← Chapters

အစောင့်အကြပ် မွန်မြတ်သောသားရဲ

Vol. 6 Ch. 104

အစောင့်အကြပ် မွန်မြတ်သောသားရဲ

Vol. 6 Ch. 104

ထိုရနံ့သည် လတ်ဆတ်ကာ ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝစွာပါဝင်‌လေ သည်။ စစ်မှန်သော ဝိညာဉ်သစ်သီးပင်။

“သခင်ကြီး အသီးက မှည့်တော့မယ် မြန်မြန်သွားရအောင်” ခေါင်းဆောင် သည် ရှေ့ကိုတိုးလာသည်။ သူသည် ဤအဖွဲ့ငယ်၏ ခေါင်းဆောင်တစ်ဦးဖြစ် သော်လည်း ဤတာဝန်၏ခေါင်းဆောင်ဖြစ်သော ပေထင်းဟွမ်ကို လေးစား သည်မှာ သေချာလှသည်။

များပြားလှသောလူအုပ်ကြီးသည် တောင်ကမ်းပါးအောက်ခြေတွင် စုပြုံ နေပြီဖြစ်သည်။ အများစုသည် ကြေးစားအဖွဲ့များနှင့် စွန့်စားသူများဖြစ်ကြ သည်။ ဤနေရာသို့ရောက်လာသူများသည် အနည်းဆုံး ကဲယ် ၇ ပွင့်အထက်ရှိ ဝိညာဉ်ကျင့်ကြံသူများနှင့် ဓားသမားများဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် အားလုံးသည် တောင်ကမ်းပါးပေါ်မှ ဝိညာဉ်နဂါးမောက်သီးကိုသာ စိုက်ကြည့် နေကြသည်။ သူတို့သည် မှည့်လာသည်အထိစောင့်ကာ လှုပ်ရှားရန် အသင့်ပြင် ထားကြသည်။

မှော်သားရဲများသည် တောင်ကမ်းပါးအနီးအနားတွင် စုလာကြသည်။ မိုးကြိုးသွားပြောသည့်အတိုင်းပင် ကြယ်အဆင့်မြင့်တိညာဉ်သားရဲများနှင့် အဆင့်မြင့်မှော်သားရဲများ ပါဝင်ကြသည်။ ဤတောထဲမှ မှော်သားရဲများ အားလုံး ဤနေရာတွင် စုဝေးလာကြသည်ဟု ခန့်မှန်း၍ရနိုင်သည်။

သစ်သီးမှာ တစ်လုံးတည်းပင်။ များပြားလှသည့် လူနှင့်မှော်သားရဲများ အကြားတွင် အသီးရင့်မှည့်သည်နှင့် ပြိုင်ဆိုင်မှုမည်မျှပြင်းထန်သည်ကို တွေး ကြည့်၍ပင်ရနိုင်သည်။

ခေါင်းဆောင်သည် ရှေ့မှလျှောက်သွားကာ ပေထင်းဟွမ်နှင့် အဖွဲ့ကို တောင်ဆီသို့ တိတ်တိတ်လေး ဦးဆောင်သွားသည်။ သူတို့သည် ရှည်လျားပြီး ကျဉ်းမြောင်းသည့် တောင်လမ်းကိုဖြတ်ပြီးနောက် ဂူတစ်ဂူအတွင်းသို့ဝင်လေ သည်။ နာရီဝက်ကြာအောင် လျှောက်ပြီးနောက် သူတို့၏ မျက်လုံးများ အရောင် လက်လာကာ ဝင်လိုက်ကြသည်။

တောင်၏ အလယ်တွင် ကြီးမားသောအပေါက်ကြီးတစ်ပေါက် တူးထား သည်။ တောင်ထိပ်မှ ကြည်လင်သောနွေဦးရေသည် စီးကျနေကာ တောင်၏ ဘေးဘက်လေးလံရှိ စိမ်းလဲ့သောသစ်ရွက်များနှင့် ပန်းပွင့်များသည် တခြား နေရာများထက် ရက်ရက်စက်စက် ဖူးပွင့်နေကြသည်။ သစ်ပင်ကြီးတစ်ပင်ကို အစိမ်းရောင်နွယ်ပင်များ ရစ်ပတ်ထားကာ အလယ်တွင် အနီ‌ရောင် သစ်သီး သုံးလုံး တွဲလောင်းကျနေသည်။ ထိုအခိုက်အတန့်တွင် အနီရောင် အတောက်ပ ဆုံး အသီးသည် အပြည့်အဝရင့်မှည့်နေပြီဖြစ်သည်။ ဂူတစ်ဂူလုံးတွင် ဝိညာဉ် နဂါးမောက်သီးအနံ့များ ပြည့်နှက်နေသည်။

အားလုံးပေါင်း သုံးလုံးပဲ။

ခေါင်းဆောင်နှင့်တခြားသူများ ဤအရာကိုမြင်သောအခါ လေးပင်စွာ အသက်ရှူလိုက်ကြသည်။ ပေထင်းဟွမ်လည်း စိတ်လှုပ်ရှားနေသည်။

