← Chapters

သားရဲများနှင့်ပဋိပက္ခ

Vol. 6 Ch. 112

သားရဲများနှင့်ပဋိပက္ခ

Vol. 6 Ch. 112

“အာ.. ငါ အဆင့်တက်သွားပြီ.. ငါလည်း ကြယ်အဆင့်မြင့် မွန်မြတ်တဲ့ သားရဲဖြစ်သွားပြီ ဟားဟား ငါ ကြယ် ၂ ပွင့်အဆင့်တက်သွားပြီ သခင် ငါ မင်းကို ချစ်လွန်းလို့သေတော့မယ်” ကြောင်အသွင်ပြောင်းနေသော မိုးကြိုးသွားသည် ပျော်ရွှင်နေ၏။ အစောကလေးကပင် သူသည် လျှပ်စီးကို အားကျပြီး မနာလို ဖြစ်ခဲ့သည်။ ယခုအခါ သူ၏အင်အားကို အာရုံခံပြီးနောက် စိတ်ထဲမှ ပျော်ရွှင်မှု ကို ဖိနှိပ်မထားနိုင်တော့ပေ။ သူသည် အောင်မြင်မှုကြောင့် ပျော်ရွှင်ကာ ပေထင်းဟွမ်အား ခုန်အုပ်လေသည်။

အုန်း..

သူ ရောက်သွားသည်မှာ ပေထင်းဟွမ်၏ နူးညံ့သောရင်ခွင်ထဲမဟုတ်ပေ။ မိုးကြိုးသွားသည် သံမဏိပြားနှင့် တိုက်မိလိုက်သလို ခံစားရလေသည်။ သူ၏ ခန္ဓာကိုယ်သည် အနောက်သို့ပြန်ကန်ကာ ဂူအဝင်ပေါက်မြေကြီးနှင့်ရိုက်မိလေ သည်။

ဘာတွေဖြစ်သွားတာလဲ။ မိုးကြိုးသွားသည် ကြယ်မြင်လမြင်နေသော မျက်လုံးကို ပင့်ကြည့်ကာ နားလည်ရန်အချိန်အတော်ယူလိုက်ရသည်။ သူ့ရှေ့ တွင် အနက်ရောင်အတားအဆီးတစ်ခုရှိနေသည်။ ထိုအရာသည် အလွန်ပင် မည်းနက်နေရာ ကြောက်မက်ဖွယ် အငွေ့အသက်ရှိနေသည်။ မည်သို့ဖြစ်သွား သည်ကို မိုးကြိုးသွားသာ နားမလည်ပါက သူသည် အကြိမ်ပေါင်းများစွာ သေသွားနိုင်သည်။

“အရူး.. ငါက ကြယ် ၇ ပွင့် ကနေ ကြယ် ၈ ပွင့်မွန်မြတ်တဲ့သားရဲအဖြစ် အဆင့်တက်တာတောင် မပျော်ဘူး.. မင်းက ကြယ် ၇ ပွင့်မွန်မြတ်တဲ့သားရဲပဲ ရှိသေးတာ ဘာတွေ ဒီလောက်ပျော်နေတာလဲ.. မင်း ဘဝင်မြင့်ချင်ရင်လည်း သခင့်ရင်ခွင်ထဲကို ပစ်မဝင်နဲ့လေကွာ.. အချိန်အခါကိုလည်းကြည့်ဦး” လျှပ်စီး သည် ဒေါသတကြီးပြောလေသည်။ မိုးကြိုးသွားသည် အပြင်းအထန်ဒဏ်ရာမရ သော်လည်း သူ့ကိုအပြစ်ပေးရန် ထိုလူသည် ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။ သူ ဆုံးရှုံးမှုကြီးသွားနိုင်သည်။

မိုးကြိုးသွားသည် ငိုချင်မိသော်လည်း မျက်ရည်ထွက်မလာပေ။ နောက်ဆုံးတွင် သူသည် ကြယ်အဆင့်မြင့် အထွတ်အမြတ်သားရဲဖြစ်လာချေ ပြီ။ ဒါက သူ့အတွက်လွယ်လား။ သူ ပျော်ခွင့်မရှိဘူးလား။ ဒါအကုန်လုံးက သူ့ သခင်ကျေးဇူးပဲ။ သူက ဒီအခွင့်အရေးမှာချစ်စရာကောင်းတဲ့ အပြုအမူနဲ့ သူ့ သခင်ကို ကျေးဇူးတင်ချင်တာလေ။ ဘာများမှားသွားလို့လဲ။

အနက်ရောင်အတားအဆီးသည် ပျောက်ကွယ်သွားသည်။ သူမ၏ မွန်မြတ်သောသားရဲနှစ်ကောင်သည် ယန်ယဲ့ကို ကြောက်နေသည်ကို ပေထင်းဟွမ် မြင်သောအခါ ခေါင်းခါမိသည်။ “ယဲ့ သူတို့တွေကြောက်နေကြပြီ”

