← Chapters

ငွေရောင်ဝံပုလွေလျှပ်စီး

Vol. 6 Ch. 109

ငွေရောင်ဝံပုလွေလျှပ်စီး

Vol. 6 Ch. 109

သူတို့နှစ်ယောက်သည် ငွေရောင်ဝံပုလွေဆီသို့ လျှောက်သွားလိုက်ကြ သည်။ ယန်ယဲ့၏တိုက်ခိုက်မှုပြီးနောက် ငွေရောင်ဝံပုလွေသည် သေမင်း ခံတွင်းဝသို့ရောက်နေပြီဖြစ်သည်။ သူသာ သူ့အင်အားကို မထိန်းချုပ်လိုက်လျှင် ငွေရောင်ဝံပုလွေသည် အလောင်းပင်ဖြစ်သွားနိုင်သည်။ ပေထင်းဟွမ်သာ သူနှင့် စာချုပ်မတည်ထောင်လျှင် အသက်ကြာကြာရှင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယန်ယဲ့သည် သူ အညံ့ခံမည်လား သေမည်လားဟု မေးရာ ငွေရောင် ဝံပုလွေသည် တွေဝေခြင်းမရှိ အညံ့ခံမည်ဟုဖြေခဲ့သည်။

သို့သော် သူနှင့် စာချုပ်တည်ထောင်စေချင်သူမှာ ယန်ယဲ့မဟုတ်ဘဲ ပေထင်းဟွမ်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

အမှားများရှိသွားလို့လား။ သခင်ကြီးတောင်မဖြစ်သေးတဲ့လူတစ်ယောက် နဲ့လေ။ ငွေရောင်ဝံပုလွေ၏ မျက်လုံးများထဲတွင် ထိတ်လန့်သည့် အရိပ်အယောင်များဖြစ်သွားလေသည်။ ၎င်းသည် ယန်ယဲ့အား ရှုပ်ထွေးသော အကြည့်ဖြင့်ကြည့်လေသည်။ ယန်ယဲ့သည် နှာမှုတ်လေသည် “သားရဲ သူမက အခု ပိုကောင်းတဲ့သားရဲကို မရှာနိုင်နေလို့သာရယ်.. မင်းက သူမရဲ့စာချုပ်သားရဲ ဖြစ်ဖို့ အရည်အချင်းမှီပြီလို့ထင်နေတာလား”

မိုးကြိုးသွားသည် ဘေးမှ နှာရှုတ်လေသည်။ ဟင်း.. သူ့သခင်ကို အထင်သေးနေတာပဲ။ ငွေရောင်ဝံပုလွေက ငတုံးပဲ။ ဟုတ်ပြီလား။

ယန်ယဲ့သည် ပေထင်းဟွမ်အား မည်သူတစ်ဦးတစ်ယောက်မှ အထင်သေး သည်ကို ခွင့်မပြုပေ။ သူသည် လက်မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် အနက်ရောင်အလုံးတစ်လုံးပေါ်လာသည်။ စူးရှသောဓားသွား ဖြစ်ပေါ်လာ၏။ ငွေရောင်ဝံပုလွေသည် အလျှော့ပေးလိုက်သကဲ့သို့ လဲပြိုကျသွားသည်။ ထိုအခြင်းအရာကိုကြည့်ပြီး ပေထင်းဟွမ်သည် ယန်ယဲ့၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။ သူမသည် ယခုအချိန်တွင် ဤဝံပုလွေကို လိုအပ်သည်။ ကြယ် ၃ ပွင့်မွန်မြတ်သောသားရဲ၏အားသည် သူမအတွက် အထောက်အကူကြီးပင်။

သူမ၏လက်ရှိအားသည် မမြင့်လျှင်တောင် တစ်နေ့တွင် ပိုသန်မာလာရ မည်။ မှော်သားရဲများအားလုံး သူမအား လိုလိုလားလား အလျှော့ပေးလာအောင် လုပ်မည်။

ပေထင်းဟွမ်သည် ဆောင့်ကြောင့်ထိုင်ကာ ငွေရောင်ဝံပုလွေ၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျား နတ်အရင်းအမြစ်ကို နှိုးဆွကာ ငွေရောင်ဝံပုလွေနှင့် စာချုပ်တည်ထောင်လေ သည်။

ငွေရောင်အစီအရင်ဖွဲ့စည်းပုံသည် ကောင်းကင်ပေါ်မှကျလာကာ ပေထင်းဟွမ်နှင့် ငွေရောင်ဝံပုလွေကို လွှမ်းခြုံလေသည်။ ကစဥ့်ကလျားနတ် အရင်းအမြစ်ထဲတွင် အစိမ်းရောင်အလင်းစက်များသည် ပေထင်းဟွမ်၏လက်မှ ငွေရောင်ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားလေသည်။ ငွေရောင်ဝံပုလွေကို အဖြူနှင့်အစိမ်းရောင်အလင်းတန်းမှ လွှမ်းမိုးသွား၏။

