← Chapters

ချုံချီနှင့် ပြတ်ပြတ်သားသား တိုက်ခိုက်ခြင်း

Vol. 6 Ch. 115

ချုံချီနှင့် ပြတ်ပြတ်သားသား တိုက်ခိုက်ခြင်း

Vol. 6 Ch. 115

ချုံချီ ဘယ်အဆင့်ထိ ရောက်ပြီးပြီလဲ။ ဒါက ကျွမ်းကျင်သူရဲ့ ခွန်အားလား။ တကယ့်ကို စစ်မှန်တဲ့ ကျွမ်းကျင်သူပဲ။ ထိုအိုက်အတန့်တွင် ချုံချိနှင့်ယှဉ်လျှင် လော့ပေမြို့တွင်တွေ့ခဲ့သည့် ပေထင်းမိသားစု၏ ဥပဒေအရှာ ရှိသည် အလွန်အားနည်းသည်ဟု ပေထင်းဟွမ်ခံစားရသည်။

ထိုအခိုက်အတန့်တွင် သူမ သွေးများခေါင်းထိထိုးတက်လာသည်။ ချုံချီ ကို သူမ၏ကိုယ်ပိုင် အစွမ်းအစဖြင့်တိုက်ထုတ်လိုသောကြောင့် ပိုသန်မာလာရန် ဆန္ဒမှာလည်း ပိုပြင်းထန်လာသည်။ သူမ ဒဏ်ရာရလျှင်တောင် ဤအားကောင်းသော ခွန်အားကို ကိုယ်တိုင်ကြုံတွေ့ရမည်။

တစ်နေ့တွင် သူမ ရရမည်။ ချုံချီထက်ပင် ပိုအားကောင်းရမည်။

“မင်းကို အထင်ကြီးစေချင်ရင် ငါနဲ့တိုက်လေ” ပေထင်းဟွမ် အော်လိုက် သည်။ ခက်ခဲလှသော်လည်း သူမ အတောင်ပံခတ်ကာ ဓားပျော့ကိုချုံချီဆီသို့ ဝေ့ယမ်းလိုက်သည်။

သူမတွင် ကြောက်တရားကင်းမဲ့နေ၍မဟုတ်ပေ။ အင်အားချင်းကွာဟ သည့် တိုက်ပွဲတွင် သူမသည် မသေလျှင်တောင် မလွဲမသွေဒဏ်ရာရမည်ဖြစ် သည်။ တိုက်ပွဲတွင် စစ်မှန်သောကျွမ်းကျင်သူများသည် သူတို့၏အလိုလိုသိစိတ် ကိုမှီခိုကာ တိုက်ခိုက်ကြသည်။ သူတို့သာ သတိလွတ်သွားပါက ပေထင်းဟွမ် သေသွားလျှင်တောင် သိလိုက်မည်မဟုတ်ပေ။

သို့သော် သူမသည် မကြောက်မရွံ့ပင် ခါတိုင်းလို ရှေ့သို့ဆက်တိုးသည်။ ကျင့်ကြံခြင်းသည် နဂိုကတည်းကပင် လူတစ်ဦး၏ကံကြမ္မာကို ပြောင်းလဲပေး ကာ ကိုယ့်ကိုယ်ကိုယ် အနိုင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်နိုင်သည်။ ကျင့်ကြံ ခြင်းသည် စိတ်ထဲတွင် အရာပေါင်းများစွာကို သိုလှောင်နိုင်သည်။ မိသားစု၊ သူငယ်ချင်း၊ အချစ်၊ အိပ်မက်နှင့် ဆန္ဒများစွာပါသော်လည်း ကြောက်ရွံ့ခြင်းမပါ ဝင်ပေ။

သူမ၏ ဓားသည် လေထဲတွင် လျှပ်စီးသဖွယ်လက်လာသည်။ မရေမတွက်နိုင်သော စိတ်အာရုံများသည် ပိုက်ကွန်သဖွယ် ချုံချီအား ခုန်အုပ် လေသည်။ ချုံချီ၏ခွန်အားနှင့်ပင် သေချာမကြည့်လျှင် ထိုအဖြူရောင်အရိပ်များ သည် စိတ်အာရုံဟုထင်ကောင်းထင်နိုင်သော်လည်း တကယ်တော့ ဓားပျော့ အစစ်ဖြစ်နေသည်ကို ချုံချီပင် ပြောရခက်သည်။

ဘုရားရေ.. ဒါက ဝိညာဉ်သခင်ကြီးတစ်ယောက်ရဲ့ ခွန်အားလား။ ဒါက ကြယ် ၁ ပွင့် ဝိညာဉ်သခင်ကြီးရဲ့ ခွန်အားလို့ပြောရင် ကြယ် ၁ ပွင့်ဝိညာဉ်သခင် ကြီးရဲ့ အားကအရမ်းကိုအားကောင်းလွန်းနေတာပဲ။ အဲဒါကြောင့် သခင်က ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးအဆင့်လို့မပြောဘဲ ဝိညာဉ်သခင်ကြီးအဆင့်ကို ဖိနှိပ်ဖို့ပြောခဲ့တာကိုး။ ဒါက သူ့ကိုအထင်သေးတာမဟုတ်ဘဲ သူအနိုင်ကျင့်ခံရ မှာကို ကြောက်နေတာပဲ။

