← Chapters

မွန်မြတ်သောဝိညာဉ်အပျက်အစီး

Vol. 6 Ch. 108

မွန်မြတ်သောဝိညာဉ်အပျက်အစီး

Vol. 6 Ch. 108

“ဟုတ်ပြီ” သူမသည် အစ်ကိုကြီးချင်ယွိကို သေချာပေါက် သွားတွေ့မည် ဖြစ်သည်။ ပေထင်းဟွမ်သည် ခေါင်းဆောင်၏ ပခုံးကိုပုတ်လိုက်သည် “နောက်နှစ်ရက်နေရင် ကျွန်တော် မှော်သားရဲတံတပ်ကိုပြန်လာမယ် ထပ်တွေ့ ကြတာပေါ့”

“တကယ်လား” ခေါင်းဆောင်သည် ပျော်သွားသည် “သခင်ကြီးလည်း မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီးကိုသွားမှာလား.. ဒါဆို အတူသွားလို့ရပြီပေါ့”

မွန်မြတ်တဲ့ဝိညာဉ်အပျက်အစီးဟုတ်လား။ ပေထင်းဟွမ်သည် အရင်က တစ်ခါမှမကြားဖူးပေ။ တိုင်နွန် စကားဖြတ်ပြောလေသည် “သခင်ကြီး မွန်မြတ် တဲ့ဝိညာဉ်အပျက်အစီးက မှော်သားရဲခံတပ်နားက လေထုလဟာပြင်မှာရှိတာပါ အဲဒါက လေဟာပြင်အတားအဆီးတစ်ခုပဲ.. ဒီတိုင်း ဒီအချိန်မှာဆို အတားအဆီး က ပြေလျော့တယ်.. ကစဥ့်ကလျားကြယ်တရာကောင်းကင်က မှော်သားရဲတွေ က အလယ်ပိုင်းတိုက်ကြီးကို ဝင်ဖို့ကြိုးစားကြတယ်.. အဲအချိန်ကျရင် မှော်သားရဲခံတပ်က နေရာကိုကာကွယ်ဖို့ ဝိညာဉ်သခင်နဲ့ ဓားသခင်တွေပါတဲ့ အဖွဲ့ကြီးကို ဖွဲ့စည်းတယ်.. ကျွန်တော်တို့ သခင်လေးက ကြေးစားအဖွဲ့က ညီအစ်ကိုတွေကိုခေါ်ပြီး မှော်သားရဲခံတပ်မှာစောင့်နေပြီ.. ကျွန်တော်တို့လည်း သွားမှာပါ”

“ဟုတ်ပြီ ဒါဆိုလည်း ငါတို့တွေ အတူတိုက်ကြတာပေါ့” တိုက်ပွဲတွင် အစ်ကိုကြီးချင်ယွိပါဝင်မည်ဖြစ်သဖြင့် ပေထင်းဟွမ် ဘေးဖယ်နေ၍မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် မြို့တော်ကိုပြန်ရန်မလောပေ။ သေချာပေါက်ပင် သူမသည် တစ်နှစ်မှတစ်ခါသာဖြစ်သည့် ဤကဲ့သို့ပွဲမျိုးတွင် ပါဝင်ရမည်။

သူတို့သည် လမ်းခွဲတော့မည်ဖြစ်သဖြင့် ခေါင်းဆောင်သည် ပေထင်းဟွမ် အားစောင့်ရှောက်ပေးရမလားဟု မေးချင်သည်။ သို့သော် ညအရှင်၏ ကြောက်မက်ဖွယ်အရည်အချင်းများကို တွေးမိပြီး မပြောရန်ဆုံးဖြတ်လိုက်၏။ သူသည် အဖွဲ့ဝင်များကို ဦးဆောင်ကာ ပေထင်းဟွမ်ကို ထပ်မံအရိုအပြေုကာ ဂူထဲမှ ထွက်ခဲ့လိုက်သည်။

သူတို့အဖွဲ့ထွက်သွားသည်ကို မြင်သောအခါ ယန်ယဲ့သည် ပေထင်းဟွမ် ဘေးသို့ရောက်လာပြီး သူမ၏ ခါးကိုဖက်လိုက်သည်။ “အဲဒီငွေရောင်ဝံပုလွေက အသက်ရှိသေးတယ်.. သူနဲ့ စာချုပ်တည်ထောင်လိုက်.. သူ့အားက နည်းနည်း နိမ့်ပေမဲ့ အဲဒီကျားသစ်စုတ်ထက် ပိုပြီးအားကိုးရမှာပါ”

မိုးကြိုးသွားသည် မလှမ်းမကမ်းတွင်ရှိနေရာ ထိုစကားကို ကြားသောအခါ ငိုချင်မိသည်။ ကျားသစ်စုတ် ဟုတ်လား။ သူ့အကြောင်း ပြောနေတာလား။ သူက ဘယ်လိုလုပ် အစုတ်ဖြစ်ရမှာလဲ။

သို့သော် သူ၏သခင်ကိုပင် သူ မကာကွယ်နိုင်ပေ။ သည်တစ်ကြိမ် ဤ ကြောက်စရာကောင်းသည် လူကြောင့်သာမဟုတ်လျှင် သူ၏သခင်သည် ဤ ဝံပုလွေစုတ်လက်ထဲတွင် သေသွားနိုင်သည်။

ပေထင်းဟွမ်သည် ယန်ယဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူ၏ ငွေရောင်ဆံပင်ရှည်များသည် လှိုင်းများသဖွယ်လွင့်နေကာ မျက်ခုံးများသည် ဓားကဲ့သို့ပင် အေးစက်လှသည်။ သူ၏ခရမ်းရောင်မျက်လုံးများသည် အရောင်စုံ နေကာ နှာတံမြင့်မြင့်နှင့် မက်မွန်ပန်းရောင် နှုတ်ခမ်းလည်းရှိသည်။ ကောင်းကင်သည် ဤလူကို အမှန်ပင် ချစ်သည့်ပုံပင်။ သူ့မျက်နှာပေါ်မှ မျဉ်းကြောင်းတိုင်းသည် အချိန်ယူပြီး ပန်းချီဆွဲထားသကဲ့သို့ အလွန်ပြီးပြည့်စုံ နေသည်။ သူ၏ နှင်းကဲ့သို့ဖြူသည့် မေးစေ့သည် တောင်ထိပ်တွင် တစ်နှစ်ပတ် လုံးအရည်မပျော်သည့် နှင်းကဲ့သို့ပင်။ သူသည် အလွန်ကိုလှပလွန်းသည်။

ကြည့်လေလေ ပေထင်းဟွမ်သည် ရှက်သလိုခံစားရသည်။ ယန်ယဲ့၏ မျက်လုံးထဲမှ စနောက်သည့်အကြည့်များကို ကြည့်ပြီး သူမသည် နှာမှုတ်ကာ ယန်ယဲ့၏ခန္ဓာကိုယ်မှ သူမ၏ ခေါင်းကိုတွန်းဖယ်လိုက်သည်။ သူမ ပြုံးပြီး ပြော လေသည် “ဒီအတိုင်း ခင်ဗျားကိုကြည့်ကြည့်တာ.. ခင်ဗျားက ကျွန်တော့်ထက် တောင် လှနေသေးတယ်”

ယန်ယဲ့သည် ပြုံးပြီး ခေါင်းခါလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲမှ အချစ်များသည် ဂျွန်လတွင် ထွန်းလင်းသည့် နေထက်ပင် ပူလောင်သည်ကို မည်သူမှမမြင်လိုက်ရပေ။ သူသည် သူမ၏ပခုံးကို ဆုပ်ကိုင် ပြီး အသာဆွဲလှည့်လိုက်သည်။ သူသည် သူမ၏မျက်နှာကို ညင်သာစွာကိုင်ပြိး မတ်လတွင်တိုက်ခတ်သော လေ၊ ရေကန်ဘေးရှိ မိုးမခပင်၏ နွေးထွေးမှုကဲ့သို့ နူးညံ့သောအသံဖြင့်မေးလေသည် “မနာလိုနေတာလား”

“ဟုတ်တယ် မနာလိုတယ် ဘာလုပ်ချင်လဲ”

ပေထင်းဟွမ်သည် နှုတ်ခမ်းကိုက်ပြီးပြုံးလိုက်သည်။ သူမသည် ခေါင်းမော့ပြီး လက်ဆန့်ထုတ်ကာ ယန်ယဲ့၏ ချောမောလှသော မျက်နှာကို ဆွဲလိုက်သည်။ သူမသည် အားထည့်ပုံပေါ်သော်လည်း မနာပေ။ သူမ ပြုံးပြီး မေးလေသည် “ဘာလုပ်ချင်လဲ”

ယန်ယဲ့သည် ပျော်မွေ့နေသလို မျက်လုံးများပင် မှီတ်လိုက်သည်။ သူသည် သူမအပေါ်ထားသည့် ချစ်ခြင်းမေတ္တာကို ဖုံးကွယ်မထားပေ။ သူသည် အတောင်ပံများကို ဖြန့်ကာ သူမကို သူ့ကာကွယ်မှုအောက် ထည့်ထားလိုက် သည် “ရှောင်ကျို့ ပြောတဲ့အတိုင်းလုပ်မယ်.. ကိုယ်က ဘာလို့မပေးနိုင်ရမှာလဲ”

“ဟုတ်ပြီ” ပေထင်းဟွမ်သည် ပြုံးပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်သည် “သူ့ကို ကောင်းကောင်းဂရုစိုက်.. မျက်နှာကို ဒဏ်ရာတွေ အနာရွတ်တွေမကျန် စေနဲ့.. တစ်နေ့ ကျွန်တော်လာယူမှာကိုစောင့်နေ”

“ဟုတ်ပြီ” ယန်ယဲ့သည် သူ့နှလုံးသား အနည်းငယ် တုန်လှုပ်သွားသည်ကို ခံစားမိလိုက်သည်။ သူသည် လက်ကိုငုံ့ကြည့်ကာ ပေထင်းဟွမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

***

All Chapters