အခန်း (၁၆၁)
Vol. 11 Ch. 161
အီရန်ဘွိုင်းမှ သူ့ကို စော်ကားမော်ကား ပြောနေသည်ကိုမြင်တော့ ကျိုးဟွိုက်ကျန်း အံ့အားသင့်သွားခဲ့သည်။ ရှေးယခင်ကဆိုလျင် သူအီရန်ဘွိုင်း ခေါ်တိုင်း အမှိုက်ပစ်ခိုင်းစမြဲပင်။
ခုတော့ သူ့ကို ဘာမဟုတ်တဲ့ကောင်က ဆဲလိုက်တယ်တဲ့လား...
ဘယ်ကောင်က သူ့ကို ဒီလိုပြောဖို့ သတ္တိပေးလိုက်တာလဲ...
"ငိုးမသား မင်းစောင့်နေ...မင်းအလုပ်မပြုတ်ဘူးဆိုရင် ငါ့မျိုးရိုးနာမည် ကျိုးမဟုတ်တော့ဘူး.."
"ခင်များဘာခင်များ ဘာမျိုးရိုးပဲ ပြောင်းပြောင်း မကျေနပ်ရင် ကျုပ်မျိုးရိုးနာမည်ပါယူလိုက်..."
ထို့သို့ပြောပြီးနောက် လင်းရီ လှည့်ထွက်သွားလိုက်သည်။ သူ့တွင် ကျိုးဟွိုက်ကျန်းနှင့် ကစားရန် အချိန်မရှိပေ။
သူတံခါးသို့ ရောက်သွားချိန်တွင် ဒီလီပို့သည့် ကောင်လေးတစ်ဦး လက်ထဲတွင် အမှိုက်အိတ်နှစ်လုံးကို ကိုင်ကာ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ဖုန်းခေါ်လိုက်ပြီး "ဟယ်လို မဒမ်..ကျွန်တော်အမှိုက်ပစ်ပြီးပြီနော်..ကျေးဇူးပြုပြီး ကြယ်ငါးပွင့် ရီဗျူးလေး လုပ်ပါဦးဗျ..."
"အေးအေး..ကျေးဇူးပါပဲနော်..."
လင်းရီ ဖြည်းဖြည်းချင်း လျောက်သွားပြီး အနီးတစ်ဝိုက်ကိုကြည့်လိုက်တော့ ဒီလီပို့သူသုံးဦး ထွက်လာပြီး နှစ်ဦးမှာ အမှိုက်အိတ်များကို သယ်ဆောင်ထား၏။
အင်း သူတို့ ကတ်စတန်မာတွေ အတွက် အမှိုက်ပစ်ပေးနေတာပဲ ဖြစ်ရမယ်...
ထူးဆန်းတာ တစ်ခုလည်း ရှိသေးသည်။ လင်းရီကဲ့သို့ အီရန်ဘွိုင်းတစ်ယောက် ပီဇာဘူး ဆယ်ခုထက်မနည်း သယ်လာသည်ကို မြင်လိုက်ရပြီး ယူနီဖောင်းသာ ၀တ်မထားပါက လင်းရီ ထိုသူကို အစားသောက် ဒီလီပို့သူဟုပင် အထင်မှားမိပေလိမ့်မည်။
လင်းရီ ထိုမြင်ကွင်းကိုတော့ သဘောတွေ့မနေခဲ့။
ဘ၀ကြီးမှာ ခက်ခဲလှ၏။ ကြယ်ငါးပွင့်ရီဗျူးလေး တစ်ခုရရန်အတွက် အများသူငါ၏ မတူသလို မတန်လို အကြည့်များကို မသိကျေးကျွန်ပြုကာ ခိုင်းသမျှ အစေခံသဖွယ် လိုက်လုပ်ပေးနေရသည်။
လင်းရီ ထွက်သွားတော့မည့် အချိန်တွင် ယူနီဖောင်းနှင့် လူတစ်ဦး စားပွဲခုံ အကျိုးတစ်ခုကို အမှိုက်ပုံးဆီသို့ ခက်ခက်ခဲခဲဖြင့် သယ်လာသည်ကို တွေ့လိုက်ရ၏။
လင်းရီ ရပ်ကြည့်မနေရက်ပဲ ထိုလူထံ ပြေးသွားပြီး ကူညီလိုက်သည်။
"အဆင်ပြေလားငါ့အကို ကူညီပေးရမလား..."
