အခန်း (၁၆၃)
Vol. 11 Ch. 163
ဆေး၀ယ်ပြီးနောက် လင်းရီ ကျုံးချိုင်မြို့သို့ မောင်းသွားလိုက်သည်။
တင်းတောင် တင်းတောင် တင်းတောင်...
"ခဏ...လာနေပြီ..."
လင်းရီ တံခါးဘဲလ်နှိပ်လိုက်သောအခါ အထဲမှ တုန့်ပြန်သည့် အသံကို ကြားလိုက်ရ၏။
တံခါးပွင့်လာပြီး tulle topနှင့် ဆက်စီဆန်သည့် အမျိုးတစ်ဦးတစ်ဦး တံခါး၀၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။
"နင်ပဲ..."
အထဲမှ လူကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
မိုချင်း၀မ်နှင့် ပြန်လည်ဆုံတွေ့လိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"နင်က အီရန်ဘွိုင်း လုပ်နေတယ်ပေါ့.."မိုချင်း၀မ် လင်းရီကို မယုံနိုင်သည့် မျက်လုံးများဖြင့် ကြည့်၍ မေးလိုက်၏။
သူ့(မ)ရှေ့ ရပ်နေတဲ့သူက တကယ်ကြီး လင်းရီမှ ဟုတ်ရဲ့လား...
"ဘာလို့လဲ...လုပ်လို့မရဘူးလား..."
လင်းရီ သူ့အိတ်ကပ်ထဲမှ ဆေးဘူးကို ထုတ်ပေးလိုက်ပြီး "၃၈ ယွမ်..ငွေသားနဲ့ ပေးမလား WeChat pay နဲ့ ရှင်းမလား...."
"ဟား....."
မိုချင်း၀မ် ရင်ဘက်ရှေ့ လက်ကိုပိုက်၍ လှောင်ပြောင်ရယ်မောလိုက်ပြီး သူမ လင်းရီ ပေးနေသော ဆေးကို မယူသေး။ လင်းရီ ယခုလို အီရန်ဘွိုင်း လုပ်နေသည်ကို ပီတိတဖွားဖွားဖြင့် ကြည့်နေ၏။
"ဘာဖြစ်တာလဲ..မတောက်တခေါက်နဲ့ စီးပွားရေးလုပ်ပြီးတော့ ဒေဝါလီ ခံလိုက်ရပြီး ခု တောက်တိုမယ်ရလေးတွေ လိုက်ပို့နေတာလား...ဆိုရိုးအတိုင်း အရှေ့ကို အနှစ်သုံးဆယ်၊ အနောက်ကို အနှစ်သုံးဆယ်၊ ဘ၀ဆိုတာ အတက်အကျ မြန်ဆန်လွန်းတယ်...."
လင်းရီ ရယ်မောလိုက်ပြီး "အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ..ဆေးဖိုး အရင်ပေးသင့်တယ် မဟုတ်ဘူးလား..."
လင်းရီကတော့ ပြောစရာစကား ကင်းမဲ့နေတော့သည်။ သူအော်ဒါလေး နောက်တစ်ခုယူ၍ ကြယ်ငါးပွင့်ရီဗျူး ရချင်သော်လည်း သူမနှင့် လာဆုံလိမ့်မည်လို့ မျှော်လင့်မထားခဲ့။
ကြယ်ငါးပွင့် ရီဗျူးလေး ရဖို့တော့ မမျှော်လင့်တော့ ပါဘူးလို့....
