အခန်း(၁၆၅)
Vol. 11 Ch. 165
"ဘာပြောလိုက်တယ်... ၁၅နှစ်..."ပန်လောင်စန်း မျက်နှာ မည်းမှောင် သွားခဲ့သည်။
"ဘာတွေ လာပြောနေတာလဲကွ..လာနောက်နေတာလား..."
"မဟုတ်ဘူး..ကျုပ်နောက် နေတာ မဟုတ်ဘူး.."လင်းရီ ပြောလိုက်ပြီး "ခင်များပြောတော့ သူ(မ)သာ အနုပညာ နယ်ပယ်ထဲ ၀င်မယ်ဆိုရင် တစ်လအနည်းဆုံး ၁၀၀ မီလီယမ် ရမယ်ဆို..."
"အမှန်ပဲလေ.."ပန်လောင်စန်း သူ့ရင်ဘက်ကို တဘုန်းဘုန်း ပုတ်လိုက်ပြီး "သူမသာ အလုပ်ကြိုးစားနေသရွေ့ တစ်နှစ် ယွမ် ၁၀၀ မီလီယမ် ရဖို့ဆိုတာ ပြဿနာ မဟုတ်ဘူး..."
ပန်လောင်စန်း၏ ကတိပေးသံကိုကြားတော့ ပတ်၀န်းကျင်ရှိ အမျိုးသမီးများ တစ်ဖန် မနာလို အားကျ ဖြစ်လာကြပြန်သည်။
ထိုမျှ များပြားသည့် ငွေပမာဏကို သူမတို့ အိပ်မက်ထံပင် ထည့်မမက်ဖူးခဲ့ပေ။
အကယ်၍ သူမတို့သာ တစ်နှစ် ၁၀၀ မီလီယမ် ရမည်ဆိုပါက....
အကယ်၍ ၁၀၀၀ မီလီယမ် မရလျင်တောင် ၁၀ မီလီယမ်လောက် ရရင်ကိုပင် ကျေနပ်လှပြီဖြစ်၏။
"အဲ့တာကြောင့်ပဲ ကျုပ်က သူ့ကို နောက်၁၅ နှစ်လောက်နေမှ လုပ်ခိုင်းမယ်လို့ ပြောတာလေ..."
"ခု ကျုပ်မှာ ၁.၅ ဘီလီယမ် ရှိတယ်ဆိုတော့ သူမကို ၁၅ နှစ်လောက် ခေါ်ထားဖို့က အသာလေးပဲ..တခြား စီးပွားရေး လုပ်ငန်းတွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် နောက်ထပ် ဘီလီယမ် နည်းနည်းလောက် ကျန်သေးတယ်..၁၅ ဆိုတာကတော့ ကွန်ဆာဗေးတစ် နံပါတ်ပဲ...ေစာင့်တာ မစောင့်တာကတော့ ခင်များအပိုင်း.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"မင်း..မင်းဘာပြောလိုက်တယ်..မင်းမှာ ၁.၅ ဘီလီယမ် ရှိတယ် ဟုတ်လား..."
ပန်လောင်စန်း အလွန်အမင်း အံ့အားသက့်သွားခဲ့သည်။ လင်းရီ ဘဏ်ကတ်ထဲရှိ သုည အတန်းလိုက်ကြီးကို ကြည့်ရင်း သွေးလေခြောက်ခြားသွားသကဲ့သို့ ခံစားလိုက်ရ၏။
များလိုက်တဲ့ သုညတွေ..ဘယ်နှစ်ခေါက်တောင် ရေတွက်ရမလဲ မသိဘူး...
ပန်လောင်စန်း တစ်ဦးတည်း အံ့အားသင့်သွားကြခြင်း မဟုတ်ပဲ အနီးနား တစ်ဝိုက်ရှိ ကြည့်ရှုနေသူများပါ ကြက်သေသေသွားကြ၏။
ဒီကောင်လေးက တကယ်ကြီး ၁.၅ ဘီလီယမ် ရှိတယ်ပေါ့...
အဲ့တာတောင်မှ တခြား ရင်းနှီးမြုပ်နှံထားတာတွေ မပါသေးဘူးနော်...
ဒီလောက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးက ဘယ်ကနေ လာခဲ့တာလဲဟ...
"ကဲ တခြား ဘာမေးစရာ ကျန်သေးလဲ.."
"မ..မရှိတော့ပါဘူး..."
"အဲ့တာဆိုလည်း နောက် ၁၅ နှစ်နေမှ ပြန်တွေ့ကြတာပေါ့..အဲ့ခါကျ ခင်များ အလုပ်မပြောင်းဖို့တော့ မျှော်လင့်တယ်..."
