ချပ်ဝတ်တန်ဆာပြောင်းလဲခြင်း
Vol. 6 Ch. 113
ထင်ထားသည့်အတိုင်းပင် ယန်ယဲ့၏မျက်လုံးများတွင် မလိုလားမှု အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူ မလိုလားခြင်းမဟုတ်သော်လည်း သူ့ ရှေ့မှလူကို မထိုးနိုင်ပေ။ အကယ်၍ သူ သူမနှင့် စစ်ထိုးရမည်ဆိုပါက သူ ရှောင်ရှားရုံသာ တတ်နိုင်မည်။
ပေထင်းဟွမ်၏ မည်းနက်ပြီး တောက်ပသည့်မျက်လုံးများသည် သူ့အရှေ့ မှ သူ၏ခရမ်းရောင်မျက်လုံးအစုံကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးအတွင်းထဲ တွင် ညမိုးကောင်းကင်ရှိ အတောက်ပဆုံးကြယ်ရှိနေသည်။ ၎င်းမှာ စိုးရိမ်သည့် အရိပ်အမြွက်ပင်ဖြစ်သည်။ သူမ၏ စနောက်သည့် စကားလုံးများအတွက် တခြားအကြောင်းအရင်းမရှိပေ။ သူ ကြားသည်နှင့် အတည်မှတ်လိုက်သည်။ သူ့လိုလူမျိုးက အကြောင်းမရှိဘဲ ဘယ်တုန်းက ဝမ်းနည်းဖူးလို့လဲ။ ဤအခိုက် အတန့်တွင် သူ မျက်မှောင်ကြုတ်သာ အသေအချာစဉ်းစားသည်။
ပေထင်းဟွမ်၏ နှလုံးသားသည် နွေးထွေးသောလေနုကလေး တိုက်ခတ် ခံရသလိုပင် အနည်းငယ် မူးဝေလာသည်။
သူမ ကျယ်လောင်စွာရယ်မောကာ ဂူဝင်ပေါက်တွင် ရပ်လိုက်သည်။ သူမ၏ ကြည်လင်သောအသံသည် ဂူထဲတွင်ပဲ့တင်ထပ်လာသည် “ချုံချီ ထွက်လာခဲ့”
“အာ…”
ပေထင်းဟွမ်နှင့် သခင်ဖြစ်သူတို့ကြားမှ စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်သောချုံချီသည် မှင်တက်မိသည်။ သူ့ကို ဘာလို့ရှာတာလဲ။ သူ့ကို ဘာလို့ရှာတာလဲ။ ထင်ယောင်ထင်မှားပဲနေမှာပါ။
တခြားကိုယ်ရံတော်များဖြစ်သည့် ပိုင်ဇီ၊ ရှန်ဝူနှင့် ပီဖန်းတို့သည် သူအား သနားသောအကြည့်ဖြင့်ကြည့်လေသည်။ ဤအရာသည် ထင်ယောင်ထင်မှား မဟုတ်သည်ကို ချုံချီသိသည်။ သူသည် မိဘများပျောက်သွားသည့် ကလေး ကဲ့သို့ ရှေးဟောင်းသစ်ပင်၏ အရွက်များကြားမှ ပေါ်လာသည်။ တစ်ချက်ခုန် လိုက်သည်နှင့် သူ ပေထင်းဟွမ်ရှေ့ရောက်လာသည်။ သူသည် လက်သီးဆုပ် ဖြင့် ပေထင်းဟွမ်ဘက်သို့ အရိုအသေပြုကာ လက်အောက်ငယ်သားကဲ့သို့ ပြုမူ လေသည်။ “သခင်လေး ၉ ကျွန်တော် ဘာလုပ်ပေးရမလဲ”
ချုံချီသည် တုံးချင်ယောင်ဆောင်ရာတွင် အလွန်တော်သည်ဟု ပြော၍ရ သည်။ သို့သော် ပေထင်းဟွမ်သည် သူ့ပခုံးအား ပုတ်လိုက်သည် “ချုံချီ နေဝင် တောမှာတုန်းက မင်းဘာပြောခဲ့လဲ.. ငါတို့က လုပ်ဖော်ကိုင်ဖက်နဲ့ ညီအစ်ကို တွေပဲ.. မင်းက အရမ်းယဉ်ကျေးနေတယ်”
အဲဒါကလည်း သခင်ဖြစ်သူမှာ သူ့ရှေ့တွင်ရှိနေခြင်းကြောင့်ပင်။ သူသည် သခင်လေး ၉ ကို ဆက်ပြီးအဖော်ပြုပေးရမည်။
ချုံချီသည် စိတ်ထဲမှညည်းညူပြီးနောက် ယန်ယဲ့အား မျက်လုံးထောင့်မှ ခိုးကြည့်မိသည်။ ယန်ယဲ့ ခံစားချက်ကောင်းနေပုံပေါ်လသည်ကို ကြည့်ပြီး သူ ခါးဆန့်လိုက်သည်။ သို့သော် မလေးမစားပုံ မပြရဲသေးပေ။ သူသည် မျက်လွှာချ ကာ ပေထင်းဟွမ်ပြောမည့်စကားကို နားစွင့်နေသည် “ချုံချီ ငါနဲ့ စစ်ထိုးမယ်”
….
