← Chapters

အခန်း(၁၆၄)

Vol. 11 Ch. 164

အခန်း(၁၆၄)

Vol. 11 Ch. 164

လင်းရီအဘယ်ကြောင့် ခုလိုမျိုး အလုပ်တွေ လိုက်လုပ်နေလဲဆိုတာ အသိကျ နားမလည်သော်လည်း ဒေဝါလီ မခံသေးသည်ကတော့ သေချာသလောက်ရှိသည်။

သူ၏အဖေပင် ရှေ့နေ့တွေတုန်းက မစ္စတာလင်းနှင့် စီးပွားရေး ကိစ္စ ဆွေးနွေးလိုက်သေး၏။

နေ့ချင်းညချင်း ဒေဝါလီခံဖို့ဆိုတာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲတဲ့...

"ဘ၀ အတွေ့ကြုံ ခံစားနေတာ....."

မိုချင်း၀မ် စိတ်နှင့်လူနှင့် မကပ်သလို ဖြစ်သွားပြီး လင်းရီ ဘာတွေးနေလဲဆိုတာ စဉ်းစားလို့ မမှီတော့ချေ။

သူက အရမ်းချမ်းသာပြီးနေပြီလေ...ဘာလို့ ဘ၀အတွေ့ကြုံခံစားချင်နေတာလဲတဲ့..သက်တောင့်သက်သာနဲ့ နေရဖို့ အိပ်မက်မက်နေတဲ့သူတွေ ဘယ်လောက်တောင်ရှိလဲဆိုတာ သူမသိဘူးလား...

"မစ္စတာလင်း စိတ်မရှိပါနဲ့ဗျာ..ဒီစိတ်မနှံ့တဲ့ ကောင်မက မစ္စတာလင်းကို ခုလို စော်ကားမယ်လို့ ထင်မထားလို့ပါ...ကျုပ်သူ့ကို သေသေ‌ချာချာလေး ဆုံးမလိုက်ပါ့မယ်..."

လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး "ဘာမှဖြစ်ဘူး..ငါသာ နေ့တိုင်း ဒီလို ကျပ်မပြည့်တဲ့ကောင်နဲ့တွေ့တိုင်း စိတ်ရှုပ်ရမယ်ဆိုရင်တော့ ရူးတောင် သွားဦးမယ်...ငါ့ကို ကြယ်ငါးပွင့် ရီဗျူး ပေးဖို့သာ မမေ့နဲ့..."

"ဒါပေါ့..ပြဿနာမရှိပါဘူးဗျ..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကဲကဲ မင်းတို့နှစ်ယောက်လည်း လုပ်သရာရှိတာ ဆက်လုပ်ကြ..ငါဆက်မနှောက်ယှက်တော့ဘူး...ဘိုင့်ဘိုင်"

"မ...မသွားပါနဲ့ လင်းရီ..."မိုချင်း၀မ် စုတ်ဖွာနေသော ဆံပင်ပုံစံဖြင့် လင်းရီ၏ ပေါင်ကို တင်းတင်းဖက်ထားပြီး "လင်း..လင်းရီ ငါ...ငါးမှားမှန်းသိပါပြီဟာ..ကျေးဇူးပြုပြီး ငါ့ကို တစ်ခုလောက်ကူညီပါလား..တကယ်လို့ နင်သာ ထွက်သွားမယ်ဆိုရင် ရန်ဖုန်းက ငါ့ကို သေတဲ့အထိ ရိုက်သတ်မှာဟ..."

လင်းရီ ပခုံးတွန့်လိုက်ပြီး "ငါက ကိစ္စတိုင်းကို လိုက်၀င်ပါနေတဲ့ကောင်မဟုတ်ဘူး...ရိုက်တာ မရိုက်တာ သူ့ကိစ္စလေ...နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသား သူတွေပဲ..ကိုယ်လုပ်သမျှတော့ တာ၀န်ယူရဲရမှာပေါ့...ကဲ..ကံကောင်းပါစေကွာ..."

