← Chapters

သေရေးရှင်ရေး၊ ယန်ယဲ့

Vol. 6 Ch. 106

သေရေးရှင်ရေး၊ ယန်ယဲ့

Vol. 6 Ch. 106

ဝိညာဉ်နဂါးမောက်သီး အလုခံရတော့မည်ကိုကြည့်ပြီး ငွေရောင်ဝံပုလွေ သည် အလွန်ပင် ပူပန်လာသည်။ ဒီလူသားကောင်က သူ့ပစ္စည်းကို လာထိရဲ တယ်ပေါ့။ သူက သေတွင်းတူးနေတာပဲ။ သူသည် မျက်နှာချင်းဆိုင်တွင်ရှိသော မိုးကြိုးသွားကို ခက်ထန်စွာကြည့်လိုက်သည်။ အဲကောင်က သူ့ထက် ကြယ် ၂ ပွင့်မြင့်တာနဲ့ပဲ မတားနိုင်ဘူးမထင်နဲ့။

ငွေရောင်ဝံပုလွေ၏ ခြေလေးချောင်းမှာ ရုတ်တရက်ဆန့်သွားပြီး နီရဲနေ သောမျက်လုံးများသည် တောက်ပလာသည်။ မိုးကြိုးသွားသည် ထိုအခြင်းအရာ ကိုမြင်သည်နှင့် သူ့စိတ်ထဲတွင် မကောင်းသည့်နိမိတ်များ ထိုးတက်လာသည်။ ငွေရောင်ဝံပုလွေသည် ရှေ့လက်များကို ခုတ်လိုက်ပြီး အတောင်ပံများကို ဖြန့်ကျက်လိုက်သည်။ လေဟာနယ်တွင် အက်ကွဲကြောင်းပေါ်လာပြီး ငွေရောင် ဝံပုလွေ၏ပုံရိပ်သည် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

“သခင် သတိထား.. ငွေရောင်ဝံပုလွေက ဝိညာဉ်သားရဲပညာသုံးနေတာ ငါလည်း ထိန်းမထားနိုင်ဘူး”

မိုးကြိုးသွား၏ အရှိန်နှုန်းမှာ မြန်သော်လည်း ငွေရောင်ဝံပုလွေ ပေထင်းဟွမ်ပေါ်သို့ ခုန်အုပ်သည်ကို ရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။

သူမ အနောက်မှ မြေစွမ်းပါင်ပေါ်လာသည်။ ပေထင်းဟွမ်သည် ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်အားလုံးကို စည်းရုံးလိုက်သည်။ အဖြူရောင် ဝိညာဉ်စွမ်းအင်သည် သူမရှေ့တွင် အတားအဆီးတစ်ခုဖွဲ့စည်းလိုက်သည်။ ကြီးမားသောဖိအားတစ်ခုရောက်လာသည်။ သူမ၏ခေါင်းပေါ်သို့  ကြီးမားသော တောင်ကြီးတစ်တောင် ဖိထားသကဲ့သို့ခံစားလိုက်ရသည်။ သူမ၏ နှလုံးကို မမြင်ရသောလက်တစ်ဖက်မှ ဆုပ်ကိုင်ထားသလိုပင်။ ခန္ဓာကိုယ်ထဲမှ သွေးမှာ အေးခဲသွားပြီး မလှည့်ပတ်နိုင်တော့ပေ။

အဆိုးဆုံးမှာ ထိုအတာအးဆီး၏ စွမ်းအားသည် သူမကို အကျဉ်းချလိုက် ခြင်းဖြစ်သည်။ သူမသည် လုံးဝလှုပ်မရပေ။ သေခြင်းတရားသည် သူမရှေ့သို့ ရောက်လာချေပြီ။ ငွေရောင်ဝံပုလွေ၏ ရှေ့လက်များသည် သူမရှေ့သို့ရောက် လာပြီး တဖြည်းဖြည်းချဉ်းကပ်လာသည်။ နောက်အသက်တစ်ရှိုက်အတွင်းမှာ ပင် သူမသည် ငွေရောင်ဝံပုလွေ၏ လက်ထဲ၌သေတော့မည်။

“သခင်ကြီး”

“သခင်”

မိုကြိုးသွားသည် အလွန်ပင် ပူပန်သွားသည်။ ထိုအခိုက်အတန့်တွင် သူ အားနည်းသည့်အတွက် သခင့်ကို အန္တရာယ်ကျအောင်လုပ်မိသဖြင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိသည်။ သို့သော် နှင်းဝံပုလွေကြေးစားအဖွဲ့သည် သူ့နေရာအစားဝင်နိုင်ရန် မျှော်လင့်နေကြသည်။ သူတို့သာ သားရဲရဲ့ လက်ထဲ ရောက်လိုက်ချင်တော့တယ်။

“ပြဿနာကောင် အတင့်ရဲလိုက်တာ”

မြေကြီးကိုတုန်ခါစေလောက်သည့်အသံသည် ငရဲမှထွက်လာသကဲ့သို့ တိုးညင်းပြီး အေးစက်လှသည်။ ယင်းအသံသည် အရိုးထဲမှအေးစိမ့်သွားစေပြီး အထင်သေးမှုအပြည့်နှင့်ဖြစ်သည်။ တန်ခိုးကြီးသည့် သက်ရှိသတ္တဝါပင်ဖြစ်စေ ကာမူ အားလုံးကို နှိမ့်ချပုတ်ခတ်ပြောဆိုခြင်းကို မခံနိုင်သည့် နတ်ဘုရားတစ်ပါး နှင့်တူသည်။

