← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

"၁.၅ ဘီလီယမ်.."

ရွှယ်ပင်း ထိတ်လန့်တကြား အော်ဟစ်မိသွားပြီး သူမ၏ ရင်ဘက်ပင်လျင် နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့၏။

"ဟုတ်တယ်..မယုံရင် ကိုယ်တိုင် ရေကြည့်လိုက်လေ...သုည ဘယ်နှစ်လုံး ရှိလဲလို့ ကြည့်ကြည့်လိုက်..."

ရွှယ်ပင်း လင်းရီဖုန်းကို ယူလိုက်ပြီး သေချာရေကြည့်လိုက်သောအခါ ၁.၅ ဘီလီယမ် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ထိုအခါမှသာ သူမနှင့် လင်းရီတို့ကြားကွာခြားမှုမှာ မည်မျှ ကွာဝေးကြောင်း သတိထားမိသွားတော့သည်။

သူမ တစ်ဘ၀လုံး မည်မျှအလုပ်ကြိုးစားစေကာမူ တစ်ဘီလီယမ်ပင် ရရန် မသေချာသော်လည်း လင်းရီကတော့ လွယ်လင့်တကူပင် ဘီလီယမ်ပေါင်းများစွာ ရရှိနေတော့သည်။

အဆင့်အတန်းခြင်း ကွာဟချက်က ဘာလဲဆိုတာကို ယခု သူမကိုယ်တိုင် ကြုံနေရတော့မှ နားလည်သွားတော့၏။

ကွမ်းတစ်ယာညှက်ခန့် ကြာသောအခါ လင်းရီတို့ ကျိုကျုံးဗီလာထံ ရောက်ရှိလာခဲ့သည်။

Ferrari အတွက် တစ်ခြားအစိတ်အပိုင်းများ တပ်ဆင်ခြင်းကတော့ ပြုလုပ်မနေတော့ချေ။ သူ့တွင် ကားအများအပြား ပိုင်ဆိုင်ထားပြီး ဖြစ်၏။ Ferrari မှာ လင်းရီအတွက်တော့ စကူတာလိုပင် ဖြစ်နေတော့သည်။ ထို့ကြောင့် တပ်ဆင်ခြင်း မတပ်ဆင်ခြင်းက လင်းရီအတွက် အရေးမကြီးတော့။

ကျိုကျူံဗီလာကိုရောက်တော့ လင်းရီ Ferrari 812ကို ကားဂိုဒေါင်ထဲသို့ မောင်းထည့်လိုက်သည်။ ကျန်တာကတော့ ရွှယ်ပင်းကို လိုက်ပို့ရန်ပင်။

"ငါ့ကောင်တို့..ခုကစပြီး မစ္စတာလင်းကို နတ်ဘုရားလို့ ခေါ်ကြရအောင်ကွာ..ရေကူး၀တ်စုံနဲ့ ကောင်မလေးကိုတောင်မှ ကားနဲ့ တင်ပြီး ခေါ်လာတယ်...အဲ့လို၀တ်ထားရင် ပိုပြီး အဆင်ပြေလားတော့ မသိဘူးဟ...."တံခါးစောင့်သည့် လုံခြုံရေး ၀န်ထမ်းမှ ပြောလိုက်လေသည်။

"ဖြစ်နိုင်လောက်တယ်..တိုင်ကွန်းတွေရဲ့ မရသာက ငါတို့လို လူသာမန်တွေ အရသာခံတာနဲ့ တူလောက်မှာ မဟုတ်ဘူးကွ...သူတို့က မတူတာကိုမှ ပိုပြီး အရဟာတွေ့ကြတာ..."

"ငါတော့ သောက်ရမ်းတွေ အားကျနေပြီကွာ...ငါ့မှာ ၅ မီလီယမ်လောက်သာ ရှိလို့ကတော့ကွာ...ဟွင်းဟွင်း...."

"မင်းနေ့တိုင်း သန်း၅၀လောက် ရနေရင်တောင်မှ မစ္စတာလင်းလောက် ချမ်းသာဖို့ မဖြစ်နိုင်ဘူး...တကယ်လို့ မင်း အိမ်ပါပေါင်ပြီး ပလတ်စတစ် ဆာဂျရီ သွားလုပ်မယ်ဆိုရင်တောင်မှ မစ္စတာလင်းလောက် ခန့်ညားမယ်လို့ထင်လား...မတူရင် မတုစမ်းပါနဲ့ ငါ့ကောင်ရာ..."