ပန်လောင်စန်း သွေးအန်လုနီးပါး ဖြစ်သွားခဲ့ပြီး ထပ်ခါ ထပ်ခါ ဦးညွတ်၍ ယဉ်ကျေးစွာဖြင့် " မိတ်ဆွေတို့ကို အနှောက်ယှက် ပေးမိတာ စိတ်မကောင်းပါဘူး...ကျုပ်ခု အိပ်မက်ဆန်တဲ့ အတွေးတွေကို မတွေးဝံ့တော့ပါဘူးဗျာ..ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျ..."တောင်းပန်ပြီးနောက် ပန်လောင်စန်း စိတ်ပျင်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။
သူဒီနေ့ အိမ်က ထွက်ခါနီးတော့ ဘာလို့ ဗေဒင်ကြိုမကြည့်ခဲ့မိပါလိမ့်..
ဘယ်လောက်တောင် ကံဆိုးနေလို့ ဒီလောက် ချမ်းသာနေတဲ့ သခင်လေးနဲ့ လာတိုးတာလဲကွာ...
အလားလာရှိသူကို တွေ့ရန် အရမ်းခက်ခဲသော်လည်း ချမ်းသာသည့် ဒုတိယမျိုးဆက်မှ လက်ဦးထားပြီး ဖြစ်၏။ သူတတ်နိုင်တာ ဘာမျှ မရှိတော့ပေ။ လက်လျှော့လိုက်ဖို့သာ တတ်နိုင်သည်။
"သွားစို့..ပိုက်ဆံ သွားရှင်းရအောင်..."
"အဟမျး အဟမျး.."
ကျီချင်းရန် ရည်ရွယ်ချက် ရှိရှိ ချောင်း ဟန့်လိုက်ပြီး အပြုံးလေးဖြင့် "မစ္စတာလင်း..တစ်လ ယွမ် ၁၀၀ မီလီယမ်..စရံလေး အရင်ကြိုမပေးချင်ဘူးလားလို့..."
"စရံပေးဖို့လား..ပြဿနာမရှိဘူး..ဒါပေမယ့် ပရောဂျက်စည်းမျဉ်းအတိုင်း မင်းဘက်က ပလန်အရင် ချပြရမယ်လေ...တကယ်လို့ လက်ခံနိုင်လောက်တဲ့ အနေအထားဆိုရင်တော့ တစ်ခါတည်း ချေလိုက်မယ်..."
"ရတာပေါ့..နင်က ဘာပလန်ကို မြင်ချင်တာ..."
လင်းရီ ကျီချင်းရန်၏ မို့မောက်နေသော တောင်ထိပ်ကြီးများကိုကြည့်ရင်း "ဟီးဟီး ပလန်ကလား..ရှင်းပါတယ်...ငါတို့ ညရောက်မှပဲ အသေးစိတ် ဆွေးနွေးကြတာပေါ့..မဟုတ်ဘူးလား..."
"နင်...နင်သေချင်လို့...ဒီမှာ လူတွေ အများကြီး ရှိနေတယ်လေ..ဘာလို့ အဲ့လိုတွေ လျှောက်ပြောနေတာလဲဟဲ့..."
ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြီး သူမမျက်နှာကတော့ သူခိုးလူမိထားသကဲ့သို့ နီရဲနေပြီး သူများ ကြားသွားမှာလည်း စိုးရိမ်နေ၏။
"ဘာလဲ ၁၀၀ မီလီယမ်ရဖို့ လွယ်တယ်များ ထင်နေတာလား..မင်းဘက်ကလည်း တစ်ခုခု ထိုက်တန်တာ ပြန်ပေးဦးမှပေါ့ဟ..."
"မပြောနဲ့တော့..နင်မရှက်ရင်တောင် ငါရှက်တယ်..."
လင်းရီ ရယ်မောလိုက်ပြီး "အခု ရှက်ရမယ်မှန်း သိပြီဆိုတော့ ဘယ်လိုလုပ်မလဲ.."
"နင်..နင်စောင့်နေ...အိမ်ရောက်မှ ငါနဲ့တွေ့မယ်..."
"ဟမ့် ကြောက်မယ်များ မှတ်နေလား..ပြန်ပြီးတော့ အချီ ၃၀၀ လောက် ဖိုက်ကြမယ်..ဒီကနေ့ ဘယ်သူက ဘော့စ်လဲဆိုတာ ဆုံးဖြတ်ကြတာပေါ့..."
