← Chapters

အခန်း(၁၆၂)

Vol. 11 Ch. 162

အခန်း(၁၆၂)

Vol. 11 Ch. 162

"အဲ့...အဲ့ Koenigsegg ကမင်းဟာ‌လား..."

"အမှန်ပဲ..အဲ့တာ ကျုပ် သန်း၃၀ လောက်အကုန်ခံပြီး ၀ယ်ထားတဲ့ Koenigsegg RSပဲ..အဲ့ကား တစ်စီးနဲ့တင် ခင်များ အော်ဒီ အစီး၆၀ လောက် ၀ယ်လို့ရတယ်ဆိုတာ နားလည်လား..."လင်းရီ ထေ့ငေါ့သည့် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဝှက်သယ်ဖက်...သန်း ၃၀ ကျော်တဲ့ Koenigsegg RSကြီးဟ..."

ကျိုးဟွိုက်ကျန်းနှင့် ရပ်ကြည့်သူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။

သူတို့အားလုံး ပုံရိပ်ယောင်လား လက်တွေ့လားဆိုတာ ခန့်မှန်းရ ခက်နေကြသည်။

အီရန်ဘွိုင်းက Koenigseggကားသော့ကို တကယ်ကြီး ထုတ်ပြလိုက်တယ်တဲ့လား...

ငိုးမ ကမ္ဘာကြီးက ဘာတွေ ဖြစ်နေတာလဲဟ...

သူတော့ ပြဿနာ တက်ပြီ...

"ဒီလောက် ဆိုရင် သင့်တော်တဲ့ ယုံကြည်ချက်လို့ သတ်မှတ်လို့ရပြီလား..."

ကျိုးဟွိုက်ကျန်း၏ မျက်နှာမှာ ရှက်လွန်း၍ ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေလေသည်။

ဒါ ပါးဖြတ်ရိုက်ခံလိုက်ရတာပဲ...

ဒီလီပို့သည့်လူကတော့ လင်းရီကားကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။

ဒီလောက်ချမ်းသာတဲ့ သူဌေးသားက ငါလခွမ်းမို့ ပုန်းလျိုးကွယ်လျိုးနဲ့ အီရန်ဘွိုင်း လာလုပ်တာလားကွ....

"မင်း...မင်းက သောက်ရမ်း‌ချမ်းသာပြီးနေပြီလေကွာ...ဘာကိစ္စ အီရန်ဘွိုင်း လုပ်နေသေးလဲ.."

ကျိုးဟွိုက်ကျန်း တုန်ရီစွာဖြင့် မေးလိုက်သည်။

"ဒီတိုင်း အတွေ့ကြုံရချင်လို့လေ...မရဘူးလား..."

"ဒါ..ဒါပေါ့..မင်းယူလို့ရ....."

ကျိုးဟွိုက်ကျန်း မျက်နှာ စိမ်းပုပ်သွားသည်။

ဒီသောက်ကလေးက သန်း၃၀ တန်ကားနဲ့ အီရန်ဘွိုင်း လုပ်နေတယ်တဲ့လား...

၎င်းကသူ့ကို ဘ၀အထွတ်အထိပ်သို့ ရောက်အောင် ပြုလုပ်ရန် လုံလောက်သည်။

အကယ်၍ သူသာ ယခုလို လုပ်နိုင်ပါက တစ်ဘ၀လုံး ကြွားမဆုံးနိုင်မည့် ဖြစ်ရပ်ကြီး ဖြစ်ပေတော့မည်။

"ခင်များက ရွှေကြာ ရေနံကုမ္ပဏီက ဟုတ်တယ်မလား..."

လင်းရီ အပြုံးလေးဖြင့် မေးလိုက်သည်။

"ဘာ...ဘာလုပ်မလို့လဲ..."

"ဟမ့် ခင်များ ထင်နေတာ ကျုပ်က အဲ့ဒီနယ်ပယ်မှာ အဆက်အသွယ်တွေ မရှိဘူးလို့ ထင်နေတာလား..နောက်အလုပ်တစ်ခု ပြောင်းဖို့သာ ပြင်ထားပေတော့..."

လင်းရီ ရွှေကြာ ရေနံကုမ္ပဏီမှာရှိသည့် မည်သူတစ်ဦး တစ်ယောင်နှင့်မျှ မရင်းနှီးသော်လည်း ချင်းဟန်၏ ကွန်ရက်နှင့် ဆိုပါက သူတို့၏ဘော့စ်ကို ဆက်သွယ်ရန် ခက်ခဲလိမ့်မည် မဟုတ်ပေ။

"မ..မဟုတ်ဘူးလေကွာ..မင်းက ဒီလောက်ချမ်းသာနေတယတောင်မှ ငါ့လိုပါမွှားလေးနဲ့တုပြီး ဘာလို့ ရန်ဖြစ်နေဦးမှာလဲဟ..."ကျိုးဟွိုက်ကျန်း ကယောင်ကတန်းတွေ ဖြစ်ကုန်သည်။

"စိတ်ချပါ ကျုပ်လည်း စိတ်ရှုပ်ခံရအောင် အဲ့လောက် အားယားနေတဲ့ကောင်မဟုတ်ဘူး..."