လင်းရီ ထိုနေရာမှ လှည့်ထွက်လာခဲ့လိုက်ပြီး ချောင်ရန် အုပ်စုသို့ ဦးတည်လာခဲ့လိုက်၏။

မကြာမီ လင်းရီ ဖုန်းထံသို့ ကြယ်ငါးပွင့်ရီဗျူး ပေးထားကြောင်း အသိပေးစာ ရောက်လာခဲ့၏။ သေချာသလောက်ကတော့ ရန်ဖုန်း ပေးလိုက်သည်သာ ဖြစ်မည်။

ယခု မစ်ရှင်ပြီးမြောက်သည့်နေရာတွင်တော့ (၇/၁၀)ဖြစ်နေပြီး နောက်ထပ် တစ်ရက်လောက် အချိန်ပေးလိုက်ပါက မစ်‌ရှင်အောင်မြင်ပြီး ဖြစ်၏။

လင်းရီ ချောင်ရန် အုပ်စု၏ ကားပါကင်ကို ရောက်တော့ ကျီချင်းရန်ထံ ဖုန်းဆက်လိုက်ပြီး မကြာမီ ကျီချင်းရန် သူမ၏ လက်ဆွဲအိတ်နှင့်အတူ ဓာတ်လှေကားထဲမှ ထွက်လာခဲ့၏။

ကျီချင်းရန်မှာ ဒူးလောက်ထိ ဖုံးသော အပြာရောင် စကတ်ကို ၀တ်ဆင်ထားပိး အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ထားလေသည်။

အေးစက်သော မျက်နှာထားနှင့် လှပပြီး ဆက်စီဆန်သော သူမ၏အလှကို နှိုင်းယှဉ်ရမည်ဆိုပါက ဆူးများနှင့် ဝိုင်းရံထားသော နှင်းဆီနီ တစ်ပွင့်နှင့် နှိုင်းယှဉ်ရပေမည်။

"စူပါမားကတ်ကို အရင်သွားရအောင် ပြီးမှ အိမ်ပြန်ကြမယ်..."

ကားထဲသို့ ၀င်ပြီးနောက် ကျီချင်းရန်၏ ပုံစံမှာ လွတ်လပ်ပေါ့ပါးပြီး ခင်မင်ဖို့ကောင်းသည့် မိန်းမငယ်လေး အဖြစ်သို့ ပြောင်းလဲသွားသည်။ စောနက အေးစက်ပြီး မာနကြီးသော မျက်နှာထားတို့မှာ ယူပစ်သလို ပျောက်ကွယ်သွားတော့၏။

"မင်းရဲ့ မိဘတွေက ရောက်မလာမှာ သေချာရဲ့လားဟ..."လင်းရီသေချာအောင် ထပ်မေးလိုက်သည်။ ထိုအဘိုးကြီး စုံတွဲက ကောင်းခန်းရောက်လျင် မပြောမဆိုနှင့် ရောက်ရောက်တတ်လာသောကြောင့် လင်းရီ အတော်လေး လန့်နေပြီ ဖြစ်၏။

"မပူနဲ့ ဒီမနက် ငါအိမ်က ထွက်မလာခင်တုန်းက သေချာအောင် မေးခဲ့ပြီးပြီ..အိမ်သန့်ရှင်းရေးလေးတွေ လုပ်ပြီးရင် ပြန်မယ်တဲ့..ခု ငါးနာရီတောင် ကျော်နေပြီဆိုတော့ ပြန်လောက်ရောပေါ့..."

"အိုကေလေ..အဲ့တာဆိုရင်တော့ မင်းရဲ့အိမ်ပဲ သွားကြတာပေါ့..."

"တက်"(ထိုင်ခုံခါးပတ်မြည်သံ)

ကျီချင်းရန် ခေါင်းမော့လိုက်ပြီး ထိုင်ခုံခါးပတ်ကို တောင်ထိပ်နှစ်ခုကြားဖြတ်သန်း၍ တစ်ဖက်နှင့် ချိတ်လိုက်သည်။

"သွားစို့ တိုင်းစကွဲရဲ့ အောက်ထပ်မှာ စူပါးမားကတ်ကြီး တစ်ခုရှိတယ်လို့ပြောသံကြားတယ်...သွားကြည့်ကြည့်ရအောင် နင်ကလည်း အဲ့ဒီက စိန်အဆင့် အဖွဲ့၀င်ဆိုတော့ သေချာပေါက် ဒစ်စကောင့် ရမှာပဲ..."

"တိုင်းစကွဲက အဝေးကြီးလေ..ပိုက်ဆံ ချွေတာဖို့ အဲ့လောက်အဝေးကြီးတော့ သွားမနေပါနဲ့ဟ..."