"ငိုးပဲ..ငါလည်း စိတ်ကူးယဉ်ကြည့်တာလေကွာ..မရဘူးလားကွ...ငါ့ကို အဲ့လိုတော့ မစော်ကားနဲ့ အိုကေ..."

ကားကို ဂိုဒေါင်ထဲ သိမ်းပြီးနောက် ရွှယ်ပင်း အလှမ်းမဝေးသော နေရာတွင် ရေကူးကန် အကြီးကြီးတစ်ခု ရှိနေသည်ကို သတိထားမိသွားပြီး အံ့အားသင့်နေသည့် လေသံဖြင့် "အယ်..ရေကူးကန်ကြီးက အဲ့လောက်တောင် ကြီးတာလား..."

"သဘောကျရင် သွားကူးလေ..."

"မကောင်းဘူးထင်တယ်နော...ကျွန်မက ဒီမှာ နေတဲ့သူလည်း မဟုတ်ဘဲနဲ့..တကယ်လို့ ပိုင်ရှင်သာ မြင်သွားခဲ့ရင် ကျွန်မက သူ့ပိုင်နက်ထဲ ကျူးကျော်ပါတယ်တွေ ဖြစ်နေဦးမယ်...."

"ဗီလာကိုးခုလုံးက ကျုပ်ဟာတွေလေ..ဘယ်က အပြင်လူ ရှိမှာလဲဗျ.."

ရွှယ်ပင်း အံ့အားသင့်သွားခဲ့သည်။

"ဘာပြောလိုက်တယ်...ဗီလာကိုးခုလုံးက ရှင်ြဟာ...ဟုတ်လား..."

"ဒါပေါ့...ကျုပ်တစ်ပြိုင်တည်း ၀ယ်ပစ်လိုက်တာလေ..အဲ့တာမှ တိတ်တိတ်ဆိတ်ဆိတ်ကလေး နေလို့ရမှာပေါ့..မဟုတ်ရင် လူတွေအမ‌ေားကြီး ဆူညံဆူညံနဲ့..."

ရွှယ်ပင်းရုတ်တရက် သူမ ဉာဏ်မမှီတော့ သလိုတောင် ခံစားမိသွားသည်။

ဖြစ်နိုင်တာ သူတို့အတွက် ငွေဆိုတာက စက္ကူသာသာများ ဖြစ်သွားတာလား...

လုဖေး ဒီလို ပုဂ္ဂိုလ်မျိုးဆီမှာ ရှုံးနိမ့်သွားတာ မထူးဆန်းပါဘူးလေ...

"တော်ပါပြီ ရှင်ရယ်...တကယ်လို့ ကျွန်မသာ ဒီမှာ ရေကူးတာကို စွဲလမ်းသွားမှဖြင့် ဘယ်လိုလုပ်ရပါ့..."

လင်းရီ ပြုံးပြီး စကား လမ်းကြောင်း လွဲ‌လိုက်သည်။

"မိန်းကလေးက ရေမကူးတော့ဘူးဆိုရင်လည်း အ၀တ်လေး လဲလိုက်ပါလား...တစ်ချိန်လုံး ရေကူး၀တ်စုံကြီးနဲ့ဆို အများအမြင်လည်း မသင့်ဘူးလေ..."

"အွန်းပါ...ကျွန်မ သွားလဲလိုက်ပါ့မယ်..."

နှာဘူး အခေါ်ခံရမည်မှာစိုး၍ လင်းရီ တစ်ဖက်သို့ လှည့်ပေးလိုက်သည်။

ရွှယ်ပင်း စတင်လဲနေပြီး လင်းရီ သူမကို နောက်ကျောပေးထားသည်ကိုမြင်တော့ "ဟမ်...ငါကပဲ ဆွဲဆောင်မှု မရှိလို့များလား..ဘာလို့ မစ္စတာလင်းက ခိုးတောင် မကြည့်ပါလိမ့်...."

ရွှယ်ပင်း စိတ်ပျက်အားလျော့နေပြီး "ဒါမှမဟုတ် မစ္စတာလင်းက ဟိုဒင်းဟိုဟာပြုဖို့ကြောက်တဲ့ ယောက်ျားကြီးများလား..."

