်ဘေကမ်းခြေတောင်မှ သူ့ရဲ့ လက်ထဲမှာ...ပြီးတော့ ငါနဲ့လည်း မိတ်ဆွေကောင်းတွေ..တကယ်လို့ ငါသာသူ့ကို ခေါ်လာခဲ့လို့ကတော့ ခုလို စကားအေးဆေး ပြောနေမှာတောင်မှ မဟုတ်ဘူးနော်...."

လင်းရီမေးစေ့ပွတ်လိုက်ပြီး မနေနိုင်ပဲ ရယ်လိုက်မိသည်။

"‌ရတယ်လေ...မင်းက အဲ့ကောင်ကို သောက်ရမ်းကြီးမြတ်တယ်လို့ ထင်နေမှ‌တော့ ဒီခေါ်လိုက်လေ...အဲ့ကောင်မှာ ဘောတွေ ရှိလားလို့ ကြည့်ရအောင်..."

"ဟျောင့် စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းက ရင်းရင်းနှီးနှီးနဲ့ ငွေရှာကြတာပဲမဟုတ်လား...မဖြေရှင်းလို့မရဘူးဆိုတာ မရှိသင့်ဘူး..."

လင်းရီတွင် ယောင်တုန်းလိုင်နဲ့ ပတ်သက်မှုတစ်ချို့ ရှိသော်လည်း ထိုငနဲသာ ဤနေရာ၌ မျက်နှာလာပြမယ်ဆိုပါက တန်ကြေးတစ်ချို့တော့ ပေးဆပ်ရပေလိမ့်မည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လင်းရီ သူတို့ကို သတိမပေးပဲ သူ့နာမည် အသုံးပြုပြီး ကျန်သည့်သူများကို ခြောက်လှန့်ချင်နေသည်။

သို့သော်လည်း အခြေနေအရတော့ ထိုငနဲက ပေးနေသည့် အခွင့်ရေးကို မလိုချင်ပုံပင်။

"မင်းမှာ ငါနဲ့ ငွေအကြောင်းပြောဖို့ အခွင့်ရေးမရှိဘူး...အဲ့ကောင်ကိုသာ ခေါ်လိုက်စမ်းပါ..ငါစောင့်နေလိုက်မယ်..."

All Chapters