← Chapters

အပိုင်း(၄၉၈)

Vol. 34 Ch. 498

အပိုင်း(၄၉၈)

Vol. 34 Ch. 498

ညအချိန်အခါက တိတ်ဆိတ်ကုန်ဆုံးနေပြီး နံနက်ခင်း၏ ဖျော့တော့သောနေရောင်ခြည်က ကမ္ဘာမြေပြင်အား နောက်တစ်ကြိမ်ထပ်မံဝန်းရံလာသည်။

တောအုပ်အတွင်းမြူခိုးနှင့်တိမ်တိုက်တို့က ခပ်ရေးရေးရှိနေသည်။  ရှစ်ဖုန့်တို့၏ပုံရိပ်များက  မြူခိုးတိမ်တိုက်များအတွင်းခပ်ရေးရေးပေါ်နေသည်။  နေ၏အလင်းရောင်က သစ်ရွှက်များအားဖြတ်သန်း၍

သူတို့၏ခေါင်းပေါ်သို့ကျဆင်းနေသည်။ အရောင်အသွေးစုံလင်သည့် အလင်းအစက်အပြောက်တို့က တောအုပ်အားအလှဆင်နေ၏။ တစ်ချက်ကြည့်လိုက်လျှင်သူတို့နှစ်ဦးမှာ အိမ်မက်ဆန်သော ဒဏ္ဍာရီနတ်ဘုရားကုန်းမြေသို့ ရောက်ရှိနေသည့်နှယ်ဖြစ်သည်။

ရှစ်ဖုန့်ကကျင့်ကြံနေဆဲဖြစ်၏။

အခြားတစ်ဖက်တွင် အဖြူရောင်ဝတ်စုံနှင့်သခင်လေးကျိမို့၏ရှေ့တွင်ရှိနေသောထင်းမီးပုံကငြိမ်းသက်သွားပြီးဖြစ်ပြီး မီးသွေးတို့သာ ကျန်ရစ်တော့သည်။ သူတော့ သူ၏ညာလက်ပေါ်တွင်မေးကို

ဆက်လက်ထောက်ထားဆဲဖြစ်သည်။သို့သော်  လှပသောမျက်နှာလေးထက်ရှိ သူ၏မျက်လုံးတို့ကတော့ အနည်းငယ်မှေးနေသည်။ညအချိန်အတောအတွင်းမသိလိုက်ပါဘဲ အိပ်မောကျသောအခြေအနေသို့

ကျရောက်သွားပြီးခပ်တိုးတိုး

လေးဟောက်နေသည်။

ဤအချိန်တွင် ရုတ်တရက် ရှစ်ဖုန့်မျက်လုံးတို့ဖွင့်လိုက်ပြီး ကျိမို့၏ရှေ့သို့ တစ်ဟုန်ထိုးသွားလိုက်သည်။

“ဘာလဲ”

ဤအချိန်တွင်ကျိမို့၏ကိုယ်က

ရုတ်တရက်တုန်ယင်သွားပြီး နိုးလာသည်။သူ၏မျက်လုံးတို့အား

ဖွင့်လိုက်ချိန်တွင်  ရုတ်တရက်ရှစ်ဖုန့်ကသူ့ထံသို့ပျံသန်းလာသည်ကိုတွေ့လိုက်ရသည်။

“မင်း..မင်းဘာလုပ်ချင်လို့လဲ”

ပျံသန်းလာနေသောရှစ်ဖုန့်အားကြည့်၍ ကျိမို့ ရုတ်တရက်ကြောက်စိတ်မွှန်ကာအော်ပြောလိုက်သည်။မသိစိတ်၏စေ့ဆော်မှုကြောင့်  သူ၏ရင်ဘက်အား အမျိုးသမီးတစ်ယောက်ကဲ့သို့လက်တို့ဖြင့်ကျိမို့ကာထားလိုက်သည်။

