← Chapters

အခန်း(၁၅၆)

Vol. 11 Ch. 156

အခန်း(၁၅၆)

Vol. 11 Ch. 156

ဟစ်....

လူတိုင်း လေအေး တစ်ရှိုက် ရှူသွင်းမိလိုက်ကြသည်။

ဤနေရာရှိ လူတိုင်း ကျော်ကြားသော ချင်းဟန်၏ အမည်နာမကို မကြားဖူးသူ မရှိပေ။

သူတို့ မတွေ့ဖူးလျင်တောင် ကြားရဖန် များလာတော့ ချင်းဟန်နှင့် တွေ့ဖူးသလိုတောင် ဖြစ်နေလေပြီ။

"ဘယ်သူက ချင်းဟန်လို ထိပ်တန်းချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးကို မသိဘဲ နေမှာလဲတဲ့..."

သူတို့ ရှေ့မှာ ရပ်နေတဲ့ လူငယ်လေးက တကယ်ကြီး ချင်းဟန်နဲ့ တစ်တန်းတည်း ဆိုပါလား....

အဲ့တာဆို ဘယ်လောက်တောင် ဩဇာကြီးမားလိုက်မလဲ....

၇ မီလီယမ်ကျော်တဲ့ Ferrari 812 ၀ယ်နိုင်တာ မဆန်းတော့ပါဘူးကွာ...

ဒီလောက်ငွေလေးကတော့ သူ့မျက်စိထဲမှာ မုန့်ဖိုးသာသာလောက်ပဲ နေမှာပေါ့..

သူ၏ ဒေါသကို ဖြေသိမ့်ပြီးနောက် ယောင်တုန်းလိုင် လင်းရီထံသို့ မျက်နှာချိုသွေးစွာဖြင့် "ဘော့စ်လင်း..ကျုပ်တို့ ဒီကောင်ကို ဘယ်လို သမပေးလိုက်ရမလဲ...ဖြစ်စေချင်တဲ့အတိုင်းသာ ပြောလိုက်...ကျေနပ်စေရမယ်လို့ အာမခံတယ်ဗျာ..."

"အဲ့လောက်မလိုပါဘူးကွာ...ဒီကောင့်ကို သူ့ကတိသာ တည်ခိုင်းလိုက်..."

"ကတိတည်ခိုင်းရမယ်...ဘာကတိများလဲ..."

"ဒူးထောက်ပြီး အဘိုးလို့ သုံးခါ အော်ခိုင်း...." တစ်စုံတစ်ယောက်မှ ဘေးမှနေ၍ လင်းရီကိုယ်စား ပြောပေးလိုက်သည်။

"အဲ့လိုလား..."

ယောင်တုန်းလိုင် ခေါင်းညိမ့်၍ လုဖေးထံသို့ လမ်းလျှောက်သွားလိုက်ပြီး မတူမတန်သလို အပြုအမူဖြင့် "မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ...ဒူးထောက်ပြီး ဘော့စ်လင်းကိုအဘိုးလို့ သုံး‌ခါအော်စမ်း..."

"ဟက်...အဲ့ကောင်က ဘော့စ်လင်းကို ပြစ်မှားထားတယ်ဆိုတော့ သုံးခါတည်း အော်ရုံလောက်နဲ့ မလုံလောက်သေးဘူး...နေ၀င်တဲ့အထိ အော်ခိုင်းထားလိုက်ကွာ..အဲ့တာမှ မှတ်မှာ..."လျို့ချန်း ပြောလိုက်သည်။

"အင်း အဲ့အကြံမဆိုးဘူး..."ယောင်တုန်းလိုင် အပြုံးလေးဖြင့် ပြောဘိုက်သည်။ ထို့နောက် လုဖေးကိုကြည့်၍ "မင်း ကိုယ့်ဘာကို လုပ်မလား..ဒါမှမဟုတ် ငါခြေထောက်‌ရိုက်ချိုးပြီးတော့ ဒူးထောက်ခိုင်းရမလား..."

"မ..မလုပ်ပါနဲ့ဗျာ....ကျုပ်ဘာကျုပ် လုပ်ပါ့မယ်..."