ဘာ..
သူ့စိတ်ထဲတွင် နိမိတ်တစ်ခုရှိနှင့်နေပြီဆိုသော်ငြား ပေထင်းဟွမ် ထို တောင်းဆိုချက်ကိုပြောလိုက်ချိန်တွင် ချုံချီသေချင်သွားသည်။ သူ့သခင်ရဲ့ မျက်စိအောက်မှာ ပေထင်းဟွမ်နဲ့ လေ့ကျင့်တာ လွယ်ပါ့မလား။ သူ၏ မှန်ကန် မှုကို ထိန်းချုပ်နိုင်သည့်စိတ်ကို လွှတ်ချချင်မိသည်။ သူသည် ပေထင်းဟွမ်နှင့် တိုက်ခိုက်ရမည့်အစား ပေထင်းဟွမ်ရိုက်ခြင်းကိုသာ ခံလိုက်ချင်သည်။
“သခင်လေး ၉….”
“စိတ်မပူပါနဲ့ မင်း ငါ့ကို ထိခိုက်အောင်လုပ်လို့ရတယ်.. ငါရှိရင် မင်းသခင် က မင်းကို ဘာမှလုပ်ရဲမှာမဟုတ်ဘူး” ပေထင်းဟွမ်သည် ယန်ယဲ့အားစောင်းငဲ့ ကြည့်ကာ သတိပေးလိုကု်သည်။
ယန်ယဲ့သည် အသက်ပြင်းပြင်းရှူကာ မျက်လုံးများကို မှိတ်လိုက်သည်။ သူ မတတ်သာစွာဖြင့် ခေါင်းညိတ်လိုက်သည် “မင်းရဲ့ ဝိညာဉ်သခင်ကြီး စွမ်းအားကို ကန့်သတ်ထား.. အစွမ်းကုန်တိုက်ခိုက်လို့ရတယ်၊ အနှောင့်အယှက် ဖြစ်စရာမလိုဘူး”
သူသည် ပေထင်းဟွမ်၏အတွေးကို ကောင်းကောင်းသိသည်။ သူမသည် ပိုသန်မာလာချင်သည်။ သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး သူမကို မနိုင်ပေ။ သူ လုပ်နိုင်သည်မှာ သူမကို တတ်နိုင်သလောက် ထောက်ပံ့ပေးရုံသာဖြစ်သည်။ ထို့အပြင် သူမဘေးတွင် သူရှိနေလျှင် ချုံချီသည် သူမကိုထိခိုက်အောင်လုပ်နိုင် မည်မဟုတ်ပေ။
ဤအရာသည် မဖြစ်နိုင်သည့် စစ်ဆေးမှုသာဖြစ်သည်။ ချုံချီသည် နောက်ဆုံးစူးရှသည့်အသံကို ကြားသည့်အချိန်ထိ ဤအကျဉ်းအကြပ်ထဲမှ ရုန်းထွက်ချင်သေးသည် “မိုးကြိုးသွားနဲ့ လျှပ်စီး ချပ်ဝတ်တန်ဆာအဖြစ် အသွင် ပြောင်းလိုက်”
ဝိညာဉ်သားရဲချပ်ဝတ်တန်ဆာသည် ဝိညာဉ်သခင်များ၏ အားအကောင်း ဆုံးအပိုင်းဖြစ်သည်။ ဝိညာဉ်သားရဲအမျိုးမျိုးသည် မတူညီသော ပုံစံ၊ သက်ရောက်မှုများဖြင့် စစ်ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းနိုင်သည်။ တိုက်ပွဲ တွင် ခုခံမှုနှင့် တိုက်ခိုက်မှု၏ သက်ရောက်မှုများသည် မတူညီပေ။ ၎င်းသည် တိုက်ခိုက်ရေးနယ်ပယ်အားလုံးထဲတွင် ဝိညာဉ်သခင်များသည် သာလွန်နေ သည့် အထင်ရှားဆုံးအကြောင်းအရင်းလည်းဖြစ်သည်။
