← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

လုရင်း နေရာမှာတင် ရပ်တန့်သွားပြီး ကြောက်လွန်းလို့ စကားပင် ပြောမထွက်တော့ချေ။

"မင်းတို့က Cisco ကို သောက်ပိန်းများ မှတ်နေတာလား..."လင်းရီ ပြောလိုက်ပြီး "ငါတို့ရဲ့ ပရိုဂရမ်က သူတို့ထက် သာတာတော့ ဟုတ်ပါပြီ....သူတို့ဘက်မှာကော IT ပညာရှင်တွေ မရှိဘူးလို့ထင်နေတာလား..ပရိုဂရမ်ထဲက bug တွေကို ဖြေရှင်းဖို့ ဘယ်လောက်ကြာမှာမို့လဲ...အဲ့လိုဆို ဈေးကွက်က ဘယ်သူ့ကို ယုံမှာလဲတဲ့..."

နှစ်ဦးစလုံး ကမ္ဘာ‌ မြေကြီး၏ ဆွဲအားကို ခံစားရင်း တုတ်တုတ်မျှ မလှုပ်ခဲ့။

"ဒါရိုက်တာစွန်း...ခင်များ ဒီနယ်ပယ်မှာ ကျင်လည်လာတာလည်း နှစ်ပေါင်းမနည်းတော့ဘူး...ပရောဂျက် အသစ်လုပ်တော့မယ်ဆို အရင်ဆုံး မူပိုင်ခွင့်တင်ရမယ်ဆိုတာ အဲ့လောက်လေးတောင် မသိဘူးလား..အထူးသဖြင့် ခုလို ခေတ်တစ်ခေတ်ကို ပြောင်းလဲလောက်တဲ့ ပရောဂျက်ကြီး လုပ်နေတဲ့အချိန်မှာ ဒေတာတွေကို လုံခြုံအောင် ထိန်းသိန်းရမယ်ဆိုတာ နားမလည်ဘူးလား..."လင်းရီ ငေါက်လိုက်သည်။

"ခု ကြည့်လိုက် ငါတို့ရဲ့ နည်းပညာကို သူများက ခိုးသွားတော့ ကြိုစားခဲ့သမျှအားလုံး သဲထဲရေသွန် ဖြစ်သွားပြီ...ကျုပ်ခင်များကို အတော်လေး စိတ်ပျက်မိတယ်..."

စွန်းဖုယွီ တစ်ခွန်းမျှ ပြန်ခံမပြောခဲ့။ သူ၏ အမှားဖြစ်သောကြောင့် အငေါက်ခံရမည်မှာ သဘာ၀ပင်။

ပရောဂျက်များ မည်မည်ရရ မလုပ်ရတာ ကြာပြီဖြစ်သောကြောင့် စွန်းဖုယွီ၏ သတိကို လျော့ကျစေပြီး ထိုအချက်ကို သတိမထားမိလိုက် ဖြစ်သွားခဲ့သည်။

ယခုအချိန်မှတော့ သူမူပိုင်ခွင့်တင်လည်း နောက်ကျနေပြီး ဖြစ်လောက်၏။

"ဒီလျိုချူးက အတော်လေး ရွံဖို့ကောင်းတာပဲ..သူဘယ်လိုလုပ် ဒီလိုလုပ်ရပ်မျိုး လုပ်ရပ်ပါလိမ့်..."လုရင်း အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ လျိုချူးအပေါ် သူမ၏ မုန်းတီးမှုများက တစ်စထက်တစ်စ တိုးပွားလာတော့၏။

"ဟမ့်...ပြောထွက်သေးတယ်ပေါ့..."လင်းရီ ခနဲ့လိုက်ပြီး

"အဲ့တာ ပရောဂျက်ကို သေချာမထိန်းသိမ်းတဲ့ မင်းတို့ အမှားပဲလေ...ခုမှ လာပြီး သူများကို အပြစ်လာဖို့မနေနဲ့...ဘာလဲ..မင်းထင်နေတာ ကမ္ဘာကြီးက သူတော်ကောင်းတွေနဲ့ ပြည့်နှက်နေတယ်လို့များ ထင်နေတာလား...ဒါက စီးပွားရေး အပြိုင်ချနေတာကွ..ကလေးကစားနေတာ မဟုတ်ဘူး..."