လုဖေး သေချင်နေသည်။

အစကတော့ သူသုံးခါအော်ရုံနှင့် လုံလောက်၏။ ယခုတော့ နေ၀င်တဲ့အထိ အော်ရမည်သာမက သူ၏ ပိုက်ဆံလည်း အလကား ပေးလိုက်ရသေးသည်။

ငိုးပဲ..ဒါမှန်းသိရင် မခေါ်ပါဘူးကွာ...

"ဟားဟား...ခံရတာတောင် နည်းသေးတယ်..."

လုဖေး မြေပြင်ပေါ် ဒူးထောက်နေသည်ကို မြင်တော့ လူတိုင်း လှောင်ပြောကဲ့ရဲ့လိုက်ကြသည်။

"ဟမ့်...ငွေလေး နှစ်ပဲခြောက်ပြားနဲ့ မိမိုက်သလို လုပ်ချင်နေတယ်ပေါ့..ခုတော့ အိပ်နေတဲ့ နဂါးကို ခေါင်းသွားပုတ်မိပြီမလား... သူများကို အထင်သေးချင်ဦး ...မှတ်ပလားကွ "

လင်းရီကတော့ လုဖေးသူ့ကို အဘိုးလို့ ခေါ်တာကို နားအရသာခံဖို့ ရည်ရွယ်ချက်မရှိဘဲ ယောင်တုန်းလိုင်ကိုကြည့်၍ "ခုတစ်ခါတော့ ရှိစေတော့..နောက်ခါ ဒီကမ်းခြေမှာ မင်းတို့ကို ပြန်မမြင်စေနဲ့..."

"ဟုတ်...ကျွန်တော်တို့ နောက်လည်းမလာ လာလည်း မနောက်တော့ပါဘူးဗျ..."

ယောင်တုန်းလိုင် ဦးညွတ်ပြီး ပြောလိုက်၏။

"မပူပါနဲ့..ငါမင်းတို့ စီးပွားရေး ပျက်အောင်တော့ မလုပ်ပါဘူး...တကယ်လို့ မင်းတို့ အလုပ်လိုချင်တယ်ဆိုရင် ပီစုန့်ကျန်းကို သွားရှာလိုက် ..သူ မင်းတို့ကို အလုပ်ပေးလိမ့်မယ်...ကောင်းရောင်းကောင်း၀ယ် လုပ်စားကြပေါ့ကွာ..ဒီက ကိစ္စကိုတော့ မင်းတို့နဲ့ပဲ ထားခဲ့လိုက်မယ်...ငါ့ကို စိတ်မပျက်စေနဲ့ ကြားလား..."

"ဟုတ် ဟုတ်ကဲ့..ကျေးဇူးပါဗျ ဘော့စ်လင်း..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ကာ သူ၏ Koenigsegg ထံ လျှောက်သွားလိုက်သည်။

"အိုး ဟုတ်သား... မေ့တော့မလို့..."လင်းရီ နောက်ပြန်လှည့်လိုက်ပြီး "အဲ့ငနဲကို ပြောလိုက်...ငါ့ကို ကြယ်ငါးပွင့် ရီဗျူးပေးဖို့ မမေ့နဲ့လို့..."

"စိတ်သာချဘော့စ်...အဲ့ကောင် မပေးရင် ကျုပ်သူ့လက်ကို ခုတ်ဖြတ်ပစ်လိုက်မယ်...."

"မစ္စတာလင်း...ခဏလောက်ပါရှင့်..."

လင်းရီ ထွက်သွားတော့မည့် အချိန်တွင် ရွှယ်ပင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ဘာကြီးလဲ...."

သူ့အတွက် ပြောပေးသည့် အနှီမိန်းကလေးအပေါ် လင်းရီ အမြင်ကောင်းများ ရှိပေသည်။

"ကျွန်မ အိမ်ပြန်ချင်တယ်.....ဒါပေမယ့် ကားကလည်း ပါမလာဘူးဆိုတော့ ကျွန်မကို လိုက်ပို့ပေးလို့ရမလားဟင်...."

"ဒါပေါ့..လိုက်ခဲ့လေ..."

