← Chapters

မင်း သေကိုသေရမယ်

Vol. 6 Ch. 102

မင်း သေကိုသေရမယ်

Vol. 6 Ch. 102

ခေါင်းဆောင်သည် ရှေ့တိုးကာ တစ်စုံတစ်ရာပြောဟန်ပြင်လိုက်သည်။ သို့သော် ပေထင်းဟွမ်သည် စပါတာဆီသို့ လျှောက်သွားသည်ကိုမြင်သောအခါ အသက်ပြင်းပြင်းရှူပြီး ပါးစပ်မှထွက်ခါနီး စကားလုံးများကို မျိုသိပ်လိုက်သည်။ မီးပွားနှင့် သူ၏သားသည် ယုတ်ညံ့ကောက်ကျစ်ရာ သူတို့၏အပြုအမူအတွက် စကားပြောခွင့်မရှိပေ။ ပြောရမည်ဆိုလျှင် နှင်းဝံပုလွေကြေးစားအဖွဲ့၏ ရှုထောင့်မှကြည့်လျှင် ရှင်းထျန်ကြေးစားအဖွဲ့သည် ရန်သူဖြစ်နေသည်။

ပေထင်းဟွမ်သည် သူ့ကို သိမ်မွေ့စွာကြည့်ပြီးနောက် သူတို့၏သခင်လေး ဖြစ်သူကို စွန့်ခွာထွက်ပြေးရန်ကြံစည်နေသည့် ရှင်းထျန်ကြေးစားအဖွဲ့မှလူများ ကို ကြည့်လိုက်သည်။

သူမ၏ အကြည့်များသည် သေစေလောက်သည်။ ဒါဇင်မျှသောလူများ သည် တုန်လှုပ်ကာ မလှုပ်မယှက်ရပ်နေကြသည်။

ပေထင်းဟွမ်သည် စပါတာရှေ့တွင်ရပ်ကာ သူ၏ကျောပြင်ကို တက်နင်း လိုက်သည်။ သူမသည် အားထည့်လိုက်ရာ စပါတာသည် ဝံပုလွေတစ်ကောင် ကဲ့သို့ အော်ဟစ်လေသည် “ယောက်ျားတစ်ယောက်အနေနဲ့ မင်းရဲ့ ဒူးက ရွှေဒင်္ဂါးပေါင်း ထောင်ချီတန်တယ်.. အဲဒါကို မင်းရဲ့အပေါစားအသက်အတွက် ဒူးထောက်တယ်ဆိုတော့ မင်းလိုလူက ငါ့ကိုတိုက်ခိုက်ဖို့မတန်ဘူး”

စပါတာသည် အပျော်လွန်သွားကာ အလျင်အမြန်ပင် ခေါင်းညိတ်လေ သည် “သဘောထားကြီးလိုက်ပါ.. ငါက မင်းအချိန်ပေးဖို့ မထိုက်တန်ဘူး.. မင်းရဲ့လက်တွေပဲ ညစ်ပတ်သွားလိမ့်မယ်”

“ဟုတ်တယ်” ပေထင်းဟွမ်သည် တိုးညင်းစွာပြန်ဖြေလေသည်။ သူမ သည် ခြေထောက်ကိုပြန်ရုတ်လိုက်သည် “အဲတော့ မင်းကိုယ်မင်း ပိုကောင်း အောင်လုပ်ပါ”

“ဟင်” စပါတာသည် နားမလည်ပေ။ သူသည် စိတ်ထဲတွင် နားလည် သော်လည်း မယုံရဲသလို ရင်မဆိုင်ရဲခြင်းလည်းဖြစ်နိုင်သည်။

တစ်ဖက်တွင် ခေါင်းဆောင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချ လိုက်သည်။ သူသည် စပါတာနဲ့ ကျန်လူများကို လွှတ်ပေးမည်ကို စိုးရိမ်ခဲ့သည်။ ပေထင်းဟွမ်သည် သူတို့နှင့်အတူရှိနေခဲ့သည်။ အချိန်တစ်ခုရောက်လျှင် ရှင်းထျန်ကြေးစားအဖွဲ့သည် နှင်းဝံပုလွေကြေးစားအဖွဲ့ကို လက်စားလာချေနိုင် သည်။ နှင်းဝံပုလွေကြေးစားအဖွဲ့သည် မကြောက်သော်လည်း သန်မာသည့် ပြိုင်ဘက်မှ လာကိုက်လျှင် စိတ်ရှုပ်စရာဖြစ်သည်။

“ဟား” ပေထင်းဟွမ်သည် နှာရှုတ်ပြီး စပါတာ၏မျက်လုံးအား စိုက်ကြည့် လိုက်သည်။ “မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ထင်သွားတာတော့ မဟုတ် လောက်ပါဘူးနော်”

စပါတာ၏မျက်နှာမှာ ဖြူဖျော့လာကာ စိတ်ထဲမှ ကြောက်ရွံ့မှုလည်း နက်ရှိုင်းလာသည်။ သူသည် စကားများပင် ထစ်အသွားသည် “သခင်ကြီး ငါက အစကနေအဆုံးထိ ရန်ငြိုးမထားတတ်ဘူး.. ငါ အရင်က မင်းကို ပြစ်မှားမိတယ် ဆိုရင်တောင် သေဖို့မထိုက်တန်ဘူးလေ.. ပြီးတော့ သခင်ကြီး အဲဒီရှီဟို့အမှုန့်က..”