“သခင်ကြီး မြန်မြန်သွားခူးလိုက်.. ဒီဝိညာဉ်အသီးတွေမှည့်သွားရင် မပျက်မစီးအောင်ထားဖို့က အချိန် ၂ နာရီပဲလိုတယ်.. အချိန်မှီမခူးလိုက်ရင် အပင်က သူ့ဘာသာသူစုပ်ယူသွားမှာ” ခေါင်းဆောင်သည် အလျင်အမြန်ပင် ဆော်ဩလေသည်။

ခူးပြီးသည်နှင့် ပေထင်းဟွမ် စားလိုက်မည်ကို သူတို့မကြောက်ပေ။ ဝိညာဉ်နဂါးမောက်သီးသည် တစ်နှစ်မှတစ်ခါသာ ရင့်မှည့်သောဝိညာဉ်သစ်သီး ဖြစ်သည်။ ခူးရမည့်နေရာကို သူတို့သိနေသရွေ့ နှစ်တိုင်းလာခူးနိုင်သည်။ သို့သော် သူတို့သည် ဤကဲ့သို့အဖိုးတန်သောလျှို့ဝှက်ချက်ကို ပေထင်းဟွမ်ကို ပြောကြသည်။ ထိုအရာကိုကြည့်လျှင် သူတို့ သူမကို မည်မျှယုံကြည်ကြောင်း သိနိုင်သည်။

ပေထင်းဟွမ်သည် ထိုကျေးဇူးကိုစိတ်ထဲတွင် မှတ်ထားသည်။ ယုံကြည်ခံ ရသည့်ခံစားချက်သည် အလွန်ပင် စိတ်ဓာတ်ကြွစေသည်။ သူမသည် ဝတ်ရုံ နက်ကို ညင်သာစွာခါကာ ရှေ့သို့တိုးလိုက်သည်။

တင်းမာသောလေထုပျံ့နှံ့သွားသည်။ လေပင်မတိုက်သလိုပင်။ ငြိမ်သက် နေသောခံစားချက်ကို လေကပင် မထိုးဖောက်နိုင်ပေ။ ကြောက်မက်ဖွယ် ကောင်းလောက်တောင် တိတ်ဆိတ်နေသည်။ ပေထင်းဟွမ်၏ တစ်နှစ်ပတ်လုံး သေခြင်းရှင်ခြင်းကို လေ့ကျင့်လာသည့် ဆဌမအာရုံသည် သူမ၏ဆံပင်များကို ထောင်သွားစေသည်။ ဘေးသို့ တစ်လှမ်းရွှေ့လိုက်ရန် သူမ၏အလိုလိုသိစိတ်မှ ပြောနေသည်။

“သခင် မွန်မြတ်တဲ့သားရဲပဲ”

မိုးကြိုးသွား စကားမဆုံးခင်မှာပင် ပြင်းထန်သောလေသည် သစ်ရွက်ကြွေ များကိုတိုက်ခတ်ပြီး ဓားသွားများသဖွယ် ပေထင်းဟွမ်ရပ်နေခဲ့သည့်နေရာကို ဝှေ့ဝဲသွားလေသည်။ မရေမတွက်နိုင်သောဓားသွားငယ်များ ပေထင်းဟွမ်ကို တိုက်ခိုက်ပြီး သူမ၏ဝတ်ရုံနက်ကို စုတ်ဖြတ်လေသည်။

နီးနီးလေးပြလိုတော့တာ..

သူမသာ စည်းချက်တစ်ချက်လောက်နှေးလိုက်လျှင် ထက်ဝက်ပိုင်းသွား မည်ဖြစ်သည်။

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ ထူးဆန်းသောခြေလှမ်းဖြင့် ရှောင်ရှားလိုက်သည်။ နှင်းဖြူသည် သူမလက်ထဲသို့ရောက်နေပြီဖြစ်သည်။ ငွေရောင်အလင်းတန်းသည် သူမခြေထောက်အောက်သို့ ရောက်နေပြီဖြစ်၏။ မိုးကြိုးသွားသည် သူ၏မူရင်းပုံစံကို ထုတ်လိုက်ပြီဖြစ်သည်။ ၎င်းသည် အတောင်ပံဖြန့်ကာ တိုက်ခိုက်ရန် မျက်နှာချင်းဆိုင်ထားသည်။

ဘုန်း..

မည်သူမှ မတုံ့ပြန်ခင်မှာပင် မွန်မြတ်သောသားရဲနှစ်ကောင်သည် တိုက်ပွဲ ပထမအချီကို တိုက်ခိုက်နေပြီဖြစ်သည်။ ကြီးမားသောမှော်သားရဲများသည် တစ်ကောင်တစ်ကောင် တိုက်ခိုက်နေကြလေပြီ။

ဟာရီကိန်းမုန်တိုင်းသည် တိုက်ခိုက်သည့်နေရာမှ စတင်ကာ ကောင်းကင် ပေါ်သို့ အရှိန်ဖြင့်တက်သွားသည်။ ကြီးမားသော လှိုင်းဂယက်ကြီးသည် အဘက်ဘက်သို့ ပျံ့သွားသည်။ အားလုံးသည် နောက်ဆုတ်ကြကာ မည်သူမှ ဟာရီကိန်းကို မထိရဲကြပေ။ မဟုတ်လျှင် မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရမည်ဖြစ်သည်။

***

All Chapters