"ဟွန့်..လုပ်လိုက်လေ ကြာသလားလို့..ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
နှစ်ယောက်သား ကိုက်ပြီးနောက် ပိုက်ဆံရှင်းပြီး အပြင်ဘက်သို့ ထွက်လာခဲ့ကြ၏။
ပါကင်ထိုးသည့်နေရာတွင်တော့ လင်းရီ၏ Koenigsegg မှာ လူအုပ်ကြီး၏ အားကျသော အကြည့်တို့ကို စုပြုံ သိမ်းပိုက်နေသည်။
အမျိုးသားများကတော့ လင်းရီ ဘေးရှိ ကျီချင်းရန်ကို မြင်တော့ အေးခဲသွားကြ၏။
သေစမ်း..အဲ့မိန်းကလေးက ကားထက်တောင် လန်းသေးတယ်ကွ...
ထို့နောက် လင်းရီ ကျီချင်းရန်နှင့်အတူ ယွင်ရွှေ ဗီလာသို့ မောင်းလာခဲ့လိုက်၏။
တံခါးရှိ လုံခြုံရေးအစောင့်မှာ ကျီချင်းရန် ကားထဲတွင် ထိုင်နေသည်ကို မြင်တော့ ချက်ချင်းတံခါးဖွင့်ပေးလိုက်၏။ မလိုအပ်တာများကို မေးမနေခဲ့။
"ငါ ဒီကောင့်ကို သေသေချာချာကြီး မှတ်မိပါသေးတယ်....အရင်တစ်ခေါက် ဘော့စ်ကျီကို လာပို့တုန်ူက ပန်ဂနီကြီး မောင်းလာတာ မဟုတ်လား..ခုတစ်ခေါက်ကျတော့ Koenigsegg Rs နဲ့တဲ့..ငိုးပဲ သောက်ရမ်းချမ်းသာတာဟ..."
လုံခြုံရေးအစောင့်မှ ပြောလိုက်သည်။
"ဘာပဲပြောပြောသူက ဘော့စ်ကျီကိုတောင် သိမ်းပိုက်နိုင်တဲ့ အမျိုးသားလေကွာ..အဲ့လောက်တော့ ရှိမှာပေါ့ဟ..."
"ငိုးပဲ..သောက်ရမ်းတွေ မနာလိုလိုက်တာကွာ..."
လင်းရီ အထုပ်အပိုးများကို ဗီလာထဲသို့ သယ်သွားလိုက်ပြီး တစ်ဖန် ပြန်မေးလိုက်သည်။
"မင်းမိဘတွေ အိမ်မှာ မရှိသာ သေချာလို့လား..."
"ဒါပေါ့..၆ နာရီတောင် ကျော်နေပြီ ..သူတို့လည်း ထွက်သွားရောပေါ့ဟယ်..."
ကျီချင်းရန် စောဒကတက်လိုက်၏။
"အယ် သမီး ပြန်လာပြီလား။..."
ကျီချင်းရန် : "....."
လင်းဪီ : "......"
နှစ်ယောက်သား တံခါး၀တွင် ရပ်နေသည့် ကျီချင်းရန်၏ မိဘများကို ကြည့်ရင်း မီပွိုင့်ရှေ့ သမင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"မင်း...မင်း ပြောတော့ သွားပါပြီဆို..."
"ငါ..ငါလည်း ဘယ်သိမှာ..."
သူတို့သမီး ကောင်လေးတစ်ယောက်နှင့်အတူ ပြန်လာသည်ကို မြင်တော့ ကျီအန်းထိုင်တို့လည်း အံ့အားသင့်သွားခဲ့ကြသည်။
သူမတို့ ချစ်သမီးလေးက သူ့ကောင်လေးကို အိမ်ခေါ်လာခဲ့မည်လို့ မျှော်လင့်မထားခဲ့။
"အဖေတို့ပြောတော့ မနက်ကတည်းက ပြန်သွားပြီဆို..ဘာလို့ ခုထိ..."
"ညည်းအမေပဲလေ..အိပ်ရာခင်းက မလျှော်တာကြာနေပြီဆိုတော့ ညည်းကိုယ်စား လျော်ပေးနေတာ..တစ်လက်စတည်း တခြားဟာတွေပါ သိမ်းပေးနေတာနဲ့ ညနေရောက်သွားတာပဲ..မထူးတော့ဘူး သမီးနဲ့အတူ ညစာစားမယ်ဆိုပြီး အလုပ်ပြန်လာတဲ့ အချိန်ထိ စောင့်နေလိုက်တာလေ..."
ကျီအန်းထိုင် အပြံုးလေးဖြင့် ပြောလိုက်သည်။
"တကယ်လို့ သမီးသာ ကောင်လေး ခေါ်လာခဲ့မယ်လို့ကြိုပြောရင် အဖေတို့က အစောကြီး ထွက်သွားပေးမှာပေါ့ကွဲ့..."
လင်းရီကတော့ သူ့ယောက္ခထီးကို တိတ်တဆိတ် ချီးမွမ်းနေလိုက်သည်။
သားမက် ကြက်ဥတိုက်မယ့် ယောက္ခထီးကြီး...
