← Chapters

လောကသခင်ခန္ဓာ

Vol. 25 Ch. 337

လောကသခင်ခန္ဓာ

Vol. 25 Ch. 337

“လောကသခင်ခန္ဓာတဲ့လား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အတန်ငယ် စိတ်ရှုပ်ထွေးသွားမိသည်။ လောကသခင်ခန္ဓာဆိုသည့်အရာမျိုး တစ်ခါမှ မကြားခဲ့ဖူး၍ ရွာလူကြီးအား သူ ဇဝေဇဝါ ကြည့်မိလိုက်၏။ လောကသခင်ခန္ဓာဆိုသည့်အရာက ဝိညာဉ်ခန္ဓာလေးမျိုးထက် ပိုမိုကောင်းမွန်ဟန်တူသော်လည်း ဝိညာဉ်ခန္ဓာလေးမျိုးအပြင် တခြားခန္ဓာအမျိုးအစား ရှိနိုင်သေး၏လော။

ရှိသည်ဆိုဦးတော့ အဘယ်သို့ပြု၍ သူ မကြားခဲ့ဖူးသနည်း။

ယခုအခြေအနေအရ ဤလောကတွင် လောကသခင်ခန္ဓာနှစ်ခု ရှိနေဟန်တူသည်။

ရွာလူကြီး လိမ်ထားသမျှ ပေါ်တော့မည်ကို ခံစားလိုက်ရသဖြင့် မျက်ခုံးလှုပ်လာသည်။ ‘လာပြန်ပြီ လောကသခင်ခန္ဓာ။ မူအာ ဒီခွေးကောင်လေးကတော့ ငြိမ်ငြိမ်ကို မနေနိုင်ဘူး....’

ရွာလူကြီး သက်ပြင်းတစ်ချက် ယိုင်နွဲ့နွဲ့ မှုတ်ထုတ်လိုက်မိသည်။ သူ အမှန်တကယ်ပင် အိုစာလာခဲ့၏။ လိမ်မိသည့်နေ့မှစ၍ ဤမုသားသေးသေးလေးက သူ့ကို အဆက်မပြတ် ခြောက်လှန့်နေခဲ့သည်။ အလိမ်ပေါ်မည် စိုး၍ အမြဲ ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရသည်။ သို့သော် မည်သူက အလိမ်ဖော်နိုင်မည်နည်း။

မျိုးဆက်ဟောင်း လူသားဧကရာဇ်ဖြစ်သော သူက အဖြူထည်မုသားလေးတစ်ခွန်းမျှသာ ပြောခဲ့မိခြင်းဖြစ်သည်။ ဤမျှ ဒုက္ခခံစရာ လိုပါ၏လော။ အလိမ်မပေါ်အောင် ဖုံးဖိနေစရာလိုပါ၏လော။

‘ဒီလောကသခင်ခန္ဓာကို ထွင်ပြောလိုက်ကတည်းက ငါ နေလာတဲ့ နှစ်ပေါင်းရှစ်ရာမှာ လိမ်ခဲ့တာထက်တောင် ပိုလိမ်နေရသေးတယ်’

ရွာလူကြီး သူ့ကိုယ်သူ အားပေးပြီး ခေါင်းယမ်းလိုက်သည်။ “မူအာ ဒီလောကမှာ ဒုတိယလောကသခင်ခန္ဓာ ဘယ်တော့မှ ရှိမလာနိုင်ဘူး။ ရှုရှန်းဟွာက သေချာပေါက် လောကသခင်ခန္ဓာ မဟုတ်ဘူး”

ချင်မူ အူတူတူ ဖြစ်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်လည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

ထော့ကျိုးကတော့ စိတ်လှုပ်ရှားလွန်း၍ လက်သီးဆုပ်မိလိုက်သည်။ ‘လောကသခင်ခန္ဓာ ရှိတာ သိတဲ့ တစ်ယောက်တည်းသောလူ ဆိုတဲ့အတိုင်းပဲ။ ရွာလူကြီးက ပုံမှန်ဆို ပြောပြတတ်တာမဟုတ်ဘူး။ ဒီနေ့တော့ လျှို့ဝှက်ချက်တွေ ကျိန်းသေ ပြောပြတော့မှာပဲ”

