← Chapters

မွန်မြတ်သောသားရဲနှစ်ကောင်

Vol. 6 Ch. 110

မွန်မြတ်သောသားရဲနှစ်ကောင်

Vol. 6 Ch. 110

မိုးကြိုးသွားသည် မြေပေါ်တွင်လှဲလျောင်းနေပြီး သူ့စိတ်မှာ အားကျမှုများ မုန်းတီးမှုများဖြင့် ပြည့်နေသည်။ ထိုမတိုင်ခင်တွင် သူသည် ငွေရောင်ဝံပုလွေ ထက် ကြယ် ၂ ပွင့်မြင့်ကာ သူနှင့်တိုက်ခိုက်နိုင်သည်။ သို့သော် ယခုအခါ ဤ သတ္တဝါသည် အဆင့်မြင့် အထွတ်အမြတ်သားရဲဖြစ်သွားပြီဖြစ်သည်။

အဆင့်တိုင်းတွင် ကြယ် ၇ ပွင့်ကို ပိုင်းခြားထားသည်။ တစ်ခါတရံတွင် ကြယ် ၆ ပွင့်မှ ကြယ် ၇ ပွင့်သို့တက်ရသည်မှာ နောက်တစ်ဆင့်တက်ရသည် ထက်ပင် ခက်ခဲသည်။ ကြယ် ၇ ပွင့်ပြီးနောက် ထိုသူ၏ခွန်အားသည် အလွန် ကြီးမားလာသည်။

မိုးကြိုးသွားသည် စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆိုနေမိသည်။ သူသည် ဆက်သွယ်ရေးတံခါးကို မတော်တဆ မပိတ်မိသလို မပြောသင့်သည့် စကားကို ပြောမိလိုက်၏။ ငွေရောင်ဝံပုလွေနှင့် ပေထင်းဟွမ်တို့ စာချုပ်တည်ထောင်ထား ပြီးဖြစ်ရာ သူတို့သည် အသိစိတ်ပင်လယ်တွင် တစ်ချိန်တည်းမှာ ဆက်သွယ်နိုင် သည်ကို သူ မေ့သွားသည်။ သူ ရေရွတ်လိုက်သည် “အဲကလေးက တကယ် ကံကောင်းတာ.. သူက ခုနကကျ သခင့်ကိုအထင်သေးနေပြီးတော့ အခု အကျိုး အမြတ်လည်းရရော ပျော်နေလိုက်တာများ”

လျှပ်စီးသည် အမှန်တကယ်ပင် ပျော်ရွှင်နေသည်။ မပျော်ဘဲဘယ်နေမည် နည်း။ မှော်သားရဲများ အဆင့်တက်ရမှာ မလွယ်ကူပေ။ သူသည် နှစ်ပေါင်း များစွာ အဆင့်မတက်ဘဲနေခဲ့ရသည်။ မဟုတ်လျှင် သူသည် ဝိညာဉ်နဂါးမောက် သီးသုံးလုံးကို စောင့်ကြပ်နေရမည်မဟုတ်ပေ‌။ “ငါလည်း မသိဘူးလေ သခင်က ဒီလောက်အားကောင်းမှန်းသာသိရင် အဲလောက် ဟန်လုပ်နေမှာမဟုတ်ဘူး.. ဝိညာဉ်နဂါးမောက်သီးသုံးလုံးပေးပြီးတော့တောင် စကားနားထောင်ဦးမှာ.. သခင် ငါနဲ့ စာချုပ်တည်ထောင်ဖို့ကိုပဲ မျှော်လင့်နေမှာ”

“ဟွန့် အရှက်မဲ့လိုက်တာ” မိုးကြိုးသွားသည် ထိုကောင်ကို ပို၍ပင် ရွံရှာမိ ၏။ အဲဒါကြောင့် ဝံပုလွေတွေက အကောက်ကျစ်ဆုံးလို့ လူတွေကပြောကြတာ ကိုး။ သူ့လျှာစောင်းထက်ပုံကိုလည်း ကြည့်ဦး။

ပေထင်းဟွမ်သည် ရယ်ရသည်ဟု ထင်မိသည်။ အရင်ကဆိုလျှင် မှော်သားရဲတစ်ကောင်သာရှိကာ သူမ များများစားစားမတွေးခဲ့ပေ။ ယခုအခါ နှစ်ကောင်ရှိနေရာ သူမဘေးတွင် ချက်ချင်းအသက်ဝင်လာသည်။ အနာဂတ် တွင် သူမ ထပ်ပြီးစာချုပ်တည်ထောင်ပါက မည်သည့်အဆင့်သို့ရောက်သွား မည်ကို သူမမသိပေ။

“ယဲ့ ကျွန်တော် ဝိညာဉ်နဂါးမောက်သီးကို သွားသန့်စင်လိုက်ဦဂမယ်.. အချိန်တစ်ခုလောက်တော့ ထွက်သွားဖို့အဆင်ပြေမှာမဟုတ်ဘူး.. ခင်ဗျား လုပ်စရာရှိရင် အရင်သွားနှင့်လိုက်ပါ” ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ထား သည်။ ဤနေရာသည် လျှပ်စီး၏အသိုက်ဖြစ်သည်။ သူသည် ဤနေရာကို အလွန်ကျွမ်းဝင်လိမ့်မည်။ အစောက မွန်မြတ်သောသားရဲနှစ်ကောင် တိုက်ခိုက် သည်မှာ အဆင့်မြင့်မှော်သားရဲများကို ဆွဲဆောင်သလိုဖြစ်သွားမည်။ ပတ်ဝန်း ကျင်မှာ အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

သူမ မသိသည်မှာ ယန်ယဲ့သည် သူ၏စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်း ပင်။ အဆင့်မြင့်မှော်သားရဲများမဆိုထားနှင့် နတ်သားရဲများပင် အနားမကပ်ရဲ ပေ။ သူမ၏ အစီအစဉ်မှာ မှန်ကန်သည်။ ဤနေရာသည် အချိန်ယူရန် နေရာ ကောင်းတစ်နေရာဖြစ်သည်။

ယန်ယဲ့သည် သူမ၏လက်ကိုဆုပ်ကိုင်ကာ နှင်းဝံပုလွေကို လမ်းပြရန် အချက်ပြလိုက်သည် “ငါလည်း အချိန်တစ်ခုလောက် အားနေတာ.. မင်းကို ကာကွယ်ပေးမယ်လေ.. လေဟာနယ်ထဲမှာ ဝိညာဉ်နဂါးမောက်သီးကို သန့်စင် လို့ရပါတယ်”

ဝိညာဉ်နဂါးမောက်သီးသည် သာမန်အဆင့်ဝိညာဉ်သခင်များ အဆင့် တက်ရာတွင် အလွန်အကျိုးအမြတ်ရှိသော အသီးဖြစ်သည်။ နှစ်တိုင်းဆိုသလို ပင် ဤနေရာတွင် ဝိညာဉ်နဂါးမောက်သီးရရန် ပြိုင်ပွဲရှိသည်။ ထိုအကြောင်းကို ပေထင်းဟွမ်မလာခင်ကတည်းကပင် ယန်ယဲ့သိထားသည်။ အစက သူသည် တခြားအလုပ်လုပ်စရာရှိသော်လည်း သူမကို စိုးရိမ်သဖြင့် နောက်မှလိုက်လာ ခဲ့သည်။ သူလိုက်လာ၍ ကံကောင်းသွားသည်။ သူမ ဝိညာဉ်သခင်ကြီးအဆင့်သို့ တက်သည်ကို သူ့မျက်လုံးနှင့်မမြင်ရပါက ယန်ယဲ့သည် ထွက်သွားလျှင်တောင် အိပ်ပျော်နိုင်မည်မဟုတ်ပေ။

လျှပ်စီး၏ဂူသည် ၁၀ မီတာခန့်နက်ကာ မီတာအနည်းငယ်မြင့်သည်။ ဂူအလယ်တွင် ရေကန်ခပ်တိမ်တိမ်တစ်ခုရှိသည်။ အနီးအနားတွင် မွတ်မြတ် သောသားရဲတစ်ကောင်သာရှိသည်။ ငှက်များသည် တေးသီဆိုနေကြပြီး ပန်းများသည် ရနံ့မွှေးပျံ့နေသည်။ ရှုခင်းမှာ အလွန်ပင် မျက်စိချမ်းသာရ၏။ နတ်ဘုံဟုပင် သတ်မှတ်၍ရနိုင်သည်။

“ဒီကောင်က နေဖို့ကို နေရာကောင်းရှာတာ ဒီလောက်တော်မယ်လို့ ထင် မထားဘူး.. ငါ့အဖိုးတန်ဂူက သူ့လောက်တောင်မကောင်းဘူး” မိုးကြိုးသွား သည် သူ၏အသိစိတ်ပင်လယ်ထဲတွင်ပြောနေသည်။

“ကျွန်.. မင်းက သခင့်နောက်ကို အစောကြီးလိုက်လာတာ.. အဲဒါကို ငါက အားမကျရဘူး.. မင်း လိုချင်ရင် မင်းကိုဒီနေရာပေးမယ်” လျှပ်စီးသည် အထင်သေးစွာပြောလေသည်။

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ အမှန်တကယ်ပင် ဤနှစ်ကောင် သည် အချိန်တိုအတွင်း၌ပင် တစ်ကောင်နှင့်တစ်ကောင် အကြိမ်ပေါင်းများစွာ စောင်းချိတ်ပြီးပြီဖြစ်သည်။ သူတို့ စကားများနေခြင်းကြောင့် သူမ ခေါင်းများပင် ကိုက်လာသည်။

ဂူသည် အလွန်သန့်ရှင်းသည်။ ငွေရောင်ဝံပုလွေသည် အသန့်အရှင်း ကြိုက်ပုံပေါ်ကာ အနံ့များပင်မထွက်ပေ။ ထူးဆန်းသည်တော့မဟုတ်ပေ။ မွန်မြတ်သောသားရဲများသည် လူသားများကဲ့သို့ အသိဉာဏ်ရှိသောကြောင့် သာမန်မှော်သားရဲများကဲ့သို့ ပေါ့ပျက်ပျက်မနေကြပေ။

ရေကန်ဘေးတွင် နှစ်မီတာထုထည်ရှိသည့် ကြီးမားသောကျောက်တုံး ကြီး တစ်တုံးရှိသည်။ ထိုကျောက်တုံးသည် အလွန်ချောမွတ်ကာ ငွေရောင် ဝံပုလွေ အိပ်လေ့ရှိသည့်နေရာဖြစ်သည်။ ယန်ယဲ့သည် လက်ဝှေ့ယမ်းကာ ကျောက်တုံးအရွယ်အစားရှိ ကျားသရေထုတ်ပြီး ခင်းလိုက်သည်။ ကျားဖြူ အရေခွံသည် တခြားအရောင်များနှင့်ပင် မရောနှောပေ။ ၎င်းသည် ပိုးထည် ကဲ့သို့ နွေးထွေး၊ နူးညံ့ပြီး ချောမွတ်နေသည်။ အထူးသဖြင့် ထိတွေ့ရာတွင် အလွန်သက်တောင့်သက်သာရှိလှသည်။

***

All Chapters