လင်းရီ မငြင်းပယ်ခဲ့။ "ဒါပေမယ့် မင်းအ၀တ်လေးဘာလေး အရင်လဲလိုက်ဦး..ရေကူး၀တ်စုံကြီးနဲ့ ကားထဲ လိုက်စီးဖို့ကျတော့ သူများမြင်လို့ မကောင်းဘူးလေကွာ..."

ရွှယ်ပင်း ရှက်သွေးဖြန်းသွားပြီး "ဘာဖြစ်လို့လဲရှင်ရယ်..ဒီနေ့ နေအရမ်းပူတော့ ရေကူး၀တ်စုံလေးနဲ့ဆိုတော့ လေပိုရပြီး အေးတာပေါ့လို့..."

"ကဲကဲ သဘော..ဘာပဲဆိုဆို ကားပေါ်ရောက်ရင် ပူတယ်လို့ ပြောသံတော့ မကြားရတော့ဘူးပေါ့ကွာ..."

"ရှောင်ကောကော ကျွန်မကော လိုက်စီးလို့ရမလားဟင်..."ရွှီလု မခို့တရို့လေးပြုံး၍ ပြောလိုက်သည်။

"မရဘူး..ကျုပ်ကားမှာရှိတဲ့ထိုင်ခုံကလည်း လူရသွားပြီ..ခင်များ အိမ်ပြန်ချင်တယ်ဆိုရင်တော့ Didi သာ ဘွတ်ကင်လှမ်းချိတ်လိုက်တော့..."

"ဟဟား...."

လင်းရီ ရွှယ်ပင်းကို ကားလိုက်စီးရန် သဘောတူလိုက်ရသည့် အကြောင်းအရင်းကတော့ အလှလေးဖြစ်နေလို့မဟုတ်ပဲ အမြဲတစေ သူ့ဘက်မှ ရပ်တည်ပေးထားသောကြောင့်ပင်။

သို့သော်လည်း ဘစ်ကနီ၀တ်ထားသည့် ရွှီလုမှာတော့ ထိုသို့ဆက်ဆံပေးရန် မထိုက်တန်ချေ။

"တောက်...ချမ်းသာရတာ ကောင်းလိုက်တာကွာ..ကိုယ်ကစကီလေးတွေကို လိုက်စရာမလိုဘူး..စကီလေးတွေက သူတို့ကိုယ်တိုင်လိုလိုလားလားကြီးကိုရောက်လာကြတာပဲကွ..."

"ဟားဟား...အဲ့တာက ဘာမှ မဟုတ် သေးဘူး...တကယ်လို့ ဒီနားမှာ တစ်ယောက်မှသာ မရှိလို့က‌တော့ သူ့(မ)အ၀တ်တွေတောင် ချွတ်ပြီးနေလောက်ပြီ....."

"အေးဟ..အဲ့ကောင်မလေးက ရေကူး၀တ်စုံ၀တ်ထားတယ် ဆိုပေမယ့် ကားထဲရောက်ရင် အိုက်တယ်လို့ ပြောဦးမလားမသိဘူးဟ..."

"ငိုးပဲ မနာလိုလိုက်တာကွာ...အဲ့ပေါင်တံကြီးတွေက တစ်ညလုံး ကျုံးဖို့ အရမ်းမိုက်တာကွ.."

လင်းရီနှင့် ရွှယ်ပင်းတို့ လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် လမ်းပေါ်သို့ လျှောက်လာခဲ့ကြသည်။

လင်းရီ ဒရိုင်ဘာကို ကြည့်၍ "ဆရာရေ..ကားကို ကျိုကျုံးဗီလာဆီ ပို့ပေးဖို့ ဒုက္ခပေးရတော့မယ်..အပိုကြေးတွေကိုပါ ထည့်တွက်လိုက်ဗျာ..ကျုပ်နောက်ကျ ငွေလွှဲပေးလိုက်မယ်..."

"မလိုပါဘူးဗျာ..လူကြီးမင်းက ကျုပ်တို့ဆိုင်ရဲ့ VIP ဖောက်သည်ကြီးလို့ မန်နေဂျာက ပြောထားတယ်...ပြီးတော့ လူကြီးမင်းတောင်းဆိုသမျှကို အတတ်နိုင်ဆုံး ဖြည့်စည်းပေးရမှာက ကျုပ်တို့တာ၀န်ပဲလေ....ဒီတိုင်း နည်းနည်းလောက် ဆက်မောင်းလိုက်ရင် ရောက်နေပြီကိုပဲဗျာ..ဘာအပိုကြေးတွေမှ ပေးမနေနဲ့တော့..."