ရွာလူကြီးက ခပ်တည်တည်ဖြင့် မနှေးလွန်း၊ မမြန်လွန်း ပြောလိုက်သည်။ “ကောင်းကင်ဘုံရဲ့အလိုတော်အရ လောကသခင်ခန္ဓာတစ်ခုပဲ ရှိတယ်။ လောကသခင်ခန္ဓာလို့ ထင်ရတဲ့ဟာတွေအကုန်လုံးက အတုအယောင်လောကသခင်ခန္ဓာတွေပဲ။ ဘယ်တော့မှ အစစ်မဖြစ်လာနိုင်ဘူး။ လောကကြီး စဖြစ်တည်ကတည်းက အဲဒီဥပဒေရှိခဲ့တာ။ ခေတ်တစ်ခတ်မှာ လောကသခင်ခန္ဓာတစ်ခုပဲ ရှိနိုင်တယ်။ ဒီအချက်ကို မှတ်ထား မူအာ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဟန်မဆောင်နိုင်အောင် တုန်လှုပ်သွားသည်။ တစ်လောကလုံးတွင် တစ်ခုတည်းရှိသည့် လောကသခင်ခန္ဓာတဲ့လော။ ကျန်အရာအားလုံးက အတုအယောင်တဲ့လော။

ဤလောကကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများက သူ ထင်ထားသည်ထက် အမှန်တကယ် များလွန်းပါ၏။

ရွာလူကြီး၏စကားက သူ့အား အံ့ဩတုန်လှုပ်သွားစေသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်က ကောင်းကင်ဘုံ၏ အလိုတော်၊ တစ်ခုတည်းသော လောကသခင်ခန္ဓာ၊ အတုအယောင် လောကသခင်ခန္ဓာတို့ကို ချုပ်ကိုင်ထားသယောင် ရှိသည်။

ထော့ကျိုးက ထွေထွေထူးထူး တွေးမနေဘဲ စိတ်လှုပ်တရှား ပြောလိုက်သည်။ “ထင်ထားတဲ့အတိုင်း ဒီလောကကြီးမှာ လောကသခင်ခန္ဓာအစစ် တစ်ခုတည်းပဲ ရှိနေတာကိုး”

ချင်မူ စိတ်လှုပ်ရှားလာသော်လည်း သံသယများ ရှိနေသေးသည်။ “ဒါပေမဲ့ ရှုရှန်းဟွာရဲ့ ကျင့်စဉ်စွမ်းအင်က ကျွန်တော်နဲ့ သိပ်မကွာဘူး။ သိုင်းအဆင့်ကလည်း တူတူပဲဆိုတော့ သူလည်း‌ လောကသခင်ခန္ဓာပဲ ဖြစ်ရမယ်”

“ဒီ့အတွက် အကြောင်းရင်းတစ်ခုပဲ ရှိတယ်” ရွာလူကြီး မျက်နှာထားတင်းတင်းဖြင့် ပြောသည်။ “မင်း ကြိုးစားတာ မလုံလောက်သေးလို့ပေါ့ကွ။ လောကသခင်ခန္ဓာဖြစ်တဲ့ မင်းကို ကျန်တဲ့ဝိညာဉ်ခန္ဓာလေးခုနဲ့ အတုအယောင်လောကသခင်ခန္ဓာတွေ လိုက်မှီတော့မယ်။ မင်း အရှက်ရသင့်တယ်။ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ချေဦး”

ချင်မူ လေးပင်စွာ ခေါင်းညိတ်ပြီး အလေးအနက် ပြောလိုက်သည်။ “ဘိုးဘိုးရွာလူကြီး၊ မပူပါနဲ့ ကျွန်တော် သေချာပေါက် ပိုကြိုးစားပါ့မယ်။ တွေးကြည့်မှ အခုရက်ပိုင်း အမှန်တကယ် အလေလိုက်နေမိတာပဲ။ ကျွန်တော် တိုးတက်နေရင် ရှုရှန်းဟွာလည်း တိုးတက်နေမှာ။ ဒါမဲ့ ကျွန်တော် အလေလိုက်မိရင် သူ ကျွန်တော့်ကို တကယ်ကြီး ကျော်သွားလောက်တယ်”