"နီးတာတွေ ဝေးတာတွေ အတာထားလိုက်ဦး..နင်အဲ့လိုပဲ ဆက်ကြည့်နေဦးမယ်ဆိုရင် ငါထိုင်ခုံ ခါးပတ် မပတ်တော့ဘူးနော်...."

"ဟီးဟီး သူ့အလိုလို ဖြစ်သွားတာ ...သူ့အလိုလို ဖြစ်သွားတာ..."လင်းရီ ရှက်ရမ်းရမ်းပြီး ‌ရယ်မောလိုက်၏။

"ပြီးတော့ နင်ရေကူး၀တ်စုံ၀တ်တာကိုလည်း မြင်ဖူးနေတာကိုပဲ..ဘာရှက်စရာရှိလို့တုန်း..."

"ဟဲ့...အဲ့တာက မတူဘူးလေ...ငါရေကူး၀တ်စုံ၀တ်တုန်းက နင်လည်း ၀တ်ထားတယ် မဟုတ်ဘူးလား..."ကျီချင်းရန် အချက်လက်ကျကျ ရှင်းပြလိုက်၏။

"ဘာကွာလို့လဲ..ခု မင်းလည်း ထိုင်ခုံခါးပတ် ပတ်ထားတယ်..ငါလည်း ထိုင်ခုံခါးပတ် ပတ်ထားတယ်..မကျေနပ်ရင် ငါ့ကိုလည်း ပြန်ကြည့်ပေါ့..."လင်းရီ အရေထူစွာပြောလိုက်သည်။

"မကျေနပ်သေးဘူးဆိုရင်လည်း ငါ့ခြေထောက်ကို ပြလို့ရတယ်နော်...ဖြူဖြူဖွေးဖွေးနဲ့ ရှည်ရှည်မျောမျောလေး..မင်းနဲ့ တစ်ညလုံး ကစားပေးလို့ရတယ်..."

"ဟမ် တော်တော် ပေါက်တတ်ကရတွေ ပြောနေတယ်ပေါ့ ..."ကျီချင်းရန် ကုန်းပြီး လင်းရီ မျက်နှာကို ဆွဲဆိတ်လိုက်သည်။

"အရေကလည်း ထူလိုက်တာ လွန်ရော..မောင်းစရာရှိတာ မြန်မြန်မောင်း..ငါဗိုက်အရမ်းဆာနေပြီ..."

ကျီချင်းရန် ရှက်နေမှန်း သိသောကြောင် လင်းရီ ဆက်မစတော့ပဲ လီဗာနင်း၍ တိုင်းစကွဲသို့ သွားလိုက်သည်။

ကျီချင်းရန် မျှော်လင့်ထားသည့်အတိုင်း စူပါမားကတ် ဖွင့်ထားသည်မှာ တစ်ပတ်မျှစာ ရှိသေးပြီး ဆက်လက် ဖွင့်လစ်နေဆဲ အခြေနေ၌ရှိ၏။

စူပါမားကတ်၌ လိုအပ်သည့် ပစ္စည်းအားလုံးကို တစ်ပြိုင်တည်း ရရှိနိုင်သောကြောင့် ၀ယ်ယူရာတွင်တော့ ပြဿနာမရှိပေ။

နှစ်ယောက်သား စူပါမားကတ်ထဲကို ၀င်လိုက်တော့ ခန့်ညားသော ကောင်လေးနှင့် လှပပြီး နန်းဆန်သော လင်းရီတို့ စုံတွဲမှာ မရေမတွက်နိုင်စော လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်သွားတော့၏။

ဈေး၀ယ်နေသည့် အမျိုးသမီးများကတော့ အနည်းငယ် တော်သေးသည်ဟု ပြော၍ ရ၏။ လင်းရီကို တစ်ခဏမျှသာကြည့်ပြီး လိုအပ်သည်များကို ဆက်လက် ၀ယ်ယူနေလေသည်။

