← Chapters

မွန်မြတ်သောသားရဲများ တိုက်ပွဲ

Vol. 6 Ch. 105

မွန်မြတ်သောသားရဲများ တိုက်ပွဲ

Vol. 6 Ch. 105

မိုးကြိုးသွားသည် အတောင်ပံဖြန့်ကာ မိုးပေါ်သို့ပျံသွားသည်။ သူ့အနောက်မှ ငွေရောင်အလုံးတစ်လုံး လိုက်သွားလေသည်။ တစ်ကောင်မှာ အနက်ဖြစ်ကာ တစ်ကောင်မှာ ငွေရောင်ဖြစ်သည်။ သူတို့သည် လေထဲတွင် မျက်နှာချင်းဆိုင်လိုက်ကြသည်။ သူတို့သည် တစ်ဖက်လူ၏ ခွန်အားကို ကြောက်လန့်သဖြင့် အလောတကြီးမတိုက်ခိုက်ရဲကြဘဲ အကောင်းဆုံး အခွင့်အရေးကိုသာ စောင့်နေကြသည်။

ထိုအခါမှပင် အားလုံးသည် တခြားသောမွန်မြတ်သောသားရဲကို မြင်လိုက် ကြသည်။ ၎င်းသည် ငွေရောင်လရိပ်နတ်မိစ္ဆာဝံပုလွေဖြစ်သည်။ တစ်ကိုယ်လုံး မှာ နှင်းကဲ့သို့ဖြူစွတ်နေပြီး အမွေးမှာ တခြားအရောင်မစွက်ပေ။ သူ့ခန္ဓာကိုယ် မှာကြံ့ခိုင်ပြီး တစ်ကိုယ်လံဒးသည် နှင်းကဲ့သို့ ဖြူဖွေးနေသည်။ လေတိုက်လိုက် သည်နှင့် သူ့အမွေးများသည် လိမ့်နေကြသည်။ ၎င်း၏ ခြေလေးချောင်းသည် ငွေရောင်တိမ်တိုက်များပေါ်သို့ တက်လိုက်သည်။ ၎င်းသည် ကြီးကျယ်ခမ်းနား ပြီး ထူးခြားသည်။

မွန်မြတ်သောသားရဲများသည် လူသားကောင်းကင်အဆင့် ဝိညာဉ်သခင် များနှင့် ညီမျှသည်။ မွန်မြတ်သောသားရဲသည် အတောင်ပံဖြန့်သည်ဖြစ်စေ မဖြန့်သည်ဖြစ်စေ ပျံနိုင်ကြသည်။

ဤငွေရောင်ဝံပုလွေသည် ၎င်း၏ခြေလက်များကိုသာ မှီခိုပြီး လေပေါ်ပျံ တက်ခြင်းဖြစ်သည်။

၎င်းသည် ကြယ် ၃ ပွင့်မွန်မြတ်သောသားရဲဖြစ်သည်။ ၎င်းသည် မိုးကြိုး သွားထက် ကြယ် ၂ ပွင့်နိမ့်သော်လည်း ဝိညာဉ်သားရဲအများစုတွင် ဤထူးခြား သည့် အရည်အချင်းရှိကြသည်။ ၎င်းသည် အသုံးပြုပြီးသည်နှင့် အပြင်ပန်း အင်အားနှင့်မညီမျှတော့ပေ။

ပေထင်းဟွမ်သည် လှည့်ပတ်ကြည့်လိုက်သည်။ ဂူထဲတွင် မွန်မြတ်သော သားရဲတစ်ကောင်သာရှိသည်။ ဝိညာဉ်နဂါးမောက်သီး၏ အစောင့်အရှောက် သားရဲဖြစ်နိုင်သည်။ သည်လိုဆိုလျှင် ပိုလွယ်ကူသွားသည်။ သူတို့သည် ဝိညာဉ် နဂါးမောက်သီးအတွက် လာခြင်းဖြစ်သည်။ မိုးကြိုးသွား ထိုမွန်မြတ်သော သားရဲကိုရှင်းနေချိန်တွင် သူမ ဝိညာဉ်နဂါးမောက်သီးကို သွားခူးရမည်။

