နတ်ဘုရားနယ်မြေရှိ ကိစ္စရပ်ကြီး
Vol. 73 Ch. 1018
ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်က သိသိသာသာ သတ်ဖြတ်ငွေ့များ ထုတ်လွှင့်မနေသော်လည်း မိုဝူကျိ၏ တစ်ကိုယ်လုံးမှာ မသက်မသာ ဖြစ်နေမိသည်။ ကြည့်ရသည်မှာ ယခုကစ၍ သူ့အနေနှင့် သတိကြီးကြီး ထားရမည်။
အားလုံးက ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင် စကားပြောရန် စောင့်ဆိုင်းနေကြစဉ် နောက်ထပ် မီးခိုးရောင် ပုံရိပ်တစ်ခုက နိဗ္ဗာန်အသိပညာရပ် စင်မြင့်ဆီ ဆင်းသက်လာသည်။
နောက်ထပ် နတ်ဘုရားဘုရင် တစ်ယောက် ဖြစ်နေသော်လည်း မိုဝူကျိက ထိုမီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်ကို ကြည့်ရတာ ဝတ်ရုံဝါနှင့် နတ်ဘုရားဘုရင်ထက် ပို၍ သက်တောင့်သက်သာ ဖြစ်ပေသည်။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ဝတ်ရုံဝါနှင် နတ်ဘုရားဘုရင်အား လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက တပည့်များဘက် လှည့်လာကာ “ အစတုန်းက ကျုပ်က အရင်းအမြစ်တိုက်ပွဲအတွက် ဒုတိယစစ်ဆေးမှုကို တာဝန်ကြီးကြပ်ပေးရမဲ့သူပါ။ ဒါပေမဲ့ ကျုပ်တို့ ပထမစစ်ဆေးမှုမှာ ဖြစ်လာတဲ့ ပြဿနာအပြင် နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ ကူးသန်းရေး အစီအရင် အပြီးသတ်မှုကြောင့်ရော၊ နောက်ထပ် ပြဿနာတွေကြောင့်ရော ဒုတိယစစ်ဆေးမှုကို ဂိုဏ်းရဲ့ တာဝန်အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အရင်းအမြစ် ဝေခွဲပေးရေးက ပထမစစ်ဆေးမှု ရလဒ်အပေါ်မှာ ခွဲဝေဆုံးဖြတ်သွားမှာပါ … မေးခွန်း မေးချင်တဲ့သူ ရှိသေးလား ”
ဒုတိယ စစ်ဆေးမှုသည် ဂိုဏ်း၏ တာဝန်းရေးရာအဖြစ် ပြောင်းလဲသွားကြောင်း ကြားသောအခါ မိုဝူကျိက ပျော်ရွှင်မိသွားသည်။ ပထမစစ်ဆေးမှု၌ သူက အရင်းအမြစ်ကျောက်ပြား လေးထောင်ကျော် ရရှိခဲ့လေရာ ပထမနေရာ ရဖို့ လုံလောက်သင့်သည် မဟုတ်ပါလော။
ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် တစ်ယောက်က လေးလေးစားစား ဦးညွှတ်ကာ “ ဒုတိယ စစ်ဆေးမှု ဘာလို့ ပယ်ဖျက်လိုက်တာလဲဆိုတာ သိပါရစေ။ တကယ်လို့ အဲလိုဆိုရင် ပါဝင်ယှဉ်ပြိုင်တဲ့ တပည့်တွေအတွက် မတရားသလို ဖြစ်မသွားဘူးလား ”