“ဟုတ်ပြီ သိရင်ကောင်းတာပဲ” ပေထင်းဟွမ်သည် ရှင်းထျန်ကြေးစား အဖွဲ့မှ အသက်ရှင်ကျန်ခဲ့သည့် အဖွဲ့ဝင် ၁၀ ယောက်ကို မထင်သလိုကြည့်လိုက် သည်။ နောက်ဆုံးတွင် သူမ၏အကြည့်သည်စပါတာပေါ် ကျရောက်သွားသည်။

“အဲဒီရှီဟို့အမှုန့်က ငါတို့ရဲ့ ညီအစ်ကို အယောက် ၄၀ ကျော်ကို အသက်နှုတ်သွားတယ်.. ငါ့ကိုအလွတ်မပေးချင်ရင် သူတို့ကိုတော့ လွှတ်ပေးပါ”

ပေထင်းဟွမ်သည် ခေါင်းဆောင်ကို လက်ညှိုးထိုးကာဖြင့် “ငါက သူတို့နဲ့ ကြံရာပါလို့ မင်းထင်နေလိမ့်မယ်.. ငါက မင်းလက်စားချေမှာကို မကြောက်ဘူး ဒါပေမဲ့ ငါ့သူငယ်ချင်းတွေကို ဒုက္ခအဖြစ်မခံနိုင်ဘူး အဲဒါကြောင့် မင်းသေကို သေရမယ်”

ထိုသို့ပြောပြီးနောက် သူမ လက်နှစ်ဖက်ကိုခါကာ လှည့်ထွက်သွားလေ သည်။ သူမ၏ ပြေပြစ်သောအသံဆုံးသွားသည်နှင့် စပါတာ၏အမြင်များ အမှောင်ကျသွားလေသည်။ သူသည် သေရမည်ကို အလွန်ကြောက်သည် “ရှင်းမယ်ဆို အမြစ်ကနေရှင်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ငါမသိဘူးလို့မထင်နဲ့”

သူမသည် တိုင်နွန်ကိုကြည့်လိုက်ရာ တိုင်နွန်သည် ပျော်သွားသည်။ သူသည် ဤသခင်ကြီး၏ ကိစ္စများရှင်းလင်းပုံကို သဘောကျသည်။ သူသည် ကိစ္စများကို သပ်ရပ်စွာကိုင်တွယ်ကာ ဉာဏ်ကောင်းသလို အသေးအဖွဲ့များကို ဂရဒမုစိုက်ပေ။ တိုင်နွန်သည် လက်ကိုဝှေ့ယမ်းကာ သူ့လူများကိုဦးဆောင်ပြီး ဒါဇင်ခန့်ရှိသောလူများကို ဝိုင်းလိုက်ကြသည်။ လွတ်လမ်းမရှိတော့သည်ကို မြင်ပြီးနောက် သူတို့ထဲမှတစ်ယောက်သည် အမြန်ပင်ဒူးထောက်ကာ ရှင်းထျန် အမှတ်တံဆိပ်ကို ဖြတ်ပြီး မြေပေါ်သို့ပစ်လိုက်သည် “သခင်ကြီး ကျွန်တော် အခုကစပြီး ရှင်းထျန်ကြေးစားအဖွဲ့ကို အလုပ်အကျွေးမပြုတော့ဘူးလို့ သစ္စာဆိုပါတယ်.. ဒီနေ့ဖြစ်ပျက်ခဲ့တာကို ဘယ်သူ့ကိုမှ ဘယ်တော့မှ မပြောပါဘူး ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”

တိုင်နွန်နှင့်တခြားသူများသည် သွေးဆာနေသောလူများမဟုတ်ကြပေ။ အားလုံး သစ္စာဆိုပြီး ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းမှ သစ္စာကို အသိအမှတ် ပြုသည်ကိုမြင်သည်နှင့် တွန့်ဆုတ်စွာဖြင့် ပေထင်းဟွမ်အား ကြည့်လေသည်။ ပေထင်းဟွမ်သည် သူတို့၏ခေါင်းဆောင်ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။

ပေထင်းဟွမ်သည် လျှောက်သွားပြီး ထိုလူများကို တစ်ယောက်ချင်းစီ ကြည့်လေသည် “ကောင်းကင်နဲ့မြေကြီးကြားမှာ ရပ်ဖို့ ဘာလုပ်ပိုင်ခွင့်ရှိလဲ.. မင်းတို့က သခင်အဟောင်းကိုတောင်မှ စွန့်ခွာတာ.. မင်းတို့ရဲ့ကတိတည်မယ် လို့ ငါယုံမယ်ထင်လား.. မင်းတို့မသေချင်လို့ သစ္စာကိုချိုးဖောက်ရင် ငရဲကိုသွား ရမယ်လို့ကြားတယ်.. မင်းတို့က ငရဲသွားဖို့ရွေးရင် ဘယ်လိုလုပ်မှာလဲ”

***

All Chapters