"ဟမ့်..ဘာလို့ အဲ့လောက် လောနေတာလဲ..အတော်ငွေလိုနေတာလား..နင်က အဲ့လောက်တောင် ချွတ်ခြုံကျသွားပြီပေါ့...."မိုချင်း၀မ် ထေ့ငေါ့လိုက်သည်။
"နင်ကတကယ်ကြီး ငါ့ကို အမြင်ဖွင့်ပေးလိုက်တာပဲ..တလောတုန်းက Rolls-Royce phantom ကြီးမောင်းနေပြီးတော့ ခုကျတော့ တောက်တိုမယ်ရ ပစ္စည်းလိုက်ပို့တဲ့ အီရန်ဘွိုင်းလေး လုပ်နေရတယ်တဲ့...တကယ်လို့ နင့်မှာ အရည်အချင်းမရှိရင်လည်း စီးပွားရေး မလုပ်နဲ့လေ..ခုတော့ ရှိသမျှ ပလုံသွားပြီမလား...ကိုယ့်အဆင့်ကို သိစမ်းပါ... "
လင်းရီ ဘာပြောရမှန်း မသိဖြစ်သွားသည်။ သူ မိုချင်း၀မ်ကို ငြင်းပြီးနောက် သူမ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရှိသွားပုံပင်။
ငါ့ကို အဲ့လောက်တောင် မွဲစေချင်နေတာလားဟ...
"စိတ်ပျက်အောင် လုပ်မိရင်တော့ ဆောရီးပါကွာ ငါ့ရဲ့ စီးပွားရေးတွေကလည်း အောင်မြင်နေပြှးတော့ Rolls-Royce လည်း ရှိနေတုန်းပဲ...ဒုက္ခခံပြီး စိတ်ပူပေးမနေနဲ့..."
"နင်ဘယ်သူ့ကိုလာပြီး အရူးလုပ်နေတာလဲ...နင့်မှာ အုပ်ချုပ်ဖို့ ကုမ္ပဏီ ရှိနေသေးတယ်ဆိုရင်လည်း ဘာလို့ အီရန်ဘွိုင်း လုပ်နေသေးလဲဟဲ့...နင့်မှာ တခြား လုပ်စရာတွေ မရှိတော့ဘူးတဲ့လား..."
"ထင်ချင်သလိုထင်..ငါကတော့ သောက်ဂရုကို မစိုက်တာ...."လင်းရီ ပခုံးတွန့်လိုက်သည်။ သူ မိုချင်း၀မ်နှင့် စကားတွေအများကြီး မပြောချင်ပေ။
အဘယ်ကြောင့်ဆိုတော် ကျပ်မပြည့်သည့် ရောဂါက ကူးစက်တတ်သောကြောင့်ပင်။
"ငါခု ဒီဆေး မလိုချင်တော့ဘူး...ပြန်သွားပြီး ဆိုင်ကို ပြန်သွားပေးလိုက်..."သိသာစွာပင် မိုချင်း၀မ် လင်းရီကို ခက်ခဲအောင် ပြုလုပ်ချင်နေလေသည်။
"၀ယ်ပြီးသား ပစ္စည်းဆိုတာ ပြန်ပေးလို့ မရဆော့ဘူးလေကွာ..မင်းမှာ အဲ့လောက်လေးတောင် စဉ်းစားဉာဏ်မရှိဘူးလားကွ..."
"အဲ့တာတွေ နားမလည်ဘူး..ပြန်ပေးလို့ရတာ မရတာကတော့ နင့်အပိုင်းပဲ..ငါနဲ့ ဘာမှ မဆိုင်ဘူး..."
"ရတယ်လေ...ဘာပဲဖြစ်ဖြစ်ပေါ့.."လင်းရီ ဆေးဘူးကို လွင့်ပစ်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။ သူ မိုချင်း၀မ်နဲ့ အချင်းများပြီး အချိန်မဖြုန်းချင်တော့ပေ။
"လင်းရီ...ဘာလို့ အဲ့လောက်လောနေတာလဲ...ခဏလောက်နေပါဦးလား..."မိုချင်း၀မ် ကောင်ကျစ်စော အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါလည်း ဘာမှ လုပ်စရာ မရှိဘူးဆိုတော့ နင့်ကို ဓာတ်ပုံ ရိုက်ပေးမယ်လေ..."