မိုးကြိုးသွားကို စိတ်ထဲမှအမိန့်ပေးပြီးနောက် ပေထင်းဟွမ်သည် ဝိညာဉ် နဂါးမောက်သီးဆီသို့ ရွှေ့ပြောင်းနည်းဖြင့် သွားလိုက်သည်။ သူမသည် အမှန် တကယ်ပင် မြန်ဆန်သည်။ အားလုံးသည် ဝေဝေဝါးဝါးသာမြင်လိုက်ရသော် လည်း ပေထင်းဟွမ်သည်ဝိညာဉ်နဂါးမောက်သီးဆီသို့ ရောက်သွားပြီဖြစ်သည်။

“ဝူး”

ငွေရောင်ဝံပုလွေသည် ထိုအခြင်းအရာကိုမြင်သည်နှင့် ဒေါသတကြီး အော်ဟစ်လေသည်။ မွန်မြတ်သောသားရဲ၏ ဖိအားထွက်လာသည်နှင့် ခေါင်းဆောင်နှင့်တခြားသူများသည် သူတို့၏စာချုပ်သားရဲများ ဝိညာဉ်အတွင်း ထဲမှပင် တုန်ယင်သွားသည်ကို ခံစားလိုက်ရသည်။ တကယ့်ကို ထင်ထားတဲ့ အတိုင်းမွန်မြတ်တဲ့သားရဲပဲ။

ငွေရောင်ဝံပုလွေသည် သဲသဲမဲမဲပင် ဒေါကန်သွားသည်။ ဒီလူသားက သူ့ကိုသေပြီလို့များထင်နေတာလား။ ထိုလူသည် သူကဲ့သို့ မွန်မြတ်သောသားရဲ ကို လှည့်ဖျားရန် ဤကဲ့သို့ လှည့်ကွက်အသေးစားကို သုံးခဲ့သည်။ သူ စောင့်ကြပ်နေတဲ့ ဝိညာဉ်နဂါး မောက်သီးက အဲလောက်လွယ်လွယ်နဲ့ တပ်မက် လို့ရလို့လား။ အသုံးမကျလိုက်တဲ့လူသား။

ငွေရောင်အလင်တးန်းသည် မိုးပေါ်တွင် လက်လာသည်။ ငွေရောင်ဝံပုလွေ၏ခန္ဓာကိုယ်သည် ယိမ်းကာ မိုးကြိုးဖြင့် ပေထင်းဟွမ်ကို တိုက်ခိုက်လေသည်။

မိုးကြိုးသွားသည် လေအရည်အချင်းရှိသော မှော်သားရဲဖြစ်ကာ အရှိန်နှုန်းမြန်သည်ဟု လူသိများကြသည်။ ၎င်းသည် မှော်သားရဲများအားလုံး တွင် အမြန်ဆုံးကြောင်ဖြစ်သည်။ ဒီငွေရောင်ဝံပုလွေကို ဘယ်လွတ်တော့မလဲ။ ၎င်း၏ရွှေရောင်မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ဖြစ်ပေါ်သွားသည်။ ၎င်းသည် အတောင်ပံခတ်ကာ ငွေရောင်ဝံပုလွေကို ပိတ် လိုက်သည်။ ၎င်း၏အားကောင်းသောရှေ့လက်များ ရုတ်တရက်ခတ်လိုက်ရာ ပြင်းထန်သောလေသည် ငွေရောင်ဝံပုလွေဆီသို့ တိုက်ခတ်လေသည်။