သို့သော်လည်း အမျိုးသားများကတော့ ကျီချင်းရန်ကို မျက်တောင်မခတ် စိုက်ကြည့်နေကြ၏။

ပတ်၀န်းကျင်ကိုပင် အာရုံမစိုက်နိုင်ကြတော့ပေ။

ကျီချင်းရန်ကတော့ ထိုသို့သော အကြည့်များကို နေသားကျနေပြီး လင်းရီနှင့်အတူ စူပါမားကတ်ထဲသို့ သာသာယာယာလေး ၀င်သွားခဲ့၏။

"နာရီ၀က်ခန့် ဈေး၀ယ်ထွက်ပြီးနောက် လင်းရီ ဈေးတွန်းလှည်းထဲရှိ ပစ္စည်းများကို ကြည့်ရင်း ခံစားချက် မျိုးစုံတို့နှင့် ပြည့်နှက်နေတော့သည်။

"ငါတို့ ဒီနေ့လာတာ ဟင်းချက်ဖို့ လိုတဲ့ ပစ္စည်းလေးတွေပဲ လာ၀ယ်တာ မဟုတ်ဘူးလား..."

"ဟုတ်တယ်လေ..."

"ဘာကို ဟုတ်တာလဲ..."လင်းရီ ဈေးတွန်းလှည်းထဲရှိ ပစ္စည်းများကို ညွှန်ပြရင်း "အဲ့တာဆို ဒီကိတ်တွေ အချိုပွဲတွေက ဘာလုပ်ဖို့လဲ..."

ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ မျက်လုံးလေးများ လခြမ်းကဲ့သို့ ကွေးညွှတ်သွားသည်။

"ဒါတွေက ရုံးရဲ့ ရေခဲသေတ္တာထဲမှာ ထည့်ဖို့လေ..ဗိုက်ဆာရင် စားရအောင်လို့ပေါ့..ဟီးဟီး..."

"ခါးကိုလည်း ကြည့်လိုက်ဦး ..ကြာရင် ၀က်ဖြစ်တော့မယ်..အဲ့တာတောင်မှ ဇွတ်စားနေ..."

"ဟွန့် သုံးပေါင်လေး တက်လာတာကိုများ လူကို ၀က်လို့ ပြောတယ်ပေါ့..."

ကျီချင်းရန် စူပုပ်ပုပ်လေး ဖြစ်သွားခဲ့၏။

"ပြီးတော့ မနေ့က နင်ချက်ကျွေးတဲ့ ဟင်းတွေစားလိုက်လို့ ဒီလောက် ပေါင်တွေ အများကြီး တက်သွားခဲ့တာ..အဲ့ဒီအတွက် နင့်မှာလည်း တာ၀န်ရှိတယ်နော်..ငါ့ရဲ့ ကိတ်မုန့်ကိုပဲ အပြစ်ပုံချမနေနဲ့..နင့်မှာ အဲ့လိုပြောပိုင်ခွင့် မရှိဘူး...."

လင်းရီ ဆွံ့အနေသည်။

ကမ္ဘာပေါ်တွင် စိတ်တိုဖို့ အကောင်းဆုံးကတော့ သူမ အဓိပ္ပာယ်မရှိမှန်း သိလျက်နှင့် ပြောနေခြင်းကိုပင်။

သို့သော်လည်း လင်းရီသူမကို ခွန်းတုန့်ပြန်ရန် အကြောင်း ရှာမရခဲ့ပေ။

သေချာတွေးကြည့်ပါကလည်း လောဂျစ်တော့ကျ၏။

"ဘာလဲ စိတ်ဆိုးသွားတာလား..."လင်းရီ စကားပြန်မပြောသည်ကို မြင်တော့ ကျီချင်းရန် တခစ်ခစ်ရယ်လိုက်ပြီး "အေးပါဟယ် နင့်ကို မပြောတော့ပါဘူး ကိုယ်တော်ရယ်..ကိတ်မုန့်တွေက ဒီလောက်ဆို ရပြိ..ခု ဟင်းသီးဟင်းရွက်တွေ သွား၀ယ်ကြတာပေါ့..."

လင်းရီ ထပ်မံ ကြက်သေသေပြီး ဆွံ့အသွား၏။

ငါ့ကို အပြစ်မတင်ဘူး ဟုတ်လား...

အပြစ်တင်လို့ကော ရလို့လားဟ..ငါ့မှာ ဘာအပြစ်မှ မရှိတာ...

