အခန်း (၁၆၀)
Vol. 11 Ch. 160
"ဟမ်...ဘာလို့လဲ ..ကျုပ်ရဲ့ ကြွက်သားတွေက အအေးတွေ လွှတ်နေလို့လား...."
"ခစ်ခစ် ဘယ်နားကသာ ဒါရိုက်တာစွန်းလည်း ၀မ်းဗိုက်ကြွက်သားတွေရအောင် ကြိုးစားထားတာလေ..ဒါပေမယ့် ဘော့စ်လင်းရဲ့ ကြွက်သားတွေကို မြင်တော့ သူချက်ချင်း ရှုံးနိမ့်သွားသလို ခံစားလိုက်ရလို့ နေမှာပေါ့..."
လုရင်း ပါးစပ်အုပ်ပြီး တခစ်ခစ် ရယ်မောလိုက်၏။
သို့သော်လည်း လင်းရီနှင့်တော့ မျက်လုံးချင်း မဆိုင်ရဲဘဲ abs များကိုသာ ခိုးခိုးကြည့်နေ၏။
အဟိ...ဘော့စ်လင်းရဲ့ ပေါင်မုန့်ကြီးတွေက စားချင်စရာကြီး...
"လုလေး လျှောက်စမနေနဲ့..ကိုယ့်အလုပ်ကိုယ်လုပ်..."စွန်းဖုယွီ မကျေမနပ်နှင့် စောဒက တက်လိုက်၏။
"ဟုတ်..."
ညနေ ခြောက်နာရီမှ မနက်ခြောက်နာရီအထိ လင်းရီ အိမ်သာသွားချိန်မှအပ တစ်ချိန်လုံး ကီးဘုတ်နှင့် လက်နှင့် မခွာခဲ့ပေ။
သူအလုပ်လုပ်နေတာကို မည်သည့်အရာကမျှ ဟန့်တားနိုင်ခြင်းမရှိခဲ့။
စွန်းဖုယွီကတော့ မနာလို အားကျနေလေသည်။
ဆယ့်နှစ်နာရီ ထိုင်ရတာချင်း အတူတူ ဘော့စ်လင်းကျတော့ ဘာလို့ အဆင်ပြေနေတာလဲဟ...ငါ့မှာတော့ ခါးတွေ ညောင်းလိုက်တာ...
လင်းရီ နောက်ဆုံး code တစ်ကြောင်းကို ရေးပြီးနောက် အကြောဆန့်လိုက်သည်။
"ဟူး...ညောင်းလိုက်တာကွာ..codeရေးတာက လူတွေနဲ့ မသင့်တော်ဘူးဟ..."လင်းရီ ညည်းတွားလိုက်၏။
"ဘော့စ် ပြီးသွားပြီလားဗျ..."စွန်းဖုယွီ မေးလိုက်သည်။
"အင်း ပရိုဂရမ်တော့ ရေးပြီးသွားပြီ..."လင်းရီ စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်ပြီး "Intel, Qualcomm, နဲ့ TSMC ကုမ္ပဏီတွေအားလုံး ဒီ ပရိုဂရမ်ပဲ သုံးကြတာ...ဒါပေမယ့် တစ်ချို့နေရာတွေကိုကျ အဆင့်မြင့်ထားသော ဒီခု ဗားရှင်းက Intel တို့လို ကုမ္ပဏီတွေမဗာ သုံးတဲ့ ချစ်ပ် ပရိုဂရမ် တွေထက်ပိုပြီး အဆင့်မြင့်တယ်."
(TL : TSMC - Thaiwan semiconductor microchip company)
"ဒါပေမယ့် ဒါကခုမှ ပထမခြေလှမ်းပဲ ရှိသေးတယ်...အနားယူလို့ မဖြစ်သေးဘူး.."
