ဝိညာဉ်စွမ်းအင်နှင့် အမှောင်စွမ်းအင်တို့ တိုက်ခိုက်ခြင်း
Vol. 6 Ch. 116
ဒါကဘာကြီးလဲ။ ဒါက ဘယ်လိုအမြန်နှုန်းလဲ။
ပေထင်းဟွမ်နှင့် ထိုးနှက်ချင်းဖလှယ်သည့်အခါတွင် ချုံချီသည် သူ၏ ခွန်အားကို ဖိနှိပ်ရမည်ကို သိထားရမည်။ သူ၏ခုခံမှုနှင့် ခန္ဓာကိုယ်မှ ဖိအားကို ဖိနှိပ်၍မရပေ။ ချုံချီ၏ အဆုံးမရှိသော ဝိညာဉ်စွမ်းအားအောက်၌ပင် ပေထင်းဟွမ်၏အမြန်နှုန်းသည် အလွန်မြန်ဆန်နေသည်။ ချုံချီ မအံ့ဩဘဲ မနေနိုင်တော့ပေ။
သူသည် သူမကို မျက်စိစုံမှိတ်ပြီး ညှာတာ၍မရတော့ပေ။ ချုံချီ နောက် တစ်ကွက်မလှုပ်ရှားခင်မှာပင် ပေထင်းဟွမ်သည် ရုတ်တရက်လက်ကိုခါပြီး ချုံချီကို ဆွဲသွင်းလိုက်သည်။ သူမတစ်ကိုယ်လုံး၏ ရောင်ဝါသည် အမြင့်သို့ တက်သွားသည်။ သူမ၏ကျောပြင်မှ ကြီးမားပြီး တင့်တယ်လှသော အတောင်ပံ နှစ်ခုသည် ရုတ်တရက်ခတ်လိုက်ရာ လွှမ်းမိုးသောရောင်ဝါထွက်လာပြီး ချုံချီနှင့် အညှာတာကင်းစွာ တိုက်ခိုက်လေသည်။
၎င်းသည် အလိုလိုတုံ့ပြန်မှုနီးပါးပင်။ ချုံချီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ဒြပ်စင်စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ကြီးမားသော ဒြပ်စင်စွမ်းအင်အတားအဆီးကို တည်ဆောက်လိုက်သည်။ အနက်ရောင် ကာကွယ်ရေးစွမ်းအင်သည် သူ့ခန္ဓာကိုယ်မျက်နှာပြင်တွင် စီးဆင်းလာသည်။ ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ အဖြူရောင်စွမ်းအင်သည် အလွန်ထူထဲကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပုံရိပ်တစ်ခုသည် ပြင်းထန်စွာ တိုက်ခိုက်နေ ကြသည။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြားမှ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး သွေးကြောထဲ၌လည်ပတ်ပြီးနောက် ၎င်းစွမ်းအင်သည် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းသွားကာ အကြောထဲတွင် သိုလှောင်ထား၏။ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့်ကြားမှ သိသောသောကွာခြားချကမှော ဝိညာဉ်စွမ်းအင်များ အတိုင်းအတာတစ်ခုထိ စုဆောင်းပြီးနောက် ၎င်းသည် အကြောထဲတွင် ဘီး ပုံသဏ္ဍာန်ပေါ်လာခြင်းဖြစ်သည်။ အရောင်မှာလည်း အဖြူမှ အပြာသို့ပြောင်း သွားခဲ့သည်။ ဒြပ်စင်စွမ်းအင်အဆင့်မြင့်လေလေ အပြာပိုရင့်လေဖြစ်သည်။
ချုံချီ၏ ခွန်အားသည် မည်သည့်အဆင့်ထိ ရောက်နေသည်ကို မသိနိုင် ပေ။ အရောင်မှာအနက်ရောင်ဖြစ်သော်လည်း ကောင်းကင်အဆင့်၏ အပြာ ရောင်ဒြပ်စင်စွမ်းအင်ထက် မမြင့်သလို မနိမ့်သည့်အတိုင်း ယှဉ်နိုင်သည်။ ပေထင်းဟွမ်၏ အဖြူရောင်ဝိညာဉ်စွမ်းအင်သည် ရိုးရှင်းသော ဟာသတစ်ခုလို ပင်။
