← Chapters

အပိုင်း(၄၉၉)

Vol. 34 Ch. 499

အပိုင်း(၄၉၉)

Vol. 34 Ch. 499

ရှစ်ဖုန့်က ကျိမို့အားပြောလိုက်၏။

“ဒီသခင်လေးက အပြစ်မဲ့တဲ့သူတွေ

ကိုသတ်တဲ့ မကောင်းတဲ့လူလို့မနေ့ကပြောခဲ့တာကို ဒီသခင်လေးမှတ်မိပါသေးတယ်. ဘယ်လိုဖြစ်ပြီးတော့ ဒီသခင်လေးက ရုတ်တရက်ကြီးထပြီး လူကောင်းဖြစ်သွားရတာတုံး”

“မနေ့ကမင်းက အားနည်းတဲ့သူမဟုတ်ဖူးလို့လည်း

မင်းပြောခဲ့တယ်လေ.. မင်းကအရမ်းစွမ်းအားကြီးလွန်းတာကြောင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ကိုတောင်စိန်ခေါ်နိုင်တယ်ဆို”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်ကျိမို့ကျ ပြောလိုက်သည်။

“အင်း….မနေ့ကမင်းငါ့ကိုကယ်လိုက်

တဲ့အချိန်မှာ မင်းကမကောင်းတဲ့လူမဟုတ်ဖူးဆိုတာ

ကိုငါသိခဲ့တယ်လေ..မင်းကကျိရှောင်းရဲ့တိုက်ခိုက်မှုကိုတောင်ခုခံနိုင်တယ်. အဲ့တာက မင်းဟာ တကယ်ပဲငါ့ထက်ပိုပြီးစွမ်းအားကြီးတယ်လို့ဆိုလိုတာပဲပေါ့”

ဘယ်လိုဖြစ်ပြီးသူက ၎င်းထက်စွမ်းအားပိုကြီးမားရပါသနည်း။ အကယ်၍သူသာ၎င်းအားသတ်ချင်သည်ဆိုပါက လက်တစ်ချောက်လောက်တောက်ရုံဖြင့်ပင်ထိုကဲ့သို့ပြုလုပ်နိုင်သည်ဖြစ်သည်။

“ဘာလို့ဒီအကြောင်းပြချက်ကနည်းနည်း

အလှမ်းဝေးနေရာတာလဲ.ထားလိုက်ပါလေ.. အဖြူလေး”

ဤအချိန်တွင်ရှစ်ဖုန့်ကအော်ပြောလိုက်သည်။  သစ်ပင်ဘေး၌လဲလျောင်းနေဆဲဖြစ်သော ကျားဖြူက ရုတ်တရက်တုန်သွားပြီး ရှစ်ဖုန့်ထံသို့ပြေးလာသည်။ ထို့နောက်၎င်းကရှစ်ဖုန့်ထံသို့သွားပြီး ဝပ်ပေးလိုက်သည်။

“ထားလိုက်ပါဆိုတာကမင်းဘာကိုဆို

လိုတာလဲ.မင်းငါ့ကိုစွန့်ပစ်သွားတော့မလို့လား”

ရှစ်ဖုန့်ထွက်ခွာသွားတော့မည်အားတွေ့ရသောအခါတွင် ကျိမို့က  သနားစဖွယ်ပုံစံဖြင့်အားနည်းစွာ

ပြောလိုက်သည်။

ရှစ်ဖုန့်ကလှုပ်ရှားလိုက်ပြီး  ကျားဖြူ၏ကျောပေါ်သို့ခုန်တက်လိုက်၏။ ထို့နောက်သူက ကျိမို့ကိုပြောလိုက်သည်။

“ကောင်းပြီ.တက်လာခဲ့”

“အား”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ကျိမို့အနည်းငယ်တုန်လှုပ်သွားသည်။ရှစ်ဖုန့်ကသူ့အားပစ်သွားပြီးသူ့ဖာသာသူ ထွက်သွားတော့မည်ဟုထင်လိုက်၏။ မမျှော်လင့်ထားဘဲရှစ်ဖုန့်ကသူနှင့်