"ဖိုတိုလီသော်ဂရက်ဖီစက်အကြောင်း ပြောချင်နေတာလားဗျ..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်းအဲ့တာက ချစ်ပ်ထုတ်လုပ်မှု အပိုင်းမှာ အရေးကြီးဆုံးပဲ...ငါတို့ နိုင်ငံရဲ့ ဖိုတိုလီသော်ဂရက်ဖီ နည်းပညာက ပန်တီအမ်(Pentium)ချစ်ပ်လောက်ပဲ လုပ်လို့ရတာ...အဲ့အဆင့်လောက်နဒ့ မလုံလောက်သေးဘူး...ငါတို့ နယ်သာလန်မှာရှိတဲ့ ASML ဖိုတိုလီသော်ဂရပ်ဖီစက် နှစ်လုံးလောက် ရဖို့လိုတယ်...အဲ့တာကမှ အရေးကြီးဆုံးပဲ.."
(TL : Pentium chip ကိုကျ အဆင့်နိမ့်တဲ့ ချစ်ပ်လို့ပဲ မှတ်လိုက်ဗျာ၊ Intel>Pentium>Celeron)
"နားလည်ပါပြီခင်ဗျ...ကျွန်တော် ASML ကို ဆက်သွယ်ပြီးတော့ တတ်နိုင်သမျှ မြန်မြန်ရအောင် ဆောင်ရွက်ပေးပါ့မယ်..."
တစ်ညလုံး တစ်ရေးမှ မအိပ်ရသေးသော်လည်း စွန်းဖုယွီနှင့် လုရင်းတို့မှာ တစ်စက်မျှ ပင်ပန်းချင်းမရှိ၊ တက်ကြွလို့နေ၏။
"အဲ့တာမတိုင်ခင် ဒီခု ဒေတာတွေကို သေချာလေး ထိန်းသိမ်းထားဖို့လည်း မေ့မနေနဲ့ဦး..တစ်ခါ အခိုးခံရပြီးသွားပြီ..နောက်တစ်ခါ အခိုးခံရလို့ကတော့ အကုန် ခွေးဖြစ်ကုန်တော့မှာ..."
နှစ်ယောက်လုံး အရှက်ရသွားကြပြီး "မပူပါနဲ့ဗျာ..နောက်တစ်ခေါက်ထပ်ဖြစ်လို့ကတော့ မြစ်ထဲခုန်ချပြီး ကိုယ့်ဘာကိုယ် အဆုံးစီရင် ပစ်လိုက်မယ်..."
"အွန်း ကျွန်မကောပဲ..."
"အာ...အဲ့လောက်ထိလည်း မလိုပါဘူးဟ..သေချာလေးသာ သိမ်းထားစမ်းပါ..."လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေလေသည်။
"ငါတို့ရဲ့ ရည်မှန်းချက်က ကမ္ဘာ့ချစ်ပ်ထုတ်လုပ်ရေး နယ်ပယ်မှာ အကောင်ဖြစ်ဖို့ ဆိုပေမယ့် ဘယ်သူက ဒီရဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်လိုက်လဲဆိုတာ စုံစမ်းရမယ်..."
"ဟုတ်ကဲ့..နားလည်ပါပြီခင်ဗျ..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး လုရင်းကို ကြည့်ကာ.."ပြီးတော့ မင်းကောပဲ..အားရင် ပရိုဂရမ်ကို စနစ်တကျဖြစ်အောင် ပြန်လုပ်ထားလိုက်...ငါအဲ့ကောင်တွေနဲ့ ထပ်မကစားချင်တော့ဘူး..တကယ်လို့ ငါနဲ့နောက်တစ်ခါ လာရှုပ်လို့ကတောဘ လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမှာ မဟုတ်တော့ဘူးနော်..."
"ဟုတ်ကဲ့ပါရှင့် ..သုံးရက်အတွင်းအားလုံး အဆင်သင့်ဖြစ်စေရမယ်လို့ အာမခံရဲပါတယ်..."
"နောက်ပြီး ငါပြောစရာကျန်သေးတယ်..သေချာနားထောင်ကြ..."