"အဖေတို့ကလည်း ဘာလို့ ခုမှ ပြန်တော့မှာလဲ..လင်းရီလည်း ဒီရောက်နေပြီ ဆိုမှတော့ ညစာ အတူစားပြီးမှ ပြန်ကြပေါ့"
"တော်ပြီ မစားတော့ဘူး.."ကျီအန်းထိုင် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါတို့ ရီလေးနဲ့ သိပ်မတွေ့ဖြစ်ဘူးဆိုတော့ သူလည်း အဖေတို့နဲ့ အတူစားရင် သက်တောင့်သက်သာ မဖြစ်ပဲ နေနေဦးမယ်..နောက်မှပဲ ထပ်စီစဉ်ကြတာပေါ့ကွာ..."
"အဖေကလည်း အဲ့လောက်ကြီး လုပ်မနေစမ်းပါနဲ့..လင်းရီက ရှက်တတ်တဒ့သူလည်းမဟုတ်ဘူး..အဲ့ကောင် အရေထူတာ အုတ်တံတိုင်းလောက်ရှိတယ်..တွေ့ပြီးမှတော့ စားပြီးမှ ပြန်လိုက်လေ အဖေရဲ့..."ကျီချင်းရန် အရှက်သည်းစွာ ပြောလိုက်၏။
"အေးဆေးပေါ့..အဖေ သမီးတို့ လူငယ်တွေ အကြောင်း အကုန်သိတယ်...ဒီတော့ တတိယဘီး မလုပ်တော့ဘူး.."
လင်းရီ ရှုပ်ထွေးသွားသည်။
ကျုပ်တောင် တတိယဘီးက ဘာလဲ ဆိုတာ နားမလည်ဘူး..ခင်များက ဘာလို့ အဲ့လောက် သိနေတာလဲဗျ...
"သမီးလေး..."မင်ဟွေ့ ကျီချင်းရန်၏ လက်ကို ကိုင်လိုက်ပြီး "အပြင်က ဟိုတယ်တွေက သန့်ရှင်းတာ မဟုတ်ဘူး..သမီးတစ်ခုခု လုပ်စရာရှိရင် အိမ်ပြန်လာနော်...အမေ အိပ်ရာခင်းတွေ လဲထားပေးတယ်..."
ကျီချင်းရန် ထိတ်လန့်သွား၏။
အမေ ဘာတွေ ပြောနေတာလဲ...
"အခု သမီးမှာ ကောင်လေးလည်း ရှိနေပြီဆိုတော့ အမေ ဒီအဘိုးကြီးနဲ့ လာမလည်တော့ဘူး..ကလေးလို လုပ်မနေနဲ့..ကောင်လေး ရှိပြီဆိုမှတော့ သူ့ကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာ သေချာလေ့လာထား...ကြားတယ်နော်....."
ကျီချင်းရန် ပြောစရာစကား ကင်းမဲ့သွားတော့၏။
ငါဘယ်တုန်းက ကလေးလို လုပ်နေလို့လဲလို့...
ကျီအန်းထိုင် လင်းရီကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးကာ..
"သားမက်လေး...ငါ့သမီးလေးကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့သာဆိုတော့ သူ့ကို ဂရုစိုက်ပေးပါကွာ..ခုက စပြီး မင်းနဲ့ အပ်ထားခဲ့လိုက်တော့မယ်..."
"မပူပါနဲ့ အန်ကယ်..ကျွန်တော် သေချာလေး ဂရုစိုက် ပေးမှာပါဗျ..."
"အေး...ငါ့တူကြည့်ရတာလည်း လူရိုးလေးပါကွာ..ဒါပေမယ့် မင်းတို့က လက်မထပ်ရသေးဘူးဆိုတော့ သတိတော့ပေးလိုက်မယ်...အကာအကွယ်တော့ သုံးနော်..."
အာ....
ယောက္ခထီးကြီးကတော့ လုပ်ချလိုက်ပြန်ပါပြီ...
ကျီအန်းထိုင်နှင့် မင်ဟွေ့တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ဒိခေတ် လူငယ်တွေက အကာအကွယ် သုံးရမှာ အတော်ပျင်းကြတာပဲ...
"အဖေ..ဘာတွေဘလျှောက်ပြောနေတာလဲ..ပြန်မယ်ဆိုလည်း ပြန်တော့..."
ကျီချင်းရန် ရှက်လွန်ူ၍ သေသာသေလိုက်ချင်တော့သည်။
"အေးပါ အေးပါ.."ကျီအန်းထိုင် စုန့်မင်ဟွေ့၏ လက်ကိုဆွဲ၍ "သွားစို့ဘွားကြီး... ကလေးတွေကို လွှတ်ထားကြရအောင်..."