အခန်း (၁၅၅)
Vol. 11 Ch. 155
"အောင်မာ အလာကြီးပါလားကွ ...သေချင်နေတာက မင်းရဲ့ ဆန္ဒဆိုရင်တော့ အခုပဲ ဖြည့်စည်းပေးလိုက်မယ်..နောက်မှ နောင်တရပါပြီ လာမလုပ်နဲ့..."
လုဖေး သူ့ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ဤခြေနေထိ ရောက်လာပြီးမှတော့ ပြန်သွားရန် လမ်းမရှိတော့။
လူအများကြီးရှေ့တွင် ဒူးထောက်ပြီး အဘိုးဟု ခေါ်ရန်မှာလည်း သူ့အတွက် လုံး၀ မဖြစ်နိုင်။
စဉ်းစားရင်း တွေးတေားရင်းဖြင့် လုဖေး ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
"အစ်ကိုတုန်.. ကျုပ်ဖေးလေးပါဗျ...အစ်ကိုတုန်ကို တစ်ခုလောက် အကူညီတောင်းချင်လို့..."
" ကူညီပေးရမယ်ဆိုရင် ယွမ် တစ်သိန်းပဲ... ကတ်ရှ်ဒေါင်း လိုချင်တယ်..."
"ငါခု မွန်ဘေ ကမ်းခြေမှာ ..."
"ဟုတ်အစ်ကို ကျုပ်လဲ မွန်ဘေကမ်းခြေမှာ..အစ်ကိုတုန်ရဲ့ လူတွေကိုပါ ခေါ်ခဲ့မယ်ဆို ပိုကောင်းပါတယ်ဗျ..."
ထိုသို့ပြောပြီးနောက် လုဖေး ဖုန်းချလိုက်သည်။ "မင်းစောင့်နေလိုက်..အစ်ကိုတုန်က ဒီနားလေးနားမှာပဲ..ခဏနေ သူ့လူတွေနဲ့လာတော့မှာ..မင်းထမင်း၀အောင် စားထားလိုက်တော့..."
"လာစမ်းပါစေ..ငါလည်း သတိပြန်ပေးလိုက်မယ်...ထမင်း၀အောင် စားထားရမှာက မင်းပဲကွ..."လင်းရီ ပြောလိုက်လေသည်။
"ဟားဟား...မင်း ချမ်းသာမှန်း ငါသိပါတယ်ကွာ..ဒါပေမယ့် အင်အားကြီးတဲ့ နဂါးတောင်မှ ဒေသခံမြွေကို ဖိနှိပ်လို့ မရဘူး...တစ်ခါတစ်လေ ငွေဆိုတာကလည်း နေရာတိုင်း အသုံး၀င်တဲ့ဟာမျိုး မဟုတ်ဘူးကွ..."လုဖေး ရယ်မော ပြောဆိုလိုက်သည်။
"မင်းမှန်တယ်..."လင်းရီ ပြိုင်မငြင်းပဲ ပြုံးလိုက်ပြီး "ငါ့ ငွေကပဲ အစွမ်းရှိလား..ဒါမှမဟုတ် မင်းရဲ့ အစ်ကိုတုန်ကပဲ အစွမ်းရှိလားဆိုတာ ကြည့်ကြတာပေါ့ကွာ..."
"ဟမ့်...ကြာသလားလို့..."
နှစ်ဖက်လုံးမှ မီးပွားလေးများ စတင် တောက်လောင်လာသည်ကို မြင်တော့ ရွှယ်ပင်း ရှေ့ထွက်လာပြီး "ရှောင်ကောကော ရှင်က ဒီကို သိပ်မလာတော့ သိမှာမဟုတ်ဘူး..ယောင်တုန်းလိုင်ဆိုတာ ဒီနယ်တစ်ဝိုက်မှာ မင်းမူနေတဲ့ ဘော့စ်ပဲ..သူ့လက်အောင်မှာလည်း ငယ်သားတွေက ဒါဇင်နဲ့ချီပြီးကို ရှိတာ..ဒီလောက်ဆို ရှင်လည်း သဘောပေါက်မှာပါ..သူတို့နဲ့ သွားရှုပ်မိရင် အလောင်းလှတဲ့သူ မရှိဖူးသေးဘူး......"