"ဟုတ်ကဲ့..ပြောပါခင်ဗျ..."
" မိုက်ခရိုချစ်ပ်အတွက် ပရောဂျက်ကို စတင်ထားလိုက်တော့...လုရင်းက ဒီခု ပရောဂျက်ရဲ့ တာ၀န်ခံပဲ..."လင်းရီ စွန်းဖုယွီကို ကြည့်ပြီး ပြောလိုက်၏။
"မင်းကတော့ သုတေသန ပညာရှင်တွေကို စုစည်းထားပြီး မိုဘိုင်းဖုန်း စနစ်တစ်ခုကို ရေးထားလိုက်...IOS အောက်မလျော့တဲ့ မိုဘိုင်းစနစ်ကို လိုချင်တယ်...တကယ်လို့ ပိုက်ဆံလိုရင် ငါ့ကိုသာ ပြောလိုက်..."
လင်းရီ၏ အသံထဲတွင် ဩဇာပါပြီး ခမ်းနားထည်ဝါမှုတို့နှင့် ပြည့်နှက်နေ၏။
သူတို့၏ နှလုံးသားတစ်ခုလုံး စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပြီး လူငယ်ဆန်ဆန် စိတ်လှုပ်ရှားမှုများက သူတို့ ခန္ဓာက်ုယ်တစ်လျှောက် ဖြတ်သန်းသွားပြီး စိတ်အားတက်ကြွလာကြသည်။
"စိတ်ချပါဘော့စ် ကျွန်တော်တို့ အရိုးကြေကြေ အရည်ခမ်းခမ်း ဘော့စ်ပေးထားတဲ့ တာ၀န်ကို အောင်မြင်အောင် ဆောင်ရွက်ပေးပါ့မယ်..."
လင်းရီ သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ကို စွန်းဖုယွီ၏ ပခုံးပေါ်တင်ပြီး သူ၏ ညာလက်ကိုတော့ လုရင်း၏ ပခုံးပေါ်တင်ကာ "မပူနဲ့ ရဲရဲသာလုပ်...တစ်နေ့ ငါတို့က တ-ရုတ် ချစ်ပ်နယ်ပယ်ရဲ့သမိုင်းစာမျက်နှာအသစ်မှာ ငါတို့ရဲ့နာမည်တွေကို သူတို့ ရေးထိုးပေးရမယ်လို့ ယုံကြည်တယ်..."
ထိုသို့ပြောပြီးနောက် လင်းရီ လေးလံသော ခြေလှမ်းများဖြင့် ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့၏။
စွန်းဖုယွီနှင့် လုရင်းတို့၏ ရင်ထဲတွင်တော့ လင်းရီ ပြောသွားသည့် စကားလုံးတို့က ပဲတင်ထပ်နေသည်။
ကျားတစ်ကောင်လို နှလုံးသား။ ဒါပေမယ့် နှင်းဆီတစ်ပွင့်လို သိမ်မွေ့တယ်
ကလေးတစ်ယောက်ရဲ့ နှလုံးသားဟာ တောင်နဲ့မြစ်ကို စိုးမိုးနိုင်ပြီး လူငယ်တစ်ယောက်ရဲ့ ရဲရင့်မှုက သူ့လက်ထဲက ဓားနဲ့ ခွန်အားကြီးတဲ့ နဂါးကိုတောင်မှ အနိုင်ယူနိုင်တယ်။
လက်ရှိကြုံတွေ့နေသည့် အခက်အခဲများ ပြီးဆုံးတော့မည်ဖြစ်ပြီး မကြာမီ မိုးကုပ်စက်ဝိုင်းအောက် မျှော်လင့်ချက် မှိုင်းဖျဖျအလင်းရောင်များ ပေါ်ထွက်လာပေတော့မည်။