ရွာလူကြီး စိတ်အေးသွားပြီး သူ့ဘာသာသူ တွေးလိုက်သည်။ ‘မူအာက ရိုးသားလွန်းတယ်။ ဒီတစ်ခေါက်လည်း ငါ့အလိမ်မိပြီး ပိုကြိုးစားဦးမယ်။ ဒီကောင်လေး ရှုရှန်းဟွာကို ရှုံးသွားရင် သူ ကြိုးစားတာ မလုံလောက်လေးလို့ သေချာပေါက် ထင်မှာပဲ။ ဒါဆို နောက်တစ်ခါကျ ငါ ဆင်ခြေပေးစရာ အကြောင်းရင်းတွေ ရှိပြီ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အကြည့်များ လှုပ်ခတ်သွားပြီး သူက ရိုးရိုးသားသား မေးကြည့်လိုက်သည်။ “နောင်တော်၊ ‌နောင်တော်က လောကသခင်ခန္ဓာအစစ်တစ်ခုရှိသလို၊ လောကသခင်ခန္ဓာအတုတွေလည်း ရှိတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီနှစ်ခုကြားမှာ ပတ်သက်မှုတစ်ခုခု ရှိနေတဲ့ပုံပဲ။ အသေးစိတ် ရှင်းပြပေးနိုင်မလားခင်ဗျာ”

ရွာလူကြီး၏မျက်လုံးများ တမုဟုတ်ချင်း ပြူးကျယ်သွားသည်။ ချင်မူ့ကို တစ်ပတ်ရိုက်ရန် လွယ်သလို၊ ထော့ကျိုးကလည်း ခိုးရန်သာ သိပြီး သိုင်းလောကအကြောင်း ထဲထဲဝင်ဝင် မသိသည့်အတွက် နှပ်ချနိုင်သေးသည်။ သို့ရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတူညီသောလူအမျိုးအစား ဖြစ်သည်။

“အဟွတ် အဟွတ်။ လောကသခင်ခန္ဓာအစစ်နဲ့ လောကသခင်ခန္ဓာအတုဆိုတာ ကံကြမ္မာကို လုကြတာမျိုးပါပဲ” ရွာလူကြီး ခပ်တည်တည် ပြောလိုက်သည်။ “ဒီကမ္ဘာပေါ်မှာ လောကသခင်ခန္ဓာတစ်ခုပဲ ရှိတယ်။ ဒါပေမဲ့ လောကသခင်ခန္ဓာအတုတွေ အများကြီးရှိနိုင်တယ်။ တစ်ခါက ငါ ဒဏ္ဍာရီတစ်ပုဒ် ကြားခဲ့ဖူးတယ်။ လောကသခင်ခန္ဓာအတုက လောကသခင်ခန္ဓာအစစ်ကို သတ်ပြီး ကံကြမ္မာကို လုယူလိုက်ရင် လောကသခင်ခန္ဓာအစစ် ဖြစ်လာလိမ့်မယ်တဲ့။ အမှန်ဟုတ်လား မဟုတ်လားတော့ ငါလည်း မသိဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ‌ အတွေးနက်သွားပြီး ခေါင်းထောင်ကာ ပြောသည်။ “‌လောကသခင်ခန္ဓာအစစ်နဲ့ အတုကြားက ကံကြမ္မာလုပွဲက အတော်လေး စဉ်းစားစရာပဲ။ လောကသခင်ခန္ဓာအတုက တစ်ဖက်လူမှာ လောကသခင်ခန္ဓာအစစ်ရှိမရှိ ဘယ်လိုသိနိုင်မလဲ။ ဘယ်သူက လောကသခင်ခန္ဓာမှန်း မသိရင် ဘယ်လိုသတ်နိုင်မလဲ”