သူမကို ပစ္စည်းကူသယ်ပေးမည့် လင်းရီ တစ်ယောက်လုံးရှိနေသောကြောင့် ကျီချင်းရန် ပစ္စည်းတွေ အများကြီး ၀ယ်ယူရန် လက်မတွန့်ခဲ့ပေ။

"ဟေး..တော်လောက်ပြီလေကွာ..လူကွ..သစ်ပင် မဟုတ်ဘူး..အထုပ်ပလုပ်တွေ အဲ့လောက်များတာ ငါ့လည်ပင်းသာ တက်ချိတ်လိုက်တော့..."

"အိုကေ အိုကေ..ဒါပေမယ့် အမဲသား နည်းနည်းလောက် ၀ယ်ချင်သေးတယ်...နင်မနေ့က လုပ်ပေးတဲ့ အမဲသားက စားကောင်းလွန်းလို့ ဒီနေ့လည်း ထပ်လုပ်ပေးဦး..."

"နတ်သမီးလေးက တောင်းဆိုနေမှတော့ လုပ်ပေးရမှာပေါ့...စိတ်တိုင်းကျစေရမယ်လို့ အာမခံတယ်..."

"ဟီးဟီး ဒီလိုသိတတ်မှပေါ့..."

ကျီချင်းရန် အသားများရောင်းချသည့် ကောင်တာသို့ သွားလိုက်ပြီး အမဲသားတစ်ချို့ကို ကောက်ထည့်နေ၏။ သူမ လင်းရီကို ချက်ပြုတ်ခိုင်းဖို့ အသင့်ဖြစ်နေတော့၏။

"ကဲ ပြီးပြီ အိမ်ပြန်ကြစို့..."

"ဟမ့်..မင်းကတော့ စားဖို့ပဲ သိတယ်.."

"ဟီးဟီး နင်သာ ချက်ကျွေးနေသရွေ့ ဘယ်လိုပြောပြော အဆင်ပြေတယ်..."

"ငါတော့ မင်းကို တကယ် မနိုင်တော့ဘူး..."လင်းရီ ကောင်တာဆီသို့ သွားလိုက်ပြီး ပိုက်ဆံရှင်းရန် ဟန်ပြင်လိုက်၏။

"မိန်းကလေး..ခဏလောက် စောင့်ပေးပါဦး.."

နှစ်ယောက်သား အပြင်ထွက်တော့မည့် အချိန်တွင် နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

နောက်လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင် စစ်၀တ်အင်္ကျီနှင့် ကောင်းစွာလျှော်ဖွပ်‌ထားသော အဖြူရောင်ဂျင်းတစ်ထည်ကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး သူတို့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ဆံပင်ပုံစံကိုလည်း ဂျက်စပဲရိုးကဲ့သို့ ပြုလိုက်ထားပြီး ဘယ်လိုကြည့်ကြည့် ဂျပန်အက်ရှင် ဇာတ်ကြမ်းကားများကို လေ့လာရိုက်ကူးနေသည့် ပညာရှင်တစ်ယောက်ပုံစံ ပေါ်နေလေသည်။

"ကျွန်မကို ခေါ်လိုက်တာလား.."ကျီချင်းရန် မေးလိုက်၏။

"ဟုတ်တယ်..."

သက်လတ်ပိုင်းလူကြီးမှ အပြုံးလေးဖြင့် ပြောလိုက်ပြီး သူ့အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်ကာ ကျီချင်းရန်ထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။

"ကျုပ်ကိုယ့် ကိုယ်ကို မိတ်ဆက်ပေးပါရစေ..ကျွန်တော်က ပေါ်ယွမ် မီဒီယာ အုပ်စုရဲ့ အကြံပေး ပန်ဝိန်ပါဗျ ဒါပေမယ့် လူတိုင်းကတော့ ကျွန်တော့်ကိုပန်လောင်စန်းလို့ပဲ ခေါ်ကြတာများတယ်..."

ကျီချင်းရန်ကတော့ တုတ်တုတ်မျှမလှုပ်ပဲ လင်းရီကသာ ပန်ဝိန်၏ စီးပွားရေးကတ်ကို လက်ခံလိုက်၏။

"ခင်များက ဘယ်လို အကြံပေးလဲ..."လင်းရီ သိပ်နားမရှင်းသောကြောင့် ပြန်မေးလိုက်၏။

"အမှန်တိုင်း ပြောရရင် ကျွန်တော်က အလားအလာရှိတဲ့သူတွေကို ရှာဖွေပေးရတာပါ..မိတ်ဆွေရဲ့ မိန်းကလေးသာ အနုပညာနယ်ပယ်ထဲ ၀င်လိုက်မယ်ဆိုရင် အတော်လေး ဟစ်ထသွားမှာပါဗျ..ဘယ်လို သဘောရလဲ မသိဘူး..."