"ဘော့စ်လင်း ..ကျွန်မတို့ ကိုယ့်ကိုယ်ကို ပြန်အဖတ်ဆယ်လို့ရဦးမှာပါ...လုရင်း ပျာပျာသလဲ ပြောလိုက်ပြီး "Cisco က ကျွန်မတို့ ပရောဂျက်ရဲ့ ရလဒ်ကို ခိုးယူသွားတယ်ဆိုပေမယ့် ခုထိ မကြေညာရသေးဘူးလေ..ခုမှ နောက်ဆုံးအဆင့်ကို စမ်းသပ်တုန်းနေမှာ ...ကျွန်မတို့ကနေ စောပြီး နောက်ဆုံးရလဒ်ကိုကြေညာလိုက်မယ်ဆိုရင် ကျွန်မတို့က အရင်ဆုံးထုတ်တဲ့ ကုမ္ပဏီ မဖြစ်သွားဘူးလား..."

"သူတို့ မကြေညာသေးဘူးဆိုတာက ဘာလုပ်နေလို့လို့ မင်းထင်လဲ..."

"သူတို့ မူပိုင်ခွင့် တင်ပြီးသားဆိုတာ ငါတပ်အပ် ပြောလို့ရတယ်...သူတို့ ခုထိ မကြေညာသေးဘူးဆိုတာက ငါတို့ကို စောင့်နေတာကွ..."

စွန်းဖုယွီနှင့် လုရင်းတို့ လင်းရီ ပြောတာကို နားမလည်ခဲ့။

"မင်းတို့ထင်နေတာ မင်းတို့က ခြေတစ်လှမ်းသာပြီးသားလို့ ထင်နေကြတာလား... Cisco ကမှ ခြေတစ်လှမ်းသာနေတာကွ...မင်းတို့ ပရိုဂရမ်ထိန်းချုပ်တဲ့ ယူနစ်ကို ကြေညာလိုက်ပြီ ဆိုတာနဲ့ သူတို့က မူပိုင်ခွင့်ပြပြီး ဟောင်တော့မှာ...အဲ့ခါကျရင် လုံရှင်း စင်တာက သူများ ပရောဂျက် ခိုးထားပါတယ်ဆိုပြီး လူတကာ က ဝိုင်းကဲ့ရဲ့ကြတော့မှာလေ... "လင်းရီ ပြောလိုက်၏။

လင်းရီ၏ စကားလုံးများက စွန်းဖုယွီနှင့် လုရင်းတို့ကို အခြေနေ မည်မျှ ပြင်းထန်နေကြောင်း သတိထားမိ‌သွားစေသည်။

သူတို့ မည်မျှပင် ရှင်းပြစေကာမူ မူပိုင်ခွင့်ကို ဟိုဘက်က အရင်တင်ထားသောကြောင့် အဆုံးတွင် ပိုင်ရှင်ကသာ သူခိုးပြန်ဖြစ်သွားပေလိမ့်မည်။

ထိုအခြေနေကို စဉ်းစားမိတော့ စွန်းဖုယွီကတော့ အဆင်ပြေနေသေး၏။ နှစ်ပေါင်းများစွာ အတွေ့အကြုံကြောင့် ယခုကဲ့သို့ ဖိအားဒဏ်ကို ကြံ့ကြံ့ခံနိုင်သေးသည်။