အတူသွားဖို့ပြောနေသည်။

“ကောင်းပြီ”

ထို့နောက်သူကကျားဖြူ၏ကျောထက်၌ဝင့်ကြွားစွာရပ်နေသော  ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် သူကပြုံးလိုက်ပြီး  ကျားဖြူ၏ကျောထက်သို့ခုန်တက်လိုက်သည်။

ဤအချိန်တွင်ရုတ်တရက်  သူတို့နှစ်ဦးရှိရာကမ္ဘာက မှောင်ကျသွားသည်။ရှစ်ဖုန့်နှင့်ကျိမို့တို့တစ်ချိန်တည်းတွင်ခေါင်းမော့ကြည့်လိုက်၏။ သူတို့၏အထက်တွင်ဧရာမပုံရိပ်ကြီး

တစ်ခုပေါ်လာပြီး ကမ္ဘာကြီး၏အလင်းရောင်ကို ပိတ်ကာထားသည်။

“ခရမ်းပြာရောင်ဆင်နဂါး”

ရှစ်ဖုန့်က လေးနက်သောအမူအယာဖြင့်ပြောလိုက်သည်။ ခရမ်းပြာဆင်နဂါးအားသူကြည့်နေချိန်တွင် ယမန်နေ့က ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူအကြောင်းကိုသူတွေးမိလိုက်သည်။

“အား”

ကျိမို့ကကောင်းကင်ထဲသို့ကြည့်၍ “အား”ဟု အသံထွက်မိလိုက်သည်။

သို့သော် ခရမ်းပြာဆင်၏ကျောထက်ရှိ ကျင့်ကြံသူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူဖြစ်သည်ကို ရှစ်ဖုန့်လျှင်မြန်စွာအာရုံခံမိလိုက်၏။ ၎င်းက ယမန်နေ့က ကျင့်ကြံသူဟုတ်မနေပေ။

မကြာခင် ကောင်းကင်ထဲရှိဧရာမပုံရိပ်ကြီးက သူတို့အားဖြတ်ကျော်ပျံသန်းသွားသည်။ ရှစ်ဖုန့်နှင့် ကျိမို့တို့ရှိနေသောနေရာအား အလင်းရောင်ကတစ်ဖန်ခြံရံလာ၏။ျ

“ဖူး.ဘုရားကျေးဇူးပါ..သူငါ့ကိုရှာမတွေ့သွားတာကျေးဇူးတင်လိုက်တာ”

ခရမ်းပြာနဂါးဆင်ထွက်သွားသည်အား တွေ့ရသောအခါတွင် ကျမို့၏တင်းကျပ်နေသောနှလုံးသားမှာနောက်ဆုံး၌ ပြေလျော့သွားသည်။သူကနှုတ်ခမ်းလေးစူ၍ လေကိုခပ်ပြင်းပြင်းလေးမှုတ်ထုတ်လိုက်၏။ သူ၏ရင်ဘက်အားသူ၏ညာလက်ဖြင့်ခပ်ဖွဖွပုတ်၍  သူမကိုသူမတည်ငြိမ်အောင်လုပ်လိုက်သည်။

ရှစ်ဖုန့်၏အမြင်အာရုံက တောအုပ်၏ သိပ်သည်းသော သစ်ရွက်မျာအား ထွင်းဖောက်ဖြတ်သန်း၍  အကွာအဝေးတစ်ခုရှိ ခရမ်းပြာနဂါးဆင်ထံသို့ကြည့်လိုက်သည်။  သူကသူ့အနောက်ရှိကျိမို့အားမေးလိုက်၏။

“သူတို့က ဘယ်သူတွေလဲ”

ရှစ်ဖုန့်စကားအားကြားရသောအခါတွင်  ကျိမို့၏မျက်နှာထက်၌   တုံ့ဆိုင်းမှုအချို့ပြသလာသည်။ ခဏတုံ့ဆိုင်းနေပြီးနောက်သူ