ထိုအသံကို အလွန်ပင် အကျွမ်းတဝင်ရှိလှသည်။ အသံမဆုံးခင်တွင် ပေထင်းဟွမ်၏ရှေ့၌ အနက်ရောင်မီးတောက်အတားအဆီး ပေါ်လာသည်။ ၎င်းသည် အမှောင်များအားလုံးကို စုစည်းထားသော အမှောင်အတားအဆီးဖြစ် သည်။ မည်းနက်လွန်းသဖြင့် အရာအားလုံးကို ဝါးမျိုနိုင်သည့် စကြာဝဠာ တွင်းနက်သဖွယ်ပင်။ အလင်းပင် မထိုးဖောက်နိုင်ပေ။ ထိုအရာကို ကြည့်လိုက် သူများပင် အသက်ဆုံးရှုံးသွားနိုင်သည်။ ရေခဲကဲ့သို့အေးစက်ပြီး ဝိညာဉ်ကိုပါ အေးစက်သွားစေနိုင်သည်။

ရေခဲအေးမီးလျှံ…

ယန်ယဲ့ရောက်လာပြီ။

အမှောင်မီးလျှံတဖြည်းဖြည်း ငြိမ်းသည်နှင့် ယန်ယဲ့၏ခန္ဓာကိုယ်ပေါ်လာ သည်။ သူ၏ရှည်လျားသော ဝတ်ရုံသည် အနောက်တွင် တွဲလျက်ရှိနေကာ ရွှေချည်ဖြင့်ထိုးထားသော ပင့်ကူနှင်းပန်းသည် အသက်ဝင်နေသည့်အလား ရွှေရောင်နေရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ သူ၏ ငွေရောင်ဆံပင်ရှည်များသည် လေအဝှေ့တွင် လွင့်နေပြီး ဆံပင်အဖျားသည် ပေထင်းဟွမ်၏ မျက်နှာကို ညင်သာစွာရိုက်ခတ်နေသည်။ ယောက်ျားတစ်ဦး၏ ကျောပြင်သည် ခံ့ညားကာ သူ့ဆီမှအကြည့်မခွာနိုင်လောက်အောင်ပင်။

ဖြူနုသောလက်တစ်ဖက်သည် သူမ၏အနောက်မှပေါ်လာပြီး သူမ၏ ခါးကိုသိုင်းဖက်လိုက်သည်။ နူးညံ့သောထိတွေ့မှုသည် သူမသည် သူ့ရင်ခွင်ထဲ ကျသွား၏။ သူသည် ပေထင်းဟွမ်၏ ပါးစပ်အတွင်းသို့ ဆေးထည့်ကာ မပျော်ရွှင်စွာဖြင့် ပြောလိုက်သည် “မင်း ငါ့ကိုကတိပေးထားတယ် ဘာပြော ထားလဲ မင်းကိုဘာမှအဖြစ်မခံနိုင်ဘူး”

သူသည် ပေထင်းဟွမ်ကို အပြစ်တင်နေသလိုပင်။ ပေထင်ဟွမ်သည် ဘာမှမပြောပေ။ သူသည် သူမကို စိုးရိမ်နေခြင်းဖြစ်သည်။ သူမ နားလည်နိုင် သည်။ သူမသာဆိုလျှင် သူ၏ သေရေးရှင်ရေးအခြေအနေကို မြင်လိုက်ပါက လည်း အလွန်စိုးရိမ်မိမည်ဖြစ်သည်။ သူ၏စိုးရိမ်ပူပန်မှုသည် အရေးကြီးသည့် အခိုက်အတန့်မှ ပေါ်လာခြင်းဖြစ်သည်။ သူ သူမကို အပြစ်တင်တော့ရော ဘာဖြစ်လဲ။ သူမရဲ့ သေရေးရှင်ရေးကို တစ်ယောက်ယောက်က ဂရုစိုက်ပေးနေ တာပဲ။ ဤခံစားချက်သည် သူမကို ဝမ်းနည်းသွားစေသည်။

သူသည် သူမကို အသက်ပြန်လည်သက်သာဆေးကျွေးလိုက်သည်။ သူမ၏ ခြေလက်များနှင့် အရိုးများဆီသို့ များပြားလှသော ဝိညာဉ်စွမ်းအင်များ ပျံ့သွားသည်။ သူမ၏သွေးကြောများအတွင်း လှည့်ပတ်ပြီးနောက် ပင်မအကြောဆီသို့ ရောက်သွားသည်။ ထိုခံစားချက်သည် သေရာမှပြန်ရှင်လာ သည့် ခံစားချက်မျိုးပင်။ သူမသည် ယန်ယဲ့၏ပခုံးကို ခေါင်းမှီပြီး ဝိညာဉ်စွမ်းအင် ပြန်သက်သာလာရန် စောင့်ဆိုင်းနေလိုက်သည်။

***

All Chapters