အခန်း(၁၅၈)
Vol. 11 Ch. 158
လင်းရီ ရယ်မောလိုက်ပြီး "ကျုပ်အစ်ကိုကြီးတစ်ယောက်လုံး လာမယ်ဆိုမှတော့ လာကြိုပေးရမှာပေါ့ဟ..."
"ဟားဟား...ငါလည်း မင်းအဲ့လိုပြောမှာကို မျှော်နေတာ...ငါရောက်တဲ့အချိန်ကျရင် မင်းကို ဆက်သွယ်လိုက်မယ်...အဲ့ကျမှ အတူတူ မော့ကြတာပေါ့ကွာ...ငါတို့ မဆုံဖြစ်တာ နှစ်၀က်လောက်တောင်ရှိနေပြီ...ဒီကြားထဲ ဝီချက်ကနေပဲ ဆက်သွယ်ဖြစ်တော့ ငါယီးကွာ အွန်လိုင်းဒိတ်လုပ်နေရသလိုပဲ...."
"အွက်...ငိုးပဲ...လစ်စမ်းဟျောင့်...ငါ့ကို အန်ချင်လာအောင် မလုပ်စမ်းနဲ့..."လင်းရီ ရယ်မောရင်း ပြောဆိုလိုက်သည်။
"ဒါနဲ့ အော့ကောက ဘယ်လောက်ကြာအောင် နေမှာလဲ...ခဏလောက်ကြာမယ်ဆို ကျုပ်ပျော်ဖို့ကောင်းတဲ့ နေရာလေးတွေ ခေါ်သွားပေးချင်လို့..."
"အဲ့တာတော့ မသေချာသေးဘူးကွ..အလုပ်ခရီးထွက်ရမှာဆိုတော့ ဘယ်လောက်ကြာအောင် နေရမလဲ မသိသေးဘူး..."ကျန်းစုန့် ပြုံးလျက်ပြန်ဖြေလိုက်သည်။
"ဘဒို ငါမင်းကို ပြေပြဦးမယ်...တကယ်လို့ ခုငါလုပ်နေတဲ့ ပရောဂျက်တာ အောင်မြင်သွားလို့ကတော့ ငါ့ကုမ္ပဏီမှာ ရာထူးနှစ်ဆင့်တောင် တိုးသွားမှာကွ...အဲ့ခါကျရင် ငါမင်းကို အ၀သောက်လို့ရအောင် ကျုံးဟွာဆေးလိပ်ဆယ်လိပ် ၀ယ်တိုက်မယ်ကွာ"
"ရပါပြီကွာ..ငါမသောက်တာကြာလှပြီ..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်
"ဒါနဲ့ မင်းလုပ်ရမယ့် ပရောဂျက်အကြောင်း အသေးစိတ် ပြောစမ်းပါဦးဟ..ငါကူညီနိုင်ရင်လည်း ကူညီပေးမှာပေါ့..."
လင်းရီ ကျန်းစုန့်၏ အခြေနေကို ကောင်းစွာနားလည်ပေသည်။
ဘွဲ့ရပြီးနောက် ရန်ကျင်းရှိ နည်းပညာ ကုမ္ပဏီတစ်ခုတွင် အလုပ်ရခဲ့သည်။ လစာမှာ ကောင်းသော်လည်း ရန်ကျင်းကဲ့သို့ မြို့ကြီးပြကြီးတွင်တော့ စား၀တ်နေ ရေးဖူလှုံရုံလောက်သာ ရှိပြီး ချမ်းသာသည်လို့တော့ ဆို၍ မရချေ။
သူ၏ အကောင်းဆုံး သူငယ်ချင်း၊ အခန်းဖော်တစ်ယောက်အနေဖြင့် လင်းရီ ကျန်းစုန့်ကို အတတ်နိုင်ဆုံး ကူညီချင်သည်။ သို့သော်လည်း ဒီတိုင်းငွေသွားပေးပါကလည်း သင့်လျော်လိမ့်မည်မဟုတ်။
ထို့ကြောင့် သူ၏ အဆက်အသွယ်များကိုသာ အသုံးချ၍ သူ၏ သူငယ်ချင်းကောင်းကြီးကို ကူညီပေးလို့ရပါက ကူညီပေးချင်သည်။
ယခုပရောဂျက်ကို အမြန်အဆုံးသတ်၍ ရာထူးတိုးစေချင်ပြီး အဆင်ပြေသွားပါက လင်းရီလည်း စိတ်ချမ်းသာ၏။
သို့သော်လည်း ကျန်းစုန့် ပရောဂျက် အောင်ခြင်းမအောင်ခြင်း၊ ချမ်းသာချင်း မချမ်းသာချင်းတို့ကတော့ သူ၏ စွမ်းဆောင်ရည်ပေါ်တွင် မူတည်နေလေဟည်။
"သားရီ မင်း ကျိုးဟိုင်မှာရှိတဲ့ Ciscoလို့ခေါ်တဲ့ ကုမ္ပဏီကို သိလား..."