"အဲ့တာဆိုလည်း..ကျေးဇူးပဲဗျို့..."

ထရပ်ကား မထွက်ခင်တံခါး ပြန်ပိတ်လိုက်သည်။

ထို့နောက် လင်းရီ ရွှယ်ပင်းဘက်သို့လှည့်၍ "သွားစို့..ကျုပ်အရင် ကျိုကျုံးဗီလာဆီ ပြန်လိုက်ဦးမယ် ..ပြီးမှ မိန်းကလေးကိုလိုက်ပို့တာပေါ့..."

"လင်း...မစ္စတာလင်းက ကျူံကျုံးဗီလာမှာနေတာလား...."ရွှယ်ပင်း အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။ "ကျွန်မကြားတာတော့ အဲ့က ဗီလာတွေက တစ်ခုတစ်ခုဆို ၁ဘီလီယမ်ကျော်တယ်ဆိုပဲ..."

"အေးဆေးပေါ့..အဲ့လောက်လည်း ဈေးမကြီးပဘူး..

ကဲ ကားထဲ၀င်..."

ရွှယ်ပင်း လင်းရီ၏ Koenigsegg Rs ကြီးထဲ ၀င်ထိုင်ရန်း ရင်ထဲ တလှပ်လှပ် ဖြစ်နေလေသည်။

သူမ ပြိုင်ကားစီးဖူးသည်မှာ ယခုမှ ပထမဆုံးအကြိမ်ပဖြစ်သောကြောင့် ရင်ခုန် စိတ်လှုပ်ရှားနေတော့၏။

ကားထဲသို့ ၀င်ပြီးနောက် ခါးပတ် ပတ်လိုက်ပြီး သူမ၏ ခြေထောက်တစ်စုံကို ရည်ရွယ်ချက်ရှိရှိ စိထားလိုက်၏။

ရေကူး၀တ်စုံ ၀တ်ထားသောကြောင့် ထိုင်ခုံခါးပတ်မှာ တောင်ကြီးနှစ်ခုအကြား ဖြတ်သန်းသွားပြီး လုံး၀န်း၍ ပန်းနုရောင်သန်းနေသော တောင်ထိပ်လေးများကို အထင်းသား ဖြစ်နေစေတော့သည်။

လင်းရီ၏ စူးရှသော အကြည့်များကို သတိထားမိသွားတော့ ရွှယ်ပင်း ရှက်သွေးဖြန်းသွား၏။ သို့သော်လည်း ဘာမျှ မပြောသည့်အပြင် လင်းရီ ရှင်းလင်းစွာမြင်နိုင်စေရန် သူမထိုင်သည့် အနေအထားကိုပါ ပြောင်းပေးလိုက်၏။

"ငါ့ယုန်တွေကသိပ်မကြီးပေမယ့် သူကြိုက်လောက်မှာပါနော...ဟုတ်တယ်မလား..."ရွှယ်ပင်း ကိုယ့်ဘာကိုယ် တွေးတောနေခဲ့၏။

[‌အော်ဒါ လေးခုနဲ့ ကြယ်ငါးပွင့်ရီဗျူးသုံးခု လက်ခံပြီးပါပြီ ]

[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀]

[အလုပ်ပြီးမြောက်နှုန်း : ၄၀% ]

[ဆုလဒ် : ယွမ် ၁ ဘီလီယမ်..]