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ဒေါသမထွက်ဘဲ အေးအေးဆေးဆေး ရှင်းပြလိုက်သည် “ ပထမစစ်ဆေးမှုမှာ အားလုံးကို စည်းမျည်း မပြီးပြည့်စုံတဲ့ ဂြိုလ်ဆီ ပို့ပေးခဲ့တယ်။ အမှန်တော့ အဲဒီကို ဘယ်သူမှ မရောက်ဖူးသေးဘူး။ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ သဟဇာတနတ်ဘုရားတွေက အစီအရင်တာအိုကို အသုံးပြုပြီး အရင်းအမြစ်ကျောက်ပြားတွေကို နေရာချပေးခဲ့ကြတာ … အဲဒါကြောင့်မလို့ ငါတို့တွေ အဲဒီဂြိုလ်ပေါ်မှာ ဘာရတနာတွေ ရှိနေမလဲဆိုတာ အသေအချာ မသိကြဘူး ”
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ခဏတာ ရပ်လိုက်ပြီး မေးခွန်း မေးသည့် ကျင့်ကြံသူအား ကြည့်လိုက်ကာ “ ဒါပေမဲ့ အဲဒီဂြိုလ်က တကယ်တော့ ထူးခြားတဲ့ ဇာစ်မြစ် ရှိနေပြီးတော့ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားရှိတဲ့ နေရာလေးနေရာတောင် ရှိနေခဲ့တယ်။ အဲဒီနေရာတွေကို သဘာဝကာကွယ်ရေး အစီအရင်တွေက ကာကွယ်ပေးထားတယ်။ တကယ်လို့ အဲဒီဂြိုလ်ရဲ့ စည်းမျည်းတွေကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ ရှိတဲ့ အားလုံးက အဲဒီနေရာတွေကို တွေ့ကြမှာ မဟုတ်ဘူး ”
ထိုစကားများကို ကြားပြီး ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားနှင့် မတွေ့ခဲ့ကြရသည့် ကျင့်ကြံသူများက အသက်ပြင်းပြင်း ရှုထုတ်လိုက်မိကြသည်။ မိုဝူကျိက အားလုံးထက်ပင် ပို၍ အံ့ဩနေမိသေး၏။ အစပိုင်းတွင် မိုဝူကျိက ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားများရှိသည့် နေရာ၌ ကျင့်ကြံနိုင်ခဲ့သော ကံတရားမှာ မယုံကြည်နိုင်ဖွယ် ဖြစ်နေကြောင်း ယုံကြည်မိသည်။ သူက ဤသို့မျိုး နေရာလေးခု ရှိနေလိမ့်မည်ဟု မထင်ထားပေ။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က အားလုံး၏ တအံ့တဩ အမူအယာများကို အာရုံမစိုက်ဘဲ ဆက်ပြောလိုက်သည် “ ရှေးဦးမူလ နတ်ဝိညာဉ်စွမ်းအားနဲ့ နေရာလေးခုက အနည်းဆုံး ရှန်းထျန်း ရတနာတစ်ခုတော့ ထုတ်ပေးလိမ့်မယ်။ ရှန်းထျန်း ရတနာ အရယူနိုင်တာကတော့ အဲဒီ တပည့်ရဲ့ ကိစ္စဆိုတော့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က ဝင်မပါတော့ဘူး ”
မိုဝူကျိက သူ တစ်ယောက်တည်း ကံကောင်းလာခြင်း မဟုတ်ကြောင်းကို သိ၍ အံ့အားသင့်မိနေဆဲ ဖြစ်၏။ တခြားသူများက သူ့ထက် ပို၍ ကံကောင်းလာကြသေးသည်။ သူက ပင်းထန်းဝါးကို ရလာသော်လည်း တခြားသူက ပင်းထန်းဝါးထက် ပို၍ အဖိုးတန်နေသည့် ရတနာ ရလာမည်ကို မည်သူက သိမည်နည်း။