______
လင်းရီ သုတေသန စင်တာမှ ထွက်လာပြီးနောက် အိမ်ပြန် အိပ်လိုက်ပြီး နေ့လည်မတိုင်ခင်အထိ နိုးမလာတော့ပေ။
အိပ်ရာနိုးလာပြီးနောက် သူ၏ ကြွက်သားများကို အညောင်းဆန့်လိုက်ပြီး တစ်ကိုယ်လုံး လန်းဆန်း တက်ကြွနေသလို ခံစားလိုက်ရ၏။
ထိုအတွက်လည်း လင်းရီစနစ်ကို ကျေးဇူးတင်ရပေမည်။ အတိတ်တွင် ယခုကဲ့သို့ အလုပ်ဒဏ်ပိသွားပါက အနည်းဆုံး တစ်နေ့နှင့် တစ်ညလောက်တော့ အနားပေးရပေမည်။ ယခုတော့ နေ့တစ်၀က်လောက် အနားယူလိုက်သည်နှင့် ပြန်လည် လန်းဆန်းလို့လာ၏။
Cisco အတွက်ကတော့ လင်းရီ သူတို့၏ ရည်ရွယ်ချက်ကို သိရှိပြီး ဖြစ်သောကြောင့် သိပ်စဉ်းစားမနေတော့။
လုံရှင်းစင်တာမှ သူတို့ ရလဒ်ကို ကြေညာသည်အထိစောင့်ပြီး လုရင်းတို့ ကိုင်နေသည့် ပရောဂျက်ကို မူပိုင်ခွင့်ဖြင့် ပါးရိုက်၍ မိမိတို့ကပဲ ခိုးယူထားသလိုမျိုး ပြုမူပြီး သူခိုးက လူပြန်ဟစ်ပေလိမ့်မည်။
တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ဖြင့် လုံရှင်းစင်တာကို ချေမှုန်းနိုင်ရုံသာမက Cisco မှာလည်း ချစ်ပ်နယ်ပယ်တွင် ဦးဆောင်သူများ ဖြစ်လာပေမည်။
အခြေနေ တစ်စုံတစ်ရာ မပြောင်းလဲပါက လင်းရီ၏ တန်ပြန်တိုက်စစ်ကတော့ မူရင်းအတိုင်းပင်။
သူတို့ စောင့်နိုင်သည်အထိ စောင့်ဆိုင်းစေပြီး ကူကယ်ရာမဲ့သည့်အချိန်ထိ အသာဆိုင်နေရုံပင်။
ထိုအကြောင်း စဉ်းစားရင်း လင်းရီ အကြောဆန့်လိုက်ပြီး အလုပ်စရန် ပြင်ဆင်လိုက်၏။
သုံးနာရီကြာပြီးနောက် လင်းရီ အော်ဒါ လက်ခံပြီး အသစ်၀ယ်ယူထားသည့် အားသွင်းကြိုးကို ကတ်စတန်မာသို့ ယူလာခဲ့၏။
လင်းရီ နှင့် မျက်နှာချင်းဆိုင် ရပ်နေသူကတော့ အသက်သုံးဆယ်အရွယ်ရှိ လူကြီးတစ်ယောက်ဖြစ်သည်။ အနည်းငယ် ၀ဖိုင့်ဖိုင့်ဖြင့် လင်းရီထက် ခေါင်းတစ်လုံးပု၏။ ထိုသူ၏ နာမည်ကတော့ ကျိုးဟွိုက်ကျန်းပင်။
"ဟယ်လို မစ္စတာကျိုး..ဒီမှာ ခင်များရဲ့ အိုင်ဖုန်း အားသွင်းကြိုးပါဗျ...၆၁၂ယွမ် ကျပါတယ်..."