"ဟုတ်ကဲ့..ကျေးဇူးပါဗျာ..."
လင်းရီ ရောက်ရှိလာမှုက ဒီလီပို့သည့်လူအတွက် အများကြီး သက်သာသွားခဲ့၏။
စားပွဲခုံကို ပစ်ပြီးနောက် နှစ်ယောက်သား လှေကားထစ်များပေါ်တွင် အနားယူလိုက်ကြသည်။
"ကျေးဇူးပါ ညီကိုရာ ခင်များသာ မကူညီလို့ကတော့ ကျုပ်တော့ ပမ်းသေမှာပဲ...."
ထိုသို့ပြောရင်း ဒီလီပို့သည့်သူမှာ စီးကရက်နှစ်လိပ်ထုတ်၍ "တစ်လိပ် ယူဦးမလား..."
"မပြောပလောက်ပါဘူးဗျာ...အဲ့လောက်လည်း ကျေးဇူးတင်မနေနဲ့.."လင်းရီ စီးကရက်ကို ယူရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
လင်းရီ ကျောင်းပြီးသည့်အချိန်မှစ၍ ဆေးလိပ် ဖြတ်ခဲ့၏။ ယမန်နေ့ညက ကဲ့သို့ စိတ်ဖိစီးသည့်အခြေနေတွင်တော့ ခေါင်းရှင်းစေရန် တစ်လိပ် နှစ်လိပ်လောက်တော့ ကိုင်သည်။
သို့သော်လည်း ဒီလီ ပို့တဲ့သူ၏ စိတ်စေတနာကို မငြင်းပယ်ချင်သောကြောင့် တစ်လိပ်လောက် လက်ခံလိုက်သည်။
"ဟင်း...ဒီလီသမားတွေ အတွက်တော့ မလွယ်ပါဘူးကွာ..."ဒီလီပို့သူမှ သက်ပြင်းချလိုက်ပြီး "တစ်ခါတစ်လေ ကျုပ်ကိုယ်ကျုပ် ဒီလီသမားလား..အမှိုက်သမားဆိုတာတောင် မခွဲခြားတတ်တော့ဘူး..."
"ခင်များသူတို့ကို မငြင်းဘူးလား..."
"တကယ်လို့ ခင်များသာ ငြင်းလိုက်မယ်ဆိုရင် မကောင်းတဲ့ရီဗျူးတွေ ပေးခံရပြီး ပလက်ဖောင်းက နေ့တစ်၀က်စာ ဖိုင်းကောက်တယ်ဗျ....တကယ်မလွယ်ပါဘူးဗျာ..."
"ခု ခင်များလို ကူညီတတ်တဲ့ တိုက်ပိုင်ရှင်တွေက အရမ်းရှားသွားပြီ..."
လင်းရီ ရယ်မောလိုက်ပြီး "တကယ်တော့ ကျုပ်က တိုက်ခန်းပိုင်ရှင် မဟုတ်ဘူး...ကျုပ်လည်း အီရန်ဘွိုင်ူပဲဗျ...ကျုပ်တို့က အတော်လေး ဆင်တူတယ်လို့ပြောလို့ရတယ်..."
"မဖြစ်နိုင်တာ..အဲ့တာဆို ဘာလို့ ယူနီဖောင်း မ၀တ်ထားတာလဲဟ..ဖိုင်းကောက်ခံရမှာ မကြောက်ဘူးလား.."ဒီလီပို့သည့်သူမှ စေတနာဖြင့် သတိပေးလိုက်သည်။ "ဒါနဲ့ ညီကိုက အတော်လေး ခန့်တာပဲ..ဘာလို့ ဒီအီရန်ဘွိုင်းကြီး လုပ်နေလဲဗျာ..သူဌေးသမီးတစ်ယောက်ယောက် ရှာလိုက်ပြီး သက်တောင့်သက်သာ ထိုင်စားလို့တောင်ရတယ်..."