“ အစတုန်းက ဒုတိယစစ်ဆေးမှုက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ တိုက်ပွဲမျှော်စင် ဖြစ်လိမ့်မယ်။ အားလုံးက အဲဒီတိုက်ပွဲမျှော်စင်မှာ ၄၉ ထပ် ရှိတာကို သိကြမှာပါ။ အရင်က ပြဿနာ မဟုတ်ပေမဲ့ ပထမစစ်ဆေးမှု ပြီးသွားတော့ အနည်းဆုံး တပည့်ခြောက်ယောက်လောက်က နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းနိုင်ခဲ့ကြတယ် ”
မိုဝူကျိက ထိုအရာကို ကြားသောအခါ နှလုံးခုန်မြန်ဆန်မိလာသည်။ သူက လီဝူကျန့်နှင့် ဖူဖန်းတို့ နှစ်ယောက်တည်း နတ်ဘုရားအုပ်စိုးသူအဖြစ် အဆင့်တက်ခဲ့သူဟု တွေးမိခဲ့သည်။ သူက နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းမည့် တခြားသူများ ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။ ထို့အပြင် ထိုကျင့်ကြံသူ ခြောက်ယောက်တွင် သူ သတ်လိုက်သည့် လီဝူကျန့် ပါမည် မဟုတ်ချေ။
မိုဝူကျိ တစ်ယောက်တည်း အံ့အားသင့်နေခြင်း မဟုတ်ပေ။ တပည့်အများအပြားကလည်း သူတို့ကြားလိုက်ရသည့် ကိစ္စအား ကြောင်အမ်းကုန်ကြသည်။ ထိုမျှ နတ်ဘုရားအုပ်စိုးသူအဆင့်များ ရှိနေလျှင် သူတို့က အဘယ်ကြောင့် တိုက်ခိုက်နေရတော့မည်နည်း။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က လူအုပ်ကြီးထံမှ ထိုတုံ့ပြန်မှုများအား မျှော်လင့်ထားသည့်အလား ဆက်ပြောလိုက်သည် “ ဒီ နတ်ဘုရားအုပ်စိုးသူ ခြောက်ယောက်ထဲမှာ တစ်ယောက်က နတ်ဘုရား အုပ်စိုးသူအဆင့် ၂ အထိ တက်လှမ်းနိုင်ခဲ့တယ်။ မင်းတို့တွေ တိုက်ပွဲစင်မြင့်မှာ နတ်ဘုရားအုပ်စိုးသူ အဆင့် ၂ နဲ့တော့ တိုက်ချင်ကြမှာ မဟုတ်လောက်ဘူး မလား ”
ဤတစ်ကြိမ်၌ အားလုံးက တိတ်ဆိတ်ကုန်ကြသည်။ အကြောင်းမှာ အရူးတစ်ယောက်သာ နတ်ဘုရားအုပ်စိုးသူအဆင့် ၂ နှင့် တိုက်ခိုက်ပေလိမ့်မည်။ မိုဝူကျိပင် နတ်ဘုရားအုပ်စိုးသူအဆင့် အခြေတည်ထားသည့် လူနှင့် မတိုက်ခိုက်လိုပေ။
ထိုနတ်ဘုရားအုပ်စိုးသူ အဆင့် ခြောက်ယောက်အား နောက်ဆုတ်ရန် မည်သူကများ ထွက်ပြောရဲမည်နည်း။ သူတို့က အဘယ်ကြောင့် နောက်ဆုတ်ပေးမည်နည်း။ သူတို့တွေ တိုက်ပွဲထဲ ဝင်စဉ်အခါက ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိသေးပြီး နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းနိုင်ခဲ့သည်မှာ သူတို့၏ စွမ်းရည်နှင့် ကံကောင်းမှုကြောင့်သာ ဖြစ်ပေသည်။