ရွာလူကြီး စိတ်တိုသွားသည်။ ‘ခွေးသူတောင်းစား မပြီးတော့ဘူးလားဟ။ ငါ ဘယ်လိုဇာတ်လမ်းဆင်ရတော့မှာတုံး’

“လောကသခင်ခန္ဓာအစစ်နဲ့ အတုတွေကြားမှာ စိတ်ကူးနဲ့ မှန်းကြည့်လို့မရတဲ့ ဆက်သွယ်မှုတစ်ခုရှိတယ်။ နှစ်ယောက်တွေ့ရင် တစ်ယောက်ကိုတစ်ယောက် ခံစားရလိမ့်မယ်” ရွာလူကြီး စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။ “သူတို့နှစ်ယောက်က တွေ့တာနဲ့ တစ်ယောက်ရဲ့ အရည်အချင်းကို တစ်ယောက် အသိအမှတ်ပြုပြီး သေတဲ့အထိ တိုက်ခိုက်သွားရမယ့် ရန်သူတွေ အလိုလိုဖြစ်သွားတာပဲ....”

ရွာလူကြီး မည်သို့ဆက်ပြောရမည်မသိ၍ ဦးနှောက်ခြောက်နေစဉ် ချင်မူ့မျက်လုံးများ အရောင်တောက်လာပြီး တအံ့တဩ လက်ဝါးချင်းရိုက်လိုက်သည်။ “ရှုရှန်းဟွာကို တွေ့တုန်းက အဲဒီအတိုင်းကို ခံစားခဲ့ရတာဗျ။ ရွာလူကြီးပြောမှ မထူးဆန်းဘူး မထူးဆန်းဘူးပဲ။ ကျွန်တော်တို့ မြစ်ပေါ်မှာ တွေ့တုန်းက သူက လှေထဲမှာ ထိုင်နေတာ။ ကျွန်တော့်မြင်တော့ သူက လှေကို ရပ်ပြီး လက်ဖက်ရည်သောက်ဖို့ ဖိတ်ခေါ်တယ်။ လောကသခင်ခန္ဓာအစစ်နဲ့ အတုကြားက ဆက်သွယ်မှုကြောင့် ဖြစ်နေတာကိုး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း သံသယမဝင်တော့ဘဲ မိုးကောင်းကင်အား မော့ကြည့်သည်။ “ရှုရှန်းဟွာက အထက်ကောင်းကင်ဘုံက လာတာ။ ကပ်ဘေးကို စေလွှတ်လိုက်လို့ ငါ တိုက်ခိုက်ခဲ့တဲ့ နတ်ဘုရားကလည်း အထက်ကောင်းကင်ဘုံကပဲ။ အထက်ကောင်းကင်ဘုံဆိုတာ ဘယ်နေရာမျိုးပါလိမ့်။ နတ်ဘုရားတွေတင်မကဘူး လောကသခင်ခန္ဓာတွေပါ ရှိနေတဲ့ နေရာလား။ နောင်တော်၊ အဲဒီနေရာကို သိမှာပေါ့ ဟုတ်တယ်မလား”

“သူတို့က နတ်ဘုရားအတုတွေပါကွာ”

ရွာလူကြီးလည်း ခေါင်းမော့ကာ ပြာလဲ့နေသော ကောင်းကင်အား မော့ကြည့်လိုက်သည်။ သူတို့၏အနောက်တွင် အလွန်ပြင်းထန်နေသော စစ်မြေပြင်ရှိသော်လည်း တစ်ယောက်မှာ အပူအပင်မရှိကြဘဲ လှည့်၍ပင် မကြည့်ကြပေ။

“အထက်ကောင်းကင်ဘုံဆိုတာ နတ်ဘုရားတွေ ဒီကမ္ဘာကို အုပ်စိုးဖို့ ထားထားတဲ့ မျက်လုံးတွေထက် မပိုဘူး” ရွာလူကြီးက ပျော့ပျောင်းသောလေသံဖြင့် ပြောသည်။ “မင်းတို့ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဆီးနှင်းကပ်ဘေးက လူတွေကို အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်စေခဲ့တယ်။ အခုထိတောင် နလန်ပြန်မထူနိုင်သေးဘူး။ ဒါပေမဲ့ အထက်ကောင်းကင်ဘုံရဲ့ ကပ်ဘေးဆိုတာ သာမန်မိုးလေဝသတိုက်ခိုက်မှုလေးပဲ။ နတ်ဘုရားအစစ်တစ်ပါးကသာ ကပ်ဘေးလွှတ်လိုက်ရင်တော့ ဟဲဟဲ....”

သူက ကောင်းကင်မှ အကြည့်လွှဲကာ ပြောသည်။ “အရှေ့ပင်လယ်က ကိုက်သုံးသောင်း နက်တယ်။ အဲဒါ ညတွင်းချင်း ကျွံကျပြီး ပင်လယ်ဖြစ်သွားခဲ့တာ။ မဟာမြို့ပျက်ရဲ့ အရှေ့ဘက်က အစတုန်းက ပင်လယ်တစ်စင်း ဖြစ်ခဲ့တယ်။ ညတွင်းချင်း မြေပြင် နဲ့တောင်တွေ ပေါ်လာခဲ့တာပဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ခေါင်းမွှေးများ ‌ထောင်သွားသည်။

“ငါ တစ်သက်လုံး အထက်ကောင်းကင်ဘုံနဲ့ တိုက်ခိုက်လာခဲ့တာ။ သူတို့က တော်ရုံတန်ရုံတော့ မဟုတ်ဘူး။ ဒါပေမဲ့ အထက်ကောင်းကင်ဘုံရဲ့ နောက်ကွယ်ကအရာတွေက ပိုလို့တောင် ရင်ဆိုင်ရခက်သေးတယ်”

ရွာလူကြီး အဖြတ်ခံခဲ့ရသော သူ့ခြေလက်နေရာများကို ကြည့်ကာ ငိုင်သွားသည်။ သူ ခပ်တိုးတိုး ပြောလိုက်၏။ “မင်း သူတို့ကို တွေ့မှာပါ။ မူအာလည်း တွေ့ရလိမ့်မယ်...”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရွာလူကြီး၏ခြေလက်များ ရှိသင့်သည့် နေရာများကို ကြည့်လိုက်သည်။ ဓားတစ်လက်ကြောင့် ရခဲ့သော ဒဏ်ရာများက တခြားသူများ၏ မျက်လုံးထဲတွင် မထူးခြားသော်လည်း လက်ရှိမျိုးဆက်၏ ဓားနတ်ဘုရားဖြစ်သော သူ၏ မျက်လုံးထဲတွင် ထူးခြားမှု‌ပေါင်း မရေမတွက်နိုင်အောင် ကိန်းဝပ်နေသည်။

ရွာလူကြီး၏ ခြေလက်များကို ဖြတ်တောက်ခဲ့သောလူက မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း သူ ကောင်းကောင်း သိသည်။

“အထက်ကောင်းကင်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကပ်ဘေးတစ်ခုထက်ပိုပြီး လွှတ်လိမ့်မယ်” ရွာလူကြီး သက်ပြင်းမောချပြီး ပြောလိုက်သည်။ “ဒါပေမဲ့ အထက်ကောင်းကင်ဘုံရဲ့ အဓိကရန်သူက လူသားဧကရာဇ်ပဲ။ ငါ သူတို့နဲ့ နှစ်ပေါင်းရာချီ တိုက်ခိုက်ခဲ့ပေမယ့် လက်ရှိငါက နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက်ပဲ နေရတော့မှာ။ ဒါပေမဲ့ မင်း ရှိသေးတယ်။ ဓားလမ်းကို ရှာတွေ့သွားပြီဆိုတော့ မင်းလည်း သူတို့နဲ့ တိုက်ခိုက်နိုင်ပြီ။ နောင်ကျ မူအာလည်း တိုက်ခိုက်ရလိမ့်မယ်။ အခု ငါ မဟာမြို့ပျက်အပြင် ထွက်လာတဲ့ သတင်းကြားလို့ နောက်ရက်ပိုင်းလောက်နေရင် ငါ့လာရှာကြလိမ့်မယ်။ သူတို့နဲ့ နောက်တစ်ခေါက် တိုက်ခိုက်ရဦးမှာပေါ့လေ”

သူက မထူးခြားသည့်အလား ပြောနေသော်လည်း နားထောင်နေသူသုံးယောက်ကတော့ သူ့အသံ၏ ခိုင်မာပြတ်သားမှုကို ကြားရသည်။

“လူသားဧကရာဇ်ဆိုတာ အိပ်ရာထဲမှာ မသေဘူး” ရွာလူကြီးက ပြုံးပြီး တည်ငြိမ်အေးဆေးစွာ ပြောသည်။ “အိပ်ရာက ငါ ခေါင်းချမယ့် နေရာမဟုတ်ဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းပြန်မော့၍ ပြောလိုက်၏။ “အထက်ကောင်းကင်ဘုံ... တစ်နေ့ ငါရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်နဲ့ မင်းတို့ကို နင်းချေပစ်မယ်။ ဒါပေမဲ့ အရင်ဆုံး ဟဲ့လန်တံခါးကို နင်းချေရမယ်”

သူ ထရပ်ပြီး ပြောလိုက်သည်။ “အားလုံး ဟဲ့လန်တံခါးဆီ ချီတက်ကြစို့”

ရထားလုံးတစ်စီး ထွက်လာပြီး မျှော်စင်ပေါ် တက်လာသည်။ ချင်မူ ရွာလူကြီးကို မ,ချီ၍ ရထားလုံးထဲ ထည့်ပေးလိုက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရထားလုံးကို မောင်းကာ ပြုံးလိုက်သည်။ “ဟဲ့လန်တံခါးရောက်မှ ဆက်ပြောကြတာပေါ့”

လော့ကျိုးက စားပွဲပေါ်ရှိ ရွှေရောင်စာအုပ်ကို ကောက်ယူပြီး ချင်မူ့ဆီ ပစ်ပေးရင်း ပြောသည်။ “မှော်ဆရာသခင်ကြီးရဲ့ စာအုပ်။ ဘယ်လောက်တောင် အန္တရာယ်များပြီး ဆိုးယုတ်တဲ့ ကျင့်စဉ်တွေကို မှတ်ထားလဲ မသိဘူး”

ချင်မူ ရွှေရောင်စာအုပ်ကို ဖမ်း၍ ခေါင်းယမ်းလိုက်သည်။ “မှော်ဆရာသခင့်ဟာ မဟုတ်ပါဘူး။ ကျွန်တော့်ချင်မိသားစုက စာအုပ်ကို သူ ခိုးထားတာ”

‌ထော့ကျိုး နှာခေါင်းရှုံ့လိုက်သည်။ “မူအာ မင်း သိုင်းကျင့်တာ မလုံလောက်သေးဘူး။ ဘယ့်နှယ် ငါ့ရဲ့ ကောင်းကင်ခိုးယူနေမင်းလဲလှယ်လက်သိုင်းကို သင်ပြီးတာတောင် သူ ခိုးတာခံရသေးတယ်လား။ တစ်လောကလုံးမှာ နံပါတ်နှစ် ကောင်းကင်လက်နဲ့ပဲ တန်တယ်”

“ကျွန်တော်လည်း နံပါတ်နှစ်ပဲ ဖြစ်ချင်တာပါ။ ဘိုးဘိုးကသာ အတင်းတွန်းတင်ပေးနေတာ” ချင်မူ ရွှေရောင်စာအုပ်ကို ဖွင့်ပြီး တအံ့တဩ ဆိုသည်။ “ပန်ကုန်းစုန်က စာအုပ်ကို ဖွင့်ကြည့်ပြီးပြီပဲ။ အစက ဒီစာအုပ်ကို ချိတ်ပိတ်ထားတာ။ ဟုတ်သား ဘိုးဘိုးရွာလူကြီး၊ ကျွန်တော် ကျွန်တော့်အဖေနဲ့ တွေ့ခဲ့ရပြီးပြီ”