ပန်ဝိန် မည်သူလဲ ဆိုတာ သိတော့ အနီးတစ်ဝိုက်ရှိ မိန်းကလေးများအားလုံး ကျီချင်းရန်ကို မနာလို အားကျသည့် မျက်လုံးများဖြင့် ကြည့်လာကြသည်။

"အနုပညာ နယ်ပယ်ထဲ၀င်ဖို့ လူလိုက်ရှာနေတဲ့သူနဲ့ လာဆုံမယ်လို့တောင် ထင်မထားဘူး.."

"အဲ့မိန်းကလေးကတော့ တကယ်ကံကောင်းတာပဲ..သူ(မ)သာ အနုပညာနယ်ပယ်ထဲ ၀င်လိုက်လို့ကတော့ သေချာပေါက် ငွေတွေ အများကြီး ရတော့မှာ.."

"သူ့မျက်နှာကိုလည်း ကြည့်လိုက်ဦးလေ..အဆင့် A ထဲ၀င်တဲ့ ထိပ်တန်း ဆယ်လီတွေတောင် မှ သူ့လောက် မလှဘူး...လူရှာပေးတဲ့သူတေ‌ွက သူမကို ခုလိုပြောလာတာတော့ အံ့ဩစရာ မရှိပါဘူးကွာ..."

လင်းရီ သူ့လက်ထဲရှိ ပန်ဝိန်၏ စီးပွားရေးကတ်ကို ခဏမျှ ကစားလိုက်ပြီး ပြန်ပေးလိုက်၏။

"ခင်များပြောတဲ့ အနုပညာနယ်ပယ်ထဲ ၀င်ဖို့ဆိုတာကြီးကို မေ့ထားစမ်းပါဗျာ..တခြားတစ်ယောက်ပဲ သွားရှာလိုက်တော့ ..ကျုပ်အထင် ဟို လမ်းနားလေးနားက ငါးရောင်းတဲ့ အစ်မကြီးလည်း မဆိုးဘူးထင်တာပဲ..ကျုပ်ခင်များကို ကူညီပေးပြီးပြိဆိုတော့ တန်ဖိုးထားးသင့်တယ်နော..."

ပန်ဝိန်၏ အမူအရာ အနည်းငယ် သဘာ၀မကျ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ပြုံးထားဆဲပင်။

"မိတ်ဆွေတို့ နှစ်ယောက်က သမီးရည်းစားတွေဆိုတာ ကျုပ်နားလည်တယ်..ဒါပေမယ့် ဆုံးဖြတ်ချက်ကျတော့ ကောင်မလေး အပေါ်မှာ မူတည်နေသေးတယ်လေ... "

"ရှင်ဘာမှ မေးဖို့မလိုဘူး..သူ့ရဲ့ ဆုံးဖြတ်ချက်က ကျွန်မရဲ့ ဆုံးဖြတ်ချက်ပဲ.."ကျီချင်းရန် အပြုံးလေးဖြင့် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"တကယ်လို့ သူသာ သဘောတူတယ်ဆိုရင် ကျွန်မလည်း သဘောတူတယ်..."

သူမတို့ နှစ်ဦးကို သမီးရည်းစာဟု အထင်လွဲနေသော်လည်း ကျီချင်းရန် အထွေထူး လုပ်၍ ရှင်းပြမနေတော့။

လင်းရီ လက်ပိုက်လိုက်ပြီး "ခင်များ လိုချင်တဲ့ အဖြေ ရပြီးပြီ မလား..အဲ့တော့ ဒိုးလိုက်တော့..."

