← Chapters

သူမအတွက် ပြေငြိမ်းခြင်း

Vol. 6 Ch. 119

သူမအတွက် ပြေငြိမ်းခြင်း

Vol. 6 Ch. 119

“ချုံချီ မင်းဘာသာမင်း ငရဲသွားမှာလား ဒါမှမဟုတ် ငါမင်းကို ပို့ပေးရမှာ လား”

တိုးညင်းသောအသံသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအကြားတွင် လေးလံသော ပဲ့တင်သံနှင့်အတူ ထွက်လာသည်။ စကားတစ်လုံးစီသည် လူတစ် ဦး၏ ရင်ကို ရိုက်ခတ်စေသည်။ လူတစ်ဦး၏ခေါင်းကို မရေမတွက်နိုင်သော အပ်များဖြင့် ထိုးစိုက်နေသည့်အတိုင်းပင်။ ၎င်းသည် ကောင်းကင်အဆင့်ဝိညာဉ် သခင်၏စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းမဟုတ်ပေ။ သို့သော် လူတစ်ဦး၏ အစွမ်းသတ္တိကို မခံနိုင်သည့်အဆင့်ရောက်မှ ပေါ်လာတတ်သည့်အခြေအနေ မျိုးဖြစ်သည်။

ချုံချီ၏ခြေထောက်များသည် အားပျော့သွားကာ ဒူးထောက်မိသွား၏။ သူ့ကိုငရဲပို့ပေးလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျေးဇူးတင်ရမှာလား။ သူ့အတွက် အသနားခံပေးတဲ့ ပေထင်းဟွမ်ကို ကျေးဇူးတင်ရမှာလား။

သူ ဒီအတိုင်းသေရတော့မှာလား။

“ဒီလက်အောက်ငယ်သား နာခံပါတယ်” ချုံချီသည် မျက်လုံးများကို မှိတ်ထားပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ ချုံချီသည်လည်း လူပျိုလူလွတ်ဖြစ်၏။ သခင်ဖြစ်သူ၏ စကားနှင့်အမိန့်ကို ငြင်းဆန်စရာမရှိပေ။ သက်ညှာပေးရန် အသနားခံစရာမလိုပေ။ ထိုသို့လုပ်မှသာ အပြစ်ဒဏ်တိုးသွားမည်ဖြစ်သည်။

ချုံချီကို ပြောပြီးနောက် ယန်ယဲ့၏ နူးညံ့သောအကြည့်များသည် ပေထင်းဟွမ်အပေါ် ကျရောက်သွားလေသည်။ သူ၏ခရမ်းရောင်မျက်လုံးများ နူးညံ့နေသည်မှာ ပေထင်းဟွမ်ကိုကြည့်လိုက်တိုင်း ကမ္ဘာပေါ်မှ အရာအားလုံး အရည်ပျော်သွားမည့်အတိုင်းပင်။ သူမသာ တခြားမိန်းကလေးသာဆိုလျှင် ရေကန်အဖြစ်ပြောင်းသွားချင်မည်ဖြစ်သည်။ သူမ ချက်ချင်းသေသွားလျှင် တောင် သူ၏ ကြင်နာစွာဆက်ဆံခြင်းကိုခံရရန် ဆန္ဒရှိမည်ဖြစ်သည်။

သို့သော် ပေထင်းဟွမ်သည် ဒေါသတကြီးနှာမှုတ်ကာ ယန်ယဲ့အား စိုက် ကြည့်လေသည်။ သူမ၏ ခြေလက်များသည် စတင်ရုန်းကန်တော့သည် “ကျွန်တော့်ကိုချပေး”

“ဟွမ်အာ”

ရှောင်ကျို့မဟုတ်တော့ဘဲ ဟွမ်အာဖြစ်သွားသည်။ သူသည် စိတ်ထဲမှ မရေမတွက်နိုင်အောင် ခေါ်မိသောအခေါ်အဝေါ်ကို မတော်တဆ ပြောမိသွား သည်။ ယန်ယဲ့၏ ခန္ဓာကိုယ်နှင့်စိတ်သည် အတွင်းရောအပြင်ပါ မာကြောပုံပင်။ ထိုစကားလုံးများသည် သူ့ကိုချိုမြိန်စေသည်။ သူ ဝေဝေဝါးဝါးပြောပြီးနောက် နှုတ်ခမ်းနှင့်သွားအကြားတွင် ချိုမြိန်မှုများ ကျန်ခဲ့သလိုပင်။

“ဟင်” ပေထင်းဟွမ်သည် ထိုအရသာကိုမခံစားမိပေ။ ယန်ယဲ့ မလွှတ် သောအခါ သူမသည် အားကုန်ရုန်းလိုက်သည်။ သူမ အမှန်တကယ် ရုန်းထွက် ခဲ့သည်။ သူမသည် အကျိုးဆက်ကိုဂရုမစိုက်ဘဲ ချုံချီ၏ တိုက်ခိုက်ခြင်းကို ခံရတုန်းကထက်ပင် စိတ်ဓာတ်ကျနေခဲ့သည်။ သူမ၏ သွေးများ ထပ်မံ ဆူပွက်လာခဲ့သည်။ သူမ၏ မျက်နှာဖြူဖျော့သွားသည်ကို ကြည့်ပြီး ယန်ယဲ့ ကြောက်ရွံ့မိသည်။

ဒီလူက တကယ် သူမကို နားလည်သလိုတောင် ဟန်မဆောင်ဘူး။ ကလေးကဲ့သို့ပင် ပေထင်းဟွမ်သည် အကျိုးဆက်ကိုမတွေးတော့ဘဲ ခြေလက် များကို ရုန်းကန်လေသည်။ သူမသည် ဝိညာဉ်စွမ်းအားမပါဘဲ ယန်ယဲ့အား ထိုးနှက်လေသည်။ ထိုထိုးနှက်ချက်များ ယန်ယဲ့ခန္ဓာကိုယ်အပေါ်သို့ရောက် သောအခါ ကုတ်ပေးသလိုပင်။ တကယ်နာသည် မနာသည်ကို သူမ မသိတော့ ပေ။ ယန်ယဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ရာ ပေထင်းဟွမ်မှာ ရင်နာမိသည်။

“သူ့ကို သက်ညှာဖို့ အသနားခံပြီးပြီလေ.. ဒါပေမဲ့ ခင်ဗျားက ကျွန်တော့် ကို မျက်နှာမပေးဘူး” ပေထင်းဟွမ် ချေပလေသည် “ချုံချီကို စစ်ထိုးဖို့ ပြောတာ လည်း ကျွန်တော်ပဲ.. သူ့ကိုမညှာမတာတိုက်ခိုက်ဖို့ပြောတာလည်း ကျွန်တော်ပဲ ကျွန်တော်မှ အထိအခိုက်မရှိတာကို သူ့ကိုအပြစ်ပေးနေသေးတယ်.. နောက်ဆို သူနဲ့ သူငယ်ချင်းဖြစ်အောင် ဘယ်လိုလုပ်ရတော့မှာလဲ”

သူငယ်ချင်းဟုတ်လား…

ချုံချီခေါင်းထောင်လာသည်။ သူတို့က သူငယ်ချင်းတွေလို သူမ ပြော လိုက်တာလား။ အရင်ကဆိုလျှင် သူတို့သည် လုပ်ဖော်ကိုင်ဖက်သက်သက်သာ။ သူတို့သည် ဘေးချင်းယှဉ်တိုက်ခိုက်ပြီး သူသည် သခင့်အမိန့်ကြောင့်သာ သူမကို ကာကွယ်ခဲ့သည်။ သူတို့လေးယောက် သေလျှင်တောင် ပေထင်းဟွမ်ကို ဘာမှမဖြစ်စေရပေ။