"ဘာလုပ်ဖို့ ဓာတ်ပုံရိုက်မှာ..."လင်းရီ မေးလိုက်၏။
"သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်ရဲ့ ကျော်ကြားတဲ့ ဂျီးနီးယပ်စ်ကြီးက စီးပွားရေးတွေ အရှုံးပေါ်ပြီးတော့ အီရန်ဘွိုင်း လုပ်နေတယ်တဲ့...ဒါက သတင်းထူးကြီးပဲလေ..ပြီးတော့ နင်က ရုပ်ရည်လေး သနားကမားနဲ့ဆိုတော့ ဓာတ်ပုံရိုက်ပြီး ငါ့ သူငယ်ချင်းတွေဆီ ပို့ပေးရမယ်...အဲ့တာမှ နင့်ကို ဝိုင်းသနားပြီး ထောက်ပံ့ပေးကြတော့ နင်လည်း ချောင်ချောင်လည်လည် ဖြစ်မှာပေါ့ဟဲ့..."မိုချင်း၀မ် ပြောလိုက်သည်။
"ငါမင်းကို မလိုဘူးလို့ ပြောပြီးပြီ မဟုတ်လား...ဒါမှမဟုတ် လူလိုနားမလည်တာလား...ပုံမှန်လေးပဲနေ..မဟုတ်ရင် စိတ္တဇ ဆေးရုံရောက်နေဦးမယ်..."
"ဟမ့်...သနားလို့ ကူညီပေးချင်တာ စေတနာနဲ့ကို မတန်ဘူး..."မိုချင်း၀မ် မောက်မာစွာ ပြောလိုက်ပြီး "အရိုးသားဆုံးပြောရရင် အဲ့ဒီတုန်းက နင်ငါ့ကို ငြင်းခဲ့တာ တကာ်ကျေးဇူးတင်တယ် သိလား...မဟုတ်ရင် နင်နဲ့ အတူ ဒုက္ခခံပြီး အကြွေးနွံထဲ ရုန်းကန်နေရဦးမှာ..."
"ဒါပေမယ့် မိုးနတ်မင်းကြီးက တကယ်ပဲ ငါ့ကို ပစ်မထားခဲ့ဘူး...နင်နဲ့ခွဲခွာစေပြီးတော့ ငါ့ကောင်လေးနဲ့ ဆုံတွေ့စေခဲ့တယ်လေ....သူက နင့်လို တစ်ပြားမှ မရှိတဲ့ ကောင်ထက်တော့ အများကြီး သာတယ်..."
"ဟမ်...မင်းကို လိုချင်တဲ့သူက ရှိသေးတယ်ပေါ့...အဲ့ကောင်လည်း ကျပ်မပြည့်ဘူးထင်တယ်..ချိတ်ချိတ်ချင်းညှိကြတယ မဆန်းပါဘူးကွာ..."
"နင်ငါ့ကောင်လေးကို ဘယ်လို ပြောလိုက်တာလဲ...ငါသူ့ကို နင်ပြောတဲ့ အတိုင်း သွားပြောလိုက်ရင် နင့်လက်ရှိ အလုပ်လေးပါ ပြုတ်သွားမယ်ဆိုတာ ယုံလား..."