"Cisco...ဒါပေါ့ သိတာပေါ့ကွ...မင်းရဲ့ ပရောဂျက်က အဲ့ဒီ ကုမ္ပဏီနဲ့ ဆက်နွယ်နေတာလား..."
လင်းရီ မေးလိုက်သည်။
လင်းရီ အရင်ကတော့ Cisco ဟုခေါ်သည့် ကုမ္ပဏီအကြောင်း မရင်းနှီးခဲ့။ သို့သော်လည်း လုံရှင်း သုတေသန စင်တာကို ၀ယ်ယူပြီးသည့် အခါမှစ၍ နည်းပညာနယ်ပယ်တွင် အပြိုင်အဆိုင် ချစ်ပ်ထုတ်လုပ်နေသော ကုမ္ပဏီများအကြောင်း သိလာခဲ့ခြင်းပင်။ Cisco မှာလည်း ထိုကုမ္ပဏီများထဲမှ တစ်ခုဖြစ်၏။
၎င်းကုမ္ပဏီမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ(semiconductor)နှင့် မိုက်ခရိုချစ်ပ်များ သုတေသနပြုလုပ်သည့် ကုမ္ပဏီဖြစ်သောကြောင့် အထင်သေးလို့တော့မရပေ။
ထိပ်တန်းရောက်နေသည်ဟု မဆိုသာသော်လည်း ထိပ်ဆုံးနှင့် နီးကပ်သည့် အလယ်နားလေးတွင် ရောက်နေသည်ဟု ဆိုရပေမည်။ လုံရှင်း သုတေသန စင်တာနှင့် လယ်ဗယ်လောက်ဖြစ်ပြီး ကုမ္ပဏီနှစ်ခုမှာလည်း အမြဲတစေ ယှဉ်ပြိုင်နေကြ၏။
"Ciscoက ခုတလော အတော်လေး နာမည်ကြီးနေတာ..သူတို့ အံမခန်း ထူးချွန်တဲ့ နည်းပညာဂျီးနီးယပ်တစ်ယောက်ကို ရှာတွေ့ထားတယ်ဆိုပဲ..ငါတို့ဘော့စ်တောင် တစ်ဆင့်နားနဲ့ကြားခဲ့တာ..ပြောကြတာတော့ အဲ့ဒီသူက ယူနစ်ပရိုဂရမ်ကို ထိန်းချုပ်ရမယ့် ပြဿနာကို ဖြေရှင်းနိုင်သွားပြီ ဆိုပဲ...အဲ့တာက ငါတို့ရဲ့ ချစ်ပ်ထုတ်လုပ်မှု နယ်ပယ်ကို ဆယ်နှစ်လောက် ရှေ့ရောက်စေသွားမှာ...အဲ့တာကြောင့် သတင်းကြားတာနဲ့ ဘယ်သူမှ မသိခင် နောက်ထပ်ပရောဂျက်ကို သူတို့နဲ့လက်တွဲဖို့ ကြိုးစားနေတာကွ...အောင်မြင်သွားလို့ကတော့ ငါတို့က ချစ်ပ်နယ်ပယ်ရဲ့ ပဲ့ထိန်းတွေ ဖြစ်လာတော့မှာ...."
"ဘာပြောလိုက်တယ်...Cisco က ယူနစ်ပရိုဂရမ်ကို ထိန်းချုပ်ရတဲ့ ပြဿနာကို အဖြေရှာတွေ့သွားပြီ ဟုတ်လား....အဲ့တာက အတည်ကြီးလားကွ.."လင်းရီ အံ့အားသင့်သွားခဲ့သည်။
"ဒါပေါ့ကွ အမှန်ပဲ..ဘော့စ်တောင် ငါတို့ကို လျို့ဝှက်အစည်းဝေးတွေ ဘာတွေ လုပ်ပြီး ပြောပြတာ..သူ့ရဲ့ စာရိတ္တအရတော့ ငါတို့ကို ခုလိုလိမ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူးကွာ..."ကျန်းစုန့် ရယ်မောရင်း ပြောဆိုလိုက်၏။
"ညီကို မင်းက ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေတာလဲကွ..မင်းက အိမ်ခြံမြေဘက်ကလေ..မဟုတ်ဘူးလား..ဒါတွေက မင်းနဲ့ ဆိုင်မှ မဆိုင်ပဲကို..."
