← Chapters

အမြစ်ကိုအပြတ်ရှင်းခြင်း

Vol. 6 Ch. 103

အမြစ်ကိုအပြတ်ရှင်းခြင်း

Vol. 6 Ch. 103

“ကျုပ်… ကျုပ်စောင့်ပါမယ်..” ဤအသင်းခွဲ၏ ခေါင်းဆောင်သည် ဦးဆောင်သူပင်ဖြစ်သည်။ သူသည် သက်ပြင်းရှည်ကြီးချလိုက်သည် “သခင်ကြီး သခင်ကြီးသာ ကျုပ်တို့ရှင်းထျန်ကြေးစားအဖွဲ့မှာနေရင် ကျုပ်တို့လိုပဲ ရွေးချယ် မိမှာပါ.. မီးပွားနဲ့သူ့သားက ကျုပ်တို့အသက်ကို တစ်ခါမှ အလေးအနက်မထား ဖူးဘူး.. ကျုပ်တို့ ရှင်းထျန်ကြေးစားအဖွဲ့မှာနေတာကလည်း အသက်ကို ဖိအားပေးခံရလို့ပါ.. ကျေးဇူးပြုပြီး အသက်ကိုချမ်းသာပေးပါ သခင်ကြီး”

ပေထင်းဟွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ကိုယ်ပိုင်ကိစ္စဆိုလျှင် အဆုံးသတ်ရန်လွယ်ကူသည်။ အဓိကသော့ချက်မှာ ဤကိစ္စသည် နှင်းဝံပုလွေ ကြေးစားအဖွဲ့နှင့် ပတ်သက်နေသည်။ သူမသည် တိုင်နွန်အား စူးစမ်းသလို ကြည့်လိုက်သည်။

ခေါင်းဆောင်လျှောက်လာသည်။ မိုးကြိုးသွားသည် သတိမေ့နေသည့် စပါတာကို စောင့်ကြပ်နေသဖြင့် စပါတာထွက်ပြေးမည်ကို သူ မကြောက်ပေ‌။ “သခင်ကြီး.. အကုန်လုံးက သခင်ကြီးအပေါ်မှာပဲမူတည်ပါတယ်.. ဘယ်လို ဆုံးဖြတ်ချက်ပဲချချ ကျုပ်တို့က ငြင်းဆန်စရာမရှိပါဘူး”

“ဟုတ်ပြီ” ပေထင်းဟွမ်သည် ဝိညာဉ်နဂါးမောက်သီး၏ရနံ့ကို ရလိုက် သည်။ တောင်ကမ်းပါးတွင် စစ်ပွဲသည် အထွဋ်အထိပ်သို့ရောက်နေပြီဖြစ်၏။ ဤနေရာမှ အသီးသည် ရင့်မှည့်နေပြီဖြစ်ရာ တခြားနေရာများမှ အသီးသည် မကြာခင်မှည့်တော့မည်။ အကယ်၍ မှော်သားရဲများသာ အနိုင်ရသွားပါက မထိုက်တန်ပေ။ ပေထင်းဟွမ် တိုက်တွန်းလေသည် “ဒါဆို သူတို့ကို စောင့်ကြည့်ပြီး သစ္စာဆိုခိုင်း.. ကျွန်တော်တို့တွေ ဟိုဘက်ကိုအမြန်သွားရမယ်”

တိုင်နွန်တုံ့ပြန်ကာ သူ၏လက်အောက်ငယ်သားများသည် လူ ၁၀ ယောက် သစ္စာဆိုသည်ကို စောင့်ကြည့်လေသည်။ သစ္စာမဆိုချင်သည့် လူသုံး ယောက်ကို တိုင်နွန်သတ်လိုက်၏။

သွေးတစ်စက်သည် စပါတာ၏မျက်နှာအား သွားစင်လေသည်။ အရည် နွေးနွေးနှင့် သွေးနံ့ကြောင့် သူ နိုးလာသည်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေ သည်။ ပေထင်းဟွမ်၏ ထက်ရှသောအကြည့်ကိုအာရုံခံမိပြီး စပါတာသည် ပေထင်းဟွမ်၏ မျက်လုံးများကို မကြည့်ရဲပေ။ သူသည် သူမ၏ စကားကိုကြား လိုက်ရ၏ “မိုးကြိုးသွား သူ့ကိုစားလိုက်”

မိုးကြိုးသွားသည် ကြောက်လန့်ကာ နောက်ဆုတ်သွားလေသည်။ သူသည် ပေထင်းဟွမ်၏ရှေ့၌ ဒူးထောက်လေသည် “သခင် မိုးကြိုးသွားက နောက်ဆိုရင် သခင့်အမိန့်ကိုနာခံမှာပါ.. သခင့်အမိန့်ကိုမနာခံဘဲမနေနိုင်ပါဘူး”