မည်သူကမှ ဝင်မပြောသည်ကို တွေ့သည့်အခါ မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ဆက်ပြောလိုက်သည် “ ပထမစစ်ဆေးမှုရဲ့ တည်နေရာ ရွေးချယ်မှု အမှားလေးတစ်ခုကြောင့် ဒုတိယ စစ်ဆေးမှု ပယ်ဖျက်တဲ့အထိ ဖြစ်သွားတာပဲ … လက်ရှိ နိဗာနတိတ်ဆိတ်မှု ပင်လယ်ရဲ့ ကူးသန်းရေး အစီအရင် ခင်းကျင်းတာ ပြီးဆုံးသွားပြီဆိုတော့ ငါတို့တွေ ဒုတိယ စစ်ဆေးမှုကို တာဝန်အဖြစ် ပြောင်းလဲပစ်လိုက်တယ်။ စစ်ဆေးမှု ကောင်းကောင်း ပြီးဆုံးသွားတဲ့သူတွေက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ကနေ ကျင့်ကြံရေး အရင်းအမြစ်တွေ ရမယ်။ ပြီးတော့ ဒီစစ်ဆေးမှုက ရေရှည်စစ်ဆေးမှုဆိုတော့ ဘယ်အခြေအနေမဆို ရပ်တန့်ပစ်လို့ မရဘူး ”
“ ဘာတာဝန်လဲ” တစ်ယောက်ယောက်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ပြန်ဖြေလိုက်သည် “ ဒီစစ်ဆေးမှုက နတ်ဘုရားကုန်းမြေတစ်ခုလုံးအတွက် အကျုံးဝင်တယ်။ အရင်းအမြစ်ကျောက်ပြား ပြိုင်ပွဲမှာ ပါတဲ့ တပည့်တွေကလွဲရင် အားလုံး သိပြီးလောက်ပြီ။ အဲဒါကြောင့်မလို့ အားလုံးကို ပြန်ရှင်းပြမယ်။ နိဗာနတိတ်ဆိတ်မှု ပင်လယ်ကို ဖြတ်လိုက်ရင် နတ်ဘုရားနယ်မြေဆီ ရောက်သွားမယ်ဆိုတာ အားလုံးလည်း သိကြမှာပါ။ ကျင့်ကြံရေး အရင်းအမြစ်တွေအရ ငါတို့ နတ်ဘုရားကုန်းမြေက နတ်ဘုရားနယ်မြေနဲ့ ယှဉ်လို့ မရဘူး ”
မိုဝူကျိက ထိုအချက်ကို သဘောတူမိသည်။ နတ်ဘုရားနယ်မြေတွင် နတ်ဘုရားဘုရင်များစွာ မရှိခြင်း သို့မဟုတ် သဟဇာတ နတ်ဘုရား တစ်ယောက်မှ မရှိသည့် အကြောင်းအရင်းတို့မှာ ကျင့်ကြံရေး အရင်းအမြစ် လိုအပ်နေ၍ မဟုတ်ပေ။ အကြောင်းမှာ မိုးမြေစည်းမျည်းများက နတ်ဘုရားကုန်းမြေလောက် မပြီးပြည့်စုံ၍ ဖြစ်ပေသည်။
“ အများစုက နားမလည်လောက်ဘူးဆိုပေမဲ့ သဘောတရားအရပြောရရင် ငါတို့ နတ်ဘုရားကုန်းမြေမှာ နှင်းစက်စိမ်း ရှိပြီးတော့ ဆေးပင်နယ်မြေတွေ အများကြီးလည်း ရှိနေတယ်။ ငါတို့က ဘယ်လိုလုပ် နတ်ဘုရားနယ်မြေနဲ့ ယှဉ်လို့ မရတာလဲလို့ တွေးနေမိလောက်တယ်။ ဒါပေမဲ့ ဒါက အမှန်တရားပဲ … နတ်ဘုရားနယ်မြေမှာ ငါတို့ နတ်ဘုရားကုန်းမြေမှာ မရှိတဲ့ အရာ ရှိနေတယ်။ အဲဒါက နတ်ဘုရားသိုက်မြုံပဲ …. ”