"လူတိုင်းမှာ မတူညီတဲ့ ရည်မှန်းချက်ကိုယ်စီ ရှိကြတာပဲမဟုတ်လား..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဖက်ခ်...မင်းဒီမှာ ရှိသေးတာလားကွ..."
နှစ်ယောက်သား စကားပြောနေတုန်း မနီးမဝေးမှလာသည့် ကျိန်ဆဲသံကို ကြားတော့ လင်းရီ နောက်သို့ လှည့်ကြည့်သောအခါ သူ၏ စောနက ကတ်စတန်မာကြီးကို တွေ့လိုက်ရလေသည်။
ထို့ပြင် သူ့လက်ထဲ၌လည်း အမှိုက်အိတ်ကြီး နှစ်လုံး သယ်ထားသေး၏။
"ဘာလဲ..ခင်များ ကျုပ်ဆီကနေ ဘာလိုချင်သေးလို့လဲ..."
"ဘာမှမဟုတ်ဘူး..မင်းရဲ့ ကြယ်ငါးပွင့် ရီဗျူးလေးတော့ သွားပြီလို့ ပြောချင်လို့..ငါခု မင်းကို ပလက်ဖောင်းဆီ ကွန်ပလိန်းတက်တော့မှာ ..မင်းအလုပ်ပြုတ်ဖို့သာ ပြင်ထား..."
"သဘောပဲ..."လင်းရီ ထူးမခြားနားစွာ ပြောလိုက်၏။
ဒီလီပို့သည့်သူမှာ ကြက်သေသေသွားပြီး "ညီကို..ဘာတွေ ဖြစ်ခဲ့တာလဲဟ..."
"ကျုပ်သူ့ကို အော်ဒါ သွားပို့ပြီးတော့ အမှိုက်ပစ်ပေးဖို့ ပြောတယ်လေ...ကျုပ်သောက်ဂရုမစိုက်တော့ အဲ့ဘဲ ဒေါပွပြီး ဒီလိုတွေ အာလာချောင်နေတာ...."
"အဲ့လိုလား..."ဒီလီပို့သည့်သူမှာ မတ်တပ်ရပ်လိုက်ပြီး "သူဌေး..ကျေးဇူးပြုပြီး စိတ်ထိန်းပါဦးဗျ...ဒီတိုင်း အမှိုက်အိတ်နှစ်အိတ်လေးလောက်နဲ့တော့ သူဌေးရဲ့အဆင့်အတန်းကို ကျုပ်သူငယ်ချင်းအဆင့်တန်းထိ ရောက်အောင် မနိမ့်ချပါနဲ့ဗျာ...သူဌေးသာ ကွန်ပလိန်းတက်လိုက်ရင် ရသမျှ နေ့စားခလေးတွေ ပြောင်သွားမှာဗျ...သူဌေးက ကြင်နာတတ်မယ့်ပုံပါဗျာ ...ကျုပ်တို့လို ကောင်တွေနဲ့ ပြိုင်ပြီး နိမ့်ချမနေပါနဲ့လား... "
လင်းရီ သူ့ကို ကူညီပေးထားသောကြောင့် ဒီလီပို့သည့်သူမှာ လင်းရီကို ပြန်ကူညီပေးချင်နေသည်။
"လစ်စမ်း..အမှိုက်ပုံးက ငါ့မျက်စိရှေ့တင်လေးကိုပဲ..မင်းကို ပစ်ခိုင်းဖို့ လိုမယ်များ ထင်နေလား..."
ကျိုးဟွိုက်ကျန်း ကျိန်ဆဲလိုက်၏။
"ဒါ....."
ဒီလီပို့သည့်သူမှာ အော်ငေါက်ခံလိုက်ရ၍ ဒေါသထွက်သွားသော်လည်း သူတတ်နိုင်တာ ဘာမျှမရှိပေ။ နင်လားငါလား မိုက်ချင်သော်လည်း မိမိဘက်မှ ချို့တဲ့သူ ဖြစ်နေသောကြောင့် အားမတန်၍ မာန်လျှော့လိုက်ရသည်။
"လွှတ်ထားလိုက်စမ်းပါ ငါ့အကိုရာ ခင်များကိုယ်ခင်များ အဲ့သောက်ရူးအဆင့် နိမ့်ချ မနေနဲ့..."