သို့သော်ကျိမို့၏အော်သံကရှစ်ဖုန့်အား အနည်းငယ်မျှပင်ရပ်တန့်စေခြင်းမရှိပေ။

ရုတ်ခြည်းရှစ်ဖုန့်ကသူ့အနားသို့

ချဉ်းကပ်လာကာသူ့နောက်သို့သွား

သည်ကိုတွေ့လိုက်ရသည်။  ကျိမို့က ရှစ်ဖုန့်နောက်သိုလိုက်၍လှည့်ကြည့်လိုက်သည်။

ရှစ်ဖုန့်ကသူ၏နောက်၌ရပ်နေ၏။  ဤအချိန်တွင်  ရှည်လျားသောမီးခိုးရောင်အမွှေးများဖြင့် နွားထီးတစ်ကောင်အရွယ်အစားရှိသော ကြမ်းကြုတ်သည့်ဝံပုလွေတစ်ကောင်က ကောင်းကင်ထဲမှခုန်အုပ်လာသည်ကို ကျိမို့တွေ့လိုက်ရသည်။

ဝံပုလွေ၏ပုံစံကကြမ်းကြုတ်ခက်ထန်နေ၏။၎င်း၏အစွယ်တို့အားလှစ်ဟာပြပြီးလက်သည်းတို့ကိုဝင့်ထားသည်။  ၎င်း၏ပါးစပ်အားဟ၍ ထက်ရှသောအစွယ်များကထွက်ပေါ်နေသည်။ နေအလင်းရောင်အောက်တွင် ၎င်းတို့ကအေးစက်သောအလင်းပြန်နေ၏။

“သူငါ့ကိုကယ်လိုက်တာပဲ”

ဝံပုလွေထိုးဆင်းလာသည်အားတွေ့လိုက်ရသောအခါတွင်  ဝံပုလွေကသူ့ထံသို့ ထိုးဆင်းလာခြင်းဖြစ်သည်ကို ကျိမို့သိလိုက်သည်။ ရှစ်ဖုန့်ကသူ့ထံသို့ပျံသန်းလာပြီးသူ့နောက်၌ရပ်နေသည်အားတွေ့လိုက်ရသောအခါတွင်   ၎င်းအားနားလည်မှုလွဲသွား

သည်ကိုကျိမို့သိလိုက်သည်။

ခေါင်းကိုငုံ့၍ သူ၏ရင်ဘက်အားကာထား

သည့်လက်တို့ကိုကြည့်လိုက်သည်။ရှစ်ဖုန့်အားသူပြောခဲ့သည်ကိုတွေးမိသောအခါတွင် ကျိမို့သူ၏လက်တို့အားဖြည်းဖြည်းချင်း

ဖြေလျော့လိုက်သည်။ သို့သော် သူ၏ပါးပြင်နှစ်ဖက်ကနီမြန်းနေပြီး သူ၏လှပသောမျက်နှာထက်၌ရှက်ကိုးရှက်ကန်းအမူအယာတစ်ခုပေါ်လာသည်။

ဝံပုလွေကအောက်သို့ဆက်လက်ထိုးဆင်းလာဆဲဖြစ်သည်။ရှစ်ဖုန့်က ခေါင်းကိုမော့လိုက်ပြီးသူ၏

ညာလက်အားလျှင်မြန်စွာဆန့်ထုတ်၍ ဝံပုလွေ၏ မျက်နှာကိုဆုပ်ကိုင်လိုက်သည်။

“ဝုန်း”

ထူးဆန်းသော သွေးနီရောင်မီးတောက်က ရှစ်ဖုန့်၏လက်အတွင်းဟုန်းခနဲပေါ်လာသည်။

“အီ..အီ..”