လင်းရီ သူ့တင်ပါးရှိ ဖုန်မှုန့်များကို ခါလိုက်ပြီး "ကံကောင်းပါစေ..."

လူတိုင်း၏ အကြည့်များအောက်တွင် လင်းရီ ကားထဲ၀င်ပြီး ထွက်သွားခဲ့၏။

Koenigsegg ၏ သားရိုင်းကဲ့သို့ ဟိန်းသံကြီးက လူတိုင်းကို ပစ္စုပ္ပန်သို့ ဆွဲခေါ်လာခဲ့သည်။

ယခုလေးတင် သူတို့ ကြုံတွေ့ခဲ့သမျှ အားလုံးဆိုတာ သေချာသွားစေတော့၏။

သေစမ်း..သောက်ရမ်းချမ်းသာတဲ့ စူပါ သူဌေးသားကြီးက အတွေ့ကြုံရဖို့ အီရန်ဘွိုင်း လုပ်နေတယ်တဲ့လား...

ထွက်သွားပြီး မကြာမီ လင်းရီ ဖုန်းထဲသို့ မကောင်းသည့် ရီဗျူးများ ပေးထားကြောင်း အသိပေးစာ တက်လာခဲ့သည်။

လင်းရီ အသာအယာ ပြုံးလိုက်သည်။ ထိုငနဲကတော့ ရူးသွပ်သွားပြီး သူ၏ ဒေါသကို ဖြေသိမ့်ရန် လုပ်မိလုပ်ရာ လျှောက်လုပ်နေခြင်း ဖြစ်လောက်၏။

လင်းရီ ကတော့ အများကြီး စဉ်းစားမနေပဲ နောက်ထပ် အော်ဒါတစ်ခုယူကာ အချိန်ခဏ ဖြုန်းလိုက်၏။

နေ့လယ်ခင်းတွင်တော့ လင်းရီ အော်ဒါ ၆ ခု လက်ခံခဲ့သော်လည်း နှစ်ခုသာလျင် ကြယ်ငါးပွင့် ရီဗျူး ရရှိခဲ့၏။

ကံမကောင်းစွာဖြင့် သူ၏ ကျန်သည့် ကတ်စတန်မာ ၆ ယောက်လုံးမှာ အမျိုးသားများ ဖြစ်နေခဲ့၍ သူ၏ ခန့်ညားလှသည့် ရုပ်ရည်မှာ အသုံးမ၀င် ဖြစ်ခဲ့ရသည်။

မကောင်းသည့် ရီဗျူးမျာ တက်မလာသည်ကိုတော့ အဆိုးထဲမှ အကောင်းဟု ပြောရပေမည်။

သို့သော်လည်း တစ်ချို့ ကတ်စတန်မာများကတော့ လင်းရီ ၀ယ်လာခဲ့သည့် ပစ္စည်းများမှာ သူတို့ မျှော်လင့်ထားသည်ထက် ဈေးပိုနေသောကြောင့် မကျေမနပ်ဖြင့် မကောင်းသည့် ရီဗျူးများ ပေးထားကြ၏။

၎င်းက လင်းရီကို ကတ်စတန်မာ အလိုကျ ဖြစ်စေရန် မည်မျှ ခက်ခဲကြောင်း သတိထားမိသွားစေသည်။

ထို့ကြောင့် လင်းရီ အော်ဒါယူရာတွင် ကြယ်ငါးပွင့် ရီဗျူးရရန် သိပ်မမျှော်မှန်းရဲတော့။

လင်းရီ စနစ်၏ စာမျက်နှာကို ကြည့်လိုက်သောအခါ မစ်ရှင်နေရာ၌ (၆/၁၀ )ဖြစ်နေကြောင်းတွေ့လိုက်ရ၏။ ညနေ လေးနာရီလည်း ကျော်နေပြီ ဖြစ်သောကြောင့် ယနေ့အတွင်း ကြယ်ငါးပွင့် အော်ဒါ ဆယ်ခုရရန် ရည်မှန်းချက်မှာ မပြည့်စုံနိုင်တော့ချေ။

"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး သေချာစစ်ဆေးပေးပါ.."