လူများစွာက သူ့အား မရေမရာ ကြည့်နေကြသောကြောင့် မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ခဏတာ ရပ်လိုက်သည်။ နတ်ဘုရားနယ်မြေရှိ အားလုံးသည် နတ်ဘုရားသိုက်မြုံအကြောင်း သိထားကြသော်လည်း နတ်ဘုရားကုန်းမြေ၌ လူနည်းစုသာ ကြားဖူးကြသည်။ နတ်ဘုရားနယ်မြေရှိ လူများကလည်း နှင်းစက်စိမ်းဆန်အကြောင်း သိကြမည် မဟုတ်ပေ။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်၏ လေသံမှာ ပို၍ လေးနက်လာပြီး “ နတ်ဘုရားနယ်မြေအလွန်မှာ ငါတို့ နတ်ဘုရားကုန်းမြေထက် ပိုပြီးပြည့်စုံတဲ့ စည်းမျည်းတွေ ရှိတဲ့ အဆုံးမဲ့ အလှမ်းဝေးတဲ့ အာကာပြင်ကြီး ရှိနေတယ်။ မင်းတို့တွေက အဲလို အာကာပြင်ကြီး ရှိနေရက်နဲ့ နတ်ဘုရားဘုရင်တွေ၊ သဟဇာတ နတ်ဘုရားတွေ မများတဲ့အကြောင်း မေးချင်နေလိမ့်မယ်။ အဲဒါက အဲဒီ လက်လှမ်းမမှီတဲ့ နယ်မြေအသစ် ဖြစ်နေလို့ပဲ
အဲဒီနယ်မြေကို နတ်ဘုရားသိုက်မြုံလို့ ခေါ်ပြီးတော့ နယ်မြေအသစ်ပေါ်မလာခင်တိုင်း အဲဒီနေရာကို ဝင်လို့ မရကြဘူး။ ဒီနယ်မြေအသစ်တွေ ပေါ်လာပြီးမှ လူတွေ ဝင်လို့ ရကြတာလေ။ နတ်ဘုရားသိုက်မြုုံ နယ်မြေအသစ်နဲ့ တည်ရှိနေပြီးသား နတ်ဘုရားနယ်မြေ ပေါင်းသွားရင် နယ်မြေအကြီးကြီး ဖြစ်လာစေတယ်။ အဲဒီ နယ်မြေအသစ်ထဲက စည်းမျည်းတွေက အတော်လေးကို ရှင်းရှင်းလင်းလင်း ရှိတယ်။ ပြောရရင် အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေလည်း ရှိတယ် …
နှမြောစရာကောင်းတာက အဲဒီ ရတနာတွေက မပြောင်းလဲသွားပေမဲ့ စည်းမျည်းတွေကတော့ အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားကြတယ်။ အဲဒါတွေကြောင့် နတ်ဘုရားနယ်မြေရဲ့ နတ်ဘုရားဘုရင်တွေက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ကို ကောင်းကောင်း အသုံးမချနိုင်ကြဘူး။ ဒါပေမဲ့လည်း အဲဒီနေရာမှာ ရှိနေတဲ့ ကျင့်ကြံသူအများစုက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်နိုင်တယ်လေ။ သူတို့က အထဲမှာ ရတနာတွေနဲ့ အခွင့်အရေးတွေကို ရှာကြရတာပေါ့။ ပြီးတော့ အချိန်ကြာလာရင် နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်က ကျယ်ပြန့်လာလိမ့်မယ် ”
ထိုအရာကို ကြားပြီး မိုဝူကျိမှလွဲ၍ ကျန်သူအားလုံးက မျှော်လင့်စောင့်စားသည့် အမူအယာများ ထွက်ပေါ်လာကြသည်။ ဤသို့နေရာမျိုး သွားကြရမည်ကို မည်သူက စိတ်မဝင်စားဘဲ နေမည်နည်း။ တကယ်တော့ လူတချို့က နတ်ဘုရားနယ်မြေသို့ ဝင်ရန် ကူးသန်းရေး အစီအရင်ကို မည်သို့ အသုံးပြုရမည်ကို စဉ်းစားနေကြလေပြီ။ ထို့နောက် သူတို့က နတ်ဘုရားကုန်းမြေသို့ ပြန်လာပြီး နတ်ဘုရားဘုရင် သို့မဟုတ် သဟဇာတ နတ်ဘုရား ဖြစ်မလာခင် ရတနာ အမြောက်အများ စုဆောင်းနိုင်မည် မဟုတ်ပါလော။