ကြောက်နက်နှင့် ငွေရောင်ခွေးလေးတို့သည် မိုးကြိုးအပစ်ခံလိုက်ရသလို ပင်။ မွန်မြတ်သောသားရဲနှစ်ကောင်၏ အသွင်ပြောင်းပုံမှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။ ဤကမ္ဘာမှ မိန်းကလေးများသာ သူတို့ကိုမြင်လျှင် သူတို့၏ ချစ်စရာကောင်းမှုကြောင့် မူးဝေသွားနိုင်သည်။ ယန်ယဲ့ကဲ့သို့ ယောက်ျားသား ပင် သူတို့ကို သတ်ရက်မည်မဟုတ်ပေ။

သူတို့သည် အထီးဖြစ်နေသည်ကိုသာ အပြစ်တင်သင့်သည်။

ယန်ယဲ့သည် သူ့ဘာသာတွေးလိုက်သည်။ သို့သော် အသံထွက်ပြီးမပြော လိုက်ပေ။ သူသည် မွန်မြတ်သောသားရဲနှစ်ကောင်ကို ခရမ်းရောင်မျက်လုံးများ ဖြင့်ကြည့်ပြီး လျှောက်သွားလေသည်။ သူသည် ပေထင်းဟွမ်အားလက်ဖြင့် သိုင်းဖက်ကာ အထင်သေးစွာဖြင့်ပြောလိုက်လေသည် “ကြည့်လေ သူ့ ခြေလက်လေးချောင်းလုံးက မြေကြီးတွေနဲ့.. အဲဒါကို မင်းပေါ်ကို ခုန်အုပ်ချင် နေတာလေ မညစ်ပတ်လွန်းဘူးလား”

ဘယ်လိုလုပ် ညစ်ပတ်မှာလဲ။ အဲဒါက ဘယ်လိုလုပ်ညစ်ပတ်တာလဲ။ သူတို့တွေက မွန်မြတ်တဲ့သားရဲလေ။ ကြောင်လည်းမဟုတ် ခွေးလည်းမဟုတ်။ သူတို့ ဘယ်လောက်ပဲညစ်ပတ်တဲ့နေရာပဲ သွားပါစေ သန့်ရှင်းသွားမှာ ဟုတ်ပြီ လား။

ဘယ်သူပြောရဲလဲ။ ဒီလူ့ရှေ့မှာ ဘယ်သူက ပြန်ချေပရဲလဲ။

သေချာပေါက် ပေထင်းဟွမ်သည် မယုံပေ။ သူမသည် မွန်မြတ်သော သားရဲနှစ်ကောင်၏ အသနားခံသည့်မျက်နှာကိုမြင်သောအခါ ရယ်ချင်သွားကာ သံသယပိုဝင်သွားသည်။ သူတို့သည် သားရဲကို မတွန်းလှန်နိုင်ပေ။ ယန်ယဲ့က မှော်သားရဲများလား။

သူမသည် လက်မြှောက်ကာ ယန်ယဲ့၏ချောမောသော မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် အင်္ကျီလက်များကို ဖြန့်က လျှောက်သွားလိုက် သည်။ ဂူထဲမှ ပန်းနံ့ပါသောလေသည် သူမကို တိုးဝှေ့သွားသည်။ သူမသည် အသက်ကိုပြင်းပြင်းရှူကာ လန်းဆန်းမှုကို ခံစားလိုက်သည်။

ယန်ယဲ့သည် မြေပေါ်တွင် ကြောင်တက်တက်ဖြင့် အမြစ်တွယ်နေသည်။ သူသည် လက်ကိုမြှောက်ကာ သူ၏မျက်နှာကို ပြန်ထိမိသည်။ သူမလက်ဖဝါးမှ နူးညံ့မှုသည် သူ့မျက်နှာတွင်ရှိဆဲဖြစ်ကာ သူ့နှလုံးသားမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ ပေထင်းဟွမ် ဂူထဲမှထွက်သွားသည်ကို မြင်သောအခါ သူ ရှေ့တိုးကာ သူမနောက်မှလိုက်သွားလိုက်သည်။ သူသည် လက်ကိုဖြန့်ကာ သူမ အားပွေ့ဖက်လိုက်သည် “ရှောင်ကျို့.. မင်းက ဝိညာဉ်သခင်ကြီးဖြစ်ပြီး ချပ်ဝတ် တန်ဆာကို အသွင်ပြောင်းနိုင်ပြီ.. စမ်းကြည့်ချင်လား”

ထိုအရာသည် သူမတွေးနေသည့်အရာပင်။ ဤလူသည် သူမ၏ နှလုံးသားတွင်ရှိနေသည့်အတိုင်း သူမ၏အတွေးများကို ခန့်မှန်းနိုင်ပုံပင်။ မကောင်းသောအတွေးဖြင့် ပေထင်းဟွမ်သည် ခေါင်းလှည့်ကာ ယန်ယဲ့အား ပြုံးပြလိုက်သည် “ဘာလို့လဲ.. ယဲ့ ကျွန်တော်နဲ့ စစ်ထိုးချင်လို့လား”

***

All Chapters