ကြီးမားလှသောအထွတ်အမြတ်သားရဲများသည် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်ကြလေသည်။ သူတို့၏ချွန်ထက်သောသွားနှင့် လက်သည်းများသည် တစ်ကောင်နှင့်တစ်ကောင်ကို ကုပ်ဖဲ့နေကြသည်။ မိုးကြိုးသွားသည် သူတို့ အနောက်မှလေဟာနယ်ကို တင်းကြပ်စွာကာကွယ်ထားကာ မိုးကြိုးကို ပိတ်ပင် ထားသည်။ ဂူထဲတွင် ငလျင်လှုပ်လိုက်ရာ မြေကြီးမှာလှုပ်ခါသွားပြီး သစ်ကိုင်း များနှင့် မြက်များသည် နေရာတိုင်းသို့လွှင့်သွားကြသည်။

“မိုးနတ်မင်းရေ ငါ့ဘဝမှာ မွန်မြတ်တဲ့သားရဲနှစ်ကောင်ကြည့်ရင်းနဲ့ သေရင်ကို တန်သွားပြီ”

“မွန်မြတ်တဲ့သားရဲ အဲဒါမွန်မြတ်တဲ့သားရဲတွေပဲ အားကောင်းလိုက်ကြ တာ”

နှင်းဝံပုလွေကြေးစားအဖွဲ့၏ အဖွဲ့ဝင်များသည် တောင်နံရံဆီသို့ ကပ်သွား ကြသည်။ သူတို့ သတိမထားလိုက်လျှင် မွန်မြတ်သောသားရဲနှစ်ကောင်ကြားမှ တိုက်ပွဲ၏ သက်ရောက်မှုကြောင့် သူတို့တွေလွင့်သွားနိုင်သည်။ မိုးပေါ်တွင် ကြီးမားသောစွမ်းအင်လှုပ်ခါလာသည်ကိုကြည့်ပြီး လူတစ်စုသည် မှင်တက်သွား ကြသည်။

ပေထင်းဟွမ်သည် အခွင့်အရေးကိုအရယူကာ ဝိညာဉ်နဂါးမောက်သီးဆီ သို့ပြေးသွားလိုက်သည်။ လက်မအရွယ်အစားရှိ အသီးသုံးလုံးသည် ရင့်မှည့်နေ ပြီဖြစ်ကာ သူမ၏နှာခေါင်းထဲသို့ ရနံ့များဝင်လာသည်။ ထိုအသီးထဲတွင် ဝိညာဉ် စွမ်းအင်များကြွယ်ဝစွာပါနေသည်ကို သူမ ခံစားမိသည်။ သူမ၏လက်ထဲမှ နှင်းဖြူသည် ဓားတိုအသွင်ပြောင်းနေပြီဖြစ်သည်။ အလင်းတန်းတစ်ခုထိလိုက် သည်နှင့် ဝိညာဉ်နဂါးမောက်သီးသုံးလုံးနှင့် နွယ်ပင်များပါပြတ်သွားပြီး အသီး များကို သူမ၏သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။

“မြန်မြန် သွားကြမယ် မိုးကြိုးသွားက ငါတို့နောက်လိုက်ခဲ့လိမ့်မယ်”

သူတို့လုပ်ဆောင်ရန်မှာ လျှပ်စီးကြောင်းတိုက်ခိုက်မှုကို ရပ်တန့်ရန် မိုးကြိုးသွားကို အသုံးပြုရန်ဖြစ်သည်။ ပေထင်းဟွမ်နှင့်တခြားသူများသည် ဝိညာဉ်နဂါးမောက်သီးကိုယူပြီးသည်နှင့် အမြန်ထွက်လာကြသည်။ လူတစ်စု သည် သတိပြန်ဝင်လာကာ မိုးပေါ်မှ မွန်မြတ်သောသားရဲနှစ်ကောင်တိုက်ခိုက် နေသည်ကို မက်မက်မောမောပင်ကြည့်နေကြသည်။ သူတို့သည် တောင်နံရံ များတစ်လျှောက် လျှောက်လာပြီး ဂူထဲမှထွက်လာခဲ့ကြသည်။

***

All Chapters