သို့သော်လည်း မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က လေးနက်စွာ ထပ်ပြောလိုက်သည် “ ဒီလောကကြီးထဲမှာ အရာအားလုံးက ကောင်းကျိုး၊ ဆိုးကျိုးရှိကြတာပဲ။ အစတုန်းက နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် နောက်တစ်ခေါက် ပေါ်ထွက်လာဖို့က အရမ်းကို ကြာတယ်။ အခုလတ်တလော နယ်မြေအသစ် ပေါ်ထွက်လာတဲ့ အချိန်တစ်ခုနဲ့ တစ်ခုကြား ပိုပြီး မြန်လာတယ်။ လတ်တလော နယ်မြေအသစ် ပေါ်ထွက်လာမှုအရ နတ်ဘုရားနယ်မြေက လောကနယ်မြေအသစ်နဲ့ ထိစပ်မိသွားပြီတဲ့ … ”
မိုဝူကျိက စိတ်ထဲမှ အံ့အားသင့်နေမိသည်။ သူ ထွက်သွားစဉ်က နတ်ဘုရားသိုက်မြုံသည် အသစ်ပေါ်ထွက်လာခါစ ဖြစ်၏။ သိပ်မကြာခင် နယ်မြေအသစ် ထပ်မံ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လောကနယ်မြေအသစ် အကြောင်းကိုတော့ မိုဝူကျိ ယခင်က ကြားဖူးထားသည်။ နတ်ဘုရားနယ်မြေရှိ နတ်ဘုရားဘုရင်များက ဘာမှမသိသည့် အရူးများ မဟုတ်ပေ။
“ နတ်ဘုရားနယ်မြေက အသစ်ထိစပ်သွားတဲ့ လောကနယ်မြေအသစ်နဲ့ ပတ်သတ်ပြီးတော့ ပျော်မယ်လို့ ထင်ကြလား ” မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ခပ်ရေးရေး ထုတ်မေးလိုက်သည် “ တကယ်လို့ အားလုံးက အဲလိုတွေးနေတယ်ဆိုရင်တော့ မင်းတို့ မှားနေပြီ။ လောကနယ်မြေအသစ်က သတ်ဖြတ်ခြင်းကို စွဲလမ်းနေတဲ့ ကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတာ …. အဲဒီ ကျင့်ကြံသူတွေက နတ်ဘုရားနယ်မြေမှာ ရှိနေတဲ့ ကျင့်ကြံသူတွေနဲ့ တွေ့ဆုံသွားရင် နတ်ဘုရားနယ်မြေမှာ ရှိနေတဲ့ ကျင့်ကြံသူတွေက အကြောင်းအရင်းမရှိ အကုန် အသတ်ခံရလိမ့်မယ် ”
မိုဝူကျိက ထိုအကြောင်းကြားလိုက်သည့်အခါ ကူချိုက်အကြောင်း တွေးမိသွားသည်။ သူက ကျူချိုက်ကို ရှာမတွေ့သေးလေရာ ကူချိုက်က နတ်ဘုရားနယ်မြေအတွင်း ပုန်းအောင်းနေခြင်းသာ ဖြစ်လိမ့်မည်။