ပန်ဝိန် အချိန်အကြာကြီး တုန့်ဆိုင်းနေ၏။ ကျီချင်းရန်၏ မှင်တက်ဖွယ် အလှတရားက သူ့ကို လွယ်လွယ်နှင့် လက်မလျှော့စေရန် တွန်းအားပေးနေ၏။

"မိန်းကလေး..မိန်းကလေးသာ ကျွန်တော်နဲ့ အနုပညာ နယ်ပယ်ထဲ လှမ်းခဲ့မယ်ဆိုရင် ထင်ပေါ်ကျော်ကြားမယ်ဆိုတာ ကျုပ်သေချာပေါက် အာမခံရဲတယ်ဗျာ...ခုလို မိန်းကလေးရဲ့ ဘ၀ကြီး ထိန်းချုပ်ခံနေရတာကြီးကို သဘောကျလို့လား.."

"ပြီးတော့ မိန်းကလေး သိမှာတော့ မဟုတ်ဘူး..တစ်ချိန်တုန်းက နာမည်ကြီး လျိုဖန်းဖေးကို ရှာပေးခဲ့တဲ့သူကလည်း ကျွန်တော်လေ..."

"ဘုရားရေ..သူက လျိုဖန်းဖေးကို ရှာတွေ့ခဲ့တဲ့သူလား..နန်းတော်ရုပ်ရှင် ရိုက်ပြီးကတည်းကနေ သူမက Aအဆင့် အနုပညာရှင် စာရင်းရဲ့ ပလ္လင်ကို သိမ်းပိုက်ထားတာ ခုထိပဲ..."

"ငါကြားတာတော့ မနှစ်က လျိုဖန်းဖေးရဲ့ ၀င်ငွေက ယွမ် ၇၀ မီလီယမ်ရှိတယ်တဲ့..သူမရဲ့ ကြွယ်၀မှုက ထိပ်တန်း ဆယ်လီတွေရဲ့ အဆင့် ၂၀ မှာရှိတယ်..ဒီလို အူကြောင်ကြောင်ရုပ်နဲ့ ဘိုးတော်က အဲ့လို မင်းသမီးမျိုး ရှာတွေ့လိမ့်မယ်လို့တောင် ထင်မထားဘူး.....သောက်ရမ်း အံ့ဩဖို့ကောင်းတာပဲကွ..."

အနီးတစ်ဝိုက်ရှိ ရေရွတ်သံများကို ကြားတော့ ပန်ဝိန် ပိုပြီး ယုံကြည်မှု ရှိလာသလို ခံစားလိုက်ရပြီး "မိန်းကလေးရဲ့ အရည်အချင်းက သူ့ထက်သာတယ်ဆိုတာ ကျွန်တော် ယုံတယ်..တစ်နှစ်အတွင်းမှာပဲ ယွမ် ၁၀၀ မီလီယမ်ကျော်နဲ့ A အဆင့် မင်းသမီး အဆင့်ဇယားထဲ ရောက်စေရမယ်လို့ အာမခံတယ်ဗျာ..."

ပန်လောင်စန်း၏ လေးနက်နေသော အမူအရာကိုမြင်တော့ ကျီချင်းရန် ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းလိုက်ပြီး လင်းရီကိုကြည့်ကာ"အနိမ့်ဆုံး ၀င်ငွေ ၁၀၀ မီလီယမ်တဲ့...လင်း...ငါတောင် နည်းနည်း စိတ်ပါသွားပြီ..."

ပန်လောင်စန်းကတော့ ပျော်လွန်း၍ ပါးစပ်ပင် မစေ့နိုင်တော့ပဲ"မိတ်ဆွေ ခင်များ ကောင်မလေးမှာ အနုပညာနယ်ပယ်ထဲ လျှောက်လှမ်းဖို့ အစီအစဉ် ရှိပြီးသား တူတယ်နော...ကြည့်ရတာတော့ ခင်များ တားလည်း အလကားပဲထင်တယ်..."

"သေချာတာပေါ့ ကျုပ်ကလည်း သူမရဲ့ ဆုံးဖြတ်ချက်ကို လေးစားပြီးသားပါ..သူမက ဝါသနာပါရင်လည်း ကျုပ်မတားဘူး.."

လင်းရီ ရုပ်တည်ကြီးဖြင့် ပြောလိုက်၏။

ပန်လောင်စန်း နှစ်ထောင်အားရဖြစ်သွားပြီး "တကယ်ကြီးလား..."

"ဒါပေါ့ တကယ်ကြီးပြောနတာ.."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ခင်များ ၁၅ နှစ်လောက်တော့ စောင့်ရမယ်..."

All Chapters