ရွာလူကြီး စိတ်ထဲ အုန်းခနဲ ပေါက်ကွဲသွားပြီး တအံ့တဩ အော်လိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာက လူတွေနဲ့ တွေ့ပြီးပြီဟုတ်လား”

ချင်မူ့မျက်နှာပေါ်တွင် ဝမ်းနည်းမှုတို့ ထင်ဟပ်သွားပြီး သူက ရွှေရောင်စာအုပ်ကို ချလိုက်သည်။ “တစ္ဆေတောင်ကြားက သင်္ဘောထဲမှာ တွေ့ခဲ့တာ။ ဒါပေမဲ့ တားမြစ်ကျင့်စဉ်တစ်ခု သုံးလိုက်လို့ သူ သစ်ပင်လူသား ဖြစ်နေတယ်... စနေဂြိုဟ်အရှင်သခင်နဲ့ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးထားလို့ ကျွန်တော့်ကို ကြည့်လို့မရဘူးတဲ့လေ။ သူက ကျွန်တော့်ကို အများကြီးသင်ပေးခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့လည်း ခွဲခွာခဲ့ရတာပါပဲ...”

ချင်မူ အရှေ့ကိုသာ ငိုင်တွေတွေ စိုက်ကြည့်နေမိသည်။ ထို့နောက် ခေါင်းယမ်းကာ အတွေးများကို ထုတ်ပစ်လိုက်ပြီးနောက် တစ္ဆေတောင်ကြားနှင့် ယိုတုကမ္ဘာထဲတွင် ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်ရာ လူကြီးသုံးယောက် မှင်သက်သွားကြသည်။ ဤထူးဆန်းသော အတွေ့အကြုံများက သူတို့ရင်ထဲတွင် ကြုံတွေ့ကြည့်ချင်လိုစိတ်များ တဖွားဖွား ပေါ်လာစေခဲ့သော်လည်း ကြောက်စိတ်တို့လည်း ပေါက်ဖွားလာစေ၏။ သင်္ဘောထဲ၌ ငုပ်လျှိုးနေသော ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်များက သူတို့က အကြီးအကျယ် အံ့အားသင့်စေမိသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အကြီးအကျယ် တုန်လှုပ်သွားသည်။ ချင်မူက လောကသခင်ခန္ဓာကို ပိုင်ဆိုင်ထားသည်သာမက၊ နတ်ဘုရားလို အဖေတစ်ယောက်ပင် ရှိနေသည်။

“ရွှင်ပျော်ပျော်ကျေးရွာသားတွေက ဘယ်လိုနတ်ဘုရားဖြစ်လာကြတာလဲ”

ရွှင်ပျော်ပျော်ကျေးရွာသားများ၏ ကောင်းကင်တံတားများက ကောင်းကင်နတ်ဘုံနှင့် ဆက်နေသည်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ရုတ်တရက် မှတ်မိလိုက်သည်။

ကျောက်စိမ်းမြို့တော်ငယ်မှ နတ်ဝိဇ္ဇာများက ဤလောကရှိ လူသားတို့၏ ကောင်းကင်တံတားများက ကျိုးပျက်နေသော်လည်း ရွှင်ပျော်ပျော်ကျေးရွာသားများ၏ ကောင်းကင်တံတားများက ကောင်းကင်နတ်ဘုံနှင့် ဆက်နေကြောင်း ပြောခဲ့သည်။

ဤသို့ဆိုလျှင် ချင်မူ၏ ကောင်းကင်တံတားကလည်း ကောင်းကင်နတ်ဘုံနှင့် ဆက်နိုင်မည်လော။

သူ ချင်မူ့ကို လှည့်ကြည့်လိုက်သော်လည်း ကောင်လေးမှာ သူ တွေးနေသည်ကို မသိပေ။ ရွှေစာအုပ်ကို ပြန်ကောက်ပြီး ဖွင့်ဖတ်နေ၏။