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်၏ လေသံက ယခင်ထက် ပို၍ လေးနက်လာကာ “ တကယ်လို့ ငါတို့ နတ်ဘုရားနယ်မြေဆီ ကူးသန်းရေး အစီအရင်ကို အချိန်မီ ပြီးဆုံးသွားတာသာ မဟုတ်ရင် နတ်ဘုရားနယ်မြေက အလောင်းသာ ကျန်တော့တဲ့အထိ အသတ်ခံနေရလောက်ပြီ။ နယ်ခြားကျင့်ကြံသူတွေ လက်အောက်လည်း ကျရောက်နေလောက်ပြီ။ ငါတို့တွေ အဆင့် ၇ ကာကွယ်ရေး အစီအရင်ကို ကူခင်းကျင်းပေးမဲ့ အဲဒီ အရိုင်းအစိုင်းတွေ ကျူးကျော်ဝင်ရောက်လာတာကို တားဆီးပေးနိုင်ရုံလောက်ပဲ … ”
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ နတ်ဘုရားနယ်မြေနဲ့ နတ်ဘုရားကုန်းမြေတို့က မူလကတည်းက ကုန်းမြေတစ်ခုတည်းပဲ … တကယ်လို့ အရိုင်းအစိုင်း ကျင့်ကြံသူတွေ နတ်ဘုရားနယ်မြေဆီ ကျူးကျော်လာရင် သူတို့က ပိုကောင်းတဲ့ ကျင့်ကြံရေး နယ်မြေကို ရသွားလိမ့်မယ်။ အဲဒီနည်းနဲ့ ငါတို့ နတ်ဘုရားကုန်းမြေက သိပ်မကြာခင် အဆုံးသတ်သွားမှာပဲ …. နတ်ဘုရားနယ်မြေနဲ့ ကျူးကျော် ကျင့်ကြံသူတို့ တိုက်ပွဲက ဖြစ်နေတုန်းဆိုတော့ ဒီဟာက နတ်ဘုရားကုန်းမြေနဲ့ နတ်ဘုရားနယ်မြေရဲ့ အကြီးဆုံး တာဝန် ဖြစ်လာလိမ့်မယ်။ ဒီတာဝန်ကို ယူမဲ့သူတွေက အဲဒီ ကျူးကျော် ကျင့်ကြံသူတွေကို သွားသတ်ပေးရမယ်။ နိဗာနအမှတ်နဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေက တော်တော်လေး မက်ဖို့ ကောင်းတယ် ”
မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်၏ စကားများကို ကြားပြီး တပည့်များက သူတို့အချင်းချင်းကြား တီးတိုးပြောကုန်ကြသည်။
မိုဝူကျိက ပို၍ ဆွံ့အမိသွားသည်။ သူက ဤတာဝန်ကို အမှန်တကယ် လက်ခံလိုသော်လည်း နတ်ဘုရားနယ်မြေ၌ သူ ရန်စမိထားသော နတ်ဘုရားဘုရင်များကို အမှတ်ရသွားသည်။ ထိုကြောင့် သူက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၌ လိမ်လိမ်မာမာ ကျင့်ကြံဖို့သာ စိတ်ကူးရှိပေသည်။
အားလုံးက ဆွေးနွေးနေခြင်းကို ရပ်လိုက်ပြီးနောက် မီးခိုးရောင် ဝတ်ရုံနှင့် နတ်ဘုရားဘုရင်က ထပ်ပြောလိုက်သည် “ အားလုံးကို အသိပေးချင်တာက ဒီတာဝန်က ကျူးကျော် ကျင့်ကြံသူတွေကို သတ်ပြီးတော့ ဒုတိယ စစ်ဆေးမှု ပယ်ဖျက်လိုက်ရတဲ့ အကြောင်းကိုပါ … အခု ပထမစစ်ဆေးမှုရဲ့ ရလဒ်ကို ကြည့်လိုက်ရအောင်။ ငါ့ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ အမှတ်အသားပြားက ပစ္စည်းတွေကို ရွေ့ပြောင်းပေးလို့ ရတယ်။ အခု ပထမစစ်ဆေးမှုမှာ ပါဝင်တဲ့ တပည့်အားလုံး သူတို့ ရလာတဲ့ အရင်းအမြစ်ကျောက်ပြားတွေကို သူတို့အမှတ်အသားပြားတွေက တဆင့် လွဲပေးလို့ ရပါပြီ … ”
***