လင်းရီ ယဉ်ကျေးစွယပြောလိုက်၏။
ကျိုးဟွိုက်ကျင်း၏ မျက်နှာ နက်မှောင်သွားပြီး "ဒီနေ့ အိုင်ဖုန်းရောင်းတဲ့ဆိုင်မှာ အားသွင်းကြိုး၀ယ်ရင် ၅၀% ဒစ်စကောင့်ရတယ်လေ..ဘာလို့ ပိုက်ဆံ အဲ့လောက်အများကြီး သုံးပြီး ၀ယ်လာတာလဲ..."
"၅၀% ဒစ်စကောင့်..."
လင်းရီ အော်ဒါကို ကြည့်လိုက်ပြီး "ကျုပ်ရောက်တော့ အဲ့ဒီ ပရိုမိုးရှင်း အစီအစဉ်ကဖြင့် ပြီးတောင် ပြိးနေပြီ..အော်ဒါမှာလည်း ခင်များက ဒစ်စကောင့်အကြောင်း ဘာမှ ထည့်မရေးထားတော့ မူရင်းဈေးအတိုင်း ၀ယ်ခဲ့လိုက်တာပေါ့..."
"ပရိုမိုးရှင်းက ကုန်သွားပြီ ဟုတ်လား..."ကျိုးဟွိုက်ကျန်း အေးစက်နေသည့် အမူအရာဖြင့် " မင်းဈေး တင်ပြီး လာပြောနေတာမဟုတ်ဘူးလား..."
"ငိုးပဲ.."
လင်းရီ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ငိုးပဲ..ဒီလိုကောင်မျိုးနဲ့ ကြုံပြန်ပြီ...
"ဒီတိုင်း ယွမ်ရာဂဏန်းလေးကိုဗျာ...ကျုပ်က ခင်များကို လိမ့်ပါ့မလာလို့..."လင်းရီ ပြောလိုက်ပြီး "ရော့..အဲ့မှာ ပြေစာ..မယုံရင်လည်း ကိုယ်တိုင်သာ ကြည့်လိုက်တော့..."
လင်းရီ လက်ထဲရှိ ပြေစာကို မြင်တော့ ကျိုးဟွိုက်ကျန်း တိတ်ဆိတ်သွားခဲ့သည်။
ပရိုမိုးရှင်း ရှိသောကြောင့် အားသွင်းကြိုး အသစ် ၀ယ်ချင်သော်လည်း ယခုတော့ အားသွင်းကြိုးတစ်ခုကို ယွမ်၆၀၀ကျော်ဖြင့် ၀ယ်လိုက်ရသည်မှာ အသည်းနာဖို့ ကောင်း၏။
ဒီလိုမှန်းသိရင် အတုတစ်ခုပဲ ၀ယ်လိုက်ပါတယ်ကွာ...
မတန်ပါဘူး...
"ကဲပါ အဘိုးကြီးကျိုးရယ်..ယွမ်ရာဂဏန်းလေးကိုပဲ..မသိရင် ကျွန်မတို့က မတတ်နိုင်တာ ကျနေတာပဲ..."
သူတို့နှစ်ယောက် ငြင်းခုန်နေသည်ကိုမြင်တော့ ညအိပ်၀တ်စုံနှင့် မိန်းမလှလေးတစ်ဦး ၀င်လာပြီး လင်းရီအတွက် ပြော ပေးလိုက်၏။
"ကောင်းပြီလေ..ငါမင်းမျက်နှာကြောင့် အလျှော့ပေးလိုက်မယ်..."ထိုသို့ပြောပြီး ကျိုးဟွိုက်ကျန်း အားသွင်းကြိုးကို အမျိုးသမီးထံ ကမ်းပေးလိုက်ပြီး "ယူထားလိုက် ..ငါညိဆိုင်းဆင်းရမယ်..မင်းနဲ့ ကလေးတွေ စောစော အိပ်ရာ၀င်ကြ...ပြီးတော့ ငါ့ကိုလည်း စောင့်မနေနဲ့..."ဟွိုက်ကျန်း ပြောဘိုက်၏။
"အင်းပါ..ဂရုစိုက်ဦးနော်..."