ကပြောလိုက်သည်။

“အဲ့တာက ကျိရှောင်းရဲ့လက်အောက်က  နဂါးဆင် စီးနင်းတပ်ဖွဲ့ပဲ”

“ခရမ်းရောင်ဗိုလ်ချုပ် ကျိရှောင်းလား”

ရှစ်ဖုန့်ကထိုနမည်အား တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူကမေးလိုက်၏။

“သူက တို့တွေမနေ့ကတွေ့ခဲ့တဲ့ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်

ကျွမ်းကျင်သူမလား”

“အင်း.အဲ့တာသူပဲ”

ကျိမို့က ခေါင်းလေးညိမ့်၍ပြန်ဖြေလိုက်သည်။

“ဒါဆိုဘာလို့သူတို့က မင်းကိုဖမ်းချင်နေရတာလဲ”

ရှစ်ဖုန့်ကထပ်မံမေးသောအခါတွင် ကျိမို့ ကသူ၏မေးခွန်းအားဖြေကြားခြင်းမရှိပေ။

“ငါ့ကိုလား.ဒါက……..”

ရှစ်ဖုန့်၏ မေးခွန်းအား ကြားပြီးနောက် ကျိမို့ ခေတ္တတုံ့ဆိုင်းသွားပြီးပြောလိုက်သည်။

“အင်း..ငါကမင်းကိုမပြောပြနိုင်ပါဘူး

ဆိုရင်ရော”

“ကောင်းပြီလေ.. မင်းဒီသခင်လေးကိုမပြောချင်ဘူး

ဆိုရင်လဲရပါတယ်..သွားစို့ . အဖြူလေး”

ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“ဝေါင်း”

သူတို့အောက်ရှိကျားဖြူက ဟိန်းလိုက်ပြီး အပေါ်သို့ဒုန်းဆိုင်းထိုးတက်လိုက်သည်။ ၎င်းက ရှစ်ဖုန့်နှင့် ကျိမို့တို့အားသယ်ဆောင်၍ သိပ်သည်းသော သစ်ရွက်များအားဖြတ်သန်းကာ ဟင်းလင်းပြင်အတွင်းသို့ လျှင်မြန်စွာပြေးလွှားလိုက်သည်။

ရှစ်ဖုန့်ကအားကောင်းသောလေအား မျက်နှာမူထားသည်။ ပတ်ဝန်းကျင်အားကြည့်လိုက်ပြီး နောက်ဆုံး၌ကျားဖြူအား ခရမ်းပြာဆင်နဂါးနှင့်ဆန့်ကျင်ဘက်အရပ်သို့ ပြေးရန်အမိန့်ပေးလိုက်၏။

ကျားဖြူကဟင်းလင်းပြင်ထဲ၌ဒုန်းဆိုင်း

ပြေးနေသည်။ရှစ်ဖုန့်ကအားကောင်းသောလေအားမျက်နှာမူ၍  ရှေ့သို့ကြည့်နေ၏။ကျိမို့ကသူ၏နောက်တွင်ရပ်နေပြီး သူ၏ ရှည်လျားသောဆံပင်နှင့်အဝတ်တို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေသည်။ သူက ရှေ့ရှိအနက်ရောင်ပုံရိပ်အားကြည့်လိုက်ပြီး သူ၏အနက်ရောင်ဆံပင်တို့ကလည်း လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေ၏။

၎င်းမှာ ဤခံစားချက်ပင်ဖြစ်သည်။ ကျိမို့မှာကယ်ဆယ်ခံရပြီးကတည်းက ဤလူ၏မြင့်မားသောအရပ်နှင့်ကျယ်ပြန့်

သောနောက်ကျောအားသူကြည့်လိုက်ချိန်တိုင်းတွင်  သောကကင်းဝေးမှုအား ကျမို့အမြဲခံစားရသည်ဖြစ်၏။