လင်းရီ အော်ဒါကို ကြည့်လိုက်သောအခါ ဆေး၀ယ်ခိုင်းထားကြောင်း အမှတ်မထင် တွေ့လိုက်ရ၏။

ပိုပြီးစိတ်၀င်စားဖို့ကောင်းသည်ကတော့ ၀ယ်ခိုင်းလိုက်သည့် ဆေးပင်။

"သန္ဓေတားဆေး..."

သူဤဆေးပို့ပြီးသည့်အချိန်တွင်တော့ သူ၏ ကတ်စတန်မာမှာ တိုက်ပွဲကြီး နွှဲတော့‌မည်ဖြစ်ကြောင်း သူတပ်အပ်ပြောနိုင်သည်။

ကလင် ကလင် ကလင်

အလုပ်စတော့မည့် အချိန်တွင် လင်းရီ အိတ်ကပ်ထဲရှိ ဖုန်းမြည်လာပြီး ကျီချင်းရန်မှ ခေါ်လာခြင်းပင်။

"လင်းရီ ..နင်အလုပ်မပြီးသေးဘူးလား...."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

" အေး ခုလေးတင် အော်ဒါအသစ် လက်ခံထားတာ...စဖို့တောင် ပြင်နေပြီ..."

"ဟဲ့ အချိန်လေး ဘာလေးကြည့်ဦး.. လေးနာရီတောင် ကျော်နေပြီလေ..ဘာလို့ ဆက်လုပ်နေသေးတာလဲ..."

"ဘယ်တတ်နိုင်ပါ့မလဲ...လူက နေချင်ပေမယ့် ၀မ်းက မနေဘူးလေ...နောက်မှာ ကျွေးမွေးရမယ့် မိသားစုကြီးက ရှိနေတာကိုးဟ"

"ကျွတ်..နင့်ပြောလိုက်ရင် အိုက်တိုင်းကြီးပဲ...,ငါတို့ကျတော့ ကျွေးစရာ မိသားစုမရှိတာကျလို့..."ကျီချင်းရန် ပြောလိုက်၏။

"နင်ဒီနေ့ ငါ့အိမ်လာပြိး ချက်ပြုတ်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား...ဘာလဲ..မေ့နေတယ်လို့တော့ မပြောနဲ့နော်..."

"မပူနဲ့..ငါအားလုံး မှတ်မိတယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "အလုပ်ပြီးတာနဲ့ မင်းကို လာကြိုပေးမယ်..."

"ပြီးတာပဲ လာကြိုနော်..ငါတို့ ဈေးလိုက်ရဦးမှာ..ငါ့ရေခဲသေတ္တာထဲလည်း ဘာမှ မကျန်တော့ဘူး..."

"အိုကေ..ကုမ္ပဏီမှာ စောင့်နေလိုက်..."

ကျီချင်းရန်နှင့် စကားခဏပြောပြီးနောက် လင်းရီ ဖုန်းချလိုက်ပြီး အလုပ်စရန် ပြင်လိုက်၏။

လင်းရီ ထိုဆေးကို အရမ်း၀ယ်ပေးချင်နေသည်။ ဈေးမှာလည်း သင့်တင့်သောကြောင့် သူ ကြယ်ငါးပွင့်ရီဗျူးရရန် ပိုပြီး မျှော်လင့်ချက်ရှိ၏။

မကြာမီ လင်းရီ နီးစပ်ရာ ဆေးဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့၏။

စတိုးဆိုင်ရှိ ၀န်ထမ်းများမှာ Koenigsegg ၏ အင်ဂျင်သံကို ကြားတော့ ခေါင်းထောင်ကြည့်လိုက်ပြီး"ဟဲ့ဟဲ့ ...ဟိုမှာ စူပါကားကြီးတော့်.."

"ဟယ် ..ကားကြီးက လန်ထွက်နေပါရောလား...ဘာဘရန်းလဲတဲ့..."

"ငါလည်း ဘယ်သိမှာ ....ဈေးတော့နည်းမယ် မထင်ဘူး....၁၀ မီလီယမ်လောက်တော့ ရှိမယ် ထင်တာပဲ..."

"ကားပဲ ကြည့်မနေကြနဲ့....မောင်းတဲ့ သူကိုလည်းကြည့်လိုက်ဦး..အဆင်လေးတော့..."

"သူ့ပုံစံကြည့်ရတာ ငါတို့ဆိုင်မှာ ဆေး၀ယ်မယ့်ပုံပဲ..ဒီခါ ငါရောင်းမှာနော်..လာမလုနဲ့..."