ရှစ်ဖုန့်၏လက်အတွင်းမှ နာကျင်သောညည်းသံတစ်ခု

ထွက်ပေါ်လာသည်။  သွေးနီရောင်မီးတောက်အောက်တွင် ဝံပုလွေ၏ ဦးခေါင်းကတဟုန်းဟုန်း

တောက်လောင်နေသည်။ ထို့နောက်သွေးနီရောင်မီးတောက် က ဝံပုလွေ၏ ကြီးအားသောကိုယ်အား လျှင်မြန်စွာပျံ့နှံ့သွားပြီး ၎င်းအားဝါးမျိုလိုက်သည်။  လေထဲတွင်  သွေးနီရောင်မီးပင်လယ်ငယ်လေး

တစ်ခုပေါ်လာသည်။

ကျိမို့မှာ လေထဲမှ မီးပင်လယ်ငယ်လေးအား ဗလာကျည်ကြည့်နေမိသည်။ သူ့ထံသို့ ထိုးဆင်းလာသောကြမ်းကြုတ်သည့်ဝံပုလွေအကြောင်းအားတွေးမိသောအခါတွင်  ကျိမို့တစ်ယောက်အကြောက်တရား

တို့စွဲကျန်ရစ်နေဆဲဖြစ်၏။ရှစ်ဖုန့်ကြောင့်သာမဟုတ်ခဲ့လျှင်သူ့၌ဖြစ်ပျက်လာမည့် အရာအားစိတ်ကူးကြည့်၍ပင်မရနိုင်ပေ။

ထို့နောက်ကျိမို့၏အကြည့်တို့က ဒေါင်မြင့်မြင့်နှင့် အနက်ရောင်ပုံရိပ်ထံသို့ ကျရောက်သွားသည်။ပုံရိပ်အား မြင်လိုက်ရသောအခါတွင်  ကျိမို့၏ ထိပ်ပျာမှုတို့ လျှင်မြန်စွာတည်ငြိမ်သွားသည်။ဤအချိန်တွင်သူ၏နှလုံးသားထဲမှထူးဆန်း

သောခံစားချက်အား  သူခံစားလိုက်ရသည်။ဤဒေါင်မြင့်မြင့်နှင့်ပုံရိပ်သာဤနေရာတွင်ရှိနေသ၍ သောကကင်းဝေးမှုအားသူခံစားရလိမ့်မည်ဖြစ်သည်။

“ကျေးဇူးပါ. ကျေးဇူးတင်ပါတယ်”

ကျိမို့က ရှစ်ဖုန့်အားကျေးဇူးတင်စကားဆိုလိုက်သည်။

လေထဲရှိ သွေးနီရောင်မီးတောက်ငယ်လေးက ရှစ်ဖုန့်၏လက်အတွင်းပြန်

လည်လှိမ့်ဝင်လာသည်။ မကြာခင်တွင် ၎င်းကရှစ်ဖုန့်၏လက်အတွင်းစုပ်ယူခံလိုက်ရပြီးပျောက်ကွယ်သွားသည်။

ရှစ်ဖုန့်က ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး နိုင်ငံတစ်ခုကိုင်ကပ်ဘေး

ဒုက္ခတို့အားသယ်ဆောင်လာစေနိုင်သော  မျက်နှာလေးအား ကြည့်လိုက်သည်။သူကပြောလိုက်သည်။

“ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်အနေနဲ့ မင်းရဲ့အာရုံခံနိုင်မှုက အရမ်းကိုနှေးတာပဲ..မင်းရဲ့အသက်ကိုလိုချင်လို့ ချဉ်းကပ်လာတဲ့  မင်းရဲ့ရန်သူကိုတောင် သတိမပြုမိဘူး.. မင်းအိမ်ကိုခပ်စောစောလေး

ပြန်လိုက်တာကောင်းမယ်.. အပြင်ဘက်မှာဒီလိုမျိုးနေဖို့မင်းအတွက်အရမ်းအန္တရာယ်များလွန်းတယ်”

