တွားသွားကျားနွယ်ပင်
Vol. 6 Ch. 120
ယန်ယဲ့တို့နှင့် လမ်းခွဲလိုက်သည်မှာ မနေ့တစ်နေ့ကလိုပင်။ သူ၏ သန်မာ ပြီး ကျယ်ပြန့်သောရင်ခွင်သည် သူမ၏ကျောပြင်ကို ဖိအပ်ထားသလိုပင် သူမ အား ထောက်ပံ့မှုနှင့် နွေးထွေးမှုကိုပေးစွမ်းသည်။ သို့သော် သူမသည် သူနှင့် လမ်းခွဲလိုက်သည်မှာ ၆ ရက်မျှသာရှိသေးသည်။ ဝိညာဉ်ခွဲတောင်ကြားတွင် သူမ၏ ဒဏ်ရာများ ပြန်ကောင်းလာပြီးနောက် ယန်ယဲ့သည် သူမကို မှော်သားရဲ တောအစွန်းသို့ပို့ပေးခဲ့သည်။ သူမ အတင်းငြင်းဆန်ပြီးနောက် သူသည် ကိုယ်ရံတော် လေးယောက်ကို သူတို့အလုပ်ကိုသာ လုပ်စေခဲ့သည်။
“ဟူး ငါလည်း ဒီလိုအစွမ်းအစရှိရင်ကောင်းမှာပဲ” ပေထင်းဟွမ်သည် မှော်သားရဲခံတပ်နှင့် မနီးမဝေးတွင်ရှိသော နှစ်တစ်ထောင်သက်တမ်းရှိသည့် သစ်ပင်ကိုမှီကာ အဆင့် ၆ ကျောက်စိမ်းဝိညာဉ်ဆေးကို လက်ထဲသို့ ပျင်းပျင်းရိရိဖြင့် ထည့်လိုက်သည်။ မနက်ခင်းအလင်းသည် သစ်ရွက်များ အကြားမှ သူမ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေရာ သူမ၏ နှင်းဝေနေသော အသွင်အပြင်ကို လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးတစ်ခုက ဖုံးအုပ်ထား၏။
ပြန်လည်ကောင်းမွန်ခြင်းဆေးအဆီအနှစ်နှင့်ယှဉ်လျှင် ကျောက်စိမ်း ဝိညာဉ်ဆေး၏သက်ရောက်မှုသည် ပိုကောင်းသည်။ လက်မအရွယ်အစားရှိ ဆေးသည် ယန်ယဲ့ထွက်မသွားခင် သူမကိုပေးခဲ့သည့် ပုလဲလုံးနှင့်တူသည်။
ထို့အပြင် ဤပြည်မကြီးတွင် ယန်ယဲ့ကဲ့သို့ အဆင့် ၆ ကျောက်စိမ်းဝိညာဉ် ဆေး ဖော်စပ်နိုင်သူရှိနိုင်မည်မထင်ပေ။
“သခင် အဲလူက အရမ်းကြောက်ဖို့ကောင်းတာပဲ”
သူမ၏ အသိစိတ်ထဲတွင် နွယ်ပင်လေးသည် သူမ၏ရင်ဘတ်ကိုပုတ်ကာ ယန်ယဲ့အား ကြောက်ရွံ့ကြောင်း ဖော်ပြလေသည်။ ထိုနွယ်ပင်လေးသည် လွန်ခဲ့သည့်လဝက်က သူမရှန်းယန်ဖိုတို့နှင့်အတူရှိစဉ်အချိန်က ဖမ်းခဲ့သည့် အပင်မှော်သားရဲဖြစ်သည်။ တောင်ကြားမှထွက်မသွားခင် ပေထင်းဟွမ်သည် သူမနှင့် စာချုပ်တည်ထောင်ခဲ့သည်။ ချက်ချင်းဆိုသလိုပင် အဆင့် ၉ အပင်မှော် သားရဲသည် ကြယ် ၇ ပွင့်ဝိညာဉ်သားရဲသို့ အဆင့်တက်ခဲ့သည်။
ဤကောင်းကင်အားခုခံသည် အဆင့်တက်မှုသည် မိုးကြိုးသွားနှင့် လျှပ်စီးကိုပင် ထိတ်လန့်သွားစေသည်။ အားကျမှုနှင့် မနာလိုသည့်ရလဒ် ကြောင့် နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် နွယ်ပင်လေးကို လျစ်လျူရှု ကာ မကျေနပ်မှုကို ဖော်ပြကြလေသည်။