"အေးဆေးပါ...တေလေဂျပိုး တစ်အုပ်စုက ကျုပ်ရှေ့မှာတော့ ဘာကောင်မှ မဟုတ်ဘူး..."
လူတိုင်း တိတ်တဆိတ် ခေါင်းရမ်းမိလိုက်ကြသည်။ လင်းရီ မှာ ငွေကြေးအနည်းငယ် ချမ်းသာသော်လည်း သူ၏ လူမှုပတ်၀န်းကျင်တွင် ကျင်လည်လာသည့် အတွေ့ကြုံကတော့ အထက်တန်းကျောင်းသား သာသာလောက်သာ ရှိသေးသည်။
'မွန်ဘေနယ်တစ်ဝိုက်မှာ ဘယ်သူက ယောင်တုန်းလိုင်ရဲ့ အမည်နာမကို မကြားဖူးတဲ့သူ ရှိလို့လဲ'
ဤကမ်းခြေမှာလည်း သူ၏ ကာကွယ်မှုအောက်တွင် ရှိနေပြီး အလွန်အမင်း ချမ်းသာသည့်သူ တစ်ဦးဟုလည်း ပြော၍ ရသည်။
အကယ်၍ ယောင်တုန်းလိုင်သာ ရောက်လာပါက လုဖေးဆိုသူမှာ ယခုလို အရှက်ရစရာဖြစ်ရပ်ကြီးမှ ရုန်းထွက်နိုင်လောက်၏။
ယွမ်တစ်သိန်းသုံး၍ မာနကို ကာကွယ်သည်မှာ လူချမ်းသာတွေ အတွက်တော့ တန်သည်ဟု ပြေ၍ရပေသည်။
လုဖေး မျက်နှာပေါ်ရှိ အပြုံးကတော့ ပို၍ပင် ကြီးမားလာခဲ့၏။
ယွမ်တစ်သိန်းမှာ နည်းသည့်ပမာဏ မဟုတ်သော်လည်း သူ၏ မာနကို ကာကွယ်နိုင်သည်သာမက ယောင်တုန်းလိုင်နှင့်ပါ ကောင်းမွန်သည့် ပတ်သက်မှုတစ်ချို့ တည်ဆောက်နိုင်မည် ဖြစ်သောကြောင့် တန်သည်ဟာ ဆိုနိုင်သည်။
"ကြည့်လိုက်...ဟိုမှာ လူတွေ လာနေပြီ..."
"ဘုရားရေ..မဖြစ်လိုက်နိုင်တာ...လူတွေ နည်းတာ မဟုတ်ဘူးဟ..."
"အဲ့တာ မွန်ဘေ ကမ်းခြေက အစ်ကိုတုန်လေကွာ..."
ကျယ်လောင်သည့် အာမေဋိတ်သံများကို ကြားတော့ လုဖေး အသံလာရာအရပ်ကို မျှော်ကြည့်လိုက်သည်။
ယောင်တုန်းလိုင် လူအယောက် သုံးဆယ်ခန့်လောက်ဖြခေါ် လာခဲ့သည်ကို မြင်တော့ အံ့ဩသွား၏။
"ဖယ်စမ်း ဖယ်စမ်း..အစ်ကိုတုန်လာနေတာ မမြင်ဘူးလားကွ..."