လုရင်းကသာ ဖြေမဆည်နိုင်ပဲ မျက်ရည်လေး ကလယ်ကလယ်နှင့် ဖြစ်နေ၏။ သူမကို လင်းရီ ဆူသောကြောင့်တော့ မဟုတ်ပဲ ပရောဂျက်ထဲသို့ စိတ်ရောကိုယ်ပါနစ်မြုပ်ပြီး လုပ်ထားသောကြောင့် ယခုလို တစ်ခြားသူမှ သူမ၏ ကြိုးစားမှုအသီးအပွင့်များကို ခိုးယူသွားသောကြောင့် ၀မ်းနည်းနေခြင်းပင်။

သူမ ခက်ခဲသည့် အချိန်များတွင် လင်းရီထံမှ အကူအညီတောင်း၍ ပရောဂျက်၏ နောက်ဆုံးအဆင့်ကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သောလည်း လိုဏ်ခေါင်းအဆုံးတွင် အလင်းရောင်တွေ့ခါကျမှ ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့။

သူမ ဤအခြေနေကို လုံး၀ လက်မခံနိုင်ချေ။

"ငိုချင်ရင် အပြင်မှာသွားငို..ဒီမှာ လာမငိုနဲ့..စိတ်ရှုပ်ဖို့ကောင်းတယ်..."

လင်းရီ ပြောလိုက်၏။

"ကျွန်မ ငိုနေတာ မဟုတ်ပါဘူး..မျက်လုံးထဲ ဖုန်၀င်သွားလို့ပါ..."လုရင်း ကျုလုနီးနီး ဖြစ်နေသော မျက်ရည်များကို ထိန်းထားရင်း ပြန်ပြောလိုက်သည်။

စွမ်းဖုယွီ စိတ်မကောင်းသလို ခံစားလိုက်ရပြီး လင်းရီကို ဦးညွတ်ကာ "ဘော့စ်လင်း..ဒါတွေက ကျွန်တော့်အမှား တွေပါ...ဘယ်လိုပဲ အပြစ်ပေးပေး..ကျုပ်ခံယူပါ့မယ်ခင်ဗျ..."

စွန်းဖုယွီ သူ့ကိုယ်သူ အပြစ်တင်ပြောဆိုလိုက်သည်။

"အရင်းမြစ်code ကို ရေးပြီးတဲ့အချိန်ကနေ စပြီးတော့လုလေးက တစ်ချိန်လုံး ရုံးခန်းထဲမှာပဲ နေပြီး ပရောဂျက်ကို တတ်နိုင်သလောက် မြန်မြန် အဆုံးသတ်ချင်နေခဲ့တာပါ...သူ့(မ)အပြစ်မဟုတ်ပါဘူး..ဒီလိုတွေ ဖြစ်သွားတာတွေကလည်း ကျွန်တော့်ကြောင့်ပါ...ကြိုက်သလို အပြစ်ပေးပါခင်ဗျ..."

"အေးပါ အေးပါ.."လင်းရီ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်ပြီး "ငိုမနေကြနဲ့ မသိရင် ငါကပဲ အာဏာရှင်ကြီး ကျနေတာပဲ...ငါလည်း အပြစ်မကင်းဘူးလို့ ပြောလို့ရတယ်..အမှန်ဆို ကြိုပြီး သတိပေးထားရမှာ..."

"အဲ့လိုမပြောပါနဲ့ဗျာ...ကျုပ်တို့ ဂရုမစိုက်လို့ ဘော့စ်လင်းရဲ့ ကြိုးစားမှုတွေအားလုံး အခုလို အခိုးခံလိုက်ရတာပါ..."စွန်းဖုယွီ ပြောဆိုလိုက်သည်။

လင်းရီ မတ်တပ်ရပ်လိုက်ပြီး စွန်းဖုယွီနှင့် လုရင်းတို့၏ ပခုံးကို ပုတ်ကာ "ကျုပ် ခင်များတို့ရဲ့ စရိုက်နဲ့ အရည်အချင်းကို ယုံပြီးသား ...ဒါပေမယ့် ခုလို ဖြစ်လာတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုတယ်...ဒါကို သင်ခန်းစာလို့ မှတ်လိုက်ပေါ့ကွာ..."

