← Chapters

ဝိညာဉ်သခင်ကြီးကိုသတ်ခြင်း

Vol. 6 Ch. 101

ဝိညာဉ်သခင်ကြီးကိုသတ်ခြင်း

Vol. 6 Ch. 101

ခေါင်းဆောင်နှင့်တခြားသူများသည် ပေထင်းဟွမ်ကိုယ်စား ချွေးအေးများ ပင် ပြန်လာသည်။ သူတို့သည် အချိန်မရွေး သွားကူညီရန် အသင့်ဖြစ်နေသည်။ သေရေးရှင်ရေးအကျပ်အတည်းအခိုက်အတန့်တွင် ခေါင်းဆောင်နှင့်တခြားသူ များသည် တစ်ယောက်ချင်းတိုက်ခိုက်သည့် စည်းမျဉ်းကိုပင် ဂရုစိုက်တော့မည် မဟုတ်ပေ။ ထို့အပြင် ခေါင်းဆောင်နှင့်တခြားသူများသည် ရှင်းထျန်ကြေးစား အဖွဲ့ကဲ့သို့ ပြိုင်ဘက်ကို ရှင်းရာတွင် ဖြောင့်မတ်စရာမလိုဟု ခံစားရသည်။

ပေထင်းဟွမ်သည် နောက်လှန်ချလိုက်သည်။ မှိန်းသည် သူမ၏နှာခေါင်း အားဖြတ်သွား၏။ သူမသည် ဘေးသို့စောင်းလိုက်ကာ မျက်လုံးမှိတ်လိုက်၏။ ထိုခံစားချက်မှာ ပြန်ရောက်လာပြန်ချေပြီ။ ထိုခံစားချက်သည် သွေးဝက်ရိုင်း ကျားအုပ်ကြီး ဖြတ်သွားစဉ်က နားလည်လိုက်သည့် ဇာမဏီအရိပ်ထက်ပင် ပို ရှင်းလင်းလသည်။ ထိုအချိန်က လေထဲမှ ဝိညာဉ်စွမ်းအားအတက်အကျသည် သွေးဝက်ရိုင်းကျားမည်သည့်နေရာတွင်ရှိသည်ကို အာရုံခံရန် သူမကို ကူညီပေး ခဲ့သည်။ ဤအခိုက်အတန့်တွင် သူမသည် ဝိညာဉ်စွမ်းအားအတက်အကျ ခြေရာ များကိုဖမ်းဆုပ်ပြီး အဘိုးကြီးတိုက်ခိုက်ချိန်တွင် ဝိညာဉ်စွမ်းအားများစွာကို တည်ဆောက်နိုင်ခဲ့သည်။

သူမ၏သွက်လက်သော ပုံရိပ်သည် အားလုံး၏မျက်စိရှေ့တွင် လက်ကနဲ ပျောက်သွားလေသည်။

စပါတာသည် ထိတ်လန့်မိသည်။ သူ၏မျက်လုံးများသည် ဝှေ့ဝဲကြည့်ရာ အရိပ်တစ်ခုဖြတ်သွားသည်ကို မြင်လိုက်ရသည်။ သက်ရှိလူတစ်ယောက်လုံး ပျောက်ကွယ်သွားလေပြီ။

အစိမ်းရောင်ဝတ်အဘိုးကြီးသည် မှိန်းကိုင်ထားပြီး ငူငိုင်စွာကြည့်နေမိ သည်။ သူ၏ကျောရိုးထဲမှ တက်လာသောအေးစိမ့်မှုသည် တစ်ကိုယ်လုံးကို ပျံ့နှံ့ သွား၏။ ဒီကောင်မှာ ဘယ်လိုလှုပ်ရှားမှု နည်းပညာတွေရှိနေတာလဲ။ တစ္ဆေ တွေတောင် သူမလောက် ထူးဆန်းမှာမဟုတ်ဘူး။ သူ၏လည်ပင်းအား ဓားပျော့ လာပတ်ချိန်တွင် လှောင်ရယ်သောအသံသည် အနောက်မှထွက်လာသည် “သခင်ကြီး ဘာတွေကြည့်နေတာလဲ”

ရယ်သံသည် သူ၏ချယ်ရီပန်းနှင့်တူသော နှုတ်ခမ်းမှထွက်လာသည်။ သို့သော် သူ့လက်မှာတော့ အညှာတာခြင်းမရှိပေ။ သူသည် ဓားရိုးကိုကိုင်ထား ပြီး ညင်သာစွာဆွဲထားသည်။ ဓားရှည်ပျော့တွင် သွေးများစွန်းပေသွားသည်။ အစိမ်းရောင်ဝတ်အဘိုးကြီး၏ ခေါင်းနောက်ပြန်ကျသွားသည်။ နောက်ဆုံး သူ မြင်လိုက်ရသည်မှာ ကောင်လေး၏ နူးညံ့သောနှုတ်ခမ်းသည် ညင်သာစွာ တွန့် သွားကာ သူ့မျက်လုံးထဲမှ အေးစက်သောအကြည့်ကိုပင်ဖြစ်သည်။