လင်းရီ ကတော့ ဆွံ့အနေပြီး ကျပ်မပြည့် သူများနှင့်ကြုံတိုင်း သူ၏ ဖြေရှင်းနည်းကို ထုတ်သုံးရန် ကြုံလိုက်၏။
သို့သော်လည်း ထိုအချိန်တွင် အိပ်ခန်းထဲမှ စိတ်မရှည်သည့် အသံတစ်သံ ထွက်ပေါ်လာပြီး "ဘာတွေ အဲ့လောက်ကြာနေတာလဲကွ..ခုထိ မ၀ယ်ရသေးဘူးလား..မ၀ယ်ရသေးလဲ ထားလိုက်တော့ကွာ...ဒီတိုင်း စကြတာပေါ့...အဲ့တာက ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ်"
ပြောလိုက်သူကို တွေ့တော့ လင်းရီ ပိုပြီး အံ့အားသင့်သွားခဲ့သည်။
ရန်ထျန်ပေါ်၏သား ရန်ဖုန်းပင်။
ထိုသို့ပြောနေစဉ် ရန်ဖုန်း ရေချိုးပြီး သူ့ဆံပင်ကို တဘက်ဖြင့် သုတ်နေခဲ့၏။
ကြည့်ရတာတော့ မိုချင်း၀မ်နှင့် ပထမအချီစဖို့ အသင့်ဖြစ်နေပုံပင်။
သို့သော်လည်း လင်းရီကို မြင်တော့ ရန်ဖုန်း ကြမ်းပြင်တွင် သံနှင့်ဆွဲထားသကဲ့သို့ အေးခဲသွားခဲ့သည်။ လင်းရီကို ဒီနေရာမှ တွေ့လိမ့်မည်လို့ သူလုံး၀ မျှော်လင့်မထားခဲ့။
ရန်ဖုန်းနှင့် မိုချင်း၀မ်တို့ တွေ့ဆုံမှုမှာ တိုက်ဆိုင်သည်ဟု ထင်ရသော်လည်း တကယ်တော့ သူမတို့ နှစ်ဦးကြားတွင် ရှေးယခင်ကတည်းက အဆက်သွယ် ရှိခဲ့ပြီးဖြစ်၏။
မိုချင်း၀မ် အလုပ်လုပ်သော ယွမ်တုံးအုပ်စုမှာ နဂိုမူလက ရန်ဖုန်းမိသားစု ကုမ္ပဏီ၊ တင်ဟွေ့မှ စီမံခန့်ခွဲခြင်းပင်။
သူမ ယွမ်တုံးအုပ်စု၌ ရှိစဉ်က မိုချင်း၀မ်မှာ ထောက်ပံ့ပို့ဆောင်ရေးအတွက် တာ၀န်ရှိသူ ဖြစ်၏။
ထိုစဉ်ကပင် သူမနှင့် ရန်ဖုန်းတို့ အဆက်သွယ် ရှိနေပြီး ဖြစ်သည်။
မြွေမြွေချင်း ခြေမြင်ဆိုသလို နှစ်ဦးသား ရစ်ပတ်သွားရန် အချိန်သိပ်မကြာလိုက်။ မိုချင်း၀မ်ဘက်မှလည်း သူမတွင် ရည်းစားရှိနေကြောင်း ကို ထုတ်မပြောခဲ့။
နှစ်ယောက်အတူ ဒိတ်အချို့ လုပ်ခဲ့ဖူးသော်လည်း ပေါ်ပေါ်ထင်ထင်ကြီးတော့ ပတ်သက်ခြင်း မရှိကြပေ။
လင်းရီ ပေါ်လာမှ မိုချင်း၀မ်လည်း သူ့ကောင်လေးနှင့် လမ်းခွဲလိုက်ရပြီး မတတ်သာတော့သည့်အဆုံး ရန်ဖုန်းထံသို့ ပြန်လှည့်ကာ မူယာမာယာအချို့ ထုတ်သုံးပြီးနောက် ပြန်အဆင်ပြေသွား၏။ ထို့နောက် သူမတို့ နှစ်ယောက်လုံး လမ်းခွဲပြီးနောက် ပထမဆုံးအကြိမ် ဟိုတယ်သို့ လာပြီး ကစားခြင်းပင်။
"မင်းတို့နှစ်ယောက်က အချင်းချင်း သိကြတာလား..."
"ဒါပေါ့ သိတာပေါ့ အချစ်ရဲ့ လာမိတ်ဆက်ပေးမယ်..."