သူကတကယ့်ကို ဖန်လုံအိမ်ထဲ၌ပျိုးထောင်ခြင်း

ခံခဲ့ရသောပန်းလေးတစ်ပွင့်ဖြစ်သည်။  သူ၏သိုင်းနယ်ပယ်မှာကြီးအား

သောအရင်းအမြစ်ပမာဏတို့ဖြင့် တည်ဆောက်ထားခဲ့ခြင်းပဲဖြစ်ရမည်ဖြစ်သည်။

“ငါ..ငါ..ငါအဲ့လိုမျိုးမလုပ်ချင်ဘူး”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရပြီးနောက် ကျိမို့၏မျက်နှာထက်၌ မကျေနပ်မှုတို့ဖြင့်ပြည့်နှက်သွားသည်။

သူကငိုတော့မည်ကဲ့သို့ နှုတ်ခမ်းလေးကိုစူလိုက်သည်။

“မင်းဘာတွေဖြစ်နေလို့လဲ”

ကျိမို့၏မကျေနပ်မှုအား ကြည်ရင်းရှစ်ဖုန့်ကူကယ်ရာမဲ့ပြောလိုက်သည်။ ကျိမို့၏ပုံမှာသူက၎င်းအားအနိုင်ကျင့်နေသကဲ့သို့ဖြစ်နေ၏။

ဤကဲ့သို့စကားများအားသူပြောရခြင်းက ၎င်း၏ကောင်းကျိုးအတွက်မဟုတ်သလော။

“ငါမင်းကိုအခုတင်ကျေးဇူးတင်နေတာလေ.

မင်းကငါ့ကိုဘယ်လိုဖြစ်ပြီးတော့ဆူနေရတာလဲ”

ကျိမို့က ရှစ်ဖုန့်အားမကျေနပ်မှုတို့ပြည့်နေသော

မျက်နှာဖြင့်ကြည့်၍ပြောလိုက်သည်။

“ကောင်းပြီ..ကောင်းပြီ. မင်းကိုမဆူတော့ဘူး”

ရှစ်ဖုန့်က မဲ့ရွဲ့သောအပြုံးဖြင့်ပြောလိုက်သည်။

သူ့ရှေ့တွင်ရှိနေသောဤလူက ငိုဖို့ကိုသဘောကျသော

ကောင်မလေးတစ်ယောက်ဖြစ်သည်ဟု ခံစားရမှုတို့က ပိုမိုတိုးပွားလာသည်။ သို့သော် ၎င်းအားသူနှစ်သိမ့်ဖို့မကြိုးစားခင် ငိုဖို့ထက်သန်သောကောင်မလေးဖြစ်သည်ဟု ရှစ်ဖုန့် အမှတ်မှားခဲ့သည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်ကမေးလိုက်သည်။

“မင်းအိမ်ကဘယ်မှာလဲ.ဒီသခင်လေးကိုမင်းကိုဆီမင်းကိုခေါ်သွားပေးစေချင်လား”

“အိမ်” ဟူသောစကားလုံးအားကြားသည်နှင့်ကျိမို့မှာ ကြောက်လန့်ဖွယ်တစ်စုံတစ်ခု

အားကြားလိုက်ရသကဲ့သို့ ထိပ်ထိပ်ပျာပျာဖြစ်နေသည်။

သူကလျှင်မြန်စွာငြင်းလိုက်သည်။

“ဟင့်အင်း. ငါအိမ်ကိုမပြန်ချင်ဘူး.ဟင့်အင်း.ဟင့်အင်း..ဟင့်အင်း”

သူ၏ အမူအယာက အရမ်းကိုစိတ်ဝင်စားဖွယ်ဖြစ်သည်။

သူ၏အိမ်ကမည်ကဲ့သို့အမျိုးအစားဖြစ်သနည်း။ သို့သော် သူက ဖြူစင်နူးညံ့ပြီး

အသားအရေက ပန်းနုရောင်ဖြစ်သည်။သူ့အနေဖြင့် ဤ၌ဒုက္ခတို့အားခံစားရသည့်ပုံမပေါ်ပေ။

ကောင်းမွန်သောဘဝတစ်ခု၌

နေနေရသောသူဖြစ်မည်သာဖြစ်သည်။

“အခုအာရုဏ်ဦး အချိန်ပဲ..ထွက်သွားဖို့အချိန်ကျပြီ..

မင်းဘယ်ကိုသွားမှာလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

ကျိမို့လျှင်မြန်စွာတည်ငြိမ်သွား၏။  ရှစ်ဖုန့်၏စကားအားကြား

လိုက်ရသောအခါတွင်နက်ရှိုင်း

စွာတွေးတောနေသကဲ့သို့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

ထို့‌နောက်   သူ၏ခေါင်းအားဖြည်းညှင်းစွာခါယမ်း၍ ရှစ်ဖုန့်အားပြောလိုက်သည်။

“ငါ.ငါ..ငါ..ငါဘယ်ကိုသွားရမလဲမသိဘူး”

“ဒီလိုဆိုရင်ရော ..ငါမင်းနောက်ကို အခုကစပြီးတော့ လိုက်မယ်လေ..မင်းသွားတဲ့နေရာ

တိုင်းကိုငါလည်းသွားမယ်..ဒါပေမဲ့.လူဆိုးတွေက ငါ့ကိုဖမ်းချင်တဲ့အခါကြရင် မင်းကငါကိုကာကွယ်ပေးရမယ်”

“ဒီသခင်လေးနောက်ကိုလိုက်မယ်..မင်းကိုကာကွယ်ပေးရမယ်.”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အကယ်၍ ဒီသခင်လေးနောက်ကိုမင်းကလိုက်ပြီး မင်းကိုဒီသခင်လေးက ကာကွယ်ပေးချင်ရင်တောင် ဒီသခင်လေးကဘာအကျိုးအမြတ်မှရမှာမဟုတ်ဘူး. မင်းကိုကာကွယ်ပေးဖို့အတွက်

အကြောင်းပြချက်တစ်ခုလောက်ဒီသခင်လေးကိုပေးစမ်းပါ”

“ဟီးဟီး”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင်ကျိမို့ရုတ်တရက်ပြုံးလိုက်သည်။ သူ၏အပြုံးက ငွားငွားစွင့်စွင့်ပွင့်နေသောပန်းကဲ့သို့လှပ၏။

“မင်းကလူကောင်းဆိုတာကိုငါသိတယ်လေ.. မင်းကလူကောင်းပဲ. လူကောင်းတစ်ယောက်ကပင်ကိုယ်

အားဖြင့်တရားမျှတမှုနဲ့အားနည်းတဲ့သူတွေကိုကာကွယ်ဖို့အတွက်တိုက်ခိုက်လိုတဲ့နှလုံးသားရှိတယ်..ပြီးတော့..”

“နေ..နေပါအုံး’

ကျိမို့ကဆက်လက်၍ ရှစ်ဖုန့်အားမြှောက်ပင့်ပြောလိုသော်လည်း ရှစ်ဖုန့်၏ကြားဖြတ်ဟန့်တားခြင်း

အားခံလိုက်ရသည်။

“မနေ့က ဒီသခင်လေးက အပြစ်မဲ့တဲ့သူတွေကိုသတ်တဲ့ မကောင်းတဲ့လူလို့ပြောခဲ့တာကို မှတ်မိပါသေးတယ်.ရုတ်တရက်ကြီး

ဘယ်လိုဖြစ်ပြီးတော့ ဒီသခင်လေးကလူကောင်းထဖြစ်သွားရတာတုံး”

“ပြီး‌တော့ မနေ့ကမင်းကအားနည်းတဲ့သူမဟုတ်ဖူးလို့မင်းပြောခဲ့တယ်လေ..မင်းကအရမ်းစွမ်းအားကြီးပြီးတော့ သူတော်စင်နယ်ပယ်တစ်ယောက်ကို

တောင်စိန်ခေါ်နိုင်တယ်ဆို”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters