← Chapters

ယန်ယဲ့၏ဒေါသ

Vol. 6 Ch. 118

ယန်ယဲ့၏ဒေါသ

Vol. 6 Ch. 118

သူမသည် အလွန်ပင် အားကောင်းသည်။ သူမသည် လက်ရှိတွင် မသန်မာသော်လည်း ကြောက်စရာကောင်းနေတုန်းပင်။

ယန်ယဲ့သည် ဘာမှမပြောပေ။ သူသည် ပေထင်းဟွမ်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး သူမ၏ ချောမွတ်သောမျက်နှာကို တိတ်တိတ်လေးကြည့်နေ သည်။ သူမ၏ အနက်ရောင်မျက်လုံးများသည် နဂါးငွေ့တန်းကို ရောင်ပြန်ဟပ် သည့် ကြယ်များကဲ့သို့ တောက်ပနေသည်။ သူမ၏ လှပသော မျက်ခုံးများသည် မိန်းကလေးတစ်ဦး၏ နူးညံ့မှုနှင့် ကွာခြားလှသည်။ သူမ၏ စိတ်ထားကြောင့် ကြံ့ခိုင်သော သူရဲကောင်းစိတ်ဓာတ်မှာ ထင်ပေါ်နေသည်။ သူမ၏ နှာခေါင်း သည် အလွန်သေးငယ်ပြီး ကျောက်စိမ်းကို ထုဆစ်ထားသလိုပင်။ သူမ အသက် ရှူ လိုက်တိုင်း ညင်သာစွလှုပ်ရှားနေပြီး သူမကိုပိုချစ်စရာကောင်းစေသည်။

သူမ၏ နှုတ်ခမ်းများသည် ချယ်ရီသီးကဲ့သိုပင်။ သူမ၏ တောင်းဆိုချက် ကို သူ ချက်ချင်းသဘောမတူ၍လားမသိပေ.. သူမ နှုတ်ခမ်းဆူသွား၏။ သူမ သည် ပျော်ရွှင်နေပုံပေါက်ကာ အလှတရားတစ်မျိုးမှာ ပေါ်လွင်နေသည်။

သူမ၏ ကိုယ်တွင်းအင်္ဂါများမှာ နာကျင်လှသည်။ ပေထင်းဟွမ်သည် မတုံးအပေ။ သူမသည် အကာအကွယ်မပါဘဲ သူမ၏အသက်ကိုစွန့်စားမည် မဟုတ်ပေ။ သူမသည် ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင်ကို သုံးခဲ့သည်။ နောက်ဆုံးအခိုက်အတန့်တွင် ခန္ဓဦကိုယ်ထဲမှ ကစဥ့်ကလျားနတ် အရင်းအမြစ်သည် သူမ၏ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ရန် များပြားသော စွမ်းအင်ကို ထုတ်ပေးခဲ့သည်။

မသက်မသာခံစားရသော်လည်း အမှန်အတိုင်းပြောရလျှင် သူမ၏ ဒဏ်ရာများသည် မပြင်းထန်ပေ။ ၎င်းဒဏ်ရာများသည် ချုံချီနှင့် တခြားသူများ ထင်ထားသလောက် မပြင်းထန်ပေ။

ထိုအခိုက်အတန့်တွင် သူမသည် တည်ငြိမ်ချင်ယောင်ဆောင်ကာ မသက်မသာဖြစ်မှုကို မပြသပေ။ ယန်ယဲ့က ဘာလို့ သူမ ပြောတာကို နားထောင်ရမှာလဲ။ သူသည် ပေထင်းဟွမ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဒြပ်စပ်စွမ်းအင်ကို သွေးကြောထဲထည့်ကာ သူမ၏အခြေအနေကို စမ်းသပ်လေ သည်။ သူ၏ချောမောလှသော မျက်ခုံးများကို တင်းကြပ်စွာစေ့ထားကာ ဒေါသ များ ပေါက်ကွဲမတတ်ဖြစ်နေသည်။ ပေထင်းဟွမ်ပင် သူ့ကိုကြောက်မိသည်။

ဤအမျိုးသားသည် သူ၏ဒေါသကို သူမအပေါ်ပုံချမည်မဟုတ်သည်ကို သိသော်လည်း သူ့ရောင်ဝါသည် ရာသီဥတုကိုပင် ပြောင်းသွားစေသည်။ တောထဲမှ မှော်သားရဲများသည် ထိုကြောက်မက်ဖွယ် ဂုဏ်သိက္ခာကို ခံစားမိပြီး မြေကြီးပေါ်ဒူးထောက်ကာ ခေါင်းကိုလက်များဖြင့် ကာထားကြသည်။

ဤဖြစ်စဉ်သည် ဝိညာဉ်ခွဲတောင်တန်းတွင် သွားနေကြသည့် စွန်စားသူ များနှင့် ကြေးစားများကို အံ့ဩသွားစေသည်။ ယုတ္တိဆန်ဆန်ပြောရလျင် ဤ အချိန်ကာလတွင် မှော်သားရဲတော၌ မငြိမ်မသက်ဖြစ်ခဲ့သည်။ မွန်မြတ်သော ဝိညာဉ်အပျက်အစီးသည် ပွင့်ခါနီးပြီဖြစ်သည်။ မှော်သားရဲများကို ကြိုဆိုရန် အတွက် မှော်သားရဲတောအနီးရှိ လေဟာပြင်တွင် တိုက်ပွဲအငယ်စားများ ရံဖန်ရံခါရှိခဲ့သည်။

ဘယ်လိုအားကောင်းတဲ့ ဖိအားမျိုးက သားရဲအကုန်လုံးကို ဒူးထောက်စေ တာလဲ။ အထွတ်အမြတ်သားရဲက ဒီနေရာမှာပေါ်လာတာလား။

ပိုင်ဇီနှင့်တခြားသူများသည် အသက်ရှူကြပ်လာကာ နှလုံးခုန်ရန်ပင် ခက်ခဲလာသည်။ သူတို့ရဲ့သခင် သတိမလွတ်တာ နှစ်တွေ ဘယ်လောက်ကြာ နေပြီလဲ။ သူသည် လစဉ်ဒုက္ခကိုပင် မျက်တောင်မခတ်ဘဲ ရင်ဆိုင်နိုင်သည်။ သူ့ နှလုံးသားကို မည်သူမှ သို့မဟုတ် မည်သည့်အရာကမှ မလှုပ်ခတ်နိုင်ပုံပင်။ သို့သော် ပေထင်းဟွမ်၏ ဒဏ်ရာသည် သူ့ဒေါသကို ထိန်းချုပ်မရဖြစ်စေသည်။

အခြေအနေသည် ဆိုးရွားနေပြီဖြစ်ရာ ပိုဆိုးလျှင်လည်း ကွာခြားမှုမရှိ တော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် အလောင်းပင်မကျန်ဘဲ သေသွား နိုင်သည်။ သူသည် မျက်လုံးပင်မလှုပ်ရဲဘဲ ယန်ယဲ့ကို မျက်လုံးထောင့်မှ ခိုးကြည့်လေသည်။ အနက်ရောင်မြူခိုးသည် မီးလျှံအနက်ရောင်များကဲ့သို့ ယန်ယဲ့၏ ခန္ဓာကိုယ်မှထွက်လာသည်။ လေဟာနယ်သည် ပုံပျက်ပြီး အတွင်းမှ လူမှာလည်း အနည်းငယ် ပုံပျက်နေသည်။

သူသည် ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် ပိုကြောက်စေသည်။

တကယ်ပဲ ပေထင်းဟွမ်က သူ့ကိုကျိန်ဆဲလိုက်သလိုပဲ။

“ယဲ့” ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်မှလွဲပြီး မည်သူမှ အသံမထွက် ရဲပေ။

ယန်ယဲ့သည် အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်၏ ဒေါသမျက်လုံးများ ကိုကြည့်လိုက်သည်။ ကမ္ဘာကြီးအား မီးလောင်တိုက်သွင်းပုံပေါ်သည့် သူ့ခန္ဓာကိုယ်မှ အမည်းရောင်မီးတောက်များသည် တဖြည်းဖြည်းမှေးမှိန် ပြီးနောက် နောက်ဆုံးတွင်ပျောက်ကွယ်သွားလေသည်။ လူများနှင့် သားရဲများ သည် ရင်ဘတ်ထဲမှ ဖိအားလျော့နည်းသွားသည်ကိုခံစားမိသည်။ သူတို့သည် အသက်ပြင်းပြင်းရှိုက်ကာ နောက်ဆုံးတွင် အသက်ရှူနိုင်သွားလေသည်။

ဤလူ၏ ဒေါသသည် လူတစ်ယောက်၏ ဝိညာဉ်ကိုပါ ပျက်စီးသွားစေနိုင် သည်။

All Chapters