"ဟုတ်ကဲ့ပါခင်ဗျ/ရှင့်..."

"ကောင်းပြီ မတ်တပ်ပဲ ရပ်မနေကြနဲ့...ခုငါနဲ့ အလုပ်စကြမယ်...."လင်းရီ ပြောလိုက်၏။

"အလုပ်...."

နှသ်ယောက်စလုံး လင်းရီ ဘယ်အလုပ်ကို ပြောချင်နေလဲဆိုတာ မှန်းဆရ ခက်နေသည်။

"Cisco က ငါတို့ ရဲ့ နည်းပညာကို ခိုးသွားတယ်ဆိုတာက ဗားရှင်း ၁.၀ ဟာလေးပဲလေ...အဲ့တာက ပြည်တွင်း ချစ်ပ်နယ်ပယ်မှာပဲ ဦးဆောင်လို့ရမှာ ..ကမ္ဘာ့အဆင့်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အလှမ်းဝေးနေတုန်းပဲ..."

"အစကတော့ ငါက ပြည်တွင်း ချစ်ပ်နယ်ပယ်မှာ ခြေကုပ်ယူပြီးမှ နိုင်ငံတကာကို ခြေဆန့်မယ်လို့ စီစဉ်ထားတာ...ဒီလိုတွေ ဖြစ်လာပြီ ဆိုမှတော့ ခြေတစ်လှမ်းကျော်ပြီး တစ်ခါတည်း နိုင်ငံတကာ ဈေးကွက်ဆီ ချီတက်ကြတာပေါ့...."

လင်းရီ၏ စကားလုံးများက လုရင်းတို့ နှစ်ဦးစလုံးကို ကြက်သီးမွေးညင်းများ ထသွားစေပြီး တစ်ခါတည်း ငရဲပြည်မှ နတ်ပြည်သို့ ရောက်သွားသလို ခံစားလိုက်ရ၏။

"ဟုတ်ကဲ့ရှင့်..ကျွန်မတို့ အကောင်းဆုံး ကူညီ‌နိုင်အောင် ကြိုးစားပါ့မယ်..."

လင်းရီ အိတ်ကပ်ထဲမှ ယွမ်တစ်ရာတန် တစ်ထပ်လောက် ထုတ်လိုက်ပြီး လုရင်းထံ ကမ်းပေးလိုက်သည်။ "ငါတို့ဒီည အိပ်လို့မရဘူး..သွားပြီ ကော်ဖီနဲ့ ‌စီးကရက်တွေ ၀ယ်ထားလိုက်...မဟုတ်ရင် ပင်ပမ်းပြီး ဂန့်ကုန်ဦးမယ်..."

"၀ယ်ဖို့ မလိုတော့ဘူးလေ..ဒီမှာ ရှိပြီးသားပဲကို...."လုရင်း သူမနား ရှိသမျှက်ု ထုတ်ပြလိုက်၏။

"ကဲ..လျှာမရှည်နဲ့ သွား၀ယ်ဆို ၀ယ်လိုက်...."

သူမ ငြင်းလို့မရတော့သည်ကို သိတော့ "ဒါပေမယ့် အဲ့လောက် ပိုက်ဆံအများကြီးကို ဘယ်လို ကုန်အောင် သုံးရမှာလဲလို့....."

"ကျန်တာကတော့ မင်း Face mask လေး ၀ယ်သုံးပေါ့..တော်ကြာ ငါအလုပ်တအားခိုင်းလို့ ပန်ဒါမျက်လုံးကြီး ဖြစ်နေပါတယ် လုပ်နေဦးမယ်..."

လုရင်း တခစ်ခစ် ရယ်မိသွား၏။

အင်း..ငါအသုံးမကျတာတောင်မှ ဘော့စ်က သဘောကောင်းတုန်းပါပဲလားနော်...

