မင်းရဲ့ အစွမ်းအစအမှန်ကိုပြ
Vol. 6 Ch. 114
ချုံချီသည် ကောင်းကင်အဆင့် ဝိညာဉ်သခင်ဖြစ်သည်။ သေချာပေါက်ပင် ပေထင်းဟွမ်သည် ချုံချီကို စစ်မြေပြင်တွင် အနိုင်ရရန်မဖြစ်နိုင်ပေ။ တွေးလိုက် သည်နှင့် ထောင့်လေးထောင့်ကြယ်အဖွဲ့အစည်းသည် သူမ၏ခြေထောက် အောက်တွင်ပေါ်လာသည်။ မှော်သားရဲနှစ်ကောင်သည် ငွေရောင်အလင်းတန်း များအဖြစ်ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ ထိုးဝင်သွားသည်။
ငွေရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် ပေထင်းဟွမ်ပေါ်လာ သည်။ ချက်ချင်းဆိုသလိုပင် အားလုံး အံ့အားသင့်သွားကြ၏။ သူတို့သည် သူမ၏ လက်ရှိအသွင်အပြင်ကို မလေးစားဘဲမနေနိုင်ပေ။ သူမသည် မျက်စိပင် စူးလောက်သည်။
ငွေရောင်ဝံပုလွေသည် အလင်းရောင်စီးကြောင်းအဖြစ်ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ ချဉ်းကပ်လာသည်။ ၎င်းသည် ပေထင်းဟွမ်၏ ခေါင်းအောက်မှ ခန္ဓာကိုယ်အစိတ်အပိုင်းစီကို ငွေရောင်ချပ်ဝတ်တန်ဆာဖြင့် ဖုံးအုပ်လိုက်သည်။ သူမ၏ရင်ဘတ်တွင် လက်သီးတစ်ဆုပ်စာ အရွယ်အစားရှိ သည့် ရက်စက်သောဝံပုလွေခေါင်းပေါ်လာသည်။ သူမ၏ခေါင်းအထက်တွင် မှော်သားရဲ၏ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာလက္ခဏာဖြစ်သည့် လျှပ်စီး သင်္ကေတ အမှတ်အသာရှိနေသည်။
တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာနှင့် တွဲဖက်လိုက်သောအခါ ပေထင်းဟွမ် ၏ အရပ်ရှည်ပြီး ပိန်ပါးသည့်ပုံရိပ်သည် ရှေးဟောင်းစစ်နတ်ဘုရားဆင်းသက် လာသည်နှင့်ပင် တူနေသည်။ သူမသည် ရဲစွမ်းသတ္တိရှိပြီး သူရဲကောင်းဆန်၏။ သူမသည် အလွန်အမင်း ကြည့်ကောင်းနေသည်။ ကြယ်ရောင်အောက်တွင် ငွေရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် သူမ၏ခေါင်းအထက်ရှိ လထက် ပင် တောက်ပြောင်နေသည်။ အလင်းထဲတွင် သူမ၏ခန္ဓာကိုယ်ပေါ်သို့ အလင်း တန်းများ စီးဆင်းနေသလိုပင်။
ပေထင်းဟွမ်၏ ပုံပန်းသဏ္ဍာန်သည် အလွန်ပင် ထူးခြားနေပြီဖြစ်သည်။ ချပ်ဝတ်တန်ဆာအသွင်ပြောင်းပြီးနောက် သူမ၏ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အနက်ရောင်ဆံပင်ရှည်များသည် တဖျပ်ဖျပ်လှုပ်ရှားနေသည်။ သူမ၏ ထူးခြား သောရောင်ဝါကြောင့် ချုံချီသည် စစ်မြေပြင်သို့မသွားခင် အနည်းငယ် တွန့်ဆုတ်နေမိသည်။
သူသည် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ကံကောင်းစွာပင် သူသည် သူမ၏ ပြိုင်ဘက်အစစ်မဟုတ်ပေ။
ယန်ယဲ့၏ မျက်လုံးများသည် ပေထင်းဟွမ်အား မျက်တောင်မခတ်ကြည့် နေသည်။ ခရမ်းရောင်ဝိညာဉ်လက်ပတ်ကြောင့် ပေထင်းဟွမ်သည် လူငယ် တစ်ယောက်အသွင်ဖြစ်နေတုန်းပင်။ ထိုသို့ဆိုလျှင်တောင် ယန်ယဲ့သည် အနည်းငယ် စိတ်မချမ်းမြေ့သေးပေ။ သူသည် သူမကို ဖွက်ထားချင်သည်။ သူမသည် အလွန်လှပပြီးထူးခြားသည်။ အနာဂတ်တွင် သူမ၏ပြုစားခြင်းကို လူမည်မျှခံရမည်ကို မသိနိုင်ပေ။