ဤအချိန်တွင် ရှစ်ဖုန့်၏အောက်၌ရှိသော ကျားဖြူကရုတရက်  ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“အမ်”

ကျားဖြူး၏ဒေါသတကြီးဟိန်းသံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်ပြီး  အောက်သို့ငုံ့ကြည့်လိုက်သည်။ ဤအချိန်တွင် ကြီးမားသော မြှားတစ်စင်းကကျားဖြူထံသို့ ဦးတည်လာနေသည်ကို ရှစ်ဖုန်တွေ့လိုက်ရသည်။

“ဝေါင်း”

ကျားဖြူကဒေါသတကြီးထပ်မံဟိန်း

ဟောက်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးကြား၌အား

ကောင်းသောလေတို့တိုက်ခတ်လာ၏။ကျားဖြူကအားကောင်းသောဟာရီကိန်းလေမုန်တိုင်းကို ကြီးမားသောမြှားထံသို့ မှုတ်ထုတ်လိုက်သည်။

ဟာရီကိန်းအောက်တွင် မြှားများချက်ချင်း၎င်းအတွင်းစုပ်ယူခံ

လိုက်ရသည်။ ထို့နောက်ဟာရီကိန်းက အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး အဆုံး၌ လေထဲသို့ထိုးတက်ပျံသန်းသွားသည်။ရှစ်ဖုန့်ကသူ၏လက်ဖဝါးအားဖြန့်လိုက်ပြီး နောက်ဆုံး၌ မြှားကသူ၏လက်ဖဝါးပေါ်သို့

သက်ဆင်းလာသည်။

သူ၏လက်ထဲမှမြှားအားရှစ်ဖုန့်ကြည့်လိုက်သည်။ ၎င်းကနှစ်မီတာကျော်ရှည်လျားပြီး ကလေးတစ်ဦး၏လက်မောင်းလုံးခန့်ထူ၏။ ထို့နောက်ရှစ်ဖုန့်အောက်သို့ထပ်မံကြည့်လိုက်သည်။အောက်တွင်တောင်ထိပ်တစ်ခုရှိနေပြီး များစွာသောပုံရိပ်တို့အားခပ်ရေး

ရေးမြင်ရနိုင်သည်ဖြစ်သည်။

ထိုပုံရိပ်မဲများထဲမှ တစ်ဦးကမြှားကိုပစ်သောသူဖြစ်ရမည်ဖြစ်၏။

“အဖြူလေး အောက်ကိုဆင်း”

ရှစ်ဖုန့်ကသူ့အောက်ရှိကျားဖြူအား

ပြောလိုက်၏။

“ဝေါင်း”

ကျားဖြူလေးကဟိန်းလိုက်ပြီး အလျှင်အမြန်တောင်ထိပ်ဆီသို့ပြေးသွားလိုက်သည်။ ၎င်းမှာဒေါသအရမ်းထွက်နေပြီးဤအချိန်၌  ထိုလူများအား အပိုင်းပိုင်းစုတ်ဖြဲပစ်ရန်မစောင့်စား

နိုင်ဖြစ်နေသည်။

ဤအချိန်တွင်ကျားဖြူကပို၍မြန်စွာပြေးနေပြီး ယခင်ကထက် ပို၍ အားမာန်ပါနေ၏။၎င်းဖြတ်သန်းသွား

သောနေရာတိုင်းတွင် လေပြင်းတို့တိုက်ခတ်သွားသည်။

တောင်ထိပ်ပေါ်တွင်လူလေးယောက်ရှိနေသည်။ တစ်ယောက်စီတိုင်းက အမဲလိုက်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကြီးမှားသောလေးတစ်ခုစီကိုကိုင်ထားကြသည်။အစိမ်းရောင်ဝတ်စုံအားဝတ်ဆင်ထားသော ဆယ်ကျော်သက်လူငယ်တစ်ယောက်လည်းရှိပြီး ဆယ့်ခြောက်ဆယ့်ခုနှစ်အရွယ်ခန့်ရှိ၏။ကောင်းကင်ထဲရှိသူပစ်လိုက်သောမြှားထံ