ယောင်တုန်းလိုင် ရောက်လာသည်ကိုမြင်တော့ လုဖေး အမြီးလေးနှံ့၍ အပြေးကလေး သွာကြိုဆိုလိုက်သည်။
သူဖုန်းထဲတွင် လူအများကြီးခေါ်ခဲ့ပါဟု ပြောထားသော်လည်း ၁၀ ယောက်လောက်သာ ခေါ်လာလိမ့်မည်ဟု ထင်ထားခဲ့၏။သို့သော်လည်း ယခုလို လူအယောက် သုံးဆယ်ကျော်နီးပါးကြီး ရောက်ချလာလိမ့်မည်လို့တောင် ထင်မှတ်မထားခဲ့။
ယွမ်တစ်သိန်းဖြင့် ဤမျှ ကြီးကျယ်ခမ်းနားသော ရှိုးပွဲကြီးကို ဖန်တီးလိုက်နိုင် သောကြောင့် ပိုက်ဆံက ကမ္ဘာကြီးကို လုံး၀န်းအောင် ပြုလုပ်နိုင်သည်လို့ပြောကြသည်မှာ မဆန်းတော့ပေ။
'ဟိုသောက်ကလေးကတော့ ကြောက်ချေးတွေ ပန်းနေပြီလား မသိပါဘူးကွာ...'
'ဟီးဟီး..ဒီလို မြင်ကွင်းမျိုး မြင်ရတာနဲ့တင် ငွေဖြုန်းလိုက်ရတာ တန်တယ်...'
"မင်းကိစ္စဆိုမှတော့ ပိုပြီး အလေးနက် ထားပေးရမှာပေါ့ကွာ..."
ထိုသို့ပြောရင်း ယောင်တုန်းလိုင် သူ့ဘေးရှိ လျိုချန်ကို ညွှန်ပြလိုက်ပြီး "သူက နန်အန်းခရိုင်ရဲ့ဘော့စ်၊လျို့ချန်း...မင်းတစ်ခုခု ဖြစ်သံကြားလို့ ငါ့ဘော်ဒါတွေခေါ်လာပြီး လာကြည့်တာ..."
လုဖေး ရင်ထဲ ပန်းပေါင်းစုံဖူးပွင့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အသေးမွှားကိစ္စလေးက တကယ့်ဆရာကြီးတစ်ပါးကိုပင် သတိထားမိသွားစေလိမ့်မည်လို့ မျှော်လင့်မထားခဲ့။
နဲနဲတော့ လွန်ပေမယ့် ကြိုက်တယ်ကွာ...
"အဲ့တာဆိုလည်း ခုလို ကူညီပေးတဲ့အတွက် အစ်ကို
ချန်းကို ကျေးဇူးတင်ပါတယ်..."
"ရတယ် ရတယ်..ငါတို့က တစ်လှေတည်း စီးနေကြတဲ့လူတွေပဲမလား...တအားကြီး ယဉ်ကျေးနေစရာမလိုဘူး..."လျို့ချန်း အပြုံးလေးဖြင့် ပြောလိုက်သည်။
လုဖေးကဲ့သို့သော သူဌေးကြီးများမှာ သူတို့အတွက်တော့ သိုး၀၀ကစ်ကစ်လေးများပင်။
သူတို့ မတတ်နိုင်သည့် ကိစ္စများကို ဖြေရှင်းပေးပါက ငွေရမည်ဖြစ်သောကြောင့် ထိုကဲ့သို့သော သူမျိုးများနှင့် တရင်းတနှီးရှိထားရန် လိုအပ်လေသည်။
"သွားစို့ ကျုပ်ကို စော်ကားတဲ့သူက နောက်နားလေးတင်ပဲ...အစ်ကိုတုန်ကို သင်ခန်းစာပေးဖို့ အစ်ကိုတုန်ကိုပဲ အပူကပ်ရတော့မယ်..."
"ပြဿနာမရှိဘူး..ဒီမွန်ဘေကမ်းခြေတစ်ဝိုက်မှာ ငါ့ကို မရိုမသေ လုပ်ရဲတဲ့ကောင်ဆိုတာ ခုထိ မမွေးသေးဘူး..."ယောင်တုန်းလိုင် ပြောလိုက်ပြီး "လမ်းပြ..."
"ဟုတ်..ဟုတ်ကဲ့...အစ်ကိုတုန်...အစ်ကိုချန်း...ဒီဘက်ကြွပါခင်ဗျ...."