ပိုင်ဇီနှင့်တခြားသူများသည် နှစ်ယောက်တိုက်ပွဲကို လာကြည့်ကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် အာရုံမစိုက်ဘဲမနေနိုင်ပေ။ သူတို့၏မျက်နှာ တွင် အံ့အားသင့်သော မျက်နှာအမူအရာများ တဖြည်းဖြည်းပေါ်လာသည်။ သူတို့၏လက်ရှိအားနှင့်တောင် သတိမထားမိလျှင် ဤကလေး၏ ထောင်ချောက်ထဲဝင်သွားနိုင်သည်။

သူမ၏အရှိန်သည် အလွန်မြန်ဆန်သည်။ ထိုအရှိန်မှာ ဝိညာဉ်သခင်ကြီး တစ်ယောက်တွင်ရှိသင့်သည့် အမြန်နှုန်းမဟုတ်ပေ။ ဤလူသည် ကောင်းကင် ကိုအံတုသည် ပြော၍ရသည်။

ဤကလေးပြောသည်မှာ မှန်ပုံပင်။ သူမ သူတို့လေးယောက်၏ တစ်နေရာကို ယူနိုင်မည်မှာ လမ်းတစ်ကွေ့စာလောက်သာရှိသည်။

အဲဒါကြောင့် သခင်က သူ့ကို အလွန်တန်ဖိုးထားနေခြင်းဖြစ်မယ်။ ဘယ်သူက ဒီလိုကောင်းကင်ကို အံတုနိုင်သည့်အရည်အချင်းရှိသူကို မထိန်းချုပ်ချင်ဘဲနေပါ့မလဲ။ ထိုလူသည် လွန်ခဲ့တစ်လကျော်ကပင် အမှိုက်ဟု ကျော်ကြားသူဖြစ်သည်။ သူသည် ဝိညာဉ်စွမ်းအင်ပင် မစုစည်းနိုင်ပေ။

ကံကောင်းစွာပင် သူတို့သည် ပေထင်းဟွမ်ကို တလေးတစားဆက်ဆံခဲ့ သည်။ ထိုအခါမှပင် ဤမိစ္ဆာလေးကို တိုက်ခိုက်ချိန်တွင် သတိထားရမည်ကို သူတို့ သတိရလာသည်။ အဆိုများမှာ မှန်သည့်ပုံပင်။ ပြိုင်ဘက်ကို လေးစား ခြင်းသည် လူတစ်ယောက်၏ အသက်ကိုလေးစားခြင်းပင်။

ချုံချီ၏ ခန္ဓာကိုယ်သည် နောက်ပြန်လှန်ကျသည်။ ဝိညာဉ်စွမ်းအင်ဖြင့် ပေါင်းစပ်ထားသော ဓားပျော့သည် သူ၏မျက်နှာကို ဖြတ်သွားသည်။ လေထု ကွဲအက်သံသည် သူ့နားထဲသို့တိုးဝင်လာပြီး ကြီးမားသော ဝိညာဉ်စွမ်းအားသည် လေထဲတွင် လွင့်ပျံနေသည့် ဆံပင်ကို ဖြတ်တောက်လိုက်သည်။

ချုံချီသည် ဒေါသထွက်သွားသည်။ သူက ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီး ကြောင့် ဒဏ်ရာရသွားတာလား။ ဆံပင်ဆိုသော်ငြား ထိုအရာသည် သူ၏ခန္ဓာ ကိုယ်တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ဒီကောင်လေးတော့.. သူ့ကို သင်ခန်းစာမပေးရရင် သူ့မျိုးရိုးနာမည်နဲ့ နာမည်လည်းရှိတော့မှာမဟုတ်ဘူး။

ချုံချီသည် ပေထင်းဟွမ်၏ လက်ထဲမှဓားပျော့ကို ကိုင်တော့မည်အပြု တွင် ထိုတိုက်ခိုက်မှုသည် အာရုံထွေပြားစရာဖြစ်သွားလိမ့်မည်ဟုထင်မထား ပေ။ ဓားပျော့၏ တိုက်ခိုက်မှုသည် စစ်မှန်သောလှုပ်ရှားမှုဖြစ်သည်။ ချုံချီ နောက်ပြန်ဆုတ်မည်ကို ကြိုသိနေသည့်အတိုင်း ဓား၏ထိပ်မှာ အနောက်သို့ ညွှန်ပြနေသည်။ ဓားပျော့သည် ကြောက်စရာကောင်းသောအရှိန်ဖြင့် ချုံချီ၏ ခါးကိုပတ်လိုက်သည်။

All Chapters