လင်းရီ ပြောလိုက်သည်။
"မင်းဘယ်သူ့ကို သောက်ရူးလို့ခေါ်လိုက်တာလဲဟျောင့်..."
"ခင်များကို ပြောနေတာလေ ...ဘာလဲ နားလေးနေတာလား..နောက်တစ်ခါ ထပ်ပြောပေးရဦးမလား..."
နှစ်ဦးနှစ်ဖက် အချင်းများနေသည်ကို တွေ့တော့ လမ်းသွားလမ်းလာများမှာ ရပ်ပြီး စိတ်၀င်တစားဖြင့် ကြည့်ရှုနေကြသည်။
ဒီလီပို့သည့်လူမှာ ကတ်စတန်မာနှင့် ရန်ဖြစ်နေခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဒီကောင်က အလုပ်ဆက်မလုပ်ချင်တော့လို့လားဟ...
"ငါသူ့ကို သိတယ်...သူ့မိသားစုက အတော်လေး ချမ်းသာတယ် ပြောလို့ရတယ်..Audi A6 တောင်မှ စီးနိုင်တဲ့လူဆိုတော့ အနေအထားတစ်ခုတော့ ရှိတယ်ဟ..."
"ဟာ...အဲ့တာဆိုရင်တော့ အဲ့ကလေးတော့ သွားပါပြီ...ငါတော့ အဲ့ကောင်လေး သေတဲ့အထိ ကစားခံရတော့မယ် ထင်တယ်..."
"အင်း သူတို့ကိုယ်၌က ကိုယ့်အဆင့်ကို မသိမှတော့ ခံရတာ နည်းတောင်နည်းသေးတယ်..."
ကျိုးဟွိုက်ကျန်း သွေးဆူ ဒေါသထွက်နေပြီး "ငိူးမ ပစ္စည်း လိုက်ပို့တဲ့ကောင်..မင်းကို ဘယ်ပထွေးက ဒီလိုပြောဖို့ သတ္တိတွေ ပေးလိုက်လဲဆိုတာ မသိပေမယ့် ဒီကိစ္စကိုတော့ လွယ်လွယ်နဲ့ အဆုံးသတ်ပေးမယ်မထင်နဲ့..."
"အဲ့တာဆို ခင်များကိုလည်း ဘယ်သူက ဆရာကြီးလိုလို သဘာကြီးလိုလို စတိုင်ဖမ်းဖို့ ဘယ်ကောင် သင်ပေးလိုက်တာ......"
"ဟျောင့် ..ငါက ကျိုးဟိုင် ရေနံစက်ရုံ မန်နေဂျာကွ... "
ထိုသို့ပြောပြီးနောက် ကျိုးဟွိုက်ကျန်း သူ၏ ကားသော့ကို ထုတ်လိုက်ပြီး မနီးမဝေး၌ ပါကင်ထိုးထားသော Audi A6 ၏ ရှေ့မီးများ လင်းလက်သွားစေသည်။
"ငါ့၀င်ငွေက တစ်နှစ်ကို ယွမ်၅ သိန်းအထက်ရှိတယ်..ပြီးတော့ စီးတဲ့ကားကလည်း Audi A6 ...ငါ့ယုံကြည်မှုတွေက အဲ့ဒီက လာတာပဲဟျောင့်..."မင်းမှာ ငါနဲ့ ယှဉ်နိုင်စရာ ဘာရှိလဲ..."
ကျိုးဟွိုက်ကျန်း၏ Audi A6 ကိုမြင်တော့ ဒီလီပို့သူမှာ လင်းရီကို နောက်ပြန်ဆွဲလိုက်သည်။
"ညီကို စိတ်ထိန်းဦးဟ ..အဲ့ကားက သေချာပေ့က် ဈေးမပေါဘူး...သူ့ကို မစော်ကားနဲ့.မဟုတ်ရင် ထမင်းငတ်သွားနိုင်တယ်...တော်ကြာ ရှိစုမဲ့စု လစာလေးတောင် ပြန်ပေးနေရဦးမယ်နော.."