သူတို့အရှေ့တွင် လေသင်္ဘောတပ်က လမ်းကြောင်း၌ ရှိရှိသမျှအရာရာတိုင်းကို နင်းခြေဖျက်စီး၍ ဟဲ့လန်တံခါးအနား ရောက်ပေတော့မည်။ ဘဲလျှာရပ်ဝန်းတွင် အဝေးပစ်အမြှောက်များကြောင့် မရှုမလှ သေပွဲဝင်သွားကြသော မန်သီလူရိုင်းနယ်မြေသား ကောင်းကင်နတ်သိုင်းသမားတို့၏ အလောင်းများ ပြည့်နေသည်။

ဓားစံအိမ်သခင် ကျန့်စန်းရှန့်နှင့် ကွေ့ကျွင်းတပ်မှူး ဟုယွမ်ချင်းယွင်က လေသင်္ဘောများကို ဓားပျံများအဖြစ် အသုံးချနေသည်။ ဓားပညာရှင်နှစ်ဦးက လေသင်္ဘောများကို ထိန်းချုပ်ကာ မြက်ခင်းလွင်ပြင်စစ်တပ်ကို သတ်ဖြတ်ထိုးခွင်းသွားပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသောအခါ လူရိုင်းစစ်တပ် ပြိုကွဲသွားသည်။ အဝေးပစ်အမြှောက်အလက် တစ်သောင်းလေးထောင်ကြောင့် သူတို့ စိတ်ဓာတ်များ အောက်ဆုံးအထိကျသွားပြီး ကမ်းစပ်မှ ဆုတ်ခွာသွားသော ရေလှိုင်းကြီးသဖွယ် ဟဲ့လန်းတံခါးထဲ ပြန်ဆုတ်သွားကြ၏။

ထို့နောက် သတ်ပွဲက တစ်ဖက်သတ် ဖြစ်သွားသည်။ မှော်ဆရာဘုရင်များနှင့် ခန်များ အကောင်းဆုံး ကြိုးစားသည့်တိုင်အောင် ထွက်ပြေးဆုတ်ခွာသွားသူများကို မတားနိုင်ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရထားလုံးကို အေးအေးဆေးဆေး မောင်းနေသည်။ အချိန်ကိုက် တွက်ချက်ထားပြီး၍ ဓားစံအိမ်သခင် ဟဲ့လန်တံခါးကို သိမ်းပြီးလျှင် ရထားလုံးက မြို့ထဲ ဝင်လိမ့်မည်။

ရထားလုံးထဲတွင် ချင်မူ ရွှေရောင်စာအုပ်၏ ပထမစာမျက်နှာကို အလေးအနက် ကြည့်နေသည်။ သူ၏လက်ချောင်းထိပ်မှ ချီစွမ်းအင် ထွက်လာပြီး ကျင်တွယ်ပေတံအမျိုးမျိုး အသွင်ဖွဲ့တည်သွားသည်။ စက်ဝိုင်းများ၊ စက်ဝိုင်းခြမ်းများ၊ လေးထောင့်များ၊ တြိဂံများအစရှိသဖြင့် ထောင့်တိုင်းကိရိယာများ၊ အတိုင်းအထွာတိုင်း ကိရိယာများက ပထမစာရွက်အပေါ်ရှိ ရုပ်ပုံများကို တိုင်းတာနေ၏။

“မူအာ မင်း ဘာလုပ်နေတာလဲ” ထော့ကျိုးက စပ်စပ်စုစု မေးသည်။

“ချီချယ့်‌တံတားကို တိုင်းနေတာ” ချင်မူက ခေါင်းပင် မမော့ဘဲ ပြောသည်။ “ကျွန်‌တော်တို့ ချင်မိသားစုရဲ့ ဒီစာအုပ်ထဲက ကျင့်စဉ်တွေက နည်းနည်းထူးဆန်းတယ်။ ကျွန်တော် ကျင့်ချင်ရင် ဒီရုပ်ပုံပေါ်က ချီစွမ်းအင်ထောင့်တိုင်းကို အတိအကျ တွက်ချက်ရမှာ။ ဒီပုံက.... ဒီပုံက....”

All Chapters