အမျိုးသမီးတို့၏ စိတ်နှလုံးမှာ သမုဒ္ဒရာရေပြင်ကဲ့သို့ ကျယ်ပြန့်နက်နဲလှ၏။

အကယ်၍ လင်းရီသာ ခိုးကြည့်လိုက်မည်ဆိုပါက တဏှာရူး..ဘာရူး..ညာရူးဟု ခေါင်းစဉ်အမျိုးမျိုးတပ်၍ ပြောပေလိမ့်မည်။

ခိုးမကြည့်ပြန်တော့လည်း ငကြောက်ကြီးဟု အထင်ခံရပြန်သည်။

အင်း..ယောက်ျားဖြစ်ရတာလည်း တယ်မလွယ်ပါလားနော်...

မိနစ်အနည်းငယ်ခန့်ကြာပြီးနောက် ရွှယ်ပင်း အ၀တ်လဲလို့ပြီးသွားပြီး သူမ၏ လှပသော ညှပ်ရိုးလေးများကို ဖော်ပြထားသည့် ဂါ၀န်တစ်ထည်ကို ၀တ်ဆင်ထား၏။ သူမ၏ ပုံပန်းသွင်ပြင်မှာ ကြည့်မိသူတိုင်း နွေ၏ရနံကို သင်းပျံ့စေသော ပန်းလေးတစ်ပွင့်ကဲ့သို့ လွတ်လပ်ပေါ့ပါးသည့် စိတ်ခံစားချက်ကို ရရှိစေသည်။

"မစ္စတာလင်း ကျွန်မလဲပြီးသွားပြီ..."

"အင်း..အဲ့တာဆိုလည်း သွားစို့လေ..."

လင်းရီနှင့် ရွှယ်ပင်းတို့ Koenigsegg ထဲ၀င်ပြီး ဗီလာထဲမှ ထွက်လာခဲ့ကြ၏။ ထို့နောက် ရွှယ်ပင်း၏ အထည်ဆိုင်သို့ ဦးတည်မောင်းနှင်သွားလိုက်သည်။

မထင်မှတ်ထားစွာဖြင့် ရွှယ်ပင်း၏ အထည်ဆိုင်ကြီးမှာ ဧရာမကြီးပင်။

အနည်းဆုံးတော့ ၁၀၀ စတုရန်းမီတာလောက် ကျယ်၀န်းပြီး အပြင်အဆင်ပိုင်းမှာလည်း အတော်လေး ဆန်းသစ်သည်။ မော်ဒန်ခေတ်၏ ဒီဇိုင်းမျိုးစုံကို တစ်နေရာထဲတွင် ရရှိနိုင်သည်။ သို့သော်လည်း ဆိုင်ခန်းထဲရှိ အင်္ကျီများကတော့ လုံး၀လုံး၀ ဈေးမပေါပေ။ အနေအထား တစ်ခုလောက် ရောက်‌မနေပါက ဤဆိုင်၀တွင် ရပ်ကြည့်ပြီး ပြန်သွားရလောက်၏။

"မိန်းကလေးက တက္ကသိုလ်မှာ ဒီဇိုင်းမေဂျာနဲ့ ကျောင်းပြီးထားတာလား..."

"အွန်း ဟုတ်တယ် ကျွန်မက တုံးဟွာ တက္ကသိုလ်ကနေ ဘွဲ့ရထား‌တာလေ...အဲ့ကျောင်းက တ-ရုတ်ပြည်မှာဆို ဖက်ရှင်နဲ့ပတ်သက်ရင် အကောင်းဆုံးလို့ပြောလို့ရတယ်..."

ရွှယ်ပင်း ပြန်ဖြေလိုက်သည်။

သူမ၏ မိခင်ကျောင်းတော်ကြီးအကြောင်း ပြောပြရသည်ကို ဂုဏ်ယူနေကြောင်း တွေ့နိုင်လေသည်။

လင်းရီလည်း တုံးဟွာ တက္ကသိုလ်အကြောင်း ကြားဖူးနား၀ရှိ၏။ ထိုကျောင်းမှာ ဖက်ရှင်နှင့် ပတ်သက်လာလျင်တော့ အတော့်ကို နာမည်ကြီးသည့် ကျောင်းတစ်ကျောင်းပင်။

ထိုမျှ နာမည်ကြီးသည့် ကျောင်းမှ ဘွဲ့ရထားသောကြောင့် ရွှယ်ပင်း ယခုလို ကိုယ်ပိုင်ဆိုင်လေး ဖွင့်ထားသည်မှာ ထူးဆန်းသည်ဟုမဆိုသာ။ သူမ၏ ထူးချွန်ပြောင်မြောက်သော စွမ်းရည်များဖြင့် သူများလက်အောက် အလုပ်လုပ်နေသည်ကမှ ထူးဆန်းသည်ဟု ပြောရမည်။

"ကဲ..ကျုပ်လည်း မိန်းကလေးကို ပြန်ပို့ပေးပြီးပြီဆိုတော့ ပြန်တော့မယ်..."လင်းရီ ပြောလိုက်၏။

"ခဏလောက်မထိုင်တော့ဘူးလားရှင်ရယ်..သူစိမ်းဆန်လိုက်တာ...အပူသက်သာအောင် ရေနွေးကြမ်းလေး ဘာလေး သောက်သွားပါဦးလား..."

ရွှယ်ပင်း ဖိတ်မန္တက ပြုလိုက်၏။

"အာ..ကျုပ်လုပ်စရာလေးတွေ ရှိနေသေးလို့ နောက် တစ်ခေါက်မှပဲ ထိုင်တော့မယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဒါနဲ့ စကားမစပ် ကျွန်တော် မိန်းကလေးရဲ့ ကတ်လေး ယူထားလို့ရမလား..."

"ရှင်...ကျွန်မရဲ့ကတ်...."ရွှယ်ပင်း အားရ၀မ်းသာ ဖြစ်သွားခဲ့၏။ လင်းရီသူမထံမှ လိပ်စာကတ် တောင်းလာလိမ့်မည်ဟု ထင်မထားခဲ့။

လူချောလေးကတော့ ဂယ်ပဲ..လူကို ဟပ်ထိအောင် အမျိုးမျိုး လုပ်တတ်တယ်...

ရွှယ်ပင်း ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်ပြီး လင်းရီထံ ကမ်းပေးလိုက်၏။

"ဒီထဲက နံပါတ်က ကျွန်မရဲ့ ဝီချက်နံပါတ်လည်း အဲ့တာပဲနော် တစ်ခုခုလိုတာရှိလည်း ဖုန်းဆက်လိုက်...

ဝီချက်မှာ ပြောထားလည်းရတယ်..."

"အိုကေ..ကျေးဇူးပါ..."

လင်းရီ ရိုးရှင်းစွာတုန့်ပြန်လိုက်ပြီး မောင်းထွက်သွားလိုက်၏။

ယခု သူ၏ ကုမ္ပဏီမှာ တည်ထောင်ပြီးဖြစ်သောကြောင့် အခြေခံ လိုအပ်ချက်ဖြစ်သည့် ယူနီဖောင်းမှာလည်း မရှိမဖြစ်ပင်။

အချိန်ရပါက သူအချိန်ပေး၍ ဤနေရာသို့ တစ်ခေါက်ပြန်လာပေဦးမည်။

လင်းရီ မောင်းနေရင်း ကျီချင်းရန်ထံ ဖုန်းခေါ်လိုက်၏။

"ဒီလီသမားကြီးက အလုပ်တွေ ပြီးသွားလို့ ပင်ပမ်းနေပြီလား..."ကျီချင်းရန် အပြုံးလေးဖြင့် မေးလိုက်၏။

"မပင်ပမ်းပါဘူ...ဒါပေမယ့် တစ်စုံတစ်ယောက်ကတော့ ကြယ်ငါးပွင့်ရီဗျူးပေးဖို့ မေ့နေသလိုပဲနော..."

"ဟွန်..ဒီတော့ နင်က အဲ့တာပြောဖို့ ငါ့ကို ‌ဖုန်းခေါ်လိုက်တယ်ဆိုပါတော့..."ကျီချင်းရန် စိတ်ကောက်ချင်ယောင်ဆောင်လိုက်ပြီး "မပေးဘူးဟာ..."

"အဲ့တာဆိုလည်း နောက်ကျရင် မင်းလည်း အစားကောင်းတွေ စားရမယ် မထင်နဲ့..."

"ဟိတ်...အဲ့လို လုပ်လို့မရဘူးလေ... "ကျီချင်းရန် ကြောက်ရွံ့သွားခဲ့သည်။

"ကြယ်ငါးပွင့်ရီဗျူး မပေးတာနဲ့ပဲ လူကို ကျွေးတော့ဘူးပေါ့...ဒါကြီးကတော့ တရားလွန်သွားပြီ...ဟွန့် ပေးရင်ပြီးရောမလား..."

"ဒီလိုမှပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"တခြား ပြောစရာ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်..ငါအလုပ်ရှိသေးလို့..."

"ဘာလို့ အဲ့လောက်ထိကြိုးစားနေတာလဲ...နင်က ငွေရှားနေတဲ့သူလည်း မဟုတ်ပဲနဲ့ကို..."

"ဒါမှ မလုပ်ရင် ငါ့မှာ ဘာလုပ်စရာမှ မရှိတာ..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းသာ ငါ့ကို အပြင်ထွက်ဖို့ ခေါ်ချင်တယ်ဆိုရင်တော့ အားနာပါးနာနဲ့ သဘောတူပေးလို့ရတယ်နော်..."

"ဟီးဟီး တကယ်ကြီးလား..."ကျီချင်းရန် ပြုံးလိုက်ပြီး "ဒီနေ့ညတော့ ငါ့အမေတို့ လာမှာဆိုတော့ နင့်ကို ဧည့်ခံပေးလို့မရတော့ဘူး..မနက်ဖြန်မှလာခဲ့..အော်...ဒါနဲ့ ဖောင်ဒေးရှင်းအတွက် စာရွက်စာတမ်းတွေလည်း ရောက်လာပြီသိလား...တစ်ခါတည်း အတော်ပဲ ဖြစ်သွားတာပေါ့..."

"မဖြစ်နိုင်တာ...အဲ့လောက်မြန်လားဟ..."

"ငါလှလို့ဆိုပြီးတော့ အရူးလုပ်မခံရစေနဲ့...တကယ်တော့ နင့်ထက်တော်ပြီးသားနော် သိလား..."

"ဟုတ်ပါပြီ..ခင်များလေးကသာ အတော်ဆုံး...ဆုချတဲ့အနေနဲ့ မနက်ဖြန် အရသာရှိတာတွေ အများကြီးချက်ကျွေးမယ်..."

"အဲ့လိုလုပ်စမ်းပါ..."ကျီချင်းရန် ပျော်ရွှင်စွာ ပြောလိုက်သည်။

"ကိုယ့်ကိုယ်လည်း ဂရုစိုက်ဦးနော်...တအားကြီး အပင်ပမ်း ခံမနေနဲ့ဦး..."

"အင်း..မင်းကောပဲ..."

တခဏမျှ စကားပြောပြိးနောက် ‌လင်းရီ ဖုန်းချလိုက်သည်။

ကျီချင်းရန် ၏ ကြယ်ငါးပွင့် ရီဗျူးမှာ လျင်မြန်စွာ ရောက်ရှိလာပြီး ချက်ချင်း (၄/၁၀) ဖြစ်သွား၏။ အကယ်၍ မျှော်လင့်မထားသည်များ ဖြစ်မလာပါက မနက်ဖြန်တွင် မစ်ရှင်ပြီးမြောက်ပေလိမ့်မည်။

လင်းရီ လမ်းဘေးဆိုင်တစ်ဆိုင်တွင် ကားရပ်လိုက်ပြီး တစ်ခုခု ၀င်စားလိုက်သည်။

ထို့နောက် သူ၏ အလုပ်ကို ဆက်လုပ်တော့၏။

ကလင် ကလင် ကလင်

အော်ဒါ လက်ခံတော့မည့် အချိန်တွင် သူ့အိတ်ကပ်ထဲရှိ ဖုန်းမှာ ရုတ်တရက် မြည်လာခဲ့၏။

သူ၏ အော့ကော ကျန်းစုန့်မှ ဖုန်းဆက်လာခဲ့ခြင်းပင်။

"ဘဒို မင်းအလုပ်ရှုပ်နေတာလား...ငါမင်းကို သတင်းကောင်းပြောပြမယ်...ငါသိပ်မကြာခင် ကျိုးဟိုင်ကို အလည်လာတော့မှာကွ....အဲ့တာ မင်းအားရင် ငါ့ကို လာကြိုပေးပါလား"

All Chapters