"ဘာဆိုင်လို့ပေးရမှာ..အဲ့ဘိုးတော်ကို ပေးမယ့်အစား သူတောင်းစားပေးတောင် ကုသိုလ်ရဦးမယ်...သောက်လုပ်ရှုပ်ခံမနေနဲ့..."
"ဟာ...အဲ့လိုလုပ်လို့ မဖြစ်သေးဘူးလေကွာ..သူသာ ပလက်ဖောင်းကို ကွန်ပလိန်း တက်လိုက်လို့ကတော့ အဆုံးသတ်ကုန်တော့မှာပေါ့ဟ..."
"ဟားဟား..မဆိုးဘူး..မင်းကတော့ ကိုယ့်နေရာကို သိသေးတာပဲ..."
ကျိုးဟွိုက်ကျန်း ရယ်မောလိုက်သည်။
"ငါ ခက်ခဲအောင် မလုပ်ချင်ဘူးကွာ..လူတွေက ငါ မင်းတို့ကို အနိုင်ကျင့်နေတယ်လို့လည်း အပြောမခံနိုင်ဘူး...ဒီတော့ ငါ့ကိုဦးညွတ်ပြီး တောင်းပန်လိုက်...အဲ့တာဆိုရင် ခွင့်လွှတ်ပေးမယ့်အပြင် ကြယ်ငါးပွင့် ရီဗျူးကိုပါ ပေးလိုက်ဦးမယ်..."
"ဟမ့်...မဖြစ်စလောက် Audi A6 နဲ့ လာပြီး မောက်မာပြနေသေးတယ်..."
"ဟားဟား..."
လင်းရီ၏ စကားလုံးများက ရပ်ကြည့်နေသူများကို ပွဲကျသွားစေသည်။
"ဒီကလေးက ဘာမှားနေတာလဲကွ..ကိုယ်တိုင်ကျ
အီရန်ဘွိုင်း လုပ်နေပြီးတော့ Audi မောင်းတဲ့သူကို အထင်သေးနေတယ်တဲ့လား..."
"အေး..ငါလည်း အဲ့တာကိုပဲ ထူးဆန်းနေတာ...ဒီကောင်က အွန်လိုင်း ကီးဘုတ်ဖိုက်တာများလား..ဒါပေမယ့် ခုဟာက တကယ့် အပြင်လောကကြီးလေကွာ ..အွန်လိုင်းမှာလို သောက်ကြီးသောက်ကျယ်တွေ ပြောလို့ရတယ်များ မှတ်နေလား မသိဘူး..."
"နယူဘီလေး နေမှာပါကွာ..မကောင်းတဲ့ ရီဗျူး လေးငါးခုလောက် ရပြီးသွားရင် ဘယ်သူက သူဌေး ဘယ်သူကမြေးလဲဆိုတာ သိသွားလိမ့်မယ်..."
"ဟုတ်ပါ့...အီရန်ဘွိုင်းကများကွာ..တယ်လေ မိုက်ရိုင်းလိုက်တာ..."
ကျိုးဟွိုက်ကျန်း ကားသော့ကို လက်ထဲတွင် ကစားလိုက်ပြီး "ငါလည်း သိချင်နေတာ ဘာလို့ သောက်ရမ်းတွေ မောက်မာပြီး ငါ့ Audi ကိုများ ဘာမှမဟုတ်သလို အထင်သေးနေတာလဲလို့...အဲ့ယုံကြည်ချက်တွေ ဘယ်ကနေရလာတာ ..."
လင်းရီ ကားသော့ ထုတ်လိုက်ပြီး Koenigsegg ၏ ကားမီးများ လင်းလာကာ ကားတံခါးများ အလိုအလျောက် ပွင့်လာခဲ့၏။
"ဒါက ကျုပ် ယုံကြည်ချက်တွေ ဘယ်နားကလာလဲဆိုတာပဲ..."