ယောင်တုန်းလိုင်နှင့် လျို့ချန်းတို့ ရောက်လာသည်ကိုမြင်တော့ လူတိုင်း အုပ်စုခွဲသွားကြသည်။
ထိုလူများမှာ သွေးထွက်သံယိုဖြစ်ဖို့ ၀န်မလေးသူများဖြစ်သောကြောင့် ဝေးဝေးရှောင်ကာမှ တော်ရာကျပေလိမ့်မည်။
"ဟင်း...အခွင့်ရေးပေးနေတုန်းက လက်လျော့လိုက်သင့်တာကွာ..ခုတော့ ဟိုကောင်က ယောင်တုန်းလိုင်တို့ အုပ်စုကို ခေါ်လိုက်ပြီဆိုတော့ အီရန်ဘွိုင်းလေးတော့ သွားပြီပဲ..."
"အင်း...တကယ့်ကို ကံဆိုးတဲ့ကောင်..ယောင်တုန်းလိုင်တင် မကဘူး..နောက်ထပ် ဂိုဏ်းစတားတစ်ယောက်တောင် ပါလိုက်သေး....သူတို့ရုပ်တွေကို ကြည့်လိုက်ဦး..ကြောက်စရာကြီးတွေ..ငါ့ခြေထောက်တွေတောင် မခိုင်ချင်တော့ဘူး..."
"ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့ကွာ...ခုလိုပုံစံနဲ့ဆိုရင်တော့ လုဖေးကို ဒူးထောက်ပြီး အဘိုးခေါ်ခိုင်းဖို့တော့ မဖြစ်နိုင်လောက်တော့ဘူး..."
လူတိုင်း လုဖေးနှင့် ယောင်တုန်းလိုင်တို့ သွားဖို့ရာ လမ်းဖယ်ပေးလိုက်ကြ၏။
"စောက်ကလေး..မင်းခုလေးတင် သောက်ရမ်းတွေ မောက်မာပြနေတာ မဟုတ်ဘူးလား...ဆက်လုပ်လေ...မင်းဘယ်လောက်ထိ မောက်မာနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်..."
လင်းရီ ပြုံးလိုက်ပြီး "သူတို့ရောက်လာတော့ကော ဘာထူးသွားမှာမို့လဲ..."
"ဟမ်ဟျောင့် ငိုးမသားလေး မင်းက အစ်ကိုတုန်ရောက်လာတာတောင်မှ အရိုအသေ မပေးသေးဘူးပေါ့..."
"မစ္စတာလင်း...!"
လင်းရီကိုမြင်တော့ ယောင်တုန်းလိုင်နှင့် လျို့ချန်းတို့ သံပြိုင်အော်ဟစ်လိုက်ကြပြီး သေးထွက်လုမတတ် ကြောက်ရွံ့သွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် သူတို့ခေါ်လာကြသည့် လူသုံးဆယ်မှာလည်း လင်းရီကို တစ်ပြိုင်နက် ဦးညွှတ် အရိုသေ ပေးလိုက်ကြ၏။
"မင်းတို့နှစ်ကောင်က တော်တော်လေး အတင့်ရဲနေကြတယ်ပေါ့...မွန်ဘေမှာ မင်းတို့ကောင်တွေကို မမြင်စေနဲ့ ပြောထားရဲ့သားနဲ့ ပြောထားတာတောင် တစ်ရက်ပဲ ရှိသေးတယ်..ပြန်ပေါ်လာကြပြီပေါ့..မင်းတို့ကပဲ ဘရိန်းမရှိတာလား..ဒါမှ မဟုတ် ငါ့စကားကိုပဲ အလေးနက် မထားတာလားကွ...ဟမ်"
၎င်းကိုကြားတော့ နှစ်ယောက်စလုံး ကြောက်ကြောက်လန့်လန့်ဖြင့် ထပ်ခါ တစ်လဲလဲ ဦးညွတ်အရိုသေ ပေးလိုက်ကြသည်။
"မစ္စတာလင်း ညှာတာပေးပါဗျာ...ကျုပ်တို့သိတာလည်း ကြာနေပြီမဟုတ်လား..."