ချပ်ဝတ်တန်ဆာအသွင်ပြောင်းခြင်းကို တစ်ကိုယ်လုံးအပြည့် ပြောင်းလဲ ခြင်းနှင့် တစ်စိတ်တစ်ပိုင်းပြောင်းလဲခြင်းဟူ၍ ပိုင်းခြားနိုင်သည်။ တစ်ကိုယ်လုံး အပြည့်ပြောင်းလဲခြင်းကိုသုံးမည်ဆိုပါက ပုံစံနှင့် ချပ်ဝတ်တန်ဆာ၏ ဖွဲ့စည်းပုံ သည် မတူညီပေ။ သို့သော် ဝိညာဉ်သားရဲနှင့် မွန်မြတ်သောသားရဲတို့မှ ပြောင်းလဲလိုက်သော တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာများသည် အခြေခံအား ဖြင့် အရောင်မတူကြပေ။ ဝိညာဉ်သားရဲများသည် ကြေးနီရောင်ချပ်ဝတ်တန်ဆာများဖြစ်ကြသော်လည်း မွန်မြတ်သောသားရဲသည် ငွေရောင်ဖြစ်သည်။ နတ်သားရဲနှင့်အထက်သားရဲများသည် မှော်သားရဲများ၏ စိတ်ကြိုက် အရောင် အမျိုးမျိုးသို့ပြောင်းလဲနိုင်သည်။
အသွင်ပြောင်းပြီးနောက် မှော်သားရဲများ၏ အဆင့်၊ ခွန်အားနှင့် ဝိသေသ လက္ခဏာများပေါ်တွင်မူတည်ပြီး ချပ်ဝတ်တန်ဆာ၏ ခုခံမှုနှင့် တိုက်ခိုက်ရေး စွမ်းအားများသည် ကွဲပြားနိုင်သည်။
တစ်ဖက်တွင် တစ်စိတ်တစ်ပိုင်းချပ်ဝတ်တန်ဆာမှာ မှော်သားရဲ၏ အထူး ကျွမ်းကျင်မှုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဥပမာဆိုရလျှင် အရှိန်နှုန်းမြန် သည့် သားရဲများသည် စစ်မြေပြင်တွင် လှုပ်ရှားမှုအမြန်နှုန်းကို အရှိန်မြှင့်ရန်နှင့် ပစ္စည်းများ၏ စစ်မှန်သောအလားအလာကို ဖွင့်ရန်အတွက် စစ်ဖိနပ်များအဖြစ် ပြောင်းလဲသွားသည်။ အကယ်၍ အရည်အချင်းမျိုးစုံရှိသည့် မှော်သားရဲများ သည် ၎င်းတို့ထဲမှာ တစ်ခုကို ခန္ဓာကိုယ်အပြည့် ချပ်ဝတ်တန်ဆာအဖြစ်ပြောင်း လဲပြီးနောက် တခြားတစ်ခုကို အစိတ်အပိုင်းချပ်ဝတ်တန်ဆာအဖြစ်ပြောင်းပြီး နောက်ဆက်တွဲဖြစ်သည့် တိုက်ခိုက်မှုများ၊ မယုံနိုင်လောက်သည့် အဆင့်ထိ ခွန်အားတိုးလာစေရန်အတွက် သုံးကြသည်။
***