တကယ်တော့ သူ အမြဲတမ်းလုပ်နေကျပင်။ သို့သော် သူ၏သခင်ဖြစ်သူ သည် စိတ်လွတ်နေသည့်လူကို စားခိုင်းနေသည်။ ထိုလူ သူ့ကိုခွင့်လွှတ်မည် မဟုတ်ပေ။ သူမကို ဓားပျော့မပေးဘဲ ညအရှင်ကို သွားပေးလိုက်လို့ သူမက သူ့ကို လာအပြစ်တင်နေတာလား။ သူမက အခု အဲဒါကိုရန်ငြိုးထားနေတာပဲ။

မိုးကြိုးသွားသည် ခေါင်းငုံ့ကာ ပေထင်းဟွမ်၏ခြေထောက်နှင့် သူ့ဦးခေါင်း ကို ညင်သာစွာပွတ်သပ်နေသည်။ ပေထင်းဟွမ်သည် သက်ပြင်းချကာ ခါးကုန်း ပြီး မိုးကြိုးသွား၏ ခေါင်းကို ပုတ်လိုက်သည်  “ဒါဆို ပြောဦး မင်း ဘာလို့အရှင့် ကိုကြောက်တာလဲ”

သခင့်ကိုကြောက်တာထက်တောင် ပိုကြောက်သေးတယ်။ ကြောက်ရုံ တင်မကဘူး ရိုကျိုးသေးတယ်။

“သခင် သူ့ခန္ဓာကိုယ်မှာ ဖိအားတစ်မျိုးရှိတယ်.. အဲဒါကိုရှင်းအောင်တော့ မရှင်းပြတတ်ဘူး ဒါပေမဲ့ ငါကြောက်တယ်.. ငါလည်းနားမလည်ဘူး.. သူ့ သွေးသားထဲကတစ်ခုခုက မှော်သားရဲတွေကို ကြောက်အောင်ခြောက်နေတာ.. အရမ်းကိုဆန်းကြယ်တယ်.. အဲဒါဘာလဲဆိုတာတော့မသိဘူး.. ဒါပေမဲ သူ့ကို နာခံရမယ်လို့ ငါ့ဝိညာဉ်အလိုလိုသိစိတ်ကပြောနေတာ.. အဲဒါက ထူးခြားတဲ့ သွေးသားကို သာမန်မှော်သားရဲတွေ ကြောက်တဲ့ဖိအားနဲ့အတူတူပဲ”

သူက.. အထွတ်အမြတ်သားရဲများလား။

အရွယ်ရောက်ပြီးသား အထွတ်အမြတ်သားရဲသည် လူသားအသွင်ပြောင်း နိုင်သည်။

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ မဟုတ်သေးဘူး.. သူ့ဆီက လူသားရောင်ဝါထွက်နေတာ သေချာပါတယ်။ သူက လူသားနဲ့မှော်သားရဲ့တို့ရဲ့ ကလေးဖြစ်နေလို့လား။ ပေထင်းဟွမ်သည် မသိတော့သဖြင့် ထပ်မစဉ်းစား တော့ပေ။ သူမသည် အနောက်မှခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်သည် လက်ကိုမြှောက်ပြီးချကာ စပါတာကို လွယ်ကူစွာပင် သတ်ဖြတ်လိုက်သည်။

၁၅ မိနစ်အတွင်းမှာပင် သူ၏အလောင်းကို တခြားသောမှော်သားရဲများ ဝိုင်းလာသည်။ သူ၏သေဆုံးသည့် သတင်းကို ဖြန့်မည့်လူရှိမည်ကို စိုးရိမ်ရန် မလိုတော့ပေ။

မြင့်မားသောကမ်းပါးတစ်ခုတွင် နွယ်ပင်တစ်ပင်သည် ကျောက်တုံး အက်ကြောင်းမှထွက်လာသည်။ ၎င်းသည် ကျောက်တုံးမျက်နှာပြင်တွင် တွယ်ကပ်နေကာ အမြစ်စွဲနေသည်။ စိမ်းဖန့်သောသစ်ရွက်များသည် ကျောက်စိမ်းကဲ့သို့ ကွေ့ကောက်ကာ ကြည်လင်နေသည်။ အစိမ်းရောင် သစ်ရွက်လေးရွက်သည် နည်းနည်းစီဖွင့်ဟလာသည်။ အလယ်တွင် အနီရောင် အစက်ရှိသည်။ လက်မအရွယ် နီနီရဲရဲအသီးမှ စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ ထွက်လာသည်။

အဲဒါဝိညာဉ်နဂါးမောက်သီးပဲ။

***

All Chapters