"ဟဲ့ဟဲ့ ကောင်မတွေ နှာထမနေကြနဲ့..."သက်လတ်ပိုင်း အရွယ်ရှိ စတိုးဆိုင် မန်နေဂျာမှ သတိပေးလိုက်၏။

"သူ့လိုလူမျိုးက ချမ်းသာတဲ့ဒုတိယမျိုးဆက် နင်တို့ သုံးယောက်က သာမန်အောက်ခြေ လူတန်းစားတွေ ဟိုကလည်း နင်တို့ကို ထည့်စဉ်းစားနေမှာ မဟုတ်ဘူး..ဒီတော့ ပုံမှန်လေးပဲရောင်း..."

"အစ်မလီကလည်း..စမီးတို့က စိတ်ကူးလေးပဲ ယဉ်ကြည့်တာပါ...အဲ့လိုပြောလိုက်တော့ ယဉ်နေတာလေးတောင် ဘယ်ရောက်သွားလဲ မသိတော့ဘူး.."

အမျိုးသမီးစတိုးဆိုင်မန်နေဂျာမှ ရယ်မောလိုက်သည်။

"ညည်းတို့ကိုတော့ ငါတကယ် မနိုင်တော့ဘူး..."

လင်းရီ စတိုးဆိုင်မန်နေဂျာကို မြင်တော့ သူမထံ တည့်တည့် သွားလိုက်၏။

"ဟယ်လို တားဆေး တစ်ဘူးလောက် ရနိုင်မလား..."

"တားဆေး..."

၀န်ထမ်းအားလုံးမှာ အမျိုးသမီးများ ဖြစ်သောကြောင့် ထိုဆေးနှင့် ရင်းနှီးပြီးသားဖြစ်၏။

"ဟီးဟီး အစ်ကိုလေးက ဒီည အချိန်ကောင်းလေးတွေ ပိုင်ဆိုင်တော့မယ်တူတယ်..."

"အဲ့လို ကံကောင်းတဲ့သူက ဘယ်သူများလဲ မသိဘူးနော်..."

"ဒီကောင်မတွေကတော့ ဘာမှ နားမလည်ပါဘူးအေ..ကိုယ်၀န်ရတော့ကော ဘာဖြစ်လဲ...ချမ်းသာတဲ့ မိသားစုထဲ ခြေတစ်လှမ်း၀င်ပြီးသွားတောင် ဖြစ်သေး..."

"အမှန်ပဲ..တကယ်လို့ ငါသာ နောက်ထပ် ပေါင် ၅၀လောက်လာက် ကျသွားမယ်ဆိုရင်တော့ သူ့ကို မြှူဆွယ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်"ပေါင် ၂၀၀ ၀န်းကျင်ရှိသည့် အမျိုးသမီး၀န်ထမ်းတစ်ဦးမှ ပြောလိုက်၏။

တစ်ခြားတစ်ဖက်တွင်တော့ မန်နေဂျာမှာ တားဆေး ထုတ်ပေးနေပြီး ဖြစ်၏။

"တစ်ဘူးထဲ ယူမှာလား..."

"အာ..."

လင်းရီ သူမတို့ အထင်လွဲနေကြောင်း သတိထားမိသော်လည်း ထွေထူး ရှင်းပြမနေတော့။

"တစ်ဘူးဆိုရပြီ..."

"ကောင်းပါပြီ ခဏလောက်နော်..ပြေစာရေးပေးမယ်..."

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် လင်းရီ ပိုက်ဆံချေပြီး ထွက်လာခဲ့လိုက်သည်။

"အစ်မလီ..ဘာလို့ သူ့ကို တစ်ဘူးပဲလားလို့ မေးလိုက်တာလဲ.."အရောင်းသမလေးမှ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

"ဒီလို ချမ်းသာတဲ့ သခင်လေးတွေက သာမန်လူတွေနဲ့ တူမယ်လို့ ထင်လား..."

အစ်မလီ မျက်လုံး လှိမ့်လိုက်သည်။

"သူတို့က တစ်ညတည်းနဲ့ မိန်းကလေးတွေအများကြီးခေါ်ပြီး ကဲတာ...နင်တို့ သဘောပေါက်ပါတယ်...အဲ့တာကြောင့် တစ်ဘူးထဲ လောက်ပါ့မလားလို့မေးတာ."

"သေချာကြည့်ပြီး သင်ယူထား နောက်ကျ ဒီလို သခင်လေးတွေ ဆေးလာ၀ယ်ရင် ကောင်းကောင်း မရောင်းတတ်ပဲ ဖြစ်နေမယ်..."

အစ်မလီ ဂုဏ်ယူစွာဖြင့် သူမ ဆံပင်ကို နောက်ပစ်လိုက်ပြီး "အင်း...တကယ်လို့ ငါသာ အနှစ်၂၀ လောက် ပြန်ငယ်မယ်ဆိုရင် သေချာပေါက် ဒုတိယမျိုးဆက် သခင်လေးကို အမိဖမ်းနိုင်လောက်တယ်..."

All Chapters