အမျိုးသမီးမှ ပြောလိုက်၏။
"မောင်ငယ်လေး ..ငွေလွှဲပေးချင်လို့ ဝီချက်အကောင့်လေး ပေးပါလား.."အမျိုးသမီး သူမဖုန်းကို ထုတ်ရင်း ပြောလိုက်၏။
"ဝီချက်မအပ်လည်း ရပါတယ်..ဒီတိုင်း ကုတ်ကိုပဲ စကန်ဖတ်လိုက်...."ထိုသို့ပြောရင်း လင်းရီ ငွေချေရန် QR code ကို ပြလိုက်၏။
အမျိုးသမီး ကိုးရို့ကားယား ဖြစ်သွားပြီး .."ဟုတ်ပါ့နော်..ကျွန်မကလည်း မေ့တတ်လိုက်တာ...ဒီလိုလုပ်လည်း ရနေတာကို ဘာလို့ သတိမရပါလိမ့်..."
ငွေလက်ခံပြီးနောက် လင်းရီ လှည့်ထွက်လာခဲ့လိုက်သည်။
"နေဦး..."ဟွိုက်ကျင်း ရုတ်တရက် လှမ်းပြောလိုက်သည်။
"ဘာကျန်သေးလို့လဲ.."
"မင်းဘယ်လိုတွေ အလုပ်လုပ်နေတာလဲ..တံခါး၀နားမှာ အမှိုက်နှစ်အိတ်ရှိတာ မမြင်ဘူးလား..အလိုက်တသိနဲ့ သယ်သွားပေးလေကွာ....."
"အမှိုက်ယူသွားပေးရမယ်..."လင်းရီ အံ့အားသင့်သွားခဲ့သည်။
"ကျုပ်က အီရန်ဘွိုင်း သက်သက်ပဲ..အမှိုက်ပစ်ပေးစရာ မလိုဘူး.."
လင်းရီ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မင်းက အသစ်လား..."ဟွမ်ကျင်း မေးလိုက်ပြိး "တကယ်လို့ မင်းသာ ငါ့ကို အမှိုက်မယူသွားပေးလို့ကတော့ ကြယ်ငါးပွင့် ရီဗျူး ရမယ် မကြံနဲ့...ပြီးတော့ မင်းကိုလည်း မကောင်းတဲ့ ရီဗျူးတွေ ပေးပြီး ကွန်ပလိန်းတက်မယ်..."
"ငိုးပဲ တက်ချင်တဲ့ ကွန်ပလိန်းသွားတက်ကွာ..."လင်းရီ ကျိန်ဆဲလိုက်ပြီး "ယွမ်ရာဂဏန်းလောက်ပဲ ရှိတဲ့ အားသွင်းကြိုးလေး ၀ယ်ပြီး ငွေချေဖို့ ဒီလောက်ကြာနေတာကိုတောင်မှ သူဌေးလိုလို ဘာလိုလို ဂိုက်လာဖမ်းနေသေးတယ်..."
(TL: ASML က Advance semiconductor materials Lithographyပါ။ အဆင့်မြင်တဲ့ chip တွေလုပ်မယ်ဆိုရင် ဒီစက်မရှိပဲနဲ့ လုံး၀ ထုတ်လို့မရပါဘူး.. Samsungတို့ intel တို့က ထုတ်တဲ့ချစ်ပ်တွေလည်း ဒီရဲ့ ASML နဲ့လုပ်ထားတာပါ။ နယ်သာလန်မှာပဲ အခြေစိုက်ပြီးတော့ နည်းပညာလုံး၀ ပေါက်ကြားခြင်း မရှိသလို တုပလို့လဲ မရတဲ့စက်ပါ။ နယ်သာလန်ကနေ ကမ္ဘာတစ်၀န်းကို ရောင်းချပေးတယ်ဆိုပေမယ့် လက်ရှိ ချိုင်းနားကိုတော့ ရောင်းချပေးခြင်းမရှိပါဘူး)