အမှန်အတိုင်းပြောရလျှင် သူတို့သခင်ဖြစ်သူ၏ စိတ်ထဲတွင် သူမ၏ ဖြစ်တည်မှုကိုသိပြီးနောက် သူမနှင့် သူငယ်ချင်းဖြစ်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားပေ။

သူမသည် သူတို့ကို သူငယ်ချင်းကဲ့သို့ တစ်လျှောက်လုံးဆက်ဆံခဲ့သည်။

ထိုအခိုက်အတန့်တွင် ချုံချီသည် နောင်တများဖြင့် ပြည့်သွားသည်။ သူ သည် သူမအတွက် ငရဲကိုပင်သွားချင်သည်။

သူမသည် လက်ရှိအချိန်တွင် သူတို့လောက် မသန်မာသော်လည်း သူမသည် သူတို့၏သခင်နှင့် အမြဲတန်းတူဖြစ်နေမည်။ သူမ၏မာနသည် သူမအား တခြားသူများ၏လက်အောက်တွင် အရောက်ခံမည်မဟုတ်ပေ။ ဒီလိုလူနဲ့သူငယ်ချင်းဖြစ်ရတာ ချုံချီ မပျော်ဘဲ၊ ကျေးဇူးမတင်ဘဲဘယ်နေမလဲ။

“ချုံချီ အပြစ်ပေးတာကိုလက်ခံပါတယ်” ချုံချီသည် ခေါင်းငုံ့သွားသည်။ သူ လိုလားသည်။

“မလိုဘူး” ယန်ယဲ့၏ အသံသည်တိုးညင်းပြီး အားပျော့နေသည်။ သူ၏ ခရမ်းရောင်မျက်လုံးသည် ရင်ခွင်ထဲမှလူကို ကြည့်နေချိန်တွင် အရောင်တောက် နေသည်။ သူသည် သူမအတွက် ပြေငြိမ်းခဲ့သည်။ ပထမဆုံးအကြိမ်အနေနှင့် သူ သည် ပေးထားသည့်အမိန့်ကို ပြန်ရုတ်သိမ်းခဲ့သည် “ဒီတစ်ခါပဲ နောက်တစ်ခါ ဆိုတာမရှိတော့ဘူး”

ချုံချီနှင့်တခြားသူများသည် မှင်တက်ကုန်ကြ၏။ ထိုတစ်ဏတွင် ထင်ယောင်ထင်မှားဟုပင် ထင်လိုက်ကြသည်။ အနက်ရောင်အလင်းတန်းတစ် ခုသည် မိုးပေါ်သို့ပျံတက်သွားသလို၊ ကောင်းကင်ပြိုကျပြီး မြေကြီးနစ်မြှုပ်နေ ခြင်း မဟုတ်သည်ကိုလည်း ချုံချီနှင့်တခြားသူများ သိကြသည်။ သို့သော် သခင် သည် အမိန့်ကို ဤလူငယ်ကြောင့် ပြန်ရုတ်သိမ်းသွားသည်။

ဟင်း ပေထင်းဟွမ်သည် မျက်နှာလွှဲလိုက်သည်။ သူ ဘာကိုဆိုလိုတာလဲ။ နောက်တစ်ခါ သူမလေ့ကျင့်ချင်ရင် ဘယ်သူ့ကိုသွားရှာရတော့မှာလဲ။ အရမ်း ကောင်းတယ် အရမ်းကိုကောင်းတယ်။ သူမ သူ့ကိုရှာရမှာပေါ့။ သူ့ကြောင့် သူမ ဒဏ်ရာရသွားရင် သူဘာလုပ်ဦးမှာလဲ။ သို့သော် အစောက သူပျာယာခတ်သွား သည်ကို တွေးမိသည်နှင့် ရင်များနာကျင်မိသည်။ ပေထင်းဟွမ်သည် ထိုကိစ္စကို တွေးရုံသာတွေးနိုင်တော့သည်။

All Chapters