[မစ်ရှင်အသစ်ကို စတင်လိုက်ပါပြီ။ ကြယ်ငါးပွင့် ရီဗျူး ၁၀ ခု ရယူပါ]

[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀ (၃/၁၀)]

လင်းရီ ယွမ်တစ်ဘီလီယမ်ကိုတော့ အာရုံစိုက်မနေတော့ချေ။

သို့သော်လည်း တစ်ခုထူးဆန်းနေသည်မှာတော့ သူမစ်ရှင်လေးခု လုပ်ထားသော်လည်း ကြယ်ငါးပွင့်ရီဗျူး သုံးခုတည်း ရရှိနေခြင်းကိုပင်။

ပထမမစ်ရှင်ကတော့ ဟိုကောင်စုတ်လေး ရန်ဟောင်ရန်၊ ဒုတိယကတော့ ကျီချင်းရန်ဖြစ်ပြီး တတိယနှင့် စတုတ္ထကတော့ လုဖေးတို့ပင်။

သေချာစဉ်းစားပြီးနောက် ရီဗျူးမပေးရသေးသည့်သူမှာ ကျီချင်းရန် ဖြစ်ရမည်ဟု ယူဆလိုက်သည်။

ဒီကောင်မလေးကတော့ အစားတွေပဲ စွတ်စားနေပြီး

ရီဗျူးပေးဖို့ကျ မေ့နေတယ်ပေါ့...

သူ ခဏနေမှဖုန်းဆက်ပြီး သတိပေးရမည်။ သူချက်ကျွေးသည့် ဟင်းလျာများ အားပါးတရစားပြီး ကြယ်ငါးပွင့်ရီဗျူး မပေးသေးသည်ကတော့ လုံး၀ မဖြစ်သင့်ပေ။

ဒူ ဒူ ဒူ

ထိုအချိန်တွင် လင်းရီထံသို့ ဘဏ်မှ မင်ဆေ့ခ်ျ ၀င်လာခဲ့၏။

စနစ်မှ ချီးမြင့်ထားသည့် ဆုလက်ဆောင် ယွမ် တစ်ဘီလီယမ် အကောင့်ထဲသို့ ၀င်လာခြင်းပင်။

တစ်ချိန်တည်းတွင် ရွှယ်ပက်းလည်း လင်းရီ ဖုန်းမြည်သံကို ကြားလိုက်ရပြီး သိချင်စိတ်ပြင်းပြစွာဖြင့် လင်းရီဖုန်းကို မသိမသာ ခိုးကြည့်လိုက်သည်။

ဘဏ်မှ ငွေလွှဲမက်ဆေ့ခ်ျဖြစ်ကြောင်း သတိထားမိသွားပြီး နောက်မှ သုည အတွဲလိုက်ကြီးကိုမြင်တော့ သူမ အသက်ရှူပင် မှားတော့မတတ်ဖြစ်သွားခဲ့၏။

"မစ္စတာလင်းကတော့ လုံး၀ အံ့ဖွယ်ပဲ.. Ferrari 812ကို အေးဆေး ၀ယ်နိုင်တာ မထူးဆန်းတော့ပါဘူး...ဘဏ်ထဲ စုထားတဲ့ငွေက အနည်းဆုံး ၁၀ မီလီယမ်လောက် ရှိနေတာကိုးရှင့်...."ရွှယ်ပင်း လေးစားအားရစွာ ပြောဆိုလိုက်သည်။

"ဟမ်...ဘာကို ၁၀ မီလီယမ်တုန်းဗျ..."

"ကျွန်မခုနတုန်းက ရှင့်ရဲ့ ဘဏ်မက်ဆေ့ခ်ျကို တွေ့လိုက်တယ်လေ...အဲ့ထဲမှာ ရေးထားတဲ့ သုညတွေက ၁၅ မီလီယမ်ကျော်တယ်...ကျွန်မရဲ့ အထည်ဆိုင် ရောင်းရငွေတောင်မှ တစ်နှစ်တစ်နှစ် အဲ့လောက်ကိုမရှိတာ.."

"အာ...မိန်းကလေးကတော့ အမြင်မှားနေပါပြီ..."

"အမြင်မှားတယ်...မဖြစ်နိုင်ဘူးနော...ကျွန်မသေချာမြင်လိုက်တာ.."ထိုသို့ပြောပြီးနောက် ရွှယ်ပင်း သိချင်စွာဖြင့် "ဖြစ်နိုင်တာက အဲ့ဒီငွေက မစ္စတာလင်းရဲ့ ပိုက်ဆံတွေ မဟုတ်လို့များလား..."

"ပိုက်ဆံကတော့ ကျုပ်ဟာပါပဲ..ဒါပေမယ့်၁၅မီလီယမ်တော့ မဟုတ်ဘူး..၁.၅ ဘီလီယမ်.."

All Chapters