ထိုအခိုက်အတန့်အတွင် ပေထင်းဟွမ်၏ခန္ဓာကိုယ်လည်း အားများပြည့် လာသည်။ များပြားလှသောဝိညာဉ်စွမ်းအားသည် သူမ၏သွေးကြောများမှ တစ်ဆင့် ပင်မအကြောများဆီသို့ စီးဆင်းသွားကာ တဖန်ကစဥ့်ကလျားနတ် အရင်းအမြစ်မှ သန့်စင်လေသည်။ ၎င်းကို သူမ၏အကြောထဲတွင် သိုလှောင် ထားပြီး ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်တစ်စိတ်တစ်ပိုင်းဖြစ်သွားလေသည်။ သူမသည် အကြောထဲမှ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ်ဆန့်ထုတ်ကာ ဝိညာဉ်သခင်လောက၏ ထိပ်ပိုင်းထိ ရောက်သွားသည်ကို ခံစားမိသည်။ ၎င်းသည် ဝိညာဉ်သခင်ကြီးလောက အတားအဆီးကို ထိသည့်အချိန်တွင် ရပ်တန့်သွားလေသည်။

ထိုအရာသည် အဆင့်မြင့်မှော်သားရဲနှင့် စာချုပ်တည်ထောင်ခြင်း၏ အကျိုးဖြစ်သည်။ သူမသည် နှစ်လကြာ ကြိုးစားကျင့်ကြံခဲ့သည်။ သို့သော် သည်တစ်ခေါက် မွန်မြတ်သောသားရဲနှင့် စာချုပ်တည်ထောင်ရန် စွမ်းအား မလုံလောက်ခဲ့ပေ။ သို့သော် ပေထင်းဟွမ်သည် သူမ၏အဆင့်တက်စေရန် ဤနည်းလမ်းကို သုံးမည်မဟုတ်ပေ။ ထိုသို့လုပ်လိုက်ပါက သူမခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ မတည်မငြိမ်ဖြစ်မည့်အပြင် အကြီးမားဆုံး ဆိုးကျိုးမှာ သူမ ပေါက်ကွဲပြီး သေသွားနိုင်သည်။

ခေါင်းဆောင်းကြီးလေ ခေါင်းကြီးလေဆိုသည့် အဆိုရှိသည်။ သူမ၏ လက်ရှိအားသည် အကန့်အသတ်ရှိသည်။ သူမ၏လက်ရှိပန်းတိုင်မှာ ဖြစ်နိုင် သလောက်မြန်မြန် ဝိညာဉ်သခင်ကြီးဖြစ်ရန် ဖြစ်သည်။ ထိုအခါမှသာ စာချုပ် သားရဲများ၏ခွန်အားကို ကောင်းကောင်းအသုံးချနိုင်မည်ဖြစ်သည်။ ဝိညာဉ် သခင်ကြီးဖြစ်မှပင် ကျင့်ကြံခြင်းလမ်းစဉ်ကို အမှန်တကယ်လျှောက်လှမ်းနိုင် မည်ဖြစ်သည်။

ငွေရောင်စာချုပ်အလင်းတန်းသည် ပျောက်ကွယ်သွားသည်။ အတွေး တစ်ချက်နှင့်ပင် ငွေရောင်ဝံပုလွေနှင့် စာချုပ်အဆက်အသွယ်သည် ပေထင်းဟွမ်၏ အသိစိတ်ပင်လယ်ထဲတွင်ပေါ်လာသည်။

ငွေရောင်ဝံပုလွေသည် အဖြူရောင်မြူခိုးထဲမှလျှောက်လာကာ ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် ဝပ်လေသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှဒဏ်ရာများသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့် ပျောက်ကင်းသွားပြိဖြစ်သည်။ ၎င်း၏အင်အားသည် ကြယ် ၄ ပွင့်အဆင့်တက် သွားကာ ကြယ် ၇ ပွင့်မွန်မြတ်သောသားရဲဖြစ်နေပြီဖြစ်သည်။ ၎င်း၏ ငွေရောင် အမွေးများသည် ထိပ်တန်းအဆင့်နှင်းပွင့်ကဲ့သို့ ပိုပြီးတောက်ပြောင်လာသည်။ ၎င်းသည် ပိုတင့်တယ်ကာ မြင့်မြတ်သွားသည်။ ၎င်းသည် ပေထင်းဟွမ်အား လိုလိုလားလားပင် ကျိုးနွံနေသည် “လျှပ်စီး သခင့်ကိုတွေ့ဆုံပါတယ် ကျေးဇူးတင်ပါတယ် သခင်”

ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကဲ့သို့ ပစ္စည်းကောင်း ရှိနေလိမ့်မည်ဟု သူထင်မထားပေ။ သူသည် အဆင့်နိမ့်ကြယ်မွန်မြတ်သော သားရဲမှ အဆင့်မြင့်မွန်မြတ်သောသားရဲအဖြစ် ခုန်တက်သွားလိမ့်မည်ဟု ထင် မထားပေ။ သူသာ ပေထင်းဟွမ်နောက်ကိုလိုက်လျှင် အဆင့်တက်ရန်မှာ သူ့ အတွက် အိပ်မက်လိုမဖြစ်တော့ပေ။

ထိုအခိုက်အတန့်တွင် ပြေငြိမ်းလိုက်သည့်အတွက် နောင်တမရပေ။

***

All Chapters