သို့ကြည့်နေသည်။၎င်းကကျားဖြူအား

ထိမှန်ခြင်းမရှိရုံသာမက  ၎င်းမှုတ်ထုတ်လိုက်သော

ဟာရီကိန်းကြောင့်အဝေးသို့လွင့်သွားရသည်။

“ကျားဖြူပြေးလာနေပြီ”

လူငယ်၏နောက်၌ တုတ်ခိုင်သန်မာသောလူသုံးယောက်ရှိသည်။ ကျားဖြူကသူတို့ထံသို့ပြေးလာနေသည်ကိုတွေ့ရသောအခါတွင် သူတို့ထဲကတုန်ခိုင်သောလူတစ်ယောက်က အလျှင်အမြန်ပါးစပ်ဟ၍ ပြောလိုက်သည်။

“ကျားဖြူပေါ်မှာ တစ်ယောက်ယောက်ရှိနေတဲ့ပုံပဲ”

နောက်ထပ် သန်မာသောသူတစ်ဦးကပြောလိုက်သည်။

“ဟမ့် တစ်ယောက်ယောက်လား”

သူ့နောက်ရှိသန်မာသောလူသုံးယောက်၏ စကားများအားကြားရသောအခါတွင် ဆယ်ကျော်သက်လူငယ်က အေးစက်စွာနှာမှုတ်လိုက်သည်။ ကျားဖြူ၏ကျောထက်ရှိပုံရိပ်

နှစ်ခုအားသူလည်းမြင်သည်ဖြစ်သည်။

“သူတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ..

ဒီသခင်လေးက သူတို့ကျားဖြူကိုပစ်လိုက်တာကြောင့်လား. သူတို့ကဆင်းလာပြီးတော့ ဒီသခင်လေးကိုအပြစ်ပေးမလို့လား”

ဆယ်ကျော်သက်လူငယ်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ဟားဟား”

လူငယ်၏စကားအားကြားရသောအခါတွင် သူ့နောက်ရှိတုတ်ခိုင်သန်မာသောလူသုံးယောက်ကပြိုင်တူရယ်မောလိုက်သည်။ သူတို့ထဲကတစ်ယောက်ကပြောလိုက်၏။

“ဒီနယ်‌မြေကကျုပ်တို့  ရှန်းဟွေ့မြို့နဲ့သက်ဆိုင်တာ. ကျုပ်တို့ရဲ့ပိုင်နက်ထဲမှာ  ကျုပ်တို့ရဲ့သခင်လေးကိုဘယ်သူကမေးခွန်းထုတ်ရဲလို့လဲ”

ထိုလူ၏ စကားဆုံးပြီးပြီးချင်းနောက်

တစ်ဦးကလည်းပြောလိုက်သည်။

“မျက်လုံးမပါတဲ့ တစ်ယောက်ယောက်ပဲနေမှာပေါ့”

“ဟမ့်. သူတို့အတွက်ဘာကကောင်းလဲဆိုတာကိုသူတို့သိဖို့မျှော်လင့်တယ်.အဲ့လိုမှမဟုတ်ရင်  ငါတို့ ရှန်းဟွေ့မြို့မှာ  အကျဉ်းခန်း

တွေမှအများကြီးပဲ  ..လွန်ခဲ့တဲ့ရက်အချို့တုံးက လူတွေကိုသေတဲ့အထိညှင်းပန်းနှိပ်စက်နိုင်မဲ့  အပြစ်ပေးမှုတစ်ခုကိုဒီသခင်လေးတွေးနေတာ. အခုက သူတို့ကိုအဲ့တာနဲ့မြည်းစမ်းခိုင်း

ရမဲ့အချိန်ပဲ”

ဆယ်ကျော်ကသက်လူငယ်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်ပြီး သရော်ပြုံးပြုံးလိုက်သည်။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters