← Chapters

အဆင့်တက်ခြင်း

Vol. 6 Ch. 111

အဆင့်တက်ခြင်း

Vol. 6 Ch. 111

ဒီလူကတော်တော်ကို ဖြုန်းတီးတာပဲ။

သို့သော် ကျောက်တုံးအလွတ်ပေါ်တွင် ထိုင်ရသည်ထက် အလွန်ပင် သက်တောင့်သက်သာရှိသည်။ ပေထင်းဟွမ်သည် တင်ပျဉ်ခွေထိုင်ကာ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ လက်မအရွယ်အစားအသီးနီနီသည် သူမ၏လက်ပေါ်ကျလာပြီး မွှေးပျံ့သောရနံ့များ ပျံ့လွင့်လာသည်။ အသီး၏ အသားမှာ လတ်ဆတ်ပြီး အရည်ရွှမ်းသည်။ အစေ့မပါသလို ချယ်ရီသီးနှင့်တူ သည်။ တစ်ကိုက်တည်းနှင့် ပေထင်းဟွမ် အရသာမခံစားရခင်မှာပင် ကုန်သွား လေ၏။

နှမြောဖို့ကောင်းလိုက်တာ။

ဝိညာဉ်နဂါးမောက်သီးကို စားပြီးနောက် ပေထင်းဟွမ် မျက်လုံးများကို မှိတ်လိုက်သည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။ ဂူအဝင်ပေါက်တွင် တိုက်နေသည့်လေပင် အားပျော့သွားသလိုပင်။ ယန်ယဲ့သည် သူမအနောက်မှ ကျားအရေခွံအားမှီပြီး သူမကို ဘေးကင်းသည့်ခံစားချက်ကို ပေးစွမ်းလေသည်။

ခန္ဓာကိုယ်ထဲမှ နတ်အာရုံနှင့် ကစဥ့်ကလျားနတ်စွမ်းအင်ကို ရုတ်သိမ်း ပြီးနောက် ပေထင်းဟွမ်သည် ခန္ဓာကိုယ်ထဲမှ အကြောများကို ရှင်းလင်းစွာ မြင် ရလေသည်။ လွန်ခဲ့သည့် တစ်လနှင့်ယှဉ်လျှင် သူမ၏ အကြောများသည် ပိုမို ကျယ်ပြီး နူးညံ့လာသည်။ ကျင့်ကြံခြင်းသည် သူမ၏ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲစေကာ သူမ၏မွေးရာပါ ခန္ဓာကိုယ်သည်လည်း ကျင့်ကြံခြင်းအတွက် အရှိန်မြှင့်တင်ပေးသည်။

သူမ၏သွေးကြောထဲတွင် အဖြူရောင်ဝိညာဉ်စွမ်းအင်သည် ထူထဲနေပြီ ဖြစ်ကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။ အရောင်သည် နို့နှစ် အဖြူရောင်ဖြစ်နေပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် ဝိညာဉ်သခင်ကြီး၏ ဝိညာဉ် စွမ်းအင်အဝါရောင်ခပ်ဖျော့ဖျော့နှင့်ပင် နီးစပ်နေပြီဖြစ်၏။ ထိုအထဲတွင် အစိမ်း ရောင်အလင်းအကွက်များလည်း စွက်နေလေပြီ။ ထိုအရာသည် ကစဥ့်ကလျား အံ့ဖွယ်အရင်းအမြစ် သန့်စင်ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

ရုတ်တရက်ဆိုသလိုပင် အနီရောင်စီးကြောင်းသည် သူမ၏ သွေးကြောထဲ သို့ ဝင်လာသည်။ ၎င်းသည် ဝိညာဉ်နဂါးမောက်သီး၏ စွမ်းအင်ဖြစ်သည်။ ထို စွမ်းအင်သည် အလွန်နူးညံ့ကာ သူမ၏သွေးကြောထဲသို့ တိတ်ဆိတ်စွာ စီးဆင်း သွားသည်။ ၎င်းဖြတ်သွားသည့်နေရာတိုင်းတွင် ဝိညာဉ်စွမ်းအင်များသည် အဖြူရောင်မှ ပန်းရောင်သို့ ပြောင်းသွားလေသည်။ ၎င်းသည် သူမ၏ သွေးကြောကို ဖြတ်စီးဆင်းသွားကာ အကြောထဲသို့ရောက်သွားလေသည်။ ၎င်းကို ကစဥ့်ကလျားနတ်အရင်းအမြစ်မှ ထုပ်ပိုးထားသည်။ အကြိမ်ပေါင်း များစွာသန့်စင်ပြီးနောက် ၎င်းကို လျင်မြန်စွာလည်ပတ်နေသော ဝိညာဉ် စွမ်းအင်များက စုပ်ယူလေသည်။

ဤလုပ်ငန်းစဉ်သည် ထင်ထားသည့်အတိုင်းပင် ရှည်လျားသည်။ ပေထင်းဟွမ်သည် ထိုနေရာတွင် ၃ ရက်ကြာအောင် ထိုင်ရသည်။ တတိယ မြောက်ည မိုးပေါ်တွင် လရောင်ထွန်းလင်းသည့်အချိန်တွင် စွမ်းအင် အတက်အကျလှိုင်းတစ်ခုသည် ဂူထဲတွင် ရုတ်တရက်ပေါ်လာသည်။ ထို အတက်အကျသည် ငိုက်မြည်းနေသည့် မွန်မြတ်သောသားရဲနှစ်ကောင်ကို နိုးသွားစေသည်။ သူတို့သည် တညီတညာတည်းပင် လှည့်ကြည့်ကြသည်။ ယန်ယဲ့သည် ကျားအရေပေါ်မှဆင်းလိုက်သည်။ သားရဲနှစ်ကောင်နှင့် လူတစ် ယောက်တို့သည် ပေထင်းဟွမ်အား အံ့ဩပြီး ပျော်ရွှင်သောအကြည့်များဖြင့် ကြည့်ကြလေသည်။

မိုးပေါ်မှ ငွေရောင်အဖွဲ့စည်းမှုအလင်းဆင်းသက်လာပြီး ပေထင်းဟွမ် အား လွှမ်းခြုံလိုက်သည်။ သူမ၏အောက်တွင် သန့်ရှင်းသောဓားကိုးချောင်း သည် တြိဂံပုံကြယ်အဖွဲ့အစည်းပုံစံသို့ တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။ သူတို့သည် တြိဂံပုံကြယ်အဖွဲ့အစည်းပုံဘေးတွင် ထောင့်လေးထောင့်ကြယ်ပုံ အဖွဲ့အစည်းကို ဆွဲလိုက်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စည်းမျဉ်းအရ ဖြစ်ပေါ်လာသော သန့်ရှင်းသောဓားသည် ထောင့်လေးထောင့်ကြယ်ပုံအဖွဲ့ အစည်းအလယ်တွင်ပေါ်လာသည်။

၎င်းသည် ဝိညာဉ်သခင် အဆင့်တက်လျှင်ပေါ်လာသည့် လက္ခဏာဖြစ် သည်။ သုံးရက်ကြာပြီးနောက် ပေထင်းဟွမ်သည် စောင့်နေသည့်အခိုက်အတန့် သို့ရောက်နေပြိဖြစ်သည်။ ထောင့်လေးထောင့်ကြယ်ဖြစ်သွားလေပြီ။ ယခုက စပြိး သူမသည် ဝိညာဉ်သခင်ကြီးလောကသို့ဝင်ကာ ကြယ် ၁ ပွင့်ဝိညာဉ်သခင် ကြီးတစ်ဦးဖြစ်သွားပြီဖြစ်သည်။

သူမသည် အသက် ၁၄ နှစ်မှာပင် ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးအဖြစ်သို့ ရောက်သွားပြီဖြစ်သည်။ သူမသည် ပင်မတိုက်ကြီးတွင် ဒဏ္ဍာရီအသစ်ဖြစ်သွား ကာ ရှေးယခင်ကလူများကို ကျော်တက်ပြီး ပင်မတိုက်ကြီး၏သမိုင်းတွင် အငယ်ဆုံးဝိညာဉ်သခင်ကြီးတစ်ဦးဖြစ်သွားလေပြီ။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဥပဒေသထပ်မံကျလာသည်။ ဤအခိုက် အတန့်တွင် သူတို့သည် မိုးကြိုးသွားနှင့် လျှပ်စီးပေါ်သို့ကျလေသည်။ ထောင့် ‌လေးထောင့်ကြယ်အဖွဲ့အစည်းသည် သူတို့၏ခြေထောက်အောက်တွင် ပေါ် လာသည်။ ပေထင်းဟွမ်၏အဆင့်တက်မှု အကူအညီနှင့်အတူ သူမ၏ စာချုပ် မှော်သားရဲများသည်လည်း စွမ်းအင်အများအပြားရရှိသည်။ သူတို့၏ အင်အား သည်လည်း တိုးလာသည်။

၎င်းစည်းမျဉ်းသည် ဝိညာဉ်သခင်နှင့် မှော်သားရဲတို့ အကြားမှ စာချုပ်အပြီးတွင် တည်ရှိလာခြင်းဖြစ်သည်။

ငွေရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် အဆက်တက်ခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ ပေထင်းဟွမ်သည် မျက်လုံးများ ပွင့်လာသည်။ စူးရှ သောအလင်းသည် သူမ၏အနက်ရောင်မျက်အိမ်များအတွင်းသို့ ထိုးဝင်လာ သည်။ သူမသည် ဝတ်ရုံရှည်ကို ခါကာ မတ်တတ်ရပ်လိုက်၏။ ဩဇာကြီးသော စွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေသည်။ ဝိညာဉ်သခင်နှင့် ယှဉ်လျှင် ဝိညာဉ်သခင်ကြီး၏ စွမ်းအားသည် သန်မာသည်မှာ သံသယဝင်ဖွယ် မရှိပေ။ သူမ၏ ပဉ္စမအာရုံကိုလည်း ပို၍ထက်လာစေသည်။ သူမ သန်မာလာ လေလေ သူမ၏ရောင်ဝါသည် ပိုတည်ငြိမ်လေဖြစ်သည်။ သူမ၏ပိန်ပါးသော ပုံရိပ်သည် တောင်တစ်လုံးကဲ့သို့ ထာဝရတည်မြဲပြီး မြင့်မားသည်။

***

All Chapters