ပိုင်ဇီနှင့်တခြားနှစ်ယောက်သည် ငေးကြောင်မိသည်။ သူတို့ ပေထင်းဟွမ် ကိုစိတ်ပူနေစဉ်မှာပင် ချုံချီအတွက် ဆုတောင်းပေးနေမိသည်။ ရလဒ်ကိုပင် တွေးရနေသည်။ နောက်ဆုံးတွင် ပေထင်းဟွမ်သည် လွင့်ပျံသွားလေသည်။ သူမ မသေသော်လည်း ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားနိုင်သည်။ သူမ တောင်းဆိုခြင်းဖြစ်သော်လည်း သခင်က ချုံချီကို သက်ညှာပေးမည်လား။
ချုံချီ မည်သို့ဖြစ်သွားမည်ကို တွေး၍ရနေသည်။ သူသည် ပေထင်းဟွမ် ထက်ပင် ပိုဆိုးလိမ့်မည်။
ယန်ယဲ့သည် ခြေဖျားနှင့်မြေကြီးကို ထောက်ပြီး လေထဲသို့ပျံလိုက်သည်။ သူ့အရှိန်မှာ အမှန်တကယ်ပင် မြန်ဆန်သည်။ မြန်လွန်းသဖြင့် သူ၏ပုံရိပ်ကိုပင် ဖမ်းရခက်သည်။ ပေထင်းဟွမ် လွင့်သွားပြီးနောက် သူမသည် ချုံချီ၏ အနက်ရောင်စွမ်းအားဖြင့် တည်ဆောက်ထားသည့် ကာကွယ်ရေးဒိုင်းကာ၏ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိသည်နှင့်တူသည်။ သူမ ထိုအရာနှင့် ထိဆောင့်မိချိန်တွင် မြေကြီးကွဲအက်သွားခြင်းနှင့် လိပ်ခွံကဲ့သို့ သန်မာသော ခုခံမှုသည် သူမကို ဘဝင်ခိုက်ကာ ကျေနပ်စေသည်။
ပေထင်းဟွမ်သည် တည်ငြိမ်သည်။ ယန်ယဲ့ သူမအနောက်တွင်ရှိနေလျှင် သူမသည် မိုးကုတ်စက်ဝိုင်းထိ လွင့်သွားလျှင်တောင်မကြောက်ပေ။ ထို့အပြင် ယန်ယဲ့တွင် မရေမတွက်နိုင်သောဆေးများရှိသည်။ သူမ အသက်ဆုံးရှုံးသွား မည်ကို မကြောက်ပေ။ သူမသည် တည်ငြိမ်စွာပင် မျက်လုံးဖွင့်လိုက်ရာ ထင် သည့်အတိုင်းပင် ယန်ယဲ့ကိုမြင်ရလေသည်။ အရိပ်အယောင်များသည် သူမ၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။ သူမ တည်ငြိမ်လွန်းပြီး အာရုံစိုက် ထားခြင်းကြောင့်ဖြစ်နိုင်သည်။ သူမသည် ယန်ယဲ့၏ လှုပ်ရှားမှုလမ်းကြောင်း များကို မြင်နိုင်သည်။
၎င်းသည် ချုံချီနှင့်တခြားသူများ လိုက်မဖမ်းနိုင်သည့် ကြောက်မက်ဖွယ် အမြန်နှုန်းဖြစ်သည်။ ပေထင်းဟွမ်သည် ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ဤအခိုက်အတန့်တွင် ယန်ယဲ့၏လှုပ်ရှားမှုများသည် သူမ၏ နှလုံးသားထဲတွင် ရောင်ပြန်ဟပ်နေသည်။ ၎င်းသည် ပုံမှန်မဟုတ်သော အင်အားမျိုးဖြစ်သည်။
ထိုခံစားချက်သည် အထူးတလည်ပင် ဆန်းကြယ်လှသည်။ ထိုအခိုက် တွင် ပေထင်းဟွမ်သည် ဉာဏ်အလင်းကို ခံစားမိလုနီးပါးပင်။ သို့သော် ထိုခံစားချက်သည် သူမ၏ အသိစိတ်ပင်လယ်တွင် ခဏတာဖြတ်သွား သောကြောင့် လျင်မြန်စွာပင် ပျောက်သွားလေသည်။ သူမ သတိပြန်ဝင်လာချိန် တွင် သူမ၏ခန္ဓာကိုယ်သည် ယန်ယဲ့၏ရင်ခွင်ထဲသို့ ညင်သာစွာကျရောက်နေပြီ ဖြစ်သည်။