မိုချင်း၀မ် ရန်ဖုန်း၏ လက်မောင်းကို ဖတ်လိုက်ပြီး "သူက ကျောင်းတုန်းက မေ့ရဲ့ အတန်းဖော် လင်းရီလေ...အရင်တုန်းကတော့ ကိုယ်ပိုင်စီးပွားရေးတွေလုပ်ပြီး အမြွှာမျော်စင်ကို ၀ယ်နိုင်လောက်တဲ့အထိ ကျိကျိတက် ချမ်းသာခဲ့တာပေါ့...ဒါပေမယ့် အသုံးကမကျတော့ အကုန်လုံး ပလုံသွားတယ်လေ...ခုတော့ အီရန်ဘွိုင်း လုပ်နေရပြီ..ကံကြမ္မာကလည်း အပြောင်းလဲ မြန်လိုက်တာ...."
မိုချင်း၀မ် ထိုအကြောင်းပြောပြလေ ပိုပြီးအားရလေ ဖြစ်လာခဲ့ပြီး အာပေါင်အာရင်း သန်သန်ဖြင့် တစ်နေကုန်တစ်နေခမ်းပင် ထိုင်ပြောချင်နေတော့၏။
"ကျောင်းတုန်းကဆို သူက မေတို့အတန်းထဲမှာ မင်းသားလေးလေ..မေ့ကိုတောင်မှ ရည်းစားစာ ပေးဖူးသေးတယ်..ဒါပေမယ် မေကတော့ အလေးကို မထားတာ...ခုလို မောင်နဲ့တွေ့လို့ရအောင်ပေါ့..."
"ပြီးတော့ သူဒေဝါလီ မခံရတုန်းကတောင် ကုမ္ပဏီကိုဘာပြီးတော့ မေ့ကို လာရှာသေးတယ် သိလား...မေကလည်း မောင့်အပေါ် သစ္စာရှိချင်တာနဲ့ အချိုသပ်ပြီး ငြင်းပစ်လိုက်တယ်..မကြာပါဘူး..ဒေဝါလီ ခံလိုက်ရတာပါပဲ...၀က်တောင်မှ အဲ့လောက် ပိုက်ဆံအများကြီးကို မြန်မြန်ကုန်အောင် လုပ်နိုင်မယ် မထင်ဘူး...အသုံးမကျလိုက်တာ"
ဖြန်း...
ရန်ဖုန်း မိုချင်း၀မ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
"အပျက်မ မင်းသေချင်လို့ မစ္စတာလင်းကို စော်ကားနေတာလားကွ..ငါမင်းကို သေအောင် ရိုက်သတ်ပစ်မယ်လို့ ယုံလား..."
မိုချင်း၀မ် မျက်နှာကို လက်ဝါးဖြင့် ထိလျက် မြေပေါ် လဲကျသွားသည်။ သူမ၏ ဆံပင်မှာလည်း စုတ်ဖွာနေပြီး သရဲမကဲ့သို့ ဖြစ်နေလေ၏။
"နင်...နင်ဘာလို့ ငါ့ကို ရိုက်တာလဲ...သူက ဒေဝါလီ ခံပြီးနေပြီလေ...သူက နင်နဲ့ နှိုင်းယှဉ်စရာတောင်မှ တစ်စက်မှ မရှိတာကိုပဲ.."
"ငါ့ဖင်ကိုပဲလာပြီး ဒေဝါလီခံလိုက်လေ..."ရန်ဖုန်း မိုချင်း၀မ်၏ မျက်နှာကို လက်ညိုး ငေါက်ငေါက်ထိုးပြီး "မစ္စတာလင်းက အတွေ့ကြုံရအောင်လို့ဆိုပြီးတော့ ခုလို နိမ့်ကျတဲ့အလုပ်တွေ လုပ်နေတာကွ ..လူတိုင်းကို မင်းလိုမျိုး ပိုက်ဆံလေး နည်းနည်းရှိတာနဲ့ ရှိုးပြတတ်တဲ့သူလို့များ အောက်မေ့နေတာလား...မင်းကိုယ်မင်း ဟုတ်လှပြီများ မှတ်နေလားကွ...။"