“မျက်နှာချင်းဆိုင်တွေ့တာနဲ့ပဲ ဒီလောက်ကြောက်နေပြီ.. အဲလူ ရူးသွပ် သွားတာကိုမြင်ရရင်တော့ မင်းအပင်တွေစိုသွားအောင် သေးပေါက်ချမလား မသိဘူး” မိုးကြိုးသွားသည် အထင်သေးစွာပြောလေသည်။ ယခုအချိန်ထိ သူ ထိုလူ၏ဒေါသထွက်နေသည့်မျက်နှာကိုတွေးလိုက်တိုင်း မိုးကြိုးသွားသည် ငရဲ သို့ကျသွားသလိုပင်။ ထိုစွဲလမ်းနေသောကြောက်စိတ်ကို ဖျောက်ဖျက်ရန် ခက်ခဲလှသည်။
“ဟီးဟီး သခင်က သူနဲ့ စောစော စာချုပ်တည်ထောင်ပြီး သူ့နယ်ပယ်ကို ကျယ်အောင်လုပ်ထားသင့်တယ်” မိုးကြိုသွားသည် သံယောင်လိုက်လေသည်။ ပြိုင်ဘက်အသစ်နှင့် ထိုကောင်လေးနှစ်ကောင်သည် စည်းလုံးနေသည်။
“သခင် သူတို့တွေ ငါ့ကိုအနိုင်ကျင့်ပြန်ပြီ” နွယ်ပင်လေးသည် ပြန်တိုင် လေသ်ည။
ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမက ကလေးတစ်အုပ်ကို မွေးနေရသလို ဘာလို့ခံစားနေရတာလဲ။
သူမမျက်နှာမှ ငွေရောင်မျက်နှာဖုံးကို ယန်ယဲ့မှ လွှင့်ပစ်လိုက်သည်မှာ ကြာပြီဖြစ်သည်။ နွယ်ပင်လေးသည် မျက်နှာဖုံးအသွင်ပြောင်းကာ ပေထင်းဟွမ် ၏ မျက်နှာတွင် တွားသွားနေသည်။ နွယ်ပင်များသည် လိပ်ပြာပုံစံမျက်နှာဖုံး အသွင်ပြောင်းကာ သူမ၏နှာခေါင်းအထက် အစိတ်အပိုင်းအားလုံးကို ဖုံးအုပ် ထားသည်။ နွယ်ပင်လေးသည် အပင်တစ်ပင်ဖြစ်သောကြောင့် အစိမ်းရောင် ဖြစ်သွားလိမ့်မည်ဟု သူမ အစကထင်ထားခဲ့မိသည်။ လမ်းတစ်လျှောက် စမ်းချောင်းမှ ရောင်ပြန်ဟပ်သည်ကို ကြည့်လိုက်ချိန်တွင် နှင်းဖြူရောင် ဖြစ်နေသည်ကို မထင်မှတ်စွာပင် တွေ့လိုက်ရသည်။
“သခင် ဘာလို့လဲဆိုတော့ ငါက အဖြူရောင်အသီးသီးလို့ပဲ” နွယ်ပင်လေး သည် ချစ်စရာကောင်းအောင် ပြောလေသည်။ ပေထင်းဟွမ်သည် သူမ၏ တက်ကြွသော ခံစားချက်ကို ခံစားမိလေသည်။ သို့သော် နောက်အခိုက်အတန့် အတွင်းမှာပင် သူမ စိတ်ဓာတ်ကျသွားလေသည် “ဒါပေမဲ့ ရလဒ်တွေကောင်းဖို့ ထပ်အဆင့်တက်မှဖြစ်မယ်”
သေချာပေါက်ပဲပေါ့.. ထိုအချက်ကို မိုးကြိုးသွားနှင့် လျှပ်စီးတို့ ထပ်မံ ရယ်ကြပြန်သည်။ “ဟားဟား မင်းက ထပ်ပြီးအဆင့်တက်ရဦးမယ်.. နောက် တစ်မျိုးပြောရရင် မင်းက မွန်မြတ်တဲ့သားရဲဖြစ်မှပေါ့.. ဟားဟား ဟိုးရှေး ကတည်းက အပင်မွန်မြတ်တဲ့သားရဲဆိုတာကို မကြားဖူးပေါင်”
“မင်းမကြားဖူးတာနဲ့ မရှိတာမဟုတ်ဘူး.. မင်းတို့နှစ်ကောင်ကရော အရင်တုန်းက အဆင့်ကြယ်မွန်မြတ်တဲ့သားရဲကို မြန်မြန်နဲ့ရောက်လာလို့လား. မင်းတို့က သခင်နဲ့အတူရှိနေလို့ပဲမဟုတ်ဘူးလား.. ငါက ဘာလို့မွန်မြတ်တဲ့ သားရဲမဖြစ်နိုင်ရမှာလဲ” နွယ်ပင်လေးသာ လူသားဆိုလျှင် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသတကြီး ခြေဆောင့်နေမည်ဖြစ်သည်။