အနက်ရောင်တောင်ပံတစ်စုံသည် သူမ၏ကျောပြင်မှ ဖြန့်ထွက်လာ၏။ အလွန်ပင် ခမ်းနားလှသည်။ တစ်ချက်ခတ်လိုက်ပြီး ပေထင်းဟွမ်သည် မိုးပေါ် သို့ပျံတက်သွားသည်။ ဤတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် ပျံနိုင်သော မှော်သားရဲဖြင့် ပြုလုပ်ထားခြင်းဖြစ်မည်။ သို့သော် ပျံနိုင်သည့် မှော်သားရဲများ ကို ပုံမှန်အားဖြင့် ဖမ်းရန်ခက်ခဲသည်။ မရေမတွက်နိုင်သော ဝိညာဉ်သခင်များ သည် မှော်သားရဲပျံများကို ပိုင်ဆိုင်ရန် အိပ်မက်မက်ကြသော်လည်း မဖမ်းနိုင် ကြပေ။ ကောင်းကင်အဆင့်ဝိညာဉ်သခင်ကဲ့သို့ မိုးပေါ်တွင် ပျံနိုင်ခြင်းသည် မြေကြီးအဆင့်ဝိညာဉ်သခင်တိုင်း၏ အိပ်မက်ပင်ဖြစ်သည်။
ယန်ယဲ့နှင့်တခြားသူများကို ကြည့်လိုက်ရာ အားလုံးသည် အံ့အားသင့်နေ ကြသည်ကို ပေထင်းဟွမ်မြင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူမသည် သူမကိုယ်သူမ အမှန်တကယ်မြင်ချင်မိသည်။ အနာဂတ်တွင် ထောက်လှမ်း သည့် မှော်သားရဲအမျိုးအစားဖမ်းမည်ဟု တွေးလိုက်မိသည်။ အခုမှပင် သူမ၏ သိုလှောင်နေရာထဲသို့ အပင်အမျိုးအစားမှော်သားရဲကို ထည့်ထားကြောင်း ရုတ်တရက်မှတ်မိသွား၏။ သူမသည် ဤကဲ့သို့အချိန်မျိုးတွင်သုံးရန် သိမ်းထား ခြင်းဖြစ်သော်လည်း နောက်ဆုံးတွင် မေ့သွားလိမ့်မည်ဟု ထင်မထားပေ။
ဒီတိုက်ပွဲပြီးတာနဲ့ အဲဒီမှော်သားရဲနဲ့ မြန်မြန်စာချုပ်တည်ထောင်ရမယ့်ပုံ ပဲ။
….
လေထဲတွင် လှပစွာပတ်လိုက်ပြီး အတောင်ပံခတ်ကာ လေပေါ်တွင် ပေါလောပေါ်နေလိုက်သည်။ သူမ၏လက်ထဲမှ ဓားပျော့သည် တည့်တည့် ခုတ်ထစ်ပြီး လေအားပိုင်းဖြတ်ကာ အသံများထွက်နေသည်။
“ချုံချီ မင်းရဲ့အစွမ်းအစ်အမှန်ကို ပြတော့လေ.. မင်းကို အထင်မသေးမိ စေနဲ့.. မဟုတ်ရင် ညအရှင်အိမ်တော်ရဲ့ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ ကိုယ်ရံတော်ကြီးလေးယောက်ထဲက တစ်နေရာကို ငါ လုယူမိတော့မယ်” ပေထင်းဟွမ်သည် ခပ်မာမာပင် ရန်စလေသည်။ သူမသည် ဓားပျော့ဖြင့် ချုံချီကို ချိန်ရွယ်သည်။ သူမ၏ မျက်လုံးများသည် စစ်တိုက်ရန် သွေးကြွနေ သည်။
“အာ.. အာ.. ကောင်လေး မင်းငါ့ကို အထင်သေးရဲတယ်ပေါ့” ချုံချီသည် ခြေဖျားဖြင့် မြေကြီးကို ထောက်ပြီးပျံလိုက်ရာ အနက်ရောင်ချပ်ဝတ်တန်ဆာ သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ ၎င်းသည် အပ်ချုပ်ဆရာမှ ချုပ်ထား သည့်အတိုင်း ကွက်တိကျနေသည်။ အနက်ရောင်လင်းနို့အတောင်ပံတစ်စုံ သည် မိုးပေါ်တွင် ဖြန့်ကျက်လာရာ ခေါင်းပေါ်မှ လကိုပင် ကွယ်သွားလေသည်။ တစ်ကမ္ဘာလုံး အမှောင်ကျသွားသည်။
ကောင်းကင်အား ဖုံးသွားစေသည့် အမှောင်စွမ်းအင်သည် ဤနေရာတွင် ကမ္ဘာမြေကြီးကို လွှမ်းမိုးထားသည်။ လေဟာနယ်မှာ အေးခဲသွားသကဲ့သို့ လေထဲမှ စီးဆင်းမှုပင် နှေးကွေးသွားသည်။ အားကောင်းသောဖိအားသည် ဒီရေ အတက်အကျဖြစ်သကဲ့သို့ အားလုံးကိုနစ်မွန်းစေသည်။
***