မကြာမီ လုရင်း ကော်ဖီနှင့် စီးကရက်များ သယ်လာပြီး အားလုံး တက်ကြွနေအောင် ကဖင်းဓာတ်လေး ‌ဖြည့်လိုက်၏။

ကွန်ပျူ‌တာရှေ့တွင်တော့ လင်းရီ သူတတ်သိသမျှ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် ချစ်ပ်အကြောင်း သိသိသမျှကို အစွမ်းကုန် ထုတ်သုံးနေတော့၏။

လုရင်းတို့နှစ်ယောက်လုံး လင်းရီ ရေးသားထားသည့် Code အတန်းလိုက်ကြီးကို မြင်တော့ အံ့အားသင့်သွားကြသည်။

သူမတို့ အရင်တစ်ကြိမ် အံ့အားသင့်ထားသော်လည်း ယခုတစ်ကြိမ်ကတော့ မတူခြားနား၏။

ယခင်တစ်ကြိမ်က လင်းရီ ရေးသားသည့်code များကို သူတို့နားလည်သော်လည်း ယခုတစ်ခေါက်တော့ တစ်ကြောင်းမျှကို နားမလည်ပေ။

သူမတို့ ဘာမျှ မသိသည့် နယူဘီလေးများကဲ့သို့ ခံစားသွားလိုက်ရသည်။

ထိုအချိန်တွင်တော့ စွန်းဖုယွီ သူ့ကိုယ်သူ လုရင်းလောက်တောင် အသုံးမ၀င်ဟု ခံစားနေရ၏။

အနည်းဆုံးတော့ လုရင်းကပင် ဘော့စ်လင်းကို တီတီတာတာလေးများ ပြောပေး၍ အပျင်းပြေအောင် လုပ်ပေး၍ရနေသေးသည်။

"မစ္စတာလင်း ပူနေတယ်ဆိုရင်လည်း အပေါ်ထပ် ချွတ်လိုက်ပါလားဗျ..."စွန်းဖုယွီ အပြုံးလေးဖြင့် ပြောလိုက်သည်။

အမှန်တော့ လင်းရီ ပူနေသော်လည်း ရှက်လို့ မပြောဖြစ်ခဲ့။

"ဒီမှာ မိန်းကလေး ရှိနေတယ်လေကွာ..ဘယ်သင့်တော်မှာလဲဟ..."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဘာမှဖြစ်ဘူး..လုလေးလည်း နေသားကျနေပြီး ..ကျွန်တော်တို့ တစ်ခါတစ်လေ အချိန်ပို ဆင်းလို့ ပူနေရင် ဒီလိုပဲ စွပ်ကျယ်လေးနဲ့ အလုပ်လုပ်နေကြ..."

"ကျွန်တော်လည်း ပူနေတာနဲ့ အတော်ပဲ...."စွန်းဖုယွီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အဲ့ဒါဆိုလည်း ပြီးရော..."

လင်းရီ အများကြီး စဉ်းစားမနေတော့..အကယ်၍ လုရင်းမျက်နှာကြောင့်သာ မဟုတ်ပါက သူ ပူအိုက်လွန်း၍ စွပ်ကျယ်ပင် မကပ်ချင်ပေ။

ကျိုးဟိုင်၏ ညလယ်မှာ ပိတ်လှောင်သလိုဖြစ်ပြီး ပူအိုက်လွန်းလှ၏။

လင်းရီ သူ၏ အပေါ်ထပ်ကို ချွတ်လိုက်ပြီး စီးကရက် မီးညှိကာ ကွန်ပျူတာရှေ့သို့ ပြန်သွားလိုက်သည်။

"ခင်များကော ချွတ်မယ်လို့ပြောထားတယ်မဟုတ်လား..မချွတ်တော့ဘူးလား..."လင်းရီ မေးလိုက်၏။

"ဘော့စ်လင်းရဲ့ ၀မ်းဗိုက်ကြွက်သား ရှစ်ခုကို မြင်တော့ ကျုပ် မပူတော့သလိုပဲ"

All Chapters