ယောင်တုန်းလိုင်ပြောလိုက်ပြီး "ဘော့စ်လင်း အဲ့လိုပြောပြီးတော့ ကျုပ်လူတွေ အားလုံးကို ခေါ်သွားပြီးပါပြီ...ဒါပေမယ့် ကျုပ်မှာ ကျွေးရမယ့် ပါးစပ်ပေါက်က များတော့ အပိုငွေလေး ရလိုရညား ဒီကိုလာခဲ့မိတာပါဗျာ..."
ယောင်တုန်းလိုင်တို့ မျက်နှာထက်ရို ရိုကျိုးသော အမူအရာကို မြင်တော့ ကြည့်ရှုနေကြသူအား အံ့အားသင့်သွားခဲ့ကြသည်။
"ဘာ...ဘာတွေ ဖြစ်နေတာလဲဟ...မွန်ဘေရဲ့ကျားကြီးက အီရန်ဘွိုင်းကို ဦးညွတ်နေတယ်တဲ့လား..."
"သူ့မှာ ငါတို့ မသိတဲ့ နောက်ထပ် နာမည်တစ်ခု ရှိနေတာလည်း မသိဘူး...."
"ဖြစ်နိုင်တယ်...မဟုတ်ရင် ယောင်တုန်းလိုင်ရဲ့ အနေအထားနဲ့ဆိုရင် ဒီလိုလုပ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး...."
လုဖေးကတော့ သူတို့လုပ်သမျှကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိပြီး "အစ်ကိုတုန်..ဘာ..ဘာတွေ လုပ်နေတာလဲဗျ..ခင်များတို့ ကျုပ်ပိုက်ဆံကိုကျ ယူပြီးတော့ ဘာလို့သူ့ကို အရိုသေ ပေးနေကြ....."
ဘုန်း....
စကားမဆုံးမီ ယောင်တုန်းလိုင် လုဖေး၏ ဗိုက်ကို ပစ်ကန်လိုက်သည်။
ထို့နောက် လက်ညိုးငေါက်ငေါက်ထိုး၍ "ခွေးမသားလေး ..ခု မင်းရှေ့ရပ်နေတဲ့သူက ဘယ်သူလဲဆိုတာ မင်းသိလို့လားကွ..."
ပြောရင်းဖြင့် ဒေါသထောင်းကနဲ ထွက်လာပြီး လုဖေးကို နောက်ထပ် လေးငါးဆယ်ချက်ခန့် အာရပါးရ ပစ်ကန်လိုက်သည်။
"မသိရင်မှတ်ထား...မစ္စတာလင်းက သခင်လေးချင်းနဲ့ အဆင့်အတူတူပဲဆိုတာ..မွန်ဘေ ကမ်းခြေ တစ်ခုလုံးနဲ့ ၀မ်ကျန်းဆိပ်ကမ်းဆိုတာကလည်း သူ့အပိုင်ပဲ...မင်းက မစ္စတာလင်းရဲ့ ပိုင်နက်ထဲမှာ ပြဿနာလာရှာနေတယ်ပေါ့...အသက်မရှင်ချင်တော့ဘူးနဲ့တူတယ်...."
မွန်ဘေကမ်းခြေနဲ့ ၀မ်ကျန်းဆိပ်ကမ်းက ဒီအီရန်ဘွိုင်းလေးရဲ့ဥစ္စာ...
လူတိုင်း မေးရိုးများ ပြုတ်ကျလုမတတ် အံ့ဩသွားကြပြီး လင်းရီ ဘာတွေးနေလဲဆိုတာ လိုက်မမှီတော့ချေ။
မင်း...မင်းက သောက်ရမ်း ချမ်းသာနေပြီးသားလေကွာ...
ဘာလို့ ဒီလို အဆင့်မရှိတဲ့ အလုပ်တွေ လုပ်နေတာလဲတဲ့....
"သခင်လေးချင်း...."
"အေး..ကျိုးဟိုင်ရဲ့ အင်ပါယာ သခင်လေးချင်းနဲ့ တစ်တန်းတည်းကွ...."