အုန်း…

သူ့ခေါင်းသည် မြေကြီးပေါ်ကျသွားသည်။ အကြိမ်အနည်းငယ်လှိမ့်သွား ရာ အစိမ်းရောင်ဝတ်အဘိုးကြီးသည် မျက်လုံးပင်မမှိတ်နိုင်တော့ပေ။

သူ၏နောက်ဆုံးအတွေးမှာ ဤကလေးသည် နှလုံးသားမဲ့သည့်လူဖြစ် သည်၊ ဤဆုံးရှုံးမှုကြီးကို ခံစားရပြီးနောက် သူ လက်စားမချေရန်ဖြစ်သည်။

ရင်ပြင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။ ပေထင်းဟွမ်နိုင်မည်ဟု ခေါင်းဆောင်နှင့်တခြားသူများ သိထားကြသော်လည်း သူမထက်အဆင့်မြင့်သူ ကို အနိုင်ပိုင်းလိမ့်မည်ဟု ထင်မထားကြပေ။ အနည်းဆုံးတော့ သူမ၏ မွန်မြတ် သောသားရဲကို ဆင့်ခေါ်ကာတိုက်ခိုက်မည်၊ သို့မဟုတ် သူနှင့်မယှဉ်နိုင်တော့ အချိန်တွင် သူမဘေးမှ အစောင့်အကြပ်စစ်သည်ကို ခေါ်လိမ့်မည်ဟု ခေါင်းဆောင်နှင့်တခြားသူများ ထင်ထားကြသည်။

မဟုတ်သေးဘူး.. တစ်ခုမှမမှန်ဘူး။

သူမသည် ကြယ် ၉ ပွင့်ဝိညာဉ်သခင်ဖြစ်သော်ငြား အစိမ်းရောင်ဝတ် အဘိုးကြီးသည် ကြယ် ၃ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သည်။ ဝိညာဉ်သခင်နှင့် ဝိညာဉ်သခင်ကြီးအကြားရှိ ကွာခြားမှုသည် ကောင်းကင်နှင့်မြေကြီးအကြားက ကွာခြားမှုနှင့်တူသည်။ ထို့အပြင် အစိမ်းရောင်ဝတ်အဘိုးကြီးတွင် ကူညီပေး မည့် စာချုပ်သားရဲရှိသည်။ စာချုပ်သားရဲသည် အဆင့် ၃ ဝိညာဉ်သားရဲဖြစ် သော်လည်း ဝိညာဉ်သခင်တစ်ဦး၏အခွန်အားနှင့် ဝိညာဉ်သားရဲတို့ပေါင်းစပ် လိုက်ခြင်းသည် ရိုးရှင်းသောအင်အားတစ်ခုမဟုတ်ပေ။

ပေထင်းဟွမ်သည် လက်ထဲမှနှင်းဖြူကို ညင်သာစွာလှုပ်ယမ်းလိုက်သည်။ နှင်းဖြူဓားသွားပေါ်မှ နောက်ဆုံးသွေးစက်ကျသွားပြီး သူမသည် အကြည့်ကို စပါတာဘက်သို့ လှည့်လိုက်သည်။

သူမ၏ အကြည့်သည် နှင်းဖြူပေါ်မှ လက်နေသည့် အလင်းကဲ့သို့ စူးရှလှသည်။ စပါတာ၏မျက်နှာသည် ဖြူဖျော့နေကာ ခြေထောက်များမှာ တုန်ယင်နေသည်။ သူ့ဘောင်းဘီများ စိုရွှဲသွားကာ အနံ့အသက်ခပ်ဆိုးဆိုး ထွက်လာသည်။ မိုးကြိုးသွားသည် အနံ့ကြောင့် နောက်ဆုတ်ကာ ဒေါသတကြီး ပေထင်းဟွမ်အား စောဒကတက်လေသည် “သခင် ဒါကဘယ်လိုသခင်လေးမျိုး လဲ.. တော်တော်သူရဲဘောကြောင်တာပဲ”

ပေထင်းဟွမ်သည် ယဲ့ယဲ့ပြုံးကာ ခေါင်းကိုဖြည်းညင်းစွာခါလိုက်သည်။ ပေထင်းဟွမ်၏ ရောင်ဝါပျောက်ကွယ်သွားသည်ကို ကြည့်ပြီး စပါတာသည် မြေပြင်ပေါ်သို့ ဒူးထောက်ကာ အရိုအသေပြုလေသည် “အသက်ကို ချမ်းသာပေးပါ သခင်ကြီး ချမ်းသာပေးပါ.. ကျွန်တော့်အသက်ကို ချမ်းသာပေး ရင် ကျွန်တော်တို့ ရှင်းထျန်ကြေးစားအဖွဲ့က နောက်ဆိုရင် ဘာမဆိုလုပ်ပေးပါ မယ်”

***

All Chapters