"မင်းပြောတာလည်း ဟုတ်သားပဲ..အဲ့တာတွေက ငါနဲ့ ဆိုင်မှ မဆိုင်တာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အိုကေ ငါခု လုပ်စရာလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်..မင်းဒီရောက်ပြီဆို ဖုန်းခေါ်လိုက်ကွာ..ငါမင်းအတွက် အားလုံး စီစဉ်ပေးမယ်..."
"ဟီးဟီး ..အဲ့တာဆို အားမနာတော့ဘူးနော်ဟျောင့်..."
"ငိုးပဲ ..မင်းဘယ်တုန်းက အားနာနေဖူးလို့လဲကွ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကောင်းပြီ ဒါပဲဟျောင့်..ပြောစရာရှိရင် ဝီချက်မှာ စာပို့ထားလိုက်ကွာ..."
"အေးအေး..."
ဖုန်းချပြီးနောက် လင်းရီ တခဏမျှ တိတ်ဆိတ်သွား၏။
သူ၏ မျက်ခုံးများမှာ ကြုတ်နေပြီး အမူအရာမှာ လုံး၀ လေးနက်နေ၏။
စွန်းဖုယွီ ပြောပုံအရဆိုလျင် ချစ်ပ်နယ်ပယ်မှာ ငြိမ်သက်နေပြီး ကုမ္ပဏီ အများစု၏ R&Dမှာလည်း နောက်ဆုံးယူနစ်ပရိုဂရမ်ကို ထိန်းချုပ်ရာတွင် တန့်နေခဲ့၏။
သို့သော်လည်း သူလွန်ခဲ့သော ရက်အနည်းငယ်ခန့်က အခြေခံ အရင်းမြစ် code ကို ရေးသားခဲ့ပေးပြီး ဖြစ်သောကြောင့် စွန်းဖုယွီနှင့် လုရင်းတို့၏ စွမ်းရည်နှင့်ဆိုပါက လက်ကျန် codeကို အဆုံးသတ်ရန် မခက်ခဲပေ။
အဲ့တာကို Cisco က ဘယ်လိုလုပ် ငါတို့ထက်စောပြီး ဦးဆောင်သွားတာလဲဟ...
မဟုတ်မှလွဲရော လုံရှင်းစင်တာမှာ သူလျိုရှိနေတာများလား....
လင်းရီ စွန်းဖုယွီထံ ဖုန်းဆက်လိုက်၏။
"ဘော့စ်လင်း ဘာကိစ္စရှိလို့လဲဗျ..."စွန်းဖုယွီ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ခင်များ အခု ဘယ်မှာလဲ..."
"ကျုပ်ခုလေးတင် စင်တာက ထွက်လာတာ ...အိမ်ပြန်တော့မလို့..."လင်းရီ၏ လေသံထဲမှ လေးနက်မှုကို ခံစားမိတော့ စွန်းဖုယွီ တစ်ခုခုမှားနေကြောင်း သတိထားမိသွားပြီး "တစ်ခုခုဖြစ်လို့လားဗျ..."
"မသွားသေးနဲ့ဦး..ကျုပ်ကို စင်တာမှာ စောင့်နေ...အရေးတကြီး ပြောစရာရှိတယ်..."
"ဟုတ်ကဲ့..စောင့်နေပါ့မယ်..."
လင်းရီ ဖုန်းချပြီးနောက် လုံရှင်း စင်တာသို့ မောင်းနှင်သွားလိုက်သည်။
လင်းရီ ရောက်ောတ့ စွန်းဖုယွီနှင့် လုရင်းတို့ ရုံးခန်းထဲတွင် စောင့်နေနှင့်ပြီး ဖြစ်၏။
"ဘော့စ်လင်း ရောက်လာပြီလားဗျ..."စွန်းဖုယွီ နှုတ်ဆက်လိုက်သည်။
လင်းရီ ခေါင်းအသာညိမ့်ပြီး ဆိုဖာပေါ်ထိုင်ကာ
"Cisco က ယူနစ်ကို ထိန်းချုပ်ဖို့ ပြဿနာ ဖြေရှင်းပြီးပြီကြားတယ်...ဒါပေမယ့် အဲ့ဒီ codeကို သိတာဆိုလို့ မမင်းတို့ နှစ်ယောက်ပဲ ရှိတယလေ..တစ်ယောက်ကလည်း ဒါရိုက်တာ..နောက်တစ်ယောက်ကလည်း အဓိက ၀န်ထမ်းဆိုတော့ မင်း တို့ဘယ်လိုထင်လဲ..."
"မဖြစ်နိုင်တာ..."နှစ်ယောက်လုံး တစ်ပြိုင်တည်းနီးပါး အော််ိလိုက်ကြသည်။
"ဒီပြဿနာကဖြင့် မဖြေရှင်းနိုင်တာ ကြာကြာလှပြီ မစ္စတာလင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့လည်း အဲ့ဒီအဆင့်မှာ ပိတ်မိနေမှာပဲ..ကျုပ်တို့ အဲ့ဒီCisco အကြောင်း ကောင်းကောင်းသိတယ်...သူတို့မှာ အဲ့လောက်ထိ အစွမ်းအစ မရှိဘူး..."
စွန်းဖယွီ ပြောလိုက်သည်။
" ဝေးလိုက်တာ ...ငါပြောချင်တဲ့ အဓိပ္ပာယ်က အဲ့လို မဟုတ်ဘူး"
လင်းရီ မျက်နှာမည်းမှောင်စွာဖြင်ဘ သူ့ခေါင်းကို လက်တစ်ဖက်ပေါ် မှီလိုက်သည်။
စွန်းဖုယွီနှင့် လုရင်းတို့ကတော့ ဘေးတစ်ဖက်စီတွင် တည်ငြိမ်စွာရပ်နေပြီး အသက်ပင်ပြင်းပြင်းမရှူရဲကြပေ။
"ငါသိသလောက်တော့ သူတို့ အဲ့ဒီပြဿနာ ဖြေရှင်းနိုင်သွားတာက နည်းပညာရှင်တစ်ယောက်ကို ငှားလိုက်လို့ပဲ...အဲ့တာကြောင့် သူတို့ အလုပ်တွေ အများကြီး တွင်သွားတာ...ငါထင်သာတာ မမှားဘူးဆိုရင် အဲ့ဒီလူက ငါအလုပ်ဖြုတ်လိုက်တဲ့ လျိုချူးဆိုတဲ့ကောင်ပဲ ဖြစ်ရမယ်..."
လင်းရီ ပြောလိုက်သည်။
"လျိုချူး..."
နှစ်ယောက်သား မယုံကြည်နိုင်စွာဖြင့် အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။
"အဲ့ကောင်က အလုပ်ဖြုတ်ခံလိုက်ရတော့ Cisco ဆီ သွားလိုက်တယ်ပေါ့ ..အဲ့တာ ရန်သူတွေဆီ အညံ့ခံတာနဲ့အတူတူပဲကွ..."
ဘန်း...
လင်းရီ စာပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"မင်းတို့ခေါင်းထဲမှာ ဘာတွေရှိနေတာလဲကွ..ခုက ငါတို့ နည်းပညာ အခိုးခံထားရတာလေ...မင်းတို့ ငနဲတွေက အဲ့တာတွေ စဉ်းစားဖို့ အာရုံရသေးတယ်ပေါ့ ဟုတ်လား..."
စွန်းဖုယွီနှင့် ခုရင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး လင်းရီ ဘာပြောချင်လဲဆိုတာ သဘောပေါက်သွားတော့သည်။
သူတို့ စင်တာထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေလေပြီ။
သို့သော်လည်း မည်သူမည်ဝါဆိုတာကတော့ သူမတို့လည်း မသိ။
"ဘော့စ်လင်း စိတ်မပူပါနဲ့ရှင့်...သူတို့ချစ်ပ်တွေထဲမှာ error တွေ အများကြီး ပါမယ်ဆိုတာ အာမခံရဲတယ်..ကျွန်မတို့ချစ်ပ်တွေလောက် ကောင်းမှာ မဟုတ်ဘူး..."
လုရင်းမှ ပြောလိုက်သည်။
"ဟုတ်တယ် ဘော့စ် အဲ့ကောင်တွေ မီဒီယာတွေနဲ့ လူထုကိုပဲ လိမ်လို့ရမယ်..ဒါပေမယ့် ဈေးကွက်ကိုတော့ လိမ်လို့မရဘူး.....နောက်ဆုံးကျရင်တော့ အဲ့ကောင်တွေက ကျုပ်တို့အောက်မှာပဲ ရှိနေမယ့် ကောင်တွေပါဗျာ..."
လင်းရီ မျက်နှာ မည်းမှောင်သွားပြီး "မင်းတို့ ဦးနှောက် တွေ ဘယ်ပျောက်နေကြတာ..."