← Chapters

ရှုံးပေမဲ့ ဂုဏ်ယူတယ်

Vol. 6 Ch. 117

ရှုံးပေမဲ့ ဂုဏ်ယူတယ်

Vol. 6 Ch. 117

မြန်ဆန်လွန်းလှသည်။ ပေထင်းဟွမ် သက်ပြင်းချလိုက်၏။ ထိုခံစားချက် ကို ခံစားမိသည်နှင့် ယန်ယဲ့၏အရှိန်နှုန်းကို ထိန်းချုပ်ရန်ကြိုးစားခဲ့သည်မှာ သေချာသည်။ ထိုအချိန်က သူမ၏ခွန်အားသည် တစ်ဆင့်တက်သွားခြင်း ဖြစ်မည်။

သို့သော် ထိုကဲ့သို့အရာမျိုးသည် အလောကြီးရန်မလိုပေ။ သူမသည် ဖြည်းဖြည်းချင်း အစီအစဉ်ချရမည်။

“ရှောင်ကျို့ ရှောင်ကျို့ အဆင်ပြေရဲ့လား” ယန်ယဲ့၏ အသံမှာအလွန် တုန်ယင်နေသည်။ သူသည် ပေထင်းဟွမ်ကို ရင်ခွင်ထဲတွင် ဂရုတစိုက် ပွေ့ဖက် ထားသည်။ သူ၏ ရင်မှာထိန်းမနိုင်လောက်အောင် ခုန်ပေါက်နေသည်။ ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ ကျလာသောလူကိုကြည့်ပြီး ယန်ယဲ့၏ ခန္ဓာကိုယ် သည် ရုတ်တရက် ပေါက်ကွဲထွက်တော့မည့် အဖျက်စွမ်းအားကို စုဆောင်းမိ လေ၏။

သူ သူမကို ထပ်ပြီးဆုံးရှုံးမခံနိုင်ဘူး။

ပေထင်းဟွမ်သည် ယန်ယဲ့ကို တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ပေ။ သူမသည် ချုံချီကို ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်သည် လေထဲတွင် နှစ်ပတ်လည်သွားသည် ကို တွေ့လိုက်ရသည်။ သူ ပြန်မကျသော်လည်း ပေထင်းဟွမ် ကျေနပ်မိသည်။

ဟင်း.. သူမ ဘယ်လောက်ပဲ အားနည်းပါစေ ချုံချီက မထိခိုက်စေနိုင်ဘူး။

သူမ ပျော်သွားသည်နှင့် သွေးများထပ်မံဆူပွက်လာရာ နှုတ်ခမ်းထောင့်မှ သွေးများထွက်ကျလာသည်။ သို့သော် ဤဒဏ်ရာလောက်သည် သူမအတွက် ဘာမှမဟုတ်ပေ။ သူမသည် ပါးစပ်ထဲမှသွေးကို အားပါပါမျိုချပြီး ပန်းရောင် လျှာဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို ညင်သာစွာသပ်ပြီး မျိုချလိုက်သည်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲမှ ထရပ်လိုက်သည်။ သူမ၏ လက်ထဲမှ ဓားပျော့ မှာ တစ်စက္ကန့်မှ လွတ်မသွားခဲ့ပေ‌ “ချုံချီ ငါရှုံးပြီ”

ဒါပေမဲ့ တစ်နေ့တော့ နိုင်မှာပါ။

သူမ ရှုံးသွားသည့်တိုင်အောင် သည်းခံနိုင်ပုံမပေါက်ပေ။ သူမ၏ ခန္ဓာ ကိုယ်သည် မည်သည့်အရာကမှ သူမကိုအနိုင်မယူနိုင်သည့်အတိုင်း လှံတံကဲ့သို့ မားမားမတ်မတ် ထောက်ပံ့ပေးနေသည်။

သူမ ရှုံးသွားသော်လည်း ဂုဏ်ယူမိတုန်းပင်။

သတ္တဝါကြီးပဲ… ကိုယ်ရံတော်လေးယောက်၏ စိတ်ထဲတွင် သူမ မည်မျှ ရူးသွပ်နေသည်ကို ပေထင်းဟွမ်မသိပေ။ သူမ မသေသလို ကိုယ်တွင်းအင်္ဂါ များသည် အားလုံးထင်ထားသည့်အတိုင်း ပေါက်ပြဲခြင်းမရှိပေ။ တိုက်ခိုက်မှု ကြောင့် ဆုံးရှုံးသွားသည့် ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်ကို ရောင်ဝါအပေါ်မှီခို သည့် မာနဖြင့် ထိန်းသိမ်းထားသည်။

ဟုတ်သည် သူမသည် ဤမျှလောက် ဂုဏ်ယူစရာလူဖြစ်သည်။ ထင်ထား သည့်အတိုင်း သူမရှုံးသွားသော်လည်း လှလှပပအရှံးပေးလိမ့်မည်ဟု အားလုံး ထင်မထားကြပေ။

ထိုအခိုက်အတန့်တွင် ကိုယ်ရံတော်လေးယောက်သည် သူမကို မထင်မှတ်ထားသည့် အကြည့်ဖြင့်ကြည့်ကြလေသည် - ကြောက်ရွံ့ခြင်း..

သူမသည် သူတို့လေးယောက်ကို ကြောက်အောင်လုပ်ရန်အတွက် ယန်ယဲ့ကို မမှီခိုပေ။ သူမသည် သူမ၏ စိတ်ထားကိုသာ အားကိုးသည်။ တစ်နေ့ တွင် သူမ သူတို့ကို သေချာပေါက်ဖိနှိပ်နိုင်မည်ဟု မည်သူမှ သံသယမဝင်ပေ။ ထို့အပြင် ထိုနေ့သည် အလှမ်းမဝေးတော့ပေ။

မတ်တတ်ရပ် အရှုံးကို ဝန်ခံပြီးနောက် ပေထင်းဟွမ်သည် ချောင်းဆိုးကာ ယန်ယဲ့ဘက်သို့ လဲကျသွားသည်။ သူမခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအား ကုန်ခမ်း နေပြီဖြစ်ကာ မှော်သားရဲချပ်ဝတ်တန်ဆာကို မထိန်းနိုင်တော့ပေ။ လျှပ်စီးနှင့် မိုးကြိုးသွားတို့သည် သူမခန္ဓာကိုယ်မှ ထွက်သွားပြီဖြစ်သည်။ သူမ၏ နူးညံ့ပြီး အားနည်းသည့်ခန္ဓာကိုယ်သည် ယန်ယဲ့ရင်ခွင်ထဲလဲကျသွားသည်။ ယန်ယဲ့သည် အသည်းများကွဲသွားသလို နာကျင်လှသည်။ လစဉ် လပြည့်ညတိုင်း နာကျင် သည်ထက်ပင် ပိုသည်။

“ကျွန်တော် အဆင်ပြေပါတယ်”

သူမရှေ့မှ ချောမောလှသော မျက်နှာကိုကြည့်ပြီး သူမ၏ မျက်ခုံးများကို တင်းကြပ်စွာကြုတ်လိုက်သည်။ ယန်ယဲ့သည် သူမကိုစိတ်ပူနေသည်ကို သူမ သိသည်။ ပေထင်းဟွမ်သည် ပြုံးပြီး သူ့ကိုနှစ်သိမ့်ကာ သဘောတူရန် ဖိအားပေး လေသည် “ဒီအတွက်ကြောင့်နဲ့ ချုံချီကိုအပြစ်မပေးရဘူး”

သူမ၏ စကားများကိုကြားပြီးနောက် ချုံချီသည် ဒူးများပင်ခွေကျမတတ် ပင်။ မိုးနတ်မင်းရေ… ဒါ သူ့ဘဝမှာ ကြားရသမျှထဲမှာ အကောင်းဆုံးစကားပဲ။ ထိုအသံသည် သဘာဝအသံများနှင့်ပင် ယှဉ်နိုင်သည်။

ချုံချီသည် သူ၏တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကို ပြန်ရုတ်သိမ်းပြီး မိုးပေါ်တွင် အားလျော့စွာဖြင့် ပေါ်လောပေါ်ကာ စီရင်ချက်ကိုစောင့်နေသည်။

အမှန်အတိုင်းပြောရလျှင် ချုံချီသည် ပေထင်းဟွမ်၏ တိုက်ခိုက်မှုကို အလိုလိုခုခံခဲ့သော်လည်း သူ့တွင် အားသာချက်မရှိပေ။ သူ၏ကိုယ်တွင်းအင်္ဂါ များသည် ဖျစ်ညှစ်ထားသကဲ့သို့ဖြစ်ကာ သွေးအန်မိလုနီးပါးပင်။ သူတို့သည် တိုက်ကွက် သုံးချက်အလဲအလှယ်လုပ်ခဲ့ကြသည်။ ပေထင်းဟွမ်၏ ခွန်အား သည် သူ့ထက် နှစ်ဆင့်နိမ့်ပါက သူ ပေထင်းဟွမ်၏လက်ထဲတွင် သေသွားနိုင် သည်။

နောက်ဆုံးအကွက်မှာ ပေထင်းဟွမ် ၎င်း၏ခံစစ်ထက် အနည်းဆုံး အဆင့် နှစ်ဆင့်မြင့်နေခြင်းကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဝိညာဉ်စွမ်းအင်နှင့် ကောင်းကင်အဆင့်ရှိသော အမှောင်ဒြပ်စင်စွမ်းအားတို့ကြားမှ ကြီးမားသော ကွာခြားချက်ကြောင့်သာမဟုတ်လျှင်  ပေထင်းဟွမ်